အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

သင့်ရဲ့ နေ့တစ်နေ့ကို ကောင်းမွန်စေတဲ့ ရနံ့များ

ကောင်းမွန်သင်းပျံ့တဲ့ရနံ့ဟာ ကျွန်တော်တို့အပေါ် အများကြီးသက်ရောက်မှုရှိနိုင်တယ်ဆိုတာ သက်သေပြထားပြီး ဖြစ်ပါတယ်။ သင်းပျံ့တဲ့ရနံ့ကို ရှူရှိုက်ရခြင်းအားဖြင့် စိတ်ကိုလန်းဆန်းတက်ကြွစေပြီး မိမိတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ကြောင်း သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘယ်လိုမွှေးရနံ့မျိုးပဲဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ အကျိုးရလဒ် ပေးစွမ်းနိုင်တယ်ဆိုပေမယ့် အချို့သောရနံ့တွေကတော့ ပိုမိုအားကောင်းပြီး ပိုမိုကြီးမားတဲ့သက်ရောက်မှုမျိုး ဖြစ်စေနိုင်ပါတယ်။ ထင်းရှူးနံ့ သစ်တောထဲလမ်းလျှောက်ထွက်ရတဲ့ လန်းဆန်းကြည်နူးဖွယ်အရသာကို သင်မှတ်မိပါသလား။ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ shinrin-yoku လို့ အမည်ရတဲ့ သစ်တောထဲက သဘာဝအလှအပတွေကို ခံစားရင်း စိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့ကုထုံးဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ကျဝေဒနာနဲ့ စိုးရိမ်စိတ်လွန်ကဲခြင်းကို သက်သာစေတယ်လို့ သိရှိရပါတယ်။ သစ်ကြံပိုးခေါက်နံ့ သစ်ကြံပိုးခေါက်နံ့ကို ရှူရှိုက်ရခြင်းက မှတ်ဉာဏ်၊ နိုးကြားမှုစတဲ့ သိမှုကိုပဓါနအားကိုးရတဲ့ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာမှာ အလွန်အကျိုးပြုပါတယ်။ သစ်ကြံပိုးမှာပါတဲ့ စိတ်ကိုလှုံဆော်နိုင်ခြင်း အာနိသင်တွေက စိတ်ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပြီး အာရုံစူးစိုက်နိုင်မှုကို ပိုမိအားကောင်းစေပါတယ်။ သစ်ကြံပိုးခေါက်က အာရုံစုစည်းမှု၊ စင်စစ်နီးပါးပြုလုပ်ထားတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူအများစု မှားနေကြတဲ့ အလှအပဆိုင်ရာ အလွဲလေးများ

လူတော်တော်များများ နေ့စဉ်လုပ်ဆောင်နေရတဲ့ နိစ္စဓူဝ ကိစ္စတွေထဲမှာ ကျန်းမာရေးအတွက် မသင့်လျော်တဲ့ အမှားများစွာ ပါဝင်နေပါတယ်။ ဒီလို အမှားတွေကို ကိုယ်တိုင်က ပိုလှချင်လို့လုပ်ဆောင်လိုက်ပေမဲ့ နည်းစနစ်မမှန်တဲ့အခါမှာ ကိုယ့်ကျန်းမာရေးကို ထိခိုက်တာပဲ အဖတ်တင်ပါတယ်။ အခု ဒီဆောင်းပါးထဲမှာတော့ Hello ဆရာဝန် ပရိတ်သတ်တွေအတွက် အမျိုးသမီးတွေသာ မက အမျိုးသားတွေပါ လုပ်မိနေနိုင်တဲ့ အလှအပဆိုင်ရာ အလွဲလေးများကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီအချက်လေးတွေကို လုပ်မိနေတယ်ဆိုရင် အကောင်းဆုံး သတိထားပြီးပြင်ဆင်လိုက်မယ်ဆိုရင် ကျန်းမာရေးနဲ့လည်း လျော်ညီတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်လာကြမှာ ဖြစ်ပါတယ်။ ၁။ ဆံပင်ခြောက်သွေ့လျက်နဲ့ ရေကူးခြင်း။ ရေကူးကန်တွေမှာ ရေကို သန့်ရှင်းစေရန်အတွက်ထည့်ထားရတဲ့ ဓါတုပစ္စည်းတွေရှိပြီး ဒီဓါတု ပစ္စည်းဟာ အရောင်ဖျော့နေတဲ့ ဆံပင်ကို အစိမ်းရောင် အဖြစ်ပြောင်းလဲစေနိုင်ပါတယ်။ ဒီတော့ ရေကူးကန်တွေမှာ ရေကူးမယ်ဆိုရင် အမျိုးသမီးတွေ အနေနဲ့ ဆံပင်ခြောက်ခြောက်နဲ့ ရေမကူးသင့်ပါဘူး။ ဆံပင်ကို […]


အခြေခံကျန်းမာရေး

Body Language တွေရဲ့ အဓိပ္ပါယ်က ဘာလဲ

အချိန်တော်တော်များများမှာ ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ (Body Language) တွေဟာ စကားတစ်ခွန်းမှ ပြောစရာမလိုဘဲ ကိုယ်ပေးချင်တဲ့ Message ကိုပေးနိုင်စွမ်းရှိကြပါတယ်။ တစ်ခါတစ်ရံမှာ သင့်ရဲ့ ကိုယ်လက်အမူအရာတွေက သင်ကိုယ်တိုင်က ထုတ်မပြချင်ပေမဲ့ သင်ကိုယ်တိုင်တောင်မသိလိုက်ဘဲ တစ်ခြား သူတွေကို သွားပြောနေတတ်ပါတယ်။ နာမည်ကျော်ကြားသူတွေ၊ ဟောပြောသူတွေဟာ Body Language တွေရဲ့ အစွမ်းကို ကောင်းကောင်းကြီးနားလည်တတ်ကြပါတယ်။ လေ့လာချက်တွေအရာတွေ Body Language တွေဟာ သင်ပြောချင်တဲ့ Message ရဲ့ တန်ဖိုးကို ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ အခုဒီဆောင်းပါးလေးထဲမှာတော့ Hello Sayarwon ပရိတ်သတ်များအတွက် လူတော်တော်များများ အသုံးပြုနေကြတဲ့ Body Language တွေရဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ နှုတ်ခမ်းကို လျှာဖြင့်လျက်ခြင်း။ မနက်ပိုင်း သင်ဟာ နေ့လည်စာစားဖို့အကြောင်းတွေးမိတဲ့အချိန်မှာပဲ […]


အခြေခံကျန်းမာရေး

ကားမူးတတ်သူတွေအတွက် နည်းလမ်းကောင်းများ

ကားမူးတယ် (Motion sickness) ဆိုတာ ဖြစ်လာချိန်မှာတကယ်ကိုခံစားရခက်တဲ့ဝေဒနာပါပဲ။ ခရီးမကြာခဏသွားတတ်သူတွေအဖို့ ဒီလိုဖြစ်တတ်တယ်ဆိုရင်အမြဲအခက်ကြုံနေရမှာပါ။ အဝေးပြေးကား၊ သင်္ဘော၊လေယာဉ်တို့တင်မကဘဲ ဘတ်စ်ကားစီးရင်းဖြစ်တတ်သူတွေလည်းရှိပါတယ်။ တချို့ဆို ကစားကွင်းမှာ ယာဉ်တစ်ခုခုအပျော်စီးရင်းတောင် မူးပြီးအန်တတ်ကြပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းဖြစ်ရတာက မျက်စိကမြင်တဲ့အတိုင်း ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓါရဲ့ဘယ်ညာအရှေ့အနောက် လှုပ်ရှား၊ရွေ့လျားမှုဖြစ်စဉ်ကို နားတွင်းအင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ပေးပို့ချက်တို့ သဟဇာတမဖြစ်ခြင်းကြောင့် မူးဝေ အော့အန်ဖြစ်စေတာဖြစ်ပါတယ်။ ဘယ်သူတွေမှာပိုဖြစ်တတ်သလဲ အသက် ၂ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေးတွေနဲ့ ကိုယ်ဝန်ရှိသူတွေ မှာပိုခံစားရလေ့ရှိပါတယ်။ စိတ်ပူပန်မှုနဲ့ကြောက်စိတ်ပြင်းထန်ခြင်း စီးနင်းလာတဲ့ယာဉ်အတွင်း လေဝင်လေထွက်မကောင်းခြင်း(လှောင်ပိတ်နေခြင်း) အနောက်ဘက်ခြမ်းမှာထိုင်ရခြင်း သို့မဟုတ် ပြတင်းပေါက်ကိုမမြင်ရခြင်း ကားမူးတဲ့အခါ မအီမသာဖြစ်တာ၊ခေါင်းနောက်ပြီးပျို့အန်တာတွေကတော့ အဖြစ်များဆုံးလက္ခဏာတွေပါ။ ချွေးစေးတွေထွက်တာ၊ ခေါင်းကိုက်တာတွေလည်းဖြစ်ပါတယ်။ ကားမူးတာကို ကာကွယ်နိုင်ဖို့အတွက် ခရီးမထွက်ခင် ကောင်းမွန်စွာ အနားယူထားပါ။ အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ပိုဖြစ်စေတဲ့ အချက်တွေကို အားပေးနေပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။

ခရီးတော့သွားချင်ပါရဲ့။ ကားမူးလွန်းလို့ ခရီးသွားဖို့ကြောက်နေတယ်ဆိုရင် ဒီဆောင်းပါးကသင့်အတွက်ပါလို့ပြောပါရစေ။ ကားမူးတာကခံစားရခက်တဲ့ဝေဒနာတစ်ခုပါ။ ခရီးသွားရင်း ကားမူးနေရင် ပတ်ဝန်းကျင်အလှအပတွေကို ခံစားနိုင်ဖို့ အခွင့်အရေးကိုလက်လွှတ်ရပြီလေ။ ပျော်ရွှင်ရတဲ့ ခရီးစဉ်တစ်ခု ဖြစ်စေဖို့ ဒီဆောင်းပါးကတဆင့် အကူအညီပေးပါရစေ။ ကားမူးရင် ဘယ်လိုခံစားရလဲ ကားမူးတယ်ဆိုတာက ကားစီးမှမူးတာမဟုတ်ပါဘူး။ လေယာဉ်စီးရင်ဖြစ်ဖြစ်၊ရထားစီးရင်းဖြစ်ဖြစ် သင်္ဘောစီးရင်းဖြစ်ဖြစ် မူးဝေပြီး အော့အန်ချင်သလိုဖြစ်လာတဲ့ အခြေအနေကို ခေါ်တာပါ။ အတိအကျပြောရရင် တော့ခရီးသွားစဉ် မူးဝေအော့အန်ခြင်းပေါ့။ ဒီဝေဒနာ ခံစားရတဲ့အခါ ခန္ဓါကိုယ်မှာ ဘယ်လိုတွေဖြစ်လာနိုင်သလဲ။ မအီမလည်ကြီးဖြစ်လာမယ် ငြီးစီစီဖြစ်လာမယ် အော့အန်မယ် အသက်ရှုမြန်လာမယ် ချွေးတွေပြန်လာမယ် ဖြူဖပ်ဖြူရော်ဖြစ်လာမယ် ခေါင်းကိုက်မယ် ခန္ဓါကိုယ်ထဲမှာ နုံးချိချိဖြစ်လာမယ် ကားမူးတဲ့ခံစားချက်က ကားပေါ်ကနေဆင်းလိုက်ပြီးတဲ့ အထိတောင်ကျန်နေခဲ့တတ်ပါတယ်။ အနည်းဆုံးကတော့ ခေါင်းမကြည်ဘဲ ကျန်ခဲ့နိုင်ပါတယ်။ ကားမူးတဲ့ အစပျိုးလက္ခဏာတွေခံစားရတဲ့ ဘယ်လိုသက်သာအောင်လုပ်မလဲ ကားမူးတဲ့လက္ခဏာက တရိပ်ရိပ်တက်လာတဲ့ ခံစားမှုတစ်ခုပါ။ ချက်ချင်းကြီးဖြစ်လာတာမဟုတ်ပါဘူး။ ဒါကြောင့် ကားမူးတာကိုခံစားနေရပြီလို့သိနိုင်တဲ့ အစပျိုးလက္ခဏာတွေခံစားရပြီဆိုတာနဲ့ ဒီနည်းလေးတွေသုံးပြီး သက်သာအောင် အရင်လုပ်ကြည့်ပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပျိုကြီး လူပျိုကြီးဖြစ်ရတာ မကောင်းဘူးလို့ ဘယ်သူတွေပြောလဲ

ယောကျာ်းမယူသေးဘူးလား။ မိန်းမ မယူသေးဘူးလားလို့ မကြာခဏအမေးခံနေရလား။ ဒါမှမဟုတ် မင်္ဂလာဆောင်မှာဖြစ်ဖြစ် အလှူတွေဘာတွေပဲဖြစ်ဖြစ် အသိအကျွမ်းတွေနဲ့ဆုံမိတဲ့အခါ ဘယ်နေ့စားရမှာလဲလို့ ပြုံးစိစိမေးတာတွေကို စိတ်ကုန်နေပြီလား။ ဒီလူတွေကို တန်ပြန်ဖို့ အချိန်တန်ပြီလေ။ အပျိုကြီး လူပျိုကြီးဖြစ်ရတာ ကောင်းတဲ့အချက်တွေအများကြီးဆိုတာ သူတို့သိအောင် အချက်ကျကျ ပြောလိုက်ရအောင်။ ၁။ တာဝန်တွေမရှိဘဲ လွတ်လပ်ပေ့ါပါးတဲ့ဘဝ ဘယ်သူ့ကိုမှ စောင့်နေစရာမလိုဘဲ ဘယ်သူ့ဝန်ထုပ်ဝန်ပိုးကိုမှ ထမ်းနေစရာမလိုဘဲ ဘယ်သွားချင်လဲ ခုချက်ချင်းထသွားလို့ရတယ်။ ဘာလုပ်ချင်လဲ ခုချက်ချင်းထလုပ်လို့ရတယ်။ ဘယ်သူ့မျက်နှာမှကြည့်နေစရာမလိုဘူး။ ဘယ်သူ့ကိုမှ တိုက်တွန်းနေစရာမလိုဘူး။ ဘယ်လောက်လွတ်လပ်တဲ့ဘဝလဲ။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ လွတ်လွတ်လပ်လပ်အချိန်ဖြုန်းနိုင်တယ်။ ပြန်မလာသေးဘူးလားဆိုပြီး ဆူပူမာန်မဲမယ့်သူမရှိဘူး။ ဒီအချိန်ကလေးထိန်းရမှာမို့လို့ပါဆိုပြီး စောစောထပြန်လာစရာမလိုဘူး။ ၂။ တစ်ယောက်တည်းသမားတွေက လူမှုရေးပိုကောင်းတယ်။ ကလေးတစ်ဘက်နဲ့မို့၊ ကလေးနေမကောင်းလို့၊ မိန်းမနဲ့ အပြင်သွားရမှာမို့၊ ယောက်ျားအလုပ်ပွဲရှိလို့စသဖြင့် သူငယ်ချင်းတွေ၊ မိသားစုတွေရဲ့ သာရေးနာရေးပွဲတွေကို အများဆုံးပျက်ကွက်တတ်တာ ဘယ်သူတွေလို့ထင်ပါသလဲ။ တစ်ယောက်တည်းသမားတွေကတော့ ဒီဝန်တွေကင်းတယ်၊ ဒုက္ခတွေမရှိတဲ့အတွက် ဆရာကန်တော့ပွဲဆိုလည်းလာနိုင်တယ်၊ သူငယ်ချင်းမွေးနေ့လည်းလာနိုင်တယ်၊ အလှူဆိုလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လက်ထပ်ပြီးရင် အရင်ကထက် ပိုကိတ်လာတတ်ကြသလား

လက်ထပ်ထိမ်းမြားခြင်းရော၊ ကွာရှင်းပြတ်စဲခြင်းရောဟာ ကိုကိုမမ ဦးဦးဒေါ်ဒေါ်တို့ကို ဝိတ်အတက်အကျ ဖြစ်စေနိုင်တဲ့အကြောင်ရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စစ်တမ်းတွေအရတော့ လက်ထပ်ထိမ်းမြား ပြီးရင် ဝိတ်တက်လာလေ့ရှိတာက မိန်းကလေးတွေဖြစ်ပြီး ယောကျာ်းလေးတွေကတော့ ကွာရှင်းပြတ်စဲပြီးနောက်မှာ ဝိတ်တက်တာတွေ ပိုဖြစ်လေ့ရှိတယ်လို့ဆိုပါတယ်။ အသက်အရွယ်ငယ်တဲ့သူတွေမှာ ဒီအဖြစ်အပျက်မျိုး သိသိသာသာဖြစ်လေ့ဖြစ်ထမရှိပေမယ့် အသက် ၃၀ နဲ့ ၅၀ ကြား အမျိုးသားအမျိုးသမီးတွေမှာတော့ ရာခိုင်နှုန်းတော်တော်များများ ဖြစ်လေ့ရှိတယ်လို့လည်းဆိုပါတယ်။ Ohio State University က သုတေသနပြုလုပ်သူကျောင်းသား Dmitry Tumin ကနေပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ လက်ထပ်တာပဲဖြစ်ဖြစ်၊ ကွာရှင်းပြတ်စဲတာပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်နှစ်ခုလုံးဟာ ဝိတ်အတက်အကျဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်တယ်လို့ အဆိုတင်သွင်းပြသခဲ့တာဖြစ်ပြီး အဲဒီအဆိုနဲ့ပတ်သက်တဲ့ သုတေသနစစ်တမ်းတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ သုတေသနနဲ့စစ်တမ်းတွေပြီးသွားချိန်မှာတော့ လက်ထပ်ခြင်းနဲ့ကွာရှင်းပြတ်စဲခြင်းဟာ ဝိတ် ပေါင်ချိန် ၂၀နီးပါးလောက် အတက်အကျအပြောင်းအလဲဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ရပြီး အဲ့လိုဝိတ်အတက်အကျဖြစ်ခြင်းကလည်း နှလုံးရောဂါ ဖြစ်စေနိုင်တဲ့အထိ သက်ရောက်မှုရှိနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေအတွက်တော့ […]


အခြေခံကျန်းမာရေး

ဆေးမသောက်ခင် အစားတစ်ခုခုစားပါလို့ ပြောရတဲ့အကြောင်းက

ကိုယ်လက်တွေ ကိုက်လိုက်တာ။ခေါင်းထဲကတစစ်စစ်ကိုက်နေလို့ ဗိုက်အောင့်လို့ သွားကိုက်လို့၊နေထိုင်မကောင်းလို့ သက်သာသွားအောင်ဆေးသောက်လိုက်ရင်ကောင်းမယ်နော်။ အင်း ...ဆေးမသောက်ခင် တစ်ခုခုတော့စားဦးနော်၊ လို့ပြောတာကိုငယ်ငယ်ကတည်းက ကြားဖူးကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာကို သိတဲ့သူလည်းရှိမှာပါ။ အချို့ကတော့လည်း လုပ်ရိုးလုပ်စဉ်တစ်ခုလိုလုပ်နေကြတာ ရှိပါတယ်။ ဘာကြောင့်ဆေးမသောက်ခင်တစ်ခုခုစားခိုင်းရတာလဲ။ ဒီဆောင်းပါးလေးထဲမှာကြည့်လိုက်နော်။ အစားတစ်ခုခုစားပြီးမှဆေးသောက်သင့်ရတဲ့ အကြောင်းအရင်းက ဆေးတိုင်းကို အစားတစ်ခုခုစားပြီးမှသောက်သင့်တယ်ရယ်တော့ မဟုတ်ပါဘူး။ အချို့ဆေးတွေကတော့ အစားမစားခင်သောက်ဖို့လိုပါတယ်။ ဒါပေမယ့်ဆေးအများစုကတော့ အစားတစ်ခုခုစားပြီးမှသောက်တာ အကောင်းဆုံးပါ။ ဒီအချက်တွေကြောင့် အစားစားပြီးမှဆေးသောက်ခိုင်းရတာပါ။ ဆေးအရှိန်ကြောင့် မအီမသာဖြစ်တာအော့အန်တာတွေ မဖြစ်စေဖို့ - ခန္ဓါကိုယ်မှာ မအီမသာဖြစ်ေစနိုင်တဲ့ဆေးတွေ၊အော့အန်တာကိုဖြစ်စေတဲ့ဆေးတွေ၊ဆေးအာနိသင်ပြင်းတဲ့ဆေးတွေကိုတော့ အစားတစ်ခုခုစားပြီးမှသောက်သင့်ပါတယ်။ အစာအိမ်ထဲကလအောင့်တာ၊ အစာအိမ်အနာဖြစ်တာမျိုးတွေ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ဖို့ - အချို့ဆေးတွေက ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်စေနိုင်ပေမယ့် အစားတစ်ခုခုစားပြီးမှ သောက်မယ်ဆိုရင် ဒီလိုဖြစ်နိုင်ခြေ လျော့သွားစေနိုင်ပါတယ်။ ဆေးမသောက်ခင် သိပ်အများကြီးမဟုတ်ရင်တောင် ဘီစကစ်လေးဖြစ်ဖြစ်၊ အသားညှပ်ပေါင်မုန့်လေးတစ်ခုလောက်ဖြစ်ဖြစ် ၊ခေါက်ဆွဲပြုတ်လေးနည်းနည်းလောက်ဖြစ်ဖြစ် စားလိုက်ပါ။ ရင်ပူတာ ၊စားချဉ့်ပြန်တာတွေ ဖြစ်မလာစေဖို့ -နေထိုင်မကောင်းတဲ့အခါ သောက်ရတဲ့ အချို့ဆေးတွေက ရင်ပူတာ နဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဖျားမြန်မြန်သက်သာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်း (၇) ခု

လူရယ်လို့ဖြစ်လာရင် ဖျားတာ၊နာတာ၊ ထိတာခိုက်တာကတော့ရှိမှာပါ။ ဖျားတဲ့အခါနေ့စဉ်လုပ်ဆောင်နေကျ အလုပ်တွေမှာ ထိခိုက်မှုဖြစ်လာစေနိုင်ပါတယ်။ ဒီလိုထိခိုက်မှုတွေဖြစ်မလာစေဖို့အတွက် ဖျားနာတာမျိုးမဖြစ်အောင် ဂရုစိုက်တဲ့ကြားကပဲ ဖျားနာမှုဖြစ်လာခဲ့ရင် အဖျား မြန်မြန်ပျောက်ချင်ကြမယ်ထင်ပါတယ်။ ဒီလိုမျိုး ဖျားနာမှုတွေဖြစ်လာတဲ့ အခါမြန်မြန်ပျောက်အောင် လုပ်လို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်။ အဖျားမြန်မြန်သက်သာအောင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းလေးတွေက ဖျားနာမှုတွေဖြစ်တိုင်းဆေးခန်းသွားဖို့မလိုအပ်ပါဘူး။နေအိမ်မှာပဲ အဖျား ကျသွားအောင်လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေရှိနေပါတယ်။ (၁) ရေနွေးနွေးလေးနဲ့ရေချိုးေပးပါ - ဖျားနေတဲ့အခါရေမချိုးရဘူးလို့ယူဆနေကြတာများပါတယ်။ ဒီအယူအဆက အပြည့်အဝတော့မမှန်ပါဘူး။ ဖျားတဲ့အခါ ကိုယ်အပူချိန်ကျသွားစေဖို့အတွက်ရေနွေးနွေးလေးနဲ့ စိမ်ပြီး ချိုးပေးပါ။ရေအပူချိန်ကျဆင်းမှုနဲ့အတူ ကိုယ်အပူချိန်ကလည်းဖြည်းဖြည်းချင်းကျဆင်းသွားပါလိမ့်မယ်။ (၂) တဘက်ကိုရေစွတ်ပြီးကပ်ပေးလို့ရပါတယ် - တဘက်စ အရွယ်တော်လေး ၂ ခုကိုယူပြီးရေအေးအေး ဒါမှမဟုတ်ရေခဲတုံးထည့်ထားတဲ့ရေထဲကို စိမ်လိုက်ပါ။ပြီးရင် တဘက်စကိုရေညှစ်ချပြီး နဖူးေပါ်နဲ့ လက်ကောက်ဝတ်၊ခြေချင်းဝတ်နဲ့ ဂုတ်ပေါ်တွေမှာ ကပ်ပေးပါ။ အအေးလျော့သွားတိုင်း လဲကပ်ပေးပါ။ အရမ်းမအေးအောင်တော့ သတိထားလုပ်ဆောင်ပေးပါ။ (၃)ရေများများသောက်ပါ -ရေများများသောက်တာက ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်တင်းပေးရာရောက်သလို အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။ အဖျားတက်နေချိန်မှာရေများများသောက်ပေးမယ်ဆိုရင် အဖျားမြန်မြန်ကျစေမှာပါ။ အချိုရည်တွေကိုတော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မွေးတိရစ္ဆာန်ရှိသူလေးတွေသာရနိုင်တဲ့ ကောင်းကျိုးတွေ

အပြင်ကနေ အိမ်ပြန်ရောက်လို့ ဘယ်သူစောင့်စောင့်၊ မစောင့်စောင့် သူတို့ကတော့စောင့်တယ်နော်။ ဘာတွေပဲဖြစ်နေဖြစ်နေ ဝမ်းပန်းတသာနဲ့ကြိုတတ်တာက သူတို့လေးတွေပါပဲ။ ဘယ်အခြေအနေမှာဖြစ်ဖြစ် မလျှော့တဲ့အချစ်တွေနဲ့ ချစ်တတ်သူတွေပေါ့။ အပျင်းပြေရုံတင်မဟုတ် သူတို့ကြောင့်ပါ ခွန်အားတွေရသေးတယ်နော်။ အိမ်နားရောက်တာနဲ့ ကြိုဖို့ အသင့်ဖြစ်နေတဲ့ အသည်းကျော်လေးတွေ ပိုင်ဆိုင်ထားတာကလည်း ဘဝရဲ့ပျော်စရာတွေထဲကတစ်ခုပါ။ စိန်ခေါ်မှုများစွာနဲ့ ဘဝကိုအကောင်းဆုံးကျော်ဖြတ်နေရချိန်မှာ ပင်ပန်းမှုတွေကို အသေးအဖွဲပါလို့တွေးမိတဲ့အထိ အင်အားပေးတတ်သူလေးတွေက အခြားသူတွေမဟုတ်ပါဘူး။ဘေဘီဆွီတီရယ်လို့ ခေါ်မိလောက်တဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပါနော်။ သူတို့ရဲ့ တီတီတာတာချှွဲနွဲ့မှုတွေက ပင်ပန်းမှုတွေ စိတ်ဖိစီးမှုတွေကိုပြေပျောက်စေပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးရှိနေတာက အခုလိုအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ် အလုပ်ကနေအိမ်ပြန်ရချိန်မှာ ပင်ပန်းနွမ်းနယ်နေပေမယ့် လက်ထဲမှာပါလာတဲ့ အထုပ်ကို သယ်မလို့ဆိုပြီးပြေးလာကြိုတဲ့ခွေးလေးရဲ့နှုတ်ဆက်မှုက ဝမ်းသာကြည်နူးမှုကိုဖြစ်စေတယ်ဟုတ်။ ဒီခံစားမှုကပြောပြတာထက် လက်တွေ့ကြုံဖူးသူတွေက ပိုသိမှာပါ။ ဒီအချိန် စိတ်မှာရလိုက်တဲ့ ခံစားမှုက အရမ်းကိုကောင်းတာပါ။ ဒီပျော်ရွှင်မှုကနေ့တိုင်းရနေရင်တောင် ရိုးမသွားနိုင်ဘူးနော်။ ဒီလိုရိုးမသွားတဲ့ပျော်ရွှင်မှုလေးတွေက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ် ဓါတ်မတည့်မှုကင်းဝေးစေတယ် အိမ်မွေးတိရစ္ဆာန်လေးတွေရှိနေသူတွေက အခြားသူတွေထက် ဓါတ်မတည့်မှုဖြစ်နိုင်ခြေပိုနည်းပါတယ်။ သူတို့ရဲ့ အမွှေးတွေနဲ့ထိတွေ့နေရတာကြောင့်တော်ရုံဓါတ်မတည့်မှုလောက်ကို အသာလေးကျော်သွားနိုင်ပြီပေါ့။ သွေးတိုးကျစေနိုင်တယ် တိရစ္ဆာန်လေးတွေနဲ့ ထိတွေ့မှုကသွေးတိုးကျစေဖို့ အထောက်အကူပြုပေးတယ်၊လို့လေ့လာမှုတွေအရသိရပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း