ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာနဲ့ ညီညွတ်စွာ ဝိတ်ကျချင်တယ်ဆိုရင် သင့်တော်တဲ့ အစားအသောက် စားဖို့ လိုပါတယ်။ ပညာရှင်တွေ ညွှန်ကြားထားတဲ့ နည်းလမ်းကောင်းတွေနဲ့ သင့်ရဲ့ ဝိတ်ချခြင်း ခရီးစဉ်ကို ကူညီပေးပါရစေ။

ကျန်းမာရေးဗဟုသုတ

ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

လူတစ်ယောက်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ်။ အဝလွန်နေမယ်ဆိုရင် နှလုံးရောဂါ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ အရိုးပွတာ၊ အစာခြေစနစ်ပြဿနာ၊ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ကျန်းမာပြီး နေ့ရက်တိုင်းကို သွက်လက်တက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုအောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းတဲ့အခါ အစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို သင့်တင့်မျှတအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခု ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာတော့ […]

ကိုယ်အလေးချိန်လျှော့ချခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

မေးနှစ်ထပ် ဖြစ်လို့ စိတ်ညစ်နေပြီလား။ ဒါလေးတွေ လုပ်ကြည့်ပါ ။

V- shaped လိုမျိုး သွယ်လျ အချိုးကျတဲ့ မျက်နှာ လေးတစ်ခု ပိုင်ဆိုင်ချင်ကြတာ တို့မိန်းကလေးတိုင်းပါ။ ခက်တာက လောကကြီးမှာ လိုတာမရ ရတာမလိုဖြစ်နေတာတွေကများတော့ လိုချင်တာက သွယ်လျတဲ့မျက်နှာ ဖြစ်နေတာက မေးနှစ်ထပ် နဲ့ တွဲတွဲကြီးဖြစ်နေတော့ မှန်ထဲ ကြည့်လိုက်တိုင်း စိတ်ညစ်ကြတယ်လေ။ ခုလို ပျိုမေတို့ စိတ်ညစ်နေရတဲ့ မေးနှစ်ထပ်ပြဿနာကို အိမ်တွင်းဆေးနည်းလေးတွေနဲ့ သက်သာအောင် လုပ်လို့ရနေပြီဆိုတာ သိပါသလား။ မသိလိုက်ဘူး မဖြစ်ရလေအောင် ခုပဲ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ကြနော်။ ။ မေးနှစ်ထပ် ကို အပြတ် တိုက်ထုတ်မယ့် အိမ်တွင်းဆေးနည်းလေးများ ။ ။ ကြက်ဥ အကာ ။ ။ ကြက်ဥအနှစ် မပါဘဲ အကာချည်းသက်သက်ကို ပျားရည်၊ သံပရာရည်၊ နို့ စားပွဲတင်ဇွန်း တစ်ဇွန်းဆီနဲ့ ရောခေါက်ပြီး မေးစိနားတစ်ဝိုက်ကိုသုတ်လိမ်းပေးပါ။ မိနစ် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဗိုက်ပူနေသူတွေ အဆီကျစေမယ့် အကောင်းဆုံးနည်းလမ်းများ

ဝမ်းဗိုက်တစ်ဝိုက် ဗိုက်ပူနေတဲ့သူတွေကို ဘီယာဗိုက်ဆိုပြီး လူတွေက နောက်ပြောင်ကျီစယ်တတ်ကြတာ မကြာခဏ ကြားဖူးကြမှာပါ။ ဝတဲ့သူတွေပဲ ဗိုက်ပူလိမ့်မယ်လို့ ထင်နေရင်တော့ မှားပါလိမ့်မယ်။ ပိန်တဲ့သူတွေမှာလည်း အစာအာဟာရ မမျှတတာကြောင့်ရော၊ ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်တာ၊ အရက်သေစာ အလွန်အကျွံသောက်စားတာကြောင့်ပါ ဗိုက်ပူနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ဆေးလိပ်သောက်ခြင်းဟာ ကလေးအတွက် အဝလွန်စေတာ၊ ဗိုက်ပူစေတာအပြင် တခြားသော ကျန်းမာရေးပြဿနာတွေပါ ကြုံလာရနိုင်ပါတယ်။ ဗိုက်ပူနေတာဟာ အမြင်အားဖြင့်လည်း ကြည့်ရဆိုးစေသလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ သွေးတွင်း ကိုလက်စထရောတွေ၊ သကြားဓာတ်တွေဟာ အမြဲမြင့်တက်နေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးတာအပြင် စိတ်ကျရောဂါ၊ ကင်ဆာရောဂါ၊ ရုတ်တရက်တက်ခြင်း၊ သတိလစ်တာအထိပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပူတဲ့ သူတွေအတွက် အချိန်တိုအတွင်း အဆီကျစေနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ အချိုလျှော့စားပါ သကြားအလွန်အကျွံ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဗိုက်ချပ်အဆီကျဖို့ ကြိုးစားတဲ့အခါ မှန်းသလောက် အရာမထင်တာ ဘာကြောင့်လဲ

ဗိုက်အဆီကျြပီး အချိုးကျချပ်ရပ်တဲ့ကိုယ်ဟန်နေထားရနိုင်ဖို့ လူတိုင်းစိတ်ကူးယဉ်ကြမှာပါပဲ။ တကယ်တော့ ဗိုက်ခေါက်လေးတွေကို ဘယ်သူမှမချစ်နိုင်ကြပါဘူး။ ဗိုက်ချပ်အဆီကျဖို့ ကြိုးစားကြတဲ့အခါ အစားလျှော့မယ်၊ အားကစားလုပ်မယ်၊ detoxတွေသောက်မယ်၊ စသည်ဖြင့် နည်းလမ်းကိုစုံနေတာပဲ။ ဒီလိုကြိုးစားတဲ့နေရာမှာ လွဲမှားနေတာရှိရင် ပင်ပန်းပေမယ့်အရာမထင်ဖြစ်နေရနိုင်ပါတယ်။ အစားလျှော့မယ်၊လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီးတာပဲလို့ တွေးမယ့်အစား ဘာတွေမှားတတ်လဲ သိထားရင် ပိုထိရောက်ဖို့အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ ဗိုက်အဆီချရင်း လုပ်မိတတ်တဲ့အမှား (၆) ခု (၁) အိပ်ရေးဝအောင် မအိပ်တာ ဖုန်းလေးပွတ်လိုက်၊ ဂိမ်းလေးဆော့လိုက်နဲ့ ညဉ့်နက်သွားတာ၊ အလုပ်တွေများပြီး မအိပ်နိုင်တာ၊ အိပ်ခါနီးကော်ဖီသောက်လိုက်မိတာ စတဲ့အကြောင်းရင်းတွေကြောင့် အိပ်ရေးမဝဖြစ်ရတတ်ပါတယ်။နောက်တစ်နေ့မှာ လူကနုံးနေပြီး အားမရှိဖြစ်နေတာကိုသိသာပေမယ့် ညဘက်အိပ်ရေးပျက်ခြင်းရဲ့အကျိုးဆက်ထဲမှာ ကိုယ်အလေးချိန်အပေါ်သက်ရောက်မှုလည်းပါရှိပါတယ်။ အိပ်ရေးပျက်တဲ့အခါ အစာစားချင်စိတ်ကို သက်ရောက်နိုင်တဲ့ ghrelin နဲ့ leptinဟော်မုန်းတွေကိုထိန်းညှိနိုင်စွမ်းမရှိတော့ပါဘူး။ ဗိုက်ဆာစေနိုင်တဲ့ghrelin ပမာဏကမြင့်လာပြီး ဗိုက်ပြည့်ခြင်းကိုခံစားရစေတဲ့leptin ပမာဏက ကျဆင်းသွားပါတော့တယ်။ ဒီလိုစားချင်စိတ်ပိုများနေတဲ့အချိန် အဆီချရတာ ပိုပင်ပန်းစေနိုင်လို့ အိပ်ရေးဝအောင်အိပ်ပါ။ (၂) အချိုစားတာ များနေတာ အားကစားတွေလုပ်ရင်းရေဓါတ်ဖြည့်အချိုရည်တွေသောက်မိတာများရင် ဝိတ်ချရပိုခက်စေပါလိမ့်မယ်။ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချချင်တဲ့ မိန်းကလေးတွေ အစားလျှော့စားဖို့ လိုလား

မိန်းကလေးတိုင်းကတော့ လှချင်ကြတာပါပဲ။ အသားအရေတင် မကပါဘူး။ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်မှ လှတယ်လို့ မိန်းကလေးအများစုကတော့ ခံယူထားကြပါတယ်။ ကိုယ်အလေးချိန်ချဖို့ အစားတွေ လျှော့စားရမယ်။ အဲ့ဒါမှ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမယ်ဆိုပြီး မှားယွင်းတဲ့ အယူအဆတွေ ထွက်ပေါ်လာပါတယ်။ မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ကိုယ်အလေးချိန် ကျစေဖို့ အစားလျှော့စားပေးစရာ မလိုပါဘူး။ မှန်ကန်တဲ့ စားသောက်နေထိုင်မှုစနစ်နဲ့ နေ့စဉ် လိုအပ်တဲ့ အစာအာဟာရတွေကို ပြည့်ဝစွာ စားသုံးပေးပါ။ အစားလျှော့စားတဲ့အခါမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာ မရရှိနိုင်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးပြဿနာတွေ ကြုံလာရမှာပါ။ ဒါကြောင့် ကိုယ်အလေးချိန်လည်း ချချင်တယ်၊ အစားလည်း လျှော့စားစရာမလိုတဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ ရေများများသောက်ပါ ရေဟာ ကိုယ်ခန္ဓာထဲက ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချခြင်းနဲ့ ပက်သက်ပြီးတော့ မှားနေတဲ့ အယူအဆလေးတွေ။

ခုခေတ်မှာ တော်တော်များများက ကိုယ်ခန္ဓါအချိုးကျလှပဖို့ အတွက် အာရုံစိုက် အချိန်ပေးလာကြပါတယ်။ ပိန်တဲ့သူတွေ ကိတ်အောင် ၊ ဝတဲ့သူတွေ ပိန်အောင် GYMတွေမှာ သွားကစားတာ။ အစားတွေလျှော့စားတာတွေ လုပ်လာကြပါတယ်။ ဝိတ်ချတဲ့နေရာမှာ မှန်ကန်တဲ့ အကြံပေးချက်တွေရှိသလို တစ်ချို့မှားနေတဲ့ အယူအဆ တွေလည်းရှိနေတာပါပဲ။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်လျှောက်မှသာ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို မြန်မြန် ရောက်မှာလေ။ ခုပြောပြချင်တာက ဝိတ်ချတာနဲ့ ပက်သက်လို့ လူတွေအသိမှားနေတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဝိတ်ကျချင်ရင် လေ့ကျင့်ခန်းပဲ ပြင်းပြင်းထန်ထန်လုပ်ရင်ရပြီ။ ဝိတ်ကျဖို့ဆို လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ ချလို့မရပါဘူး။ အစားပါလိုက်မထိန်းရင် ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပဲ ဘယ်လောက်ပဲ လေ့ကျင့်ခန်းလုပ်လုပ် ကိုယ်လိုချင်တဲ့ အလေးချိန်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ဝိတ်ချခြင်းမှာ လေ့ကျင့်ခန်းမှန်မှန်လုပ်တာရော အစားအသောက်ထိန်းစားတာကရော နှစ်ခုလုံး အရေးကြီးပါတယ်။ အစားပဲလျှော့မယ် ။လေ့ကျင့်ခန်းမလုပ်ဘူးဆိုလည်း မဖြစ်ပြန်ဘူးနော်။   အစာငတ်ခံခြင်းကသာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အံ့အားသင့်စေမယ့် အစားလျှော့စားခြင်းယုံတမ်းစကားများကို ချေဖျက်ခြင်း

အစားအသောက်ဆိုတာဘာလဲ။ ကြိယာအဖြစ် သုံးပါက ဝိတ်ချခြင်းကိုဆိုလိုပြီး နာမ်အနေဖြင့်သုံးပါက ပုံမှန်အစားအသောက်ကို ဆိုလိုသည်။ မှန်ကန်သော အစားအသောက်စားသုံးခြင်းဆိုတာ နောက်တစ်မျိုးရှိသေးသည်။ ဥပမာ ဝိတ်ချရန် အစားအသောက်လျော့နေသည်ဟု ပြောခြင်းသည် အစားအသောက် မစားခြင်းကိုဆိုလိုသည်။  အောက်ပါ ၈မျိုးအဓိပ္ပာယ်ရနိုင်သည်။ အစားအသောက်မစားခြင်း။ လူတိုင်းအဝမလွန်မလိုကြပါ။ ထိုကြောင့် အရေပြားအောက်တွင် စုနေသော အဆီကို ဖယ်ရန် ကြိုးစားကြသည်။ အချို့က အစားအသောက်လျှော့စားခြင်းကို အကြံပေးလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မစားပါက မဝဘူးဟူသော ယုံကြည်ချက်ကြောင့်ဖြစ်သည်။ သို့သော် ထိုအရာက မှားသည်။ ကျွန်ုပ်တို့သည် အစားအသောက်ကြောင့် အင်အားရ အသက်ရှင်နေခြင်းဖြစ်သည်။ ထိုသို့ မစားမသောက်ဘဲနေပါက မနက်ထချိန်တွင် အင်အားအပြည့်အဝရှိပြီး အလုပ်သွားနိုင်ပါ့မလား။ ကောင်းမွန်စွာ မစားပါက ဖြစ်သောထိခိုက်မှုများကို သင်ဘယ်လိုခံနိုင်မလဲ။ အသိသာဆုံးကိစ္စက နုန်းခြင်း၊ အလုပ်ကောင်းစွာမလုပ်နိုင်ခြင်းတို့ဖြစ်လာလိမ့်မည်။ မည်သို့ပင်ဆိုစေ အစားအသောက်ရှောင်ခြင်းမပြုလုပ်ပါနှင့်။ မကောင်းသောအစာများလည်းရှိပါသည်။ တကယ်တော့ သဘာဝအတိုင်းဆိုသောအရာက သင့်တင့်သည်ဟုသာ အဓိပ္ပာယ်ရပြီး အကုန်ကောင်းခြင်း […]


ကိုယ်အလေးချိန်လျှော့ချခြင်း

သင် ဝိတ်မကျရတဲ့ အကြောင်းပြချက် ၅ ချက်

အစားအသောက် လျှော့စားသင့်လောက်အောင် ဝနေပြီလို့သိပေမယ့်လည်း အဝလွန်ခြင်းက လူသားတွေအတွက် မပြီးဆုံးနိုင်သေးတဲ့ တိုက်ပွဲတစ်ပွဲအဖြစ် ရှိနေပါသေးတယ်။ နောက်ပိုင်းလူတော်တော်များများက သူတို့ ဘယ်လောက်ဝနေပြီ၊ ဘယ်လိုပုံစံဖြစ်နေပြီကို သိပ်ဂရုမစိုက်ကြဘူး ဖြစ်နေပါတယ်။ ဒါပေမယ့် ဆေးသိပ္ပံရှာဖွေချက်အရ အဝလွန်ခြင်းက သင်ဘဝပျော်ရွင်ခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ရောဂါတော်တော်များများရဲ့ ဇစ်မြစ်မှန်း ရှာဖွေတွေရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကြည့်ကောင်းခြင်းက အမြဲအကျိုးရှိပါတယ်။ ယခု လူတွေက ခန္ဓာကိုယ်ပုံစံလှတာကို ပိုပြီးအာရုံစိုက်လာကြပြီး ကြည့်ကောင်းတယ်ဆိုတာကလည်း အချိုးအစားပြေပြစ်ပြီး အဆီပိုရှိနေတာ၊ အဝလွန်နေတာမဟုတ်ပါဘူး။ ကြည့်ကောင်းစေမယ့် နည်းလမ်းတွေကိုလည်း စာအုပ်တွေကနေ အင်တာနက်လိုင်းပေါ်ထိ အများကြီးရယူနိုင်ပါတယ်။ သင်နည်းလမ်းအကုန်ကြိုးစားတာတောင် ဝနေသေးတယ်ဆိုရင် အောက်ပါအချက် ၅ချက်က သင်ဘာလို့ဝိတ်မကျလဲဆိုတာကိုပြနေပါတယ်။ အစားအသောက် မမှန်ကန်ခြင်း။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အသီးရွက်၊ သကြား၊ အသင့်စားတွေ…..အားလုံးက စိတ်ရှုပ်စရာကောင်းပါတယ်။ ဒါကြောင့် တစ်ရက်လောက် ဘာမျှမစဉ်းစားပဲ မက်ဒေါနယ်လ်က အသင့်စားမုန့်တွေ အဝစားပြီး နောက်နေ့နှစ်ရက်စာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ပိန်ချင်တာကြောင့် အဆီကျဆေးတွေသောက်ဖို့ စဉ်းစားနေပြီလား

အထိုင်များလာတဲ့ ဘဝနေထိုင်မှုပုံစံ၊ များပြားလှတဲ့ အသင့်စားအစားအစာတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မပေးနိုင်လောက်အောင် များပြားလှတဲ့ နေစဉ်လုပ်ငန်းတာဝန်တွေကြောင့် မကြာသေးခင်နှစ်တွေအတွင်း အဝလွန်တဲ့သူဦးရေတွေသိသိသာသာများလာနေပါတယ်။ ဝမှလှတာဆိုပေမယ့် ဝရင်ခန္ဓါကိုယ်ကလေးလံထိုင်းမှိုင်းလာပြီး ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ ခန္ဓါကိုယ်က ဝလာတဲ့အခါ လှလှပပ စမတ်ကျကျနေဖို့က နည်းနည်းတော့ အခက်တွေ့လာတာပေါ့။ ဒီလိုဖြစ်တဲ့အခါ အလွယ်လမ်းလိုက်တဲ့အနေနဲ့ အဆီကျဆေးသောက်ဖို့ရွေးချယ်တာတွေ၊ အဆီကျကော်ဖီဆိုတာတွေကိုသောက်ဖို့ရွေးချယ်မိတာများမယ်ထင်ပါတယ်။ ဒါတွေက တကယ်ရောကျန်းမာရေးနဲ့ သင့်တော်ပါ့မလား။ အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးကဒွန်တွဲနေစမြဲပါ။ ဝတာက ကျန်းမာရေးကိုထိခိုက်စေနိုင်သလို အရမ်းပိန်နေတာမျိုးကျလည်းမကောင်းပြန်ပါဘူး။ အခုဆောင်းပါးလေးထဲမှာ နည်းစနစ်မှန်မှန်နဲ့ ကိုယ်အလေးချိန်ကျပြီး ကျန်းမာကျစ်လျစ်တဲ့ခန္ဓါကိုယ်ကို ပိုင်ဆိုင်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေ။ အလွယ်ကူဆုံးသော ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလမ်းတွေက ဘော်ဒီအချိုးအစားကျနလှပချင်တဲ့ ကိုကို မမတွေစိတ်ဝင်စားမယ့် ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလမ်းတွေကတော့ - ပရိုတင်းကြွယ်ဝတဲ့ မနက်စာစားပေးပါ - မနက်ခင်းမှာ ပရိုတင်းကြွယ်ဝစွာပါဝင်တဲ့ မနက်စာကို စားသုံးတာက အစာစားချင်စိတ်ကိုလျော့ကျစေပြီး တစ်နေ့တာလုံး ကယ်လိုရီစားသုံးမှုပမာဏကိုလျော့နည်းစေနိုင်ပါတယ်။ အချိုရည်တွေကိုရှောင်ပါ - အချိုရည်တွေက […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ပိန်ဖို့ကြိုးစားနေတယ်ဆိုရင် ဒီအစားအစာတွေရှောင်စားပါ

ပိန်ဖို့အတွက် ပိန်ဆေးတွေသောက်၊ Gym တွေ ဆော့နေလား၊ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကို ဖယ်ရှားပစ်နိုင်ဖို့နဲ့ အဆီပိုတွေ လျှော့ကျသွားစေဖို့ဆိုတာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု အပေါ်မှာ အများကြီး မူတည်ပါတယ်။ ပိန်ချင်တယ်ဆိုရင်တော့ အစားအသောက်လျှော့ချရမှာဆိုတာ ဟုတ်ပါတယ်။ လျှော့တာတောင်မှ ခန္ဓာကိုယ်အလေးချိန် တက်စေတဲ့ အစားအစာတွေကို လျှော့စား၊ ရှောင်စားရမှာပါ။ ဘယ်လိုအစားအစာတွေ ရှောင်ရမလဲဆိုတာ Hellosayarwon ကနေ မျှဝေပေးမယ်နော်။ အာလူးကြော်အပါအဝင် ဆီကြော်မုန့်များ ပိန်ဖို့ကြိုးစားနေတဲ့သူတိုင်း အာလူးကြော်လိုမျိုး ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေကို ရှောင်စားရပါမယ်။ ဒီအစားအစာတွေက ကယ်လိုရီတွေ တက်စေပြီး ဝတာတွေ ဖြစ်စေနိုင်ပါတယ်။ အချိုလွန်ကဲတဲ့ အချိုရည်များ အချိုလွန်ကဲတဲ့ အချိုရည်တွေနဲ့ ဆိုဒါတွေကို မစွန့်လွှတ်နိုင်ဘူးဆိုရင်တော့ ပိန်ဖို့ မလွယ်ကူပါဘူး။ သကြားဓာတ်များတာက ကယ်လိုရီပိုတက်စေပြီး အဆီပိုတွေကို လျှော့ချမပေးနိုင်တာကြောင့် ခန္ဓာကိုယ်အလေးချိန်တိုးတာတွေ ဖြစ်လာစေနိုင်ပါတယ်။ ပေါင်မုန့်အဖြူ ပေါင်မုန့်စားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် သကြားပါဝင်မှု မြင့်မားတဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီလောင်ကျွမ်းဇုံရဲ့အမှန်တရား

အဆီလောင်ကျွမ်းဇုံရဲ့အမှန်တရား အဆီလောင်ဖို့ ဖြစ်သင့်တဲ့အကောင်းဆုံးနှလုံးခုန်နှုန်းက ဘယ်လောက်ဖြစ်မလဲ။ အဆီလောင်ကျွမ်းဇုံဆိုတာက သင့်ရဲ့အဆီတွေ ပိုလောင်ကျွမ်းဖို့ အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၇၀ - ၈၀ ရာခိုင်နှုန်းမှာ ထိန်းသိမ်းနေသင့်တယ်ဆိုတဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ကိုယ်အလေးချိန်ကျလိုပြီး fit ဖြစ်လိုပါက ယေဘုယျအားဖြင့် သင့်အားကစားလုပ်နှုန်းကို တိုးရမယ်လို့ ဆိုကြမှာပါ။ ဒါပေမယ့် အဆီလောင်ကျွမ်းဇုံကတော့ သိပ်မပြင်းထန်တာတွေကိုပဲ ဆော့ရမယ်လို့ ဆိုထားတယ်။ ဒီလိုဆော့ခိုင်းရတဲ့နောက်ကွယ်က အကြောင်းကဘာလဲ။ မှန်ရောမှန်ပါ့မလား။ နှလုံးခုန်နှုန်းနဲ့ အဆီကျခြင်းဆက်စပ်ချက် ကြွက်သားတွေရဲ့ လောင်စာအဖြစ် ဂလူးကို့စ်ကို သင်ခန္ဓါက လိုပါတယ်။ အဓိက လောင်စာပင်ရင်းနှစ်ခုက ဂလိုင်ကိုဂျင်နဲ့အဆီ။ ဒါတွေကိုချေဖျက်ရင် ဂလူးကို့စ်၊ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုပြီးရတယ်။ ဂလိုင်ကိုဂျင်တွေ အဆီတွေကို ဂလူးကို့စ်အဖြစ်ချေဖျက်ဖို့က အောက်စီဂျင်လိုတယ်။ အားကစားလုပ်နေတဲ့အချိန်မှာ ခန္ဓါကိုယ်က စွမ်းအင်ပိုလိုလာမယ်။ ဒါကြောင့် ဂလိုင်ကိုဂျင်နဲ့အဆီတွေကို ကလူးကို့စ်ဖြစ်အောင် အောက်စီဂျင်များများပို့ဖို့အတွက် နှလုံးကသွေးများများညှစ်ရတော့တယ်။ ကာဗိုဟိုက်ဒြိုက် ၁ ဂရမ်မှာ ၄ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း