ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း
အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား
အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာ သလား။ ဒီ မေးခွန်းကို မဖြေခင် ဒါလေးကို အရင် မေးကြည့် ပါရစေနော်။ငယ်ငယ်တုန်းကထက် ပိုပြီး ဖျားနာလာတယ်။ ရေချိုး နောက်ကျမိရုံလေး၊ အဲကွန်းဖွင့်ပြီး အမှတ်တမဲ့ အိပ်မိသွားရုံလောက်နဲ့ နေထိုင်မကောင်း ဖြစ်တော့တာပဲ ဆိုပြီး စိတ်ညစ်နေပြီလား။ ရာသီဥတု အပြောင်းအလဲလေး ဖြစ်တာနဲ့ အအေးမိသလိုလို ဖျားချင်သလိုလို ခံစားနေရပြီလား။ဒါက ဘာကြောင့်လို့ ထင်ပါသလဲ။ အဖြေက အသက်ရ လာလို့လေဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် အသက်ရ လာတဲ့အခါ ဖျားနာလွယ်တာက မွေးကတည်းက ထပ်ကြပ်မကွာ လိုက်စောင့်ရှောက်ပေးခဲ့တဲ့ သက်တော်စောင့် ကိုယ်ခံအားလေးကလည်း ကိုယ်နဲ့အတူ အသက်အရွယ် ရလာလို့လေ။အသက်အရွယ် ကြီးရင့်လာလေလေ ကိုယ်ခံအားလေးက အားနည်းလာလေပေါ့။မြင်သာအောင် ပြောပြရရင် အသက်အရွယ် ရလာတဲ့အခါ အသက် ၂၀ တုန်းကလောက် […]























