အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

သွေးအုပ်စုများ၊ သွေးအုပ်စုနှင့် ပင်ကိုယ်စရိုက် ဆက်စပ်မှု

သွေးအမျိုးအစားသည် ပင်ကိုယ်စရိုက် လက္ခဏာများ နှင့် ဆက်စပ်မှုရှိသည်ဟု ဂျပန်က ယူဆပြီး သွေးအမျိုးအစား လေ့လာမှုများကို ဂျပန်မှ အစပြုလုပ်ဆောင်လာသည်။ ယနေ့ခေတ်တွင် ဂျပန်အပြင် အခြားနိုင်ငံများမှ ထိုအယူအဆ အကြောင်း သုတေသနများ လုပ်ဆောင်နေပါသည်။ သွေးအမျိုးအစားသည် သင်၏ ပင်ကိုယ်စရိုက်ကို ဖော်ပြရုံ သာမက အချို့ရောဂါများ ရနိုင်ချေကိုပါ ဖော်ပြကြောင်း သိပ္ပံနည်းကျ ကောက်ချက်ချနိုင်ခဲ့သည်။ ထိုလေ့လာမှုများ စတင်ခဲ့သော ဂျပန်တွင် သင်၏ ဇီဝလက္ခဏာများသည် သင်၏ အလုပ်ကို လွဲချော်နိုင် စေသည်ဟု ယုံကြည်ကြသည်။ သင်သည် အလုပ်တစ်ခုတွင် အခြား အလုပ်များထက် ဘယ်လိုသင့်တော်သလဲ ဆုံးဖြတ် ပေးသည်ဟု ယုံကြည်ကြသည်။ အလုပ်ရှင်များသည် အလုပ် သမားများကို ရွေးချယ်ရန်၊ စစ်ဆေးရန် သွေးအမျိုးအစားကို အချက်အလက်တစ်ခုအဖြစ် အသုံးပြုသည်။ ကြင်ဖက်ရှာ ပေးသော ကိုယ်စားလှယ်များသည် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ဆံပင်အရောင်ကပြောပြတဲ့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေး

သင့်ဆံပင်အရောင်ကို မယ်လနင်လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးက ဖန်တီးပေးတာဖြစ်ပြီး ဒီပစ္စည်းကို ဆံပင်အမြစ်ပိုင်းမှာရှိတဲ့ မယ်လနိုဆိုက်ခေါ် ဆဲလ်လေးတွေက ထုတ်လုပ်တာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဆံပင်အရောင်ဟာ အဲဒီလူရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး တစ်ခုခုပြောပြနိုင်လိမ့်မယ်လို့ လက်ခံယုံကြည်သူတွေ အများကြီးရှိပါတယ်။   အနီရောင်ဆံပင် ခရိုမိုဆုမ်းအမှတ် ၁၆မှာ သန္ဓေပြောင်းမျိုးဗီဇတစ်ခု ရှိနေတဲ့ အနီရောင်ဆံကေသာပိုင်ရှင်တွေဟာ အခြားသူတွေအမြင်မှာ အမြဲလိုလို စွဲမက်ဖွယ်ကောင်းနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဥရောပတိုက်သားတွေဟာ အနီရောင်ဆံကေသာကို တန်ဖိုးထားမြတ်နိုးကြသလို စကော့တလန်နဲ့ အင်္ဂလန်နိုင်ငံ လူဦးရေရဲ့ ၁၀ရာခိုင်နှုန်းခန့်ဟာ ဆံပင်အနီရောင်ရှိသူတွေ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံနဲ့ အာရှဒေသ အချို့နေရာတွေမှာလည်း ရှားရှားပါးပါးဆိုသလို အနီရောင်ကေသာပိုင်ရှင်တွေ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ယူကေနိုင်ငံမှာတော့ ဆံပင်အနီကို တန်ဖိုးထားစရာအဖြစ် မသတ်မှတ်ကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ အနီရောင်ဆံပင်ကို ရမယ်ရှာပြီး အနိုင်ကျင့်ခံရ၊ စနောက်ခံရတာမျိုးတွေ ကြုံကြရလို့ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ နှစ်ကာလတော်တော်ကြာတဲ့အထိ အနီရောင်ဆံပင်ကို မကောင်းဆိုးဝါးရဲ့ […]


အခြေခံကျန်းမာရေး

ကိုယ်နံ့ဆိုးတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ

ကိုယ်နံ့ဆိုးဆိုးထွက်ရခြင်းရဲ့ အဓိကတရားခံကတော့ သင့်ချွေးထဲမှာပါတဲ့ အက်ဆစ်ဓါတ်တွေကို ဖြိုခွဲနိုင်တဲ့ သင့်အရေပြားပေါ်က ဘက်တီးရီးယားပိုးမွှားတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အရေပြားအတွင်းလွှာနဲ့ အဆီပြင်ကြားက ချွေးဂလင်းတွေ ဖွံ့ဖြိုးလာတဲ့ အပျိုဖော်၊ လူပျိုဖော်ဝင်စအရွယ်မှာ ကိုယ်နံ့ထွက်တာကို စတင်ရင်ဆိုင်ကြရပါတယ်။ ဒီဂလင်းတွေကထွက်တဲ့ ချွေးဟာ ဖြိုခွဲရလွယ်ကူပြီး အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေက ချွေးပိုထွက်တဲ့အတွက် ကိုယ်နံ့ပိုထွက်လေ့ရှိပါတယ်။ ဘယ်အရာတွေက ကိုယ်နံ့ဆိုးဆိုး ထွက်စေသလဲ ကိုယ်နံ့ဆိုးစေတဲ့ အကြောင်းအရင်းတွေကတော့ ကိုယ်အလေးချိန်လခြင်း အပူအစပ်နှင့် အရက်သေစာသောက်စားခြင်း ဆေးဝါးများ (ဥပမာ စိတ်ကျဝေဒနာ သက်သာဆေး) ရောဂါများ (ဥပမာ သွေးချိုဆီးချို ဝေဒနာရှင်များ၏ ခန္ဓါကိုယ်မှ သစ်သီးနံ့ထွက်တတ်ပြီး၊ အသည်း၊ ကျောက်ကပ်ရောဂါ ရှိသူများမှာ အရောင်ချွတ်ဆေးကဲ့သို့ ကိုယ်နံ့ထွက်တတ်ပါတယ်) ချွေးထွက်ခြင်းဟာ ဘယ်အချိန်မှာ စိတ်ပူစရာ ဖြစ်လာမလဲ Hyperhidrosis လို့ခေါ်တဲ့ အခြေအနေတစ်ခုကြောင့် ပုံမှန်ထက် ချွေးထွက်လွန်ကဲခြင်း၊ ခြေဆီထွက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အချို့သော ရှုးဖိနပ်တွေ၊ ခြေအိတ်တွေဟာ ခန္ဓါကိုယ်ကထွက်လာတဲ့ […]


အခြေခံကျန်းမာရေး

သတ်သတ်လွတ်သမားတွေမှာ သွေးအားနည်းရောဂါဖြစ်နိုင်ခြေများပါတယ်

သားငါးမစားသုံးခြင်းက သွေးအားနည်ရောဂါဖြစ်နိုင်ခြေများစေပါတယ်။ သတင်းကောင်းကတော့ စားသောက်မှုပုံစံကို သေချာဟန်ချက်ညီအောင် ထိန်းညှိပြီး ဖြည့်စွက်အာဟာရတွေ အသုံးပြုပေးတာက လိုအပ်တာတွေကို ဖြည့်စီးပေးနိုင်မှာပါ။ နွားနို့၊ ချိစ်နဲ့ ဥတွေလိုမျိုး အစားအစာတွေနဲ့ အသားငါးတွေကို မစားကြတော့တဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ဒါပေမယ့်လည်း အဲ့လိုကျင့်သုံးလိုက်တာက သွေးအားနည်းရောဂါဖြစ်လာစေပါတယ်။ သွေးအားနည်းရောဂါဆိုတာ အောက်စီဂျင်သယ်ဆောင်နိုင်တဲ့ သွေးနီဥနည်းပါးနေတဲ့ အခြေအနေတစ်ခုပါ။ သတ်သတ်လွတ်သမားတွေမှာတော့ သံဓါတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းကြတာပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဥတွေနဲ့ ပျားရည်တို့လိုမျိုး အစားအသောက်တွေပါ မစားတော့တဲ့ သတ်သတ်လွတ်သမားတွေဆိုရင်တော့ ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့်ပါဖြစ်နိုင်ပါတယ်။ အဖြေကတော့ လိုအပ်တဲ့ သံဓါတ်နဲ့ ဗီတာမင် B12 တို့ကို အခြားအစားအစာတွေကနေ ရယူပြီး မျှတတဲ့စားသောက်မှုပုံစံကို ထားရှိဖို့ပဲဖြစ်ပါတယ်။ ထိုသို့ပြုလုပ်မယ်ဆိုရင်တော့ သတ်သတ်လွတ်သမားတစ်ယောက်အနေနဲ့ဆက်ရှိနိုင်ပြီး သွေးအားနည်းရောဂါကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါနှင့်ပတ်သက်သည့် အချက်များ သွေးအားနည်းရောဂါရဲ့ အတွေ့ရအများဆုံးအကြောင်းအရင်းကတော့ သံဓါတ်ချို့တဲ့ခြင်းပါပဲ။ ဆိုလိုတာကတော့ စားသောက်မှုပုံစံမှ […]


အခြေခံကျန်းမာရေး

သင့်ရဲ့ လက်သည်းတွေ အကြောင်းကို သင်ကောင်းကောင်းသိပြီလား

သင့်ရဲ့ လက်သည်းတွေ အကြောင်းကို သင်ကောင်းကောင်းသိပြီလား လက်သည်းတွေဟာ ခန္ဓါကိုယ်ရဲ့ အဓိကအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ မဟုတ်ဘူးလို့ တော်တော်များများက ထင်တတ်ကြပေမဲ့ လက်သည်းတွေဟာ ကျန်းမာရေးရဲ့ လက္ခဏာတွေကို ပြနေတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် အလှအပအတွက်ပါ အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းမဟုတ်ဘူးလို့ ထင်ကြတာကြောင့်ရော ၊ ကျန်းမာရေးပြဿနာ သိပ်ဖြစ်လေ့ မရှိတာကြောင့်ရော လက်သည်းတွေနဲ့ ပတ်သတ်တဲ့ အချက်တွေကို လူတော်တော်များများ မသိကြပါဘူး။ ဒီလို မသိသေးကြတဲ့ လူတွေ အတွက် စိတ်ဝင်စားစရာ အချက်လေးတွေကို ကျွန်တော်တို့ Hello sayarwon မှ စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ လက်သည်းတွေကို ကဲရာတင် (keratin) နဲ့ ဖွဲ့စည်းထားတာပါ။ ကဲရာတင် (keratin) ဆိုတာ ဖိုင်ဘာ ပရိုတင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လွဲမှားနေသော ကျန်းမာရေးအယူအဆများ

လွဲမှားနေသော ကျန်းမာရေးအယူအဆများ အယူတိမ်းရင် နတ်စိမ်းဖြစ်တယ်လို့ စာချိုးလေးကြားဖူးပါတယ်။ တခြားကိစ္စတွေမှာ မပြောတတ်ပေမယ့် ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်လာရင်တော့ အယူအဆလွဲမှားခြင်းဟာ အနှေးနဲ့အမြန် နတ်စိမ်းဘဝကို ပို့ဆောင်ပေးနိုင်တဲ့ အရေးကြီးပြဿနာတွေ ဖြစ်ပါတယ်။ ဒီခေတ်မှာ အင်တာနက် ပိုမိုတွင်ကျယ်လာတာနဲ့အမျှ (ခေတ်စကားနဲ့ ပြောရရင် တရာဖိုး သုံးပုဒ်တန်တွေက) အွန်လိုင်းပေါ်မှာ ဗွက်ပေါက်သလို ပေါက်လာပြီး တချို့သော အရေးအသားတွေဟာ ပညာရှင်ရှုထောင့်က ကြည့်ရင် လွဲချော်နေတာမို့ စာဖတ်သူတွေ အမှတ်မမှား၊အယူအဆမလွဲရလေအောင် စုဆောင်းမျှဝေပေးလိုက်ပါတယ်။   ၁။ တနေ့ကို ရေရှစ်ခွက်တိတိသောက်ပါ။ တနေ့တနေ့ ရေဘယ်လောက်သောက်တယ်ရယ်လို့တော့ တာလီချိုးပြီး မှတ်ထားစရာမလိုပါဘူး။ ရေဆာတဲ့အချိန်တိုင်း၊သင့်ခန္ဓါကိုယ်က တောင့်တတဲ့အချိန်တိုင်း မပျက်မကွက်သောက်ပေးရုံနဲ့ ရေဓါတ်ကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ပါတယ်။ စွပ်ပြုတ်ရည်တွေ၊ဟင်းသီးဟင်းရွက်တွေနဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေဟာလည်း ရေဓါတ်ပေးစွမ်းနိုင်ပါသေးတယ်။ ဒါပေမယ့် သင့်ဆီးရောင်က ဝါကျင့်ကျင့်ဖြစ်နေတယ်၊ဆီးသွားနည်းတယ်၊ချွေးအထွက်များတဲ့ အလုပ်တွေကို လုပ်နေရတယ်၊ပူအိုက်တဲ့ ရာသီဥတုမှာနေထိုင်တယ်ဆိုရင်တော့ ရေများများပိုသောက်ပေးဖို့ လိုပါလိမ့်မယ်။ […]


အခြေခံကျန်းမာရေး

ခန္ဓါကိုယ်ပေါ်က မထိသင့်တဲ့နေရာလေးများ

ကိုယ့်ခန္ဓါကိုယ် ပိုင်တာပဲ ထိချင်တဲ့နေရာထိမှာပဲလို့များတွေးနေလား။ ထိသင့်လို့ထိတာကပြဿနာမဟုတ်ပေမယ့် မထိသင့်တဲ့နေရာကို ထိမိရင်တော့ရှော့ခ် ရှိတယ်နော်။ ကဲ ဘယ်နေရာတွေကိုများ မထိသင့်တာလဲ။ ဆက်ကြည့်လိုက်ကြမလား။ ခန္ဓါကိုယ်ရဲ့ မထိသင့်တဲ့ အစိတ်အပိုင်းတွေက မျက်နှာ မျက်နှာကို တစ်နေ့တာမှာ မကြာခဏဆိုသလို ထိတွေ့တယ်ဟုတ်။ ဒါဆို ခုကစပြီး မထိမိအောင် စကြိုးစားပါတော့မျက်နှာကို လက်နဲ့ထိတာက မျက်နှာပေါ်ကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို သယ်ပို့လိုက်တာပါပဲ။ မျက်နှာမှာ ဓါတ်မတည့်တာတွေဖြစ်တယ်။ ဝက်ခြံတွေထွက်တယ်၊အသားအရေပြဿနာမျာတယ်ဆိုတာ မျက်နှာကို လက်နဲ့ခဏခဏထိနေလို့ပါ။ ထိဖို့တောင် မထိနဲ့ဆိုတော့ ကုတ်တာဖဲ့တာအတွက်ကတော့မေးနေစရာမလိုအောင်ကို နိုးပါနော်။ ပါးစပ် ပါးစပ်ထဲကို လက်ထည့်တတ်လား။ စဉ်းစားနေချိန်မှာ လက်သည်းကိုက်တာမျိုးလေ။ ဒါမှမဟုတ် သွားမှာ တစ်ခုခုကပ်နေတယ်ဆိုပြီး လက်ချောင်းလေးတွေကို အလါယတကူသုံးတာမျိုးပေါ့။ ဒါမျိုးက တကယ်ကို အဆင်မပြေပါဘူးနော်။ လက်ချောင်းမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေက ပါးစပ်ကနေတဆင့် ဝမ်းထဲရောက်သွားပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။ အနာပေါက်ပွင့်နေတဲ့ အနာ ဒါကတော့ အထွေအထူးပြောနေစရာမလိုလောက်ပါဘူးနော်။ အနာကိုသေချာအောင်ကာကွယ်မှ ဘက်တီးရီးယားတွေလက်ကနေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကြောဆေး သွင်းကြဦးမလား

အကြောဆေး သွင်းကြဦးမလား ရပ်ကွက်ထဲက၊ရွာထဲက၊လမ်းထဲက ဆေးခန်းတွေမှာ ခေတ်စားတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ ကျွန်တော့်ကို/ကျွန်မကို အကြောဆေးလေးသွင်းပေးပါ၊ပုလင်းချိတ်ပေးပါ၊ဆေးရောင်စုံလေး လွှတ်ပေးပါတဲ့။ ဒါတွေဟာ လူနာပဲဖြစ်ဖြစ်၊ဆရာဝန်ပဲဖြစ်ဖြစ် ရင်းနှီးပြီးသား စကားတွေပါ။ တချို့ဆိုရင် အကြောဆေးလေးများ တလတခါလောက်မှ မ'လွှတ်'လိုက်ရရင် (မသွင်းလိုက်ရရင်) နေမထိထိုင်မသာဖြစ်ပြီး လက်က ကပ်သလိုလို၊ဇက်ကြောက တက်သလိုလို ဖြစ်လာတတ်တယ်လို့လည်း ဆိုပါသေးတယ်။ ဒီအကြောဆေးဆိုတာ ဘာလဲ၊ဘာတွေ ကောင်းကျိုးဆိုးပြစ်ရှိသလဲ၊ဘာလို့ ထိုးကြတာလဲ၊တကယ်ရော ထိုးဖို့ လိုအပ်ရဲ့လား အစရှိတဲ့ မေးခွန်းတွေရဲ့အဖြေကို ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ကြပါစို့။   အကြောဆေးဆိုတာ ဘာလဲ။ ဆေးခန်းတွေမှာ ဆေးထိုးတဲ့အခါ အသားဆေးနဲ့ အကြောဆေးဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးရှိပါတယ်(ယေဘုယျလို့ ထည့်ပြောရတာဟာ အကြောလည်းမဟုတ်၊အသားလည်းမဟုတ်တဲ့ နေရာတွေကို ထိုးရတဲ့ ဆေးတွေရှိနေသေးလို့ပါပဲ။ ဒါပေမယ့် ဆေးပညာရှင်မဟုတ်တဲ့ သာမန်ပြည်သူအတွက်တော့ နှစ်မျိုးပဲသိရင် ရပါပြီ)။ လက်မောင်း (ဥပမာ သုံးလခံဆေး)၊ပေါင် (ဥပမာ ကလေးတွေမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြင်အန္တရာယ်က ကာကွယ်ဖို့ အကောင်းဆုံး ခြင်ဆေး ရွေးချယ်ကြမယ်

နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကောင်း တစ်ခု ပြောပြပေးချင်ပါတယ်။ ရာသီဥတုက မိုးတွင်းစပြီဆိုတော့ ခြင်တွေ ပိုများပြီး ခြင်ကိုက်ခံလာရတာပေါ့။ ခြင်ကိုက်တဲ့အခါ အရေပြားမှာ ယားယံမှုတွေဖြစ်မယ်၊ အဖုအပိမ့်တွေ ထမယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ခြင်တွေ ဆီကနေဇီကာ၊ ငှက်ဖျား နဲ့ သွေးလွန်တုပ်ကွေးလိုမျိုး ရောဂါတွေ ကူးစက်ခံရနိုင်ပါသေးတယ်။ နှစ်စဉ် ခြင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေကြောင့် ကမ္ဘာ့လူဦးရေ သန်း ၇၀၀ကျော် နီးပါး ဝေဒနာ တွေခံစားနေကြရပါတယ်။ ခြင်အန္တရာယ်က ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်း တစ်ခု ရှိပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အလွယ်ကူဆုံးနဲ့ အမြန်ဆုံးဖြစ်မယ့် နည်းလမ်းက ခြင်ဆေး သုံးရမှာပေါ့။ ခြင်ဆေးသုံးပေါ့ ဆိုပေမယ့် ဘယ်လို ခြင်ဆေးမျိုးက ပိုပြီး ထိရောက်မှု ရှိမလဲဆိုတာကတော့ စဉ်းစားရခက်တယ်နော်။ ခြင်ဆေးကို ဘယ်လိုများ ရွေးရမလဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ချက်

နေရာတိုင်းမှာရှောင်လို့မရတာခြင်ဆိုရင် လက်ခံကြလား စာဖတ်ပရိသတ်တို့။ တီဗွီကြည့်ရင်းဖြစ်ဖြစ်၊ဂိမ်းဆော့ရင်းဖြစ်ဖြစ်၊စာရေးစာဖတ်လုပ်နေရင်းဖြစ်ဖြစ် တစ်ခုခုကိုစိတ်ဝင်စားသွားတဲ့အချိန်မျိုးမှာ သတိလွတ်သွားတာနဲ့ ခြင်တွေကတော့ သူတို့တာဝန်ကျေအောင်ကိုက်ပြီးသားပဲနော်။ တစ်ခါတလေများခြင်ကိုက်မခံရဘဲနေရရင်ကောင်းမယ်လို့ စဉ်းစားမိဖူးလား။ ဒီဆောင်းပါးလေးထဲကအတိုင်းခြင်တွေကို ကာကွယ်လိုက်ပါ။ ခြင်အန္တရာယ်ကနေ ကင်းဝေးစေဖို့ ခြင်အန္တရာယ်ကင်းကင်းနဲ့နေထိုင်ချင်သူတွေအနေနဲ့ ဒီအချက်လေးတွေကိုဖတ်ကြည့်ပါ။ (၁) ခြင်ကိုက်မခံရစေဖို့ ဂရုစိုက်ပါ -ခြင်ကိုက်မခံရဖို့ဆိုတဲ့နေရာမှာလည်း ကိုယ့်ဘက်ကဂရုစိုက်ကာကွယ်တတ်ဖို့လိုပါတယ်။ ဒါကြောင့်ခြင်ပေါတဲ့အချိန်တွေဖြစ်တဲ့ ညနေခင်းနဲ့ညဘက်အချိန်တွေမှာ အိမ်အပြင်ဘက်မှာနေတာမျိုးမလုပ်ပါနဲ့။လေအေးပေးစက်ရှိပါကနေအိမ်တံခါးတွေကို လုံအောင်ပိတ်ထားပြီးလေအေးပေးစက်ဖွင့်ထားပေးပါ။ (၂)ရေဝပ်နိုင်တဲ့နေရာတွေကို ဖယ်ရှားရှင်းလင်းပါ -နေအိမ်အနီးဝန်းကျင်မှာရှိနေတဲ့ရေဝပ်နိုင်တဲ့နေရာတွေကိုမြေဖို့တာ၊ တာယာဟောင်းတွေ၊ အိုးခြမ်းပဲ့တွေနဲ့အသုံးမပြုဘဲစွန့်ပစ်ထားတဲ့ အိုးတွေထဲမှာရေတွေရှိနေရင်သွန်ပစ်ပြီးမှောက်ထားလိုက်ပါ။ ဒီလိုလုပ်ပေးတာကခြင်တွေမပေါက်ဖွားနိုင်အောင် ကာကွယ်ရာရောက်ပါတယ်။ (၃) တံခါးတွေ၊ပြတင်းပေါက်တွေမှာခြင်လုံဇကာတပ်ဆင်ပါ နောက်ထပ်ခြင်တွေကိုကာကွယ်နိုင်မယ့်နည်းလမ်းတစ်ခုပါ။နေအိမ်မှာရှိတဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာခြင်လုံဇကာတပ်ဆင်ထားတာကလည်းနေအိမ်တွင်းကိုခြင်တွေအလွယ်တကူမဝင်ရောက်နိုင်အောင်တားဆီးပေးရာရောက်ပါတယ်။လေဝင်လေထွက်ကို ထိခိုက်စေတာမျိုးမရှိဘဲခြင်အန္တရာယ်ကို ကာကွယ်ပေးနိုင်မှာပါ။ခြင်ထောင်ထောင်ပြီးခြင်ထောင်ထဲမှာနေပေးလို့လည်းရပါတယ်။ (၄)ခြင်ဆေးအသုံးပြုပါ ခြင်အန္တရာယ်ကာကွယ်ဖို့အတွက် အရင်ကတည်းက အသုံးပြုခဲ့တဲ့နည်းလမ်းတစ်ရပ်ပါ။ ငယ်ငယ်တုန်းကခြင်မကိုက်အောင်ခြင်ဆေးထွန်းပြီးနေခဲ့ကြဖူးမှာပါ။ခြင်ဆေးကလည်း မိသားစုနဲ့ကိုယ်တိုင်အတွက်ခြင်အန္တရာယ်ကနေ ကာကွယ်ဖို့မေ့ထားလို့မရတဲ့နည်းလမ်းပါ။ ခြင်နိုင်ဆေးအသုံးပြုပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့ခြင်တွေနဲ့အင်းဆက် တွေကို နှိမ်နှင်းလိုက်ပါ။ (၅) လျှပ်စစ်ပန်ကာအသုံးပြုပေးပါ ခြင်တွေအဝေးပြေးအောင်လုပ်ဆောင်နိုင်မယ့်နောက်ထပ်နည်းလမ်းတစ်ခုက ပန်ကာဖွင့်တာပါ။ မိသားစုဝင်တွေရှိနေတဲ့နေရာ နဲ့ တီဗွီကြည့်တဲ့နေရာတွေမှာ ပန်ကာဖွင့်ထားပေးပါ။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှာ အမြဲလိုလို ပန်ကာဖွင့်ထားပေးပြီးခြင်အန္တရာယ်ကနေ ကာကွယ်ပေးပါ။ (၆) လုံခြုံစွာဝတ်ဆင်ပေးပါ အင်္ကျီလက်ရှည်နဲ့ဘောင်းဘီရှည်တွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း