ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား

ကြက်ဥ ဆိုတာ လူတိုင်းနီးပါးနဲ့ လက်လှမ်းမှီပြီး အာဟာရဓာတ်လည်း ကြွယ်ဝလှတဲ့ အစားအစာတစ်မျိုးဆိုရင် မမှားပါဘူး။ ကိုယ်အလေးချိန်လျှော့ချချင်သူတွေရဲ့ လက်စွဲလို့လည်း ဆိုလို့ရပါတယ်။ ကြက်ဥစား ပြီး ဝိတ်ချကြတာမျိုးပေါ့။ ကြက်ဥစားရင် ဝိတ်ကျတယ်လို့ဆိုတဲ့အချက်က မှန်သင့်သလောက်မှန်ပေမယ့် လုံးဝအတိအကျကြီး မှန်ကန်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဝိတ်ချတဲ့လုပ်ငန်းစဉ်မှာ ကြက်ဥပြုတ်ကို အမယ်တစ်ခုအဖြစ် ထည့်သွင်းချင်သူတွေကို ဗဟုသုတဖြစ်စေဖို့ ရှင်းပြပေးချင်ပါတယ်။ ကြက်ဥစား တာက ဝိတ်ကျစေတာလား ကြက်ဥက အာဟာရဓာတ်ကြွယ်ဝပြီး ဗိုက်လည်းပြည့်စေတာမို့ အစာစားချင်စိတ်ကို လျော့ကျစေပြီး ကိုယ်အလေးချိန်လျှော့ချမှုကို အထောက်အကူဖြစ်စေတာဖြစ်ပါတယ်။ ဒါပေမယ့် ကြက်ဥက ဝိတ်ကျစေတာတော့ မဟုတ်ပါဘူး။ ကြက်ဥက ဝိတ်ချတဲ့လုပ်ငန်းစဉ်ကို ပံ့ပိုးပေးတာသာဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ကြက်ဥဟာ ပရိုတိန်း၊ အာဟာရဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝသလို ကယ်လိုရီ၊ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင်နေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကြက်ဥက ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူဖြစ်စေတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ။

တစ်ဖက်မှာ အဝလွန်လို့ ဝိတ်ချနေရတဲ့သူတွေ ရှိသလို တခြားတစ်ဖက်မှာလည်း အာဟာရချို့တဲ့ နေတဲ့သူတွေ ရှိနေပါတယ်။ အစွန်းရောက်အဖွဲ့နှစ်ဖွဲ့ပေါ့။ နှစ်ခုလုံးက ကျန်းမာရေး ထိခိုက်နိုင်တာကြောင့် ပေါ့ဆလို့ မရတဲ့ အရာတွေပါ။ ဒီဆောင်းပါးမှာတော့ အဖြစ်များတဲ့ အာဟာရချို့တဲ့မှုတွေနဲ့ အာဟာရချို့တဲ့မှု မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ မျှဝေပေးပါ့မယ်။ အဖြစ်များတဲ့ အာဟာရချို့တဲ့ မှုများ အဓိက အာဟာရချို့တဲ့မှု (Macronutrients deficiencies)နဲ့ ဗီတာမင်၊ သတ္တုဓာတ် ချို့တဲ့မှု (Micronutrients deficiencies)ဆိုပြီး ရှိပါတယ်။ အဓိက အာဟာရချို့တဲ့မှု (Macronutrients deficiencies) အဓိက အာဟာရဆိုတာ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီစတာတွေ ချို့တဲ့တာကို ပြောတာပါ။ အဖြစ်များတဲ့ ရောဂါနှစ်ခု ထပ်ရှိပြန်ပါတယ်။ နှစ်ခုလုံးက ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဆင်းရဲတဲ့ ကလေးတွေ၊ မိဘက ကောင်းကောင်း ဂရုမစိုက်နိုင်တဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားရဖို့ဆိုတာ ရွေးချယ်တဲ့ အစားအသောက်ပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ ချက်နည်း၊ ပြုတ်နည်း၊ ပြင်ဆင်နည်း ပေါ်မှာလည်း မူတည်ပါသေးတယ်။ သင့်အနေနဲ့ ဒီလို ချက်ပြုတ်တတ်ဖို့ စားဖိုမှူးတစ်ယောက်လို ကျွမ်းကျင်စရာ မလိုပါဘူး။ အဆုံးသတ်မှာ လိုရင်းက အရသာ ရှိပြီး ကျန်းမာရေးနဲ့ ညီအောင် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဟင်းတစ်ခွက် ဖြစ်နေဖို့ပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတစ်ခွက် ဖြစ်စေဖို့ သန့်သန့်ရှင်းရှင်း စားသောက်ပါ။ ဘယ်သူကတော့ ညစ်ပတ်တာတွေကို စားမှာလဲ။ အဲ့ဒီလို ပြောချင်တာ မဟုတ်ပါဘူး။ သေချာပေါက် ကိုယ်စားတဲ့ အစားအစာက သန့်သန့်ရှင်းရှင်း ပြင်ဆင် ချက်ပြုတ်ထားတာ ဖြစ်ရမှာပေါ့။ ဒါပေမယ့် ခုပြောချင်တာက clean eatingလို့ ခေါ်တဲ့ စားသောက်မှု ပုံစံပါ။ Clean eatingဆိုတာ dietတစ်မျိုးပါပဲ။ ဒါပေမယ့် ဝိတ်ကျခြင်း၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စပျစ်သီး စိမ်းစိမ်း နဲ့ ကျန်းမာရေး

စပျစ်သီးလို့ဆိုလိုက်ရင် ခရမ်းရောင်လေးတွေကိုပဲ ပေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ စပျစ်သီးက ခရမ်းရောင်၊ အနီရောင် နဲ့ အစိမ်းရောင်ဆိုပြီး အမျိုးမျိုး ရှိတာပါ။ ဒီထဲကမှ စပျစ်သီး စိမ်းစိမ်းလေး ကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် စပျစ်သီး စိမ်းစိမ်းလေး က ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲဆိုတာကို ပြောပြပေးပါရစေ။ စပျစ်သီး စိမ်းစိမ်း စပျစ်သီး စိမ်းစိမ်း ဆိုတာ စပျစ်သီး တစ်မျိုးပါ။ ခပ်ဝိုင်းဝိုင်းလေးတွေ ရှိသလို ရှည်မျောမျောလေးတွေလည်း ရှိပါတယ်။ အတွင်းသားကတော့ အဖြူပါ။ စားရတာ ချိုပါတယ်။ စပျစ်သီး စိမ်းစိမ်း နဲ့ ကျန်းမာရေး စပျစ်သီး စိမ်းစိမ်းလေး ကို စားသုံးပေးတာက သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ် စပျစ်သီး စိမ်းစိမ်းလေး တွေက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက သွေးတွင်းက […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အစားအသောက်နဲ့ ဝိတ်ချ မယ်ဆိုရင် လိုက်နာရမယ့် အခြေခံစည်းမျဉ်း

ဝိတ်ချမယ်ဆိုရင် အရင်ဆုံး လုပ်လေ့ရှိတာက အစားလျှော့တာပါ။ မှားတော့ မမှားပေမယ့် အလုံးစုံမှန်တာတော့လည်း မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ ဝိတ်ချတဲ့ planတွေ အကြောင်းကို ဆွေးနွေးသွားမှာတေ့ာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်နည်းနဲ့ ချချ ဝိတ်ချမယ်ဆိုရင် ဘာတွေ အရင်စဉ်းစားရမလဲ၊ ဘာတွေ မှားနေတတ်သလဲ၊ အစားအသောက်နဲ့ ချမယ်ဆိုရင် အခြေခံ လိုက်နာရမယ့် စည်းမျဉ်းတွေကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။ ဝိတ်မချခင် မေးရမယ့် မေးခွန်းတွေက ဝိတ်ချဖို့ တကယ်လိုအပ်နေပြီလား။ အများက ဝတယ်ဆိုတိုင်း တကယ်ဝချင်မှ ဝတာပါ။ ဒါကြောင့် BMI ဆိုတာ တွက်ကြတာပေါ့။ BMIမကျော်ဘူးဆိုရင် သင် ဝနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ စဉ်းစားရမှာက ကိုယ်အလေးချိန်ချင်း တူရင်တောင် အရပ်ကွာရင် BMI မတူပါဘူး။ ပေါင် ၁၀၀၊ ၅ပေနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းချက်တဲ့အခါ အရောင်လှပြီး ခံတွင်းတွေ့စေဖို့ ထည့်သုံးကြတဲ့ ငရုတ်သီးမှုန့်ကို ဘယ်လို သိမ်းလေ့ရှိလဲ............

ဟင်းချက်တဲ့အခါတိုင်း အရောင်လေး လှအောင်၊ အရသာလေး ကောင်းအောင်ဆိုပြီး ငရုတ်သီးမှုန့် လေး ထည့်ထည့်ချက်ကြတယ်ဟုတ်။ အရောင်တင်မှုန့်၊ ငရုတ်သီး အစိမ်းမှုန့် စသဖြင့် အမျိုးမျိုး ခေါ်ကြတယ်လေ။ ဒီငရုတ်သီးမှုန့်လေးက ဟင်းတွေကို အရောင်လှ အရသာတိုးစေတာ မှန်ပေမယ့် သေချာ သိမ်းဆည်းမှု မရှိရင် မှိုတက်တာ၊ အစိုပြန်တာတွေ ဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ အရသာတိုးစေမယ့် ငရုတ်သီးမှုန့်လေး​ကြောင့် ရောဂါ မတိုးစေဖို့ ဘယ်လိုများ သိမ်းဆည်းကြမလဲ။ ငရုတ်သီးမှုန့် သိမ်းဆည်းနည်း မှန်ရဲ့လား ငရုတ်သီးမှုန့်က အခြောက်အခြမ်းပဲ ပျက်စီးမှာ မဟုတ်သလို ပုပ်သိုးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒါပေမယ့် ငရုတ်သီးမှုန့်က သက်တမ်းရှိသလို ပုပ်သိုး ပျက်စီးနိုင်ပါတယ်။ သေချာ မသိမ်းဆည်းဘူးဆိုရင် ကျန်းမာရေးကို ထိခိုက်စေလာနိုင်ပါတယ်။ ဒီတော့ အိမ်မှာ ငရုတ်သီးမှုန့် သိမ်းထားတာကရော နည်းစနစ်မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းချက်ဆီလေး သိမ်းဆည်းနည်း မှန်ရဲ့လား............

ဆီ (ဟင်းချက်ဆီ) ဆိုတာက ဟင်းလျာတိုင်းမှာ မပါမဖြစ် ပါဝင်ရတဲ့ အရာတစ်ခုပါ။ ဟင်းတစ်ခုကို ချက်ပဲ ချက်ချက်၊ ကြော်ပဲ ကြော်ကြော်၊ အသုပ်ပဲ သုပ်သုပ် ဆီမပါရင် မရပါဘူး။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ငါးခြောက်လေး မီးကင်ပြီးရင်လည်း စားကောင်းအောင်ဆိုပြီး ဆီဆမ်းတယ်၊ လက်ဖက်လေး ထောင်းပြီးရင်လည်း ဆီလေး မြုပ်နေအောင် စိမ်ထား တတ်သေးတယ်နော်။ အကြောင်းကတော့ ဆီက ဟင်းလျာတွေရဲ့ အရသာကို တိုးစေလို့ပါ။ ဒီလို ဟင်းလျာတိုင်းရဲ့ အရေးပါတဲ့ ဇာတ်ဆောင် ဟင်းချက်ဆီလေးကို သိမ်းဆည်းတဲ့နည်း မှန်ရဲ့လား........... ဟင်းချက်ဆီကို ဘယ်လို သိမ်းလေ့ရှိလဲ............. ဟင်းချက်ဆီက ဟင်းလျာတွေကို အရသာတိုးစေသလို ဟင်းချက်ဆီက ထိန်းသိမ်းပုံ မမှန်တာကြောင့် ပျက်စီးသွားရင်လည်း ဟင်းလျာတွေရဲ့ အရသာကို ပျက်စီးစေပါတယ်။ ဟင်းချက်ဆီက ပျက်စီးတတ်လား......... ဟင်းချက်ဆီက သက်တမ်း ကြာတဲ့အခါ ပျက်စီးတတ်သလို ထားသိုပုံ မမှန်တဲ့အခါမျိုးမှာလည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

နံနံပင်အမြစ် စားလို့ရလား ... ဆေးဖက်ဝင်တယ်ဆိုတာရော ဟုတ်ရဲ့လား

နံနံပင်ကို စားရင် များသောအားဖြင့် အပင်ကိုသာ စားလေ့ရှိပြိး နံနံပင်အမြစ် ကိုတော့ လွှင့်ပစ်ကြတာ များပါတယ်။ အမြစ်က မြေကြီးတွေ ပေနေတာကြောင့်ဖြစ်သလို ဝါးစားဖို့ခက်တာ၊ ပစ်စရာရယ်လို့ ငယ်ကတည်းက သိလာတဲ့အသိကြောင့်ပါ။ တကယ်ကတော့ နံနံပင် အမြစ်က စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ထိုင်းဟင်းလျာတွေထဲမှာ နံနံပင်အမြစ် ထည့်ချက်ကြတာကို မြင်ဖူးမှာပါ။ တကယ်က နံနံပင် အမြစ်ကို ရေစင်အောင်ဆေးပြီး ဟင်းလျာတွေထဲကို ထည့်ချက်မယ်ဆိုရင် ဟင်းလျာက အနံ့အရသာတိုးစေမှာ ဖြစ်သလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ နံနံပင်အမြစ် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုသလဲ............ နံနံပင်အမြစ်ကို ဟင်းအနှစ်ထောင်းတဲ့အခါ ရေစင်အောင်ဆေးပြီး ထည့်ထောင်းတာ၊ ဟင်းအိုးထဲကို ရေစင်အောင်ဆေးပြီး ထည့်ချက်တာမျိုး လုပ်ပေးလို့ရပါတယ်။ အကြောင်းကတော့ နံနံပင် အမြစ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်။ နံနံပင်အမြစ်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။  နံနံပင်အမြစ်က […]


အားကစားသမားများအတွက်အာဟာရ

အားကစားသမားများအတွက် အထူးအာဟာရ Sports nutrition ဆိုတာ

သာမန် Gymဆော့တာကစလို့ ပြိုင်ပွဲဝင်အားကစားသမားတွေအထိ သင့်တော်တဲ့ အာဟာရဆိုတာ လိုပါတယ်။ ပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အနေအထားကို ရဖို့ ကြိုးစားကြတဲ့အခါမှာ ဇွဲတို့၊ ကျွမ်းကျင်မှုတို့တင် မကပါဘူး။ သင့်တော်တဲ့ အာဟာရဆိုတာလည်း လိုအပ်ပါသေးတယ်။ ခန္ဓာကိုယ်ကို အစားအစာတွေက ရတဲ့ အာဟာရတွေနဲ့ တည်ဆောက်ထားတာကိုး။ အားကစားသမားတွေ စားတဲ့အစားအသောက်ကတော့ သာမန်လူတွေထက် ပိုပြီး တိတိကျကျတွက်ချက်ထားတဲ့ ပုံစံမျိုးနဲ့ စားသောက်နေရမှာ အသေအချာပါပဲ။ ဒါဆို သူတို့ ဘာတွေများ စားနေပါလိမ့်။ အားကစားသမားများအတွက် အထူးအာဟာရ ဘောလုံးအသင်းတို့၊ ဘတ်စကတ်ဘောအသင်းတို့၊ ရေကူးအသင်းတို့ စသဖြင့် အားကစားအဖွဲ့အစည်းတွေမှာ သက်ဆိုင်ရာ သင်တန်းနည်းပြအပြင် အားကစားကြောင့် ထိခိုက်ဒဏ်ရာရရင် ကုသပေးဖို့ ဆရာဝန်၊ အာဟာရတွေ တွက်ချက်ပေးဖို့ အာဟာရဆရာဝန်ဆိုတာတွေ ရှိပါတယ်။ အားကစားလေ့ကျင့်ရုံနဲ့ လိုရာပန်းတိုင်ကို ချောချောမွေ့မွေ့ မရောက်နိုင်ဘူးဆိုတာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်တိုင် လပြည့်ညဆို ငယ်ငယ်ကတည်းက ဆေးပေါင်းခတယ်ဆိုပြီး မစားချင်တောင် ဆေးဖြစ်ဝါးဖြစ်လေး စားဆိုပြီး ဖွားဖွားက ခွံပေးတဲ့ မယ်ဇလီဖူး သုပ်ကို စားဖူးတယ်ဟုတ်။ ကြက်သွန်နီဆီချက်၊ မြေပဲ၊ ပုစွန်​ခြောက်တွေကိုထောင်းပြီး ကြက်သွန်နီ ပါးပါးလှီး၊ မယ်ဇလီဖူးကို ပါးပါးလှီးပီး သုပ်ထားတဲ့ အသုပ်လေးက ရေနွေးကြမ်းလေးနဲ့ဆို အတော်လိုက်ဖက်တဲ့ အတွဲအစပ်ပါ။ လပြည့်ညမှာ အိမ်ရှေ့မြေပြောင်ပြောင် ကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း စားလိုက်ရရင် အတော်လေး အရသာရှိမှာပါ။ ဒီ မယ်ဇလီဖူးသုပ်လေးကို ဘာလို့ ဆေးဖက်ဝင်တယ်လို့ ပြောကြတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မယ်ဇလီဖူး ဆိုတာ မယ်ဇလီဖူး ဆိုတာက မယ်ဇလီပင်ရဲ့ အဖူးပါ။ အဖူးဆိုတဲ့အတိုင်း အလုံးလေးတွေပါ။ အစိမ်းရောင်ရှိပြီး ပြုတ်လိုက်ပြီးရင်တော့ ခပ်ဝါဝါလေး ဖြစ်သွားပါတယ်။ ပြုတ်ပြီး တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။ ဝမ်းနှုတ်ဆေးတွေထဲမှာ တည့်သုံးတာမျိုးလည်း ရှိပါတယ်။ တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း