ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာနဲ့ ညီညွတ်စွာ ဝိတ်ကျချင်တယ်ဆိုရင် သင့်တော်တဲ့ အစားအသောက် စားဖို့ လိုပါတယ်။ ပညာရှင်တွေ ညွှန်ကြားထားတဲ့ နည်းလမ်းကောင်းတွေနဲ့ သင့်ရဲ့ ဝိတ်ချခြင်း ခရီးစဉ်ကို ကူညီပေးပါရစေ။

ကျန်းမာရေးဗဟုသုတ

ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

လူတစ်ယောက်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ်။ အဝလွန်နေမယ်ဆိုရင် နှလုံးရောဂါ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ အရိုးပွတာ၊ အစာခြေစနစ်ပြဿနာ၊ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ကျန်းမာပြီး နေ့ရက်တိုင်းကို သွက်လက်တက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုအောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းတဲ့အခါ အစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို သင့်တင့်မျှတအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခု ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာတော့ […]

ကိုယ်အလေးချိန်လျှော့ချခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျစေမယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေကဘာတွေဖြစ်မလဲ

ဝိတ်ချတယ်ဆိုရင် အများစုကတွေးမိတာက အစားလျှော့စားလိုက်ဖို့ပါ။ တကယ်တော့ တစ်ခါတလေမှာ အစားလျှော့စားတိုင်းလည် ဝိတ်ကျစေတာတော့မဟုတ်ပါဘူး။ ကျန်းမာစွာနဲ့ ဝိတ်ကျချင်ရင် အခုပြောတဲ့ ဗီတာမင်နဲ့သတ္တုဓါတ်လေးတွေကို အားကိုးကြည့်ဖို့ပြောပါရစေနော်။ ဝိတ်ချဖို့ ဗီတာမင်တွေသောက်သင့်လား..... ဝိတ်ချတယ်ဆိုတာကပြောသလောက်လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ဆေးလေးသောက်လိုက်ရုံ၊ အစားလေးလျှော့လိုက်ရုံ၊လေ့ကျင့်ခန်းလေးလုပ်လိုက်ရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ အားလုံးကို မျှတအောင်လုပ်မှ ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ကျလို့ ကျစ်လျစ်သွယ်လျသွားမှာပါ။ ဝိတ်ချနေချိန်မှာမေ့ထားလို့မဖြစ်တာက ကျန်းမာရေးနဲ့ညီညွတ်စွာဝိတ်ကျစေဖို့အတွက် ခန္ဓါကိုယ်မှာ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝနေစေဖို့ပါ။ ဒါမှလည်း ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ချနိုင်တော့မှာပေါ့။နောက်တစ်ခုက အချို့ဗီတာမင်နဲ့ သတ္တုဓါတ်တွေက ဝိတ်မတက်စေဘဲ ကျန်းမာရေးနဲ့ညီညွတ်လို့ မလိုအပ်တဲ့ အဆီပိုတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်တယ်ဆိုတာပါ။ ဝိတ်ကျစေဖို့ ကူညီပေးမယ့် ဗီတာမင်တွေက ဘာတွေဖြစ်မလဲ ဒီဗီတာမင်တွေ ဝိတ်ကျစေဖို့ တကယ်ကို အထောက်အကူပြုနိုင်မှာပါ။ (၁) ဗီတာမင် B - ဗီတာမင် B ဆိုတဲ့နေရာမှာ ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့ သီရာမင်း (ဗီတာမင် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျချင်လား၊ အစာကို ဖြည်းဖြည်းပဲစားပါ

အစာစားရင် ဖြည်းဖြည်းစား၊ သေချာကျေညက်အောင် ဝါးစားဆိုပြီး လူကြီးတွေ ငယ်ငယ်က ပြောဖူးတာ မှတ်မိကြမယ်ထင်ပါတယ်။ တကယ်တော့ အစာကို ဖြည်းဖြည်းနဲ့ မှန်မှန်စားပေးတာက ကျွန်တော်တို့အတွက် အစာခြေဖို့ ကူညီပေးနိုင်တဲ့အပြင်ကိုမှ ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်ပါတယ်။ ဒါပေမယ့်လည်း လူတွေက အစာစားရင် အလုပ်မအားတာနဲ့၊ အမြန်ပြီးချင်ဇောနဲ့ လောကြီးပြီး စားတတ်ကြတယ်နော်။ ဒီနေ့ဆောင်းပါးမှာ အစာကိုဖြည်းဖြည်း စားမလား၊ မြန်မြန်စားမလား ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာ ပြောပြပေးမယ်နော်။ အစာဖြည်းဖြည်းစားတဲ့အခါ ဘာကောင်းကျိုးရှိလဲ အစာကို ကျေညက်အောင် ဝါးစားတဲ့အခါ ဗိုက်ကိုပိုပြည့်စေပြီး ထပ်ကာတလဲလဲ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတယ်။ အစားအစာကိုလည်း အလွန်အကျွံမဟုတ်ဘဲ လိုအပ်သလောက် ပမာဏကိုသာ ထိန်းပြီး စားတတ်လာတယ်။ အစားလျှော့စားတဲ့အခါ ကယ်လိုရီစားသုံးမှု ပမာဏ လျော့နည်းသွားတယ်။ ခန္ဓာကိုယ်တွင်း အဆီပမာဏ မြင့်တက်လာမှုကို လျှော့ချပေးတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်သလို အဝလွန်ခြင်းမဖြစ်စေဖို့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီကျဆေးမှာ ဒါတွေပါရင် အန္တရာယ်ရှိပါတယ်

အစားမလျှော့ချင်ဘူး၊ လေ့ကျင့်ခန်းလုပ်ဖို့လည်းအချိန်မရှိဘူး ဆိုပြီး မြန်မြန်ပိန်ချင်တဲ့သူတွေက အဆီကျဆေးဝယ်သောက်ကြတယ်။ ဘယ်နရက်အတွင်း ဘယ်နပေါင်ကျတယ် ဆိုတဲ့ ကြော်ငြာလေးတွေ၊ ရီဗျူးလေးတွေကလည်း မက်လောက်စရာကိုး။ ဒါပေမယ့် လနဲ့၊နှစ်နဲ့ချီပြီး စုလာခဲ့တဲ့ အဆီတွေ၊ ကိုယ်အလေးချိန်တွေက ရက်ပိုင်းလေးနဲ့ကျသွားဖို့ဆိုတာလောဘသိပ်ကြီးသလိုတော့ဖြစ်နေပါတယ်နော်။ ဆေးစွမ်းတယ်၊ စွမ်းတယ်နဲ့ ဝယ်သောက်ကြတာ ပါဝင်ပစ္စည်းကိုရောဘေးကင်းမကင်းလေ့လာကြည့်ဖူးရဲ့လား။တော်ကြာ ဆေးမှာ တားမြစ်ထားတဲ့ပါဝင်ပစ္စည်းတွေပါနေရင် ဘယ်လိုလုပ်ပါ့မလဲ။ ကိုယ့်ရဲ့ဘေးကင်းမှုအတွက်သေချာလေ့လာသင့်ပါတယ်။တချို့အဆီကျဆေးတွေမှာ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေလို့ပြောထားပေမယ့် တစ်ခါတလေသောက်သုံးဖို့မသင့်တော်တဲ့ တားမြစ်ပါဝင်ပစ္စည်းတွေ ပါနေတတ်ပါတယ်။ တားမြစ်ထားတဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲဆိုတာလေ့လာနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။ Ephedra အာရှအလယ်ပိုင်းနဲ့ မွန်ဂိုလီးယားမှာရှိတဲ့ အမြဲစိမ်းပင်တစ်မျိုးဖြစ်တဲ့Ephedra မှာephedrine ဆိုတဲ့ဒြပ်ပေါင်းပါဝင်ပါတယ်။ သူ့ကို အာရုံကြောနှိုးဆွတဲ့ဆေးဖက်ဝင်အဖြစ် အိန္ဒိယနဲ့တရုတ်တို့မှာ ဟိုးအရင်ကသုံးခဲ့ကြပြီး အအေးမိ၊ တုပ်ကွေး၊ဖျားနာ၊ခေါင်းကိုက်၊ စတာတွေကို ကုသဖို့လည်းသုံးကြပါတယ်။ မကြာသေးခင်ကမှ Ephedra ကို အဆီကျဆေးအဖြစ်သုံးလာခဲ့ကြပါတယ်။ အဲဒီနောက်Ephedra ဟာ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း သို့မဟုတ်လေဖြတ်ခြင်းဖြစ်နိုင်ခြေပိုများစေတယ်၊ လူသေဆုံးမှုတွေရှိခဲ့တယ် ဆိုတဲ့တွေ့ရှိချက်ကြောင့် အန္တရာယ်ရှိပါဝင်ပစ္စည်းအဖြစ် တားမြစ်ခံခဲ့ရပါတယ်။ Fenfluramine Fenfluramine […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီကျဆေးသောက်မယ်ဆို ဒါတွေမကြောက်ဘူးလား

အဆီကျဆေးေတွ ရွေးချယ်စရာ ဈေးကွက်မှာ အမျိုးမျိုးရှိနေသလို လူသုံးများတဲ့ အမှတ်တံဆိပ်တွေကလည်း အများကြီးပါ။ ဒါပေမယ့် အဆီကျဖို့ မပင်ပန်းရဘဲ အမြန်ထိရောက်တဲ့ဆေးတွေကိုရွေးကြတာများပါတယ်။ အချိန်တိုအတွင်း ကိုယ်အလေးချိန်များများကျလေဆေးက စွမ်းတယ်၊ကောင်းတယ်ပြောကြလေဆိုတော့ လူကြိုက်များလာတာပဲဖြစ်ပါတယ်။ ဘယ်ဆေးဆို ဘယ်နှပေါင်ကျလဲ အရင်မေးတတ်ကြတယ်မလား။ ဒါပေမယ့် ဒီနေရာမှာအရေးကြီးတဲ့အချက်ကိုမေ့နေကြပါတယ်။ ကိုယ့်အတွက် ဘေးရောကင်းရဲ့လား။ ခန္ဓါကိုယ်ထဲရောက်လာမယ့်ဆေးက ကိုယ့်အတွက်ဘေးအန္တရာယ်ကင်းရဲ့လား၊ စိတ်ချရရဲ့လားဆိုတာ အရင်စဉ်းစားသင့်ပါတယ်။ အဆီကျဆေးတွေရဲ့ လုပ်ဆောင်ချက်နဲ့ အာနိသင်တွေကို ကြည့်မယ်ဆိုရင် အများအားဖြင့် - အစားအသောက်ကို တောင့်တတဲ့စိတ်ဖြစ်မလာအောင်တားဆီးပေးတယ်၊ အစားများများမစားမိခင် ဗိုက်ပြည့်တယ်လို့ ခံစားရစေတယ်၊ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကိုမြန်ဆန်စေတယ်၊ ခန္ဓါကိုယ်မှာ အဆီဖြစ်လာမှုနှုန်းကိုနှေးစေတယ်၊ စားလိုက်တဲ့အဆီတွေကို ခန္ဓါကိုယ်က မစုပ်ယူအောင် တားဆီးပေးတယ်။ အဆီကျစေတဲ့ဖြည့်စွက်ဆေးတွေကိုဆေးတောင့်၊ အမှုန့်၊ အရည်၊ကော်ဖီ၊ စတဲ့ ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်တယ်။ တချို့ဆိုရင် ဂျယ်လီပုံစံနဲ့တောင် ရနိုင်သေးတယ်။ ဘာလို့ အန္တရာယ်များတာလဲ စိတ်အပြောင်းအလဲမြန်ခြင်း၊ သွေးဖိအားမြင့်တက်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ လေဖြတ်ခြင်း၊ အတက်ရောဂါနဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျအောင် ကူညီပေးမယ့် အသီးအနှံများ ။ ။

ဝိတ်ကျချင်တဲ့သူတိုင်း အသားလျှော့၊ ထမင်းလျှော့ အသီးအရွက်များများစားပေးရမယ် ဆိုတဲ့ စကားလေးကြားဖူးကြမှာပါ။ ဒါက မှန်သင့်သလောက်မှန်ပါတယ်။ အသီးအရွက်တွေထဲမှာမှခုပြောပြမယ့် အသီးအနှံတွေက အဆီလောင်ကျွမ်းခြင်းကို မြန်စေပြီး ကယ်လိုရီလောင်ကျွမ်းခြင်းကို အားပေးလို့ ဝိတ်ကျချင်တဲ့သူတိုင်း စားပေးသင့်တဲ့ အသီးအနှံတွေပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ဝိတ်ကျစေမယ့် အသီးအနှံများ ။ ။ ( ၁ ) ဘယ်ရီသီးများ။ ။ ဘလူးဘယ်ရီ။ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ဘယ်ရီသီးတွေမှာ အာဟာရဓာတ်တွေ အမျှင်ဓာတ်တွေ ပြည့်ဝနေပြီး ငှက်ပျောသီး သရက်သီးတို့ထက်စာရင် ကယ်လိုရီနည်းပါးပါတယ်။ ဘယ်ရီသီး တစ်ခွက်မှာ ပါဝင်တဲ့ အမျှင်ဓာတ်ကလည်း ၈ ဂရမ်တောင်ရှိတာဆိုတော့ အမျိုးသမီးတစ်ယောက်တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ သုံးပုံတစ်ပုံရှိပြီး အမျိုးသားတစ်ယောက် တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၂၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကလည်း […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချ တဲ့အခါ အထိမိဆုံး အစားအသောက်အတွဲအစပ် (၁၀) မျိုး

ပိန်ချင်လို့၊ ကျစ်ချင်လို့ အစားလျှော့စားတယ်၊ planတွေလိုက်လုပ်တယ်၊လေ့ကျင့်ခန်းတွေလုပ်တယ်၊ Diet planတွေအသင့်လုပ်ပြီးသား ဝယ်စားတယ်။ ဘယ်နည်းကိုပဲဖြစ်ဖြစ် သေချာကြိုးစားမယ်ဆို ကိုယ်အလေးချိန်က ကျကိုကျပါတယ်။ ဒါပေမယ့် Diet လုပ်နေရင်းနဲ့ ဝိတ်ကျပိုမြန်စေမယ့်၊ ပိုထိရောက်စေမယ့်အတွဲအစပ်တွေနဲ့စားမယ်ဆိုရင် အိုကေပဲပေါ့။ ဘယ်လိုအကျိုးရှိလဲဆိုတော့ ဒီအတွဲအစပ်တွေက ကိုယ့်ကို ပိုအဆာခံစေလိမ့်မယ်၊ အစားရှောင်ရပေမယ့် အာဟာရပြည့်နေစေလိမ့်မယ်၊ အဆီနဲ့ကယ်လိုရီ ပိုလောင်ကျွမ်းစေလိမ့်မယ်ဆိုတာမျိုးတွေ။တော်တော်များများက လူသိများတဲ့ diet planတွေမှာ ပါတတ်တဲ့အတွဲအစပ်တွေပါ။ ဝိတ်ချ Diet plan မှာ ပါသင့်တဲ့ စူပါအတွဲအစပ် (၁၀) တွဲ (၁) ထောပတ်သီးနဲ့ အစိမ်းရင့်ရောင်အသီးအရွက်တွေ ဘိုဆန်တယ်ပဲပြောပြော အစိမ်းရောင်အသီးအရွက်တွေနဲ့ထောပတ်သီးလေးတွေကို မာရိုးနစ်နည်းနည်းနဲ့ saladပြင်ဆင်တာက တကယ်အဆင်ပြေတဲ့အတွဲအဖက်ပါ။မြန်မာလိုပဲစားမယ်ဆို ဟင်းနုနွယ်၊ ကိုက်လံတို့ကို ဆီမပါတပါလေးကြော်ပြီးစား၊ထောပတ်သီးကို အချိုတည်းလို့ရပါတယ်။ အစိမ်းရင့်ရောင်အရွက်တွေက ကယ်လိုရီနည်းပြီး အာဟာရဓာတ်ကြွယ်ဝတယ်။ထောပတ်သီးက အကျိုးပြုအဆီတွေပါဝင်ပြီး အဆာခံစေတယ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါတယ်ဆိုတော့ တွဲဖက်လို့အကောင်းဆုံးပါ။ (၂) ကြက်သားနဲ့ ငရုတ်တောင့်ရှည် အဆီချ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချနေတဲ့သင့်ကို လေ့ကျင့်ခန်းနဲ့အတူ ကူညီပေးမယ့် အရာများ ။ ။

လေ့ကျင့်ခန်း တစ်ခုတည်းနဲ့တော့ နည်းမှန်လမ်းမှန် ထိထိရောက်ရောက်နဲ့ ဝိတ်ချနိုင်မှာ မဟုတ်ပါဘူး။ စနစ်ကျတဲ့ ဝိတ်ချခြင်းမှာ လေ့ကျင့်ခန်းနဲ့အတူ မှန်ကန်တဲ့ စားသောက်မှုပုံစံတစ်ခုလိုအပ်ပါတယ်။ လေ့ကျင့်ခန်းလည်းလုပ်မယ် အစားအသောက်ကိုလည်း စနစ်တကျစားမယ်ဆိုရင် အောင်မြင်ဖို့ ၈၀ရာခိုင်နှုန်းတောင်ရှိတာကြောင့် ဝိတ်ချနေတဲ့သင့်ကို ခုပြောပြမယ် အချက်တွေက ကူညီနိုင်မှာပါ ။ ။ ( ၁ ) အစားမစားခင် ရေသောက်ပါ။ ရေသောက်ခြင်းဟာ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို တစ်နာရီအတွင်း၂၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်စေတာကြောင့် ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးပါတယ်။ အစားမစားခင် နာရီဝက်လောက်အလိုမှာ ရေဖန်ခွက် တစ်ဝက်လောက်သောက်ပေးရင် အစားစားချင်စိတ်ေလျာ့သွားပြီး ကယ်လိုရီတွေ အများကြီးလည်း မစားဖြစ်တော့ပါဘူး။ ( ၂ ) ကြက်ဥကို မနက်စာအဖြစ်စားပါ။ မနက်ပိုင်းကို ထမင်းတို့ ဂျုံတို့လို ကောက်ပဲသီးနှံအခြေခံတဲ့ အစားအသောက်တွေ စားခြင်းထက် ကြက်ဥ စားပေးတာက ဝိတ်ချနေတဲ့သူတွေ အတွက် ပိုပြီး အကျိုးရှိစေမှာပါ။ ကြက်ဥက […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချတဲ့နေရာမှာ အရေးပါတဲ့ food ဒိုင်ယာရီတစ်ခု ဘယ်လိုဖန်တီးကြမလဲ ။ ။

ဝိတ်ချချင်လို့ရှိရင် အစားအသောက်ထိန်းတာ၊ ေလ့ကျင့်ခန်းလုပ်တာတွေအပြင် နောက်ထပ် လုပ်သင်တဲ့ အရာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ကိုယ်တစ်နေ့တာ ဘာတွေစားလိုက်လဲ ဘယ်လောက်စားလိုက်လဲဆိုတာကို မှတ်ထားတဲ့ မှတ်တမ်းစာအုပ် food diary ပဲဖြစ်ပါတယ်။ ဒါမှ ဒီနေ့ စားလိုက်တာများနေပြီလား၊ လေ့ကျင့်ခန်း ပိုလုပ်ရမှာလား ကယ်လိုရီကရော ဘယ်လောက်ရှိနေပြီလဲဆိုတာတွေ သေချာတွက်ချက်နိုင်မှာဖြစ်ပါတယ်။ ဒီတော့ စနစ်ကျတဲ့ food ဒိုင်ယာရီတစ်ခုကို ဘယ်လိုဖန်တီးကြမလဲ ။ ။ ခုပြောမယ့် အချက်တွေ အားလုံးက food ဒိုင်ယာရီတစ်ခုမှာ မပါမဖြစ်တွေပဲ ဖြစ်ပါတယ်။ ( ၁ ) ကိုယ်အလေးချိန် - ပေါင်နဲ့ဖြစ်ဖြစ် kg နဲ့ဖြစ်ဖြစ် ( ၂ ) အရပ် - လက်မနဲ့ ရော cm နဲ့ရော ကြိုက်တာနဲ့ မှတ်လို့ရပါတယ်။ ( ၃ ) တစ်နေ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အသားမစားဘဲ အသီးအရွက်ချည်းစားပြီး ဝိတ်ချတော့မယ်ဆို ဒါတွေသိထားဖို့လိုပါတယ် ။

အသားဟင်းတွေ က ကယ်လိုရီ တွေ တက်လွန်းဆိုပြီး အသီးအရွက် တွေချည်းစားပြီး ဝိတ်လျှော့ဖို့ စဉ်စားနေပါသလား။ အသီးအရွက်တွေစားက ကျန်းမာရေးအတွက် သင့်တော်တ,f ဆိုပေမယ့် နည်းလမ်းမမှန်တဲ့အခါ မဖြစ်သင့်တဲ့ ဗီတာမင် ချို့တဲ့တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ သတ်သတ်လွတ်စားတဲ့သူတွေရော၊ အသီးအရွက်ချည်းပဲစားပြီး ဝိတ်ချဖို့ စဉ်းစားထားတဲ့သူတွေ ရော ခုပြောမယ့်အချက်လေးတွေကို သိသင့်တယ်နော်။ ။ ကိုယ်စားမယ့် ထမင်းတစ်နပ်မှာ ဘာတွေပါသင့်လဲ ။ ။ ကာဘိုဟိုက်ဒရိတ်ပါရပါမယ်။ တစ်နေ့လုံး အသီးအရွက်ချည်းစားရုံနဲ့တော့ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ အားအင်တွေ ပြည့်မှာ မဟုတ်ပါဘူး။ ဒီတော့ အားရှိဖို့အတွက် ကစီဓါတ်ကြွယ်ဝတဲ့ ထမင်း၊ အာလူး ကန်စွန်းဥတို့ စားပေးသင့်ပါတယ်။ တကယ်တော့ အသီးအရွက်တွေကရတဲ့ အမျှင်ဓါတ်ဆိုတာလည်း ကာဘိုဟိုက်ဒရိတ် တစ်မျိုးပါပဲ။ ဒါပေမယ့် ထမင်းမှာပါတဲ့ ကစီဓါတ်ကိုကျ ကိုယ်ခန္ဓါက ဖြိုခွဲပေမယ့် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ့်ကိုယ်ကိုယ်ရော အဆီချဖို့လိုတယ်လို့ ထင်နေပြီလား

ဒီဘတ်ခေတ်မှာ မိန်းကလေးတွေ တော်တော်များများ ဘာလို့ အဆီချဖို့ အပြင်းအထန်ကြိုးစားနေကြတာလဲ။ အဓိကကတော့ လှချင်လို့ပဲပေါ့။ ပိန်မှလှမယ်လို့ ထင်နေတဲ့ လူပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေဟာ သူတို့တွေရဲ့ စိတ်အာရုံကို လွှမ်းမိုးသွားတဲ့အခါ ငါဝနေရင် မလှတော့ဘူးဆိုတဲ့ အားငယ်စိတ်ေတွ ဝင်လာတတ်တာ သဘာဝပါပဲ။ အဲ့တော့ ဒီနေ့ဆောင်းပါးမှာ သင် အဆီချဖို့ လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ လူတစ်ယောက်မှာ ပျမ်းမျှ ကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်လဲ။ ကိုယ်အလေးချိန် လူတစ်ယောက် ဝတယ်၊ မဝဘူး၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိလားဆိုတာကို Body Mass Index – BMI နဲ့ တွက်ဆလို့ ရပါတယ်။ ဥပမာအားဖြင့် ပုံမှန်အရပ် ၅ပေ ၉လက်မ ရှိတဲ့ အမျိုးသားတစ်ယောက် ကျန်းမာသော ကိုယ်အလေးချိန် = ၁၂၁ - ၁၆၃ ပေါင်၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း