အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မော့တာလျှော့ကြစို့

အရက်ကိုနည်းနည်းစသောက်ရင်း စွဲမှန်းမသိစွဲနေပြီလား။ နေ့တိုင်းမမော့ရမနေနိုင်ဖြစ်နေပြီလား။ ဒါဆို ရေရှည်မှာ ကျန်းမာရေးထိခိုက်လာဖို့ သေချာနေပြီနော်။ ဘယ်လိုနည်းလမ်းလေးတွေနဲ့ အရက်ကိုထိန်းထိန်းသိမ်းသိမ်းသောက်ရမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ပါအုံး။ ဘယ်အစားအသောက်မဆို တန်ဆေးလွန်ဘေးချည်းဘဲမဟုတ်လား။ အရက်သောက်တာလည်း ဒီလိုပဲလေ၊ နည်းနည်းသောက်ရင်တော့ ဘာမှမသိသာပေမဲ့ သောက်ရင်းသောက်ရင်းများလာတော့ ရေရှည်မှာ အသည်းကစပြီးတစ်ကိုယ်လုံးဒုက္ခရောက်တော့တာပေါ့။ ဒါ့ကြောင့်အရက်ကိုစည်းကမ်းရှိရှိသောက်ဖြစ်အောင် ဒီအချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်ပါ။ -           မသောက်ခင်ကတည်းက ဘယ်နှခွက်ပဲသောက်မယ်ဆိုတာ စိတ်ထဲကတွေးထားပါ၊ သတ်မှတ်ထားတဲ့ခွက်ပမာဏအတိုင်းပဲသောက်ပါ။ သတ်မှတ်မထားဘဲ အဆင်ပြေသလိုသောက်နေရင် အရက်ပမာဏအများကြီးဝင်သွားနိုင်လို့ဖြစ်ပါတယ် -           တစ်ပတ်ကို အရက်၊ ဘီယာ၊ ဝိုင်သောက်ဖို့ ဘယ်လောက်ပဲ ပိုက်ဆံသုံးမယ်ဆိုပြီး ကန့်သတ်ချက်လုပ်ထားပါ။ ဒီလိုလုပ်တာက ပိုက်ဆံလည်းချွေတာရာရောက်သလို အရက်လည်းလျှော့သောက်ဖြစ်စေမှာပါ -           ကိုယ်အရက်လျှော့သောက်ဖို့ကြိုးစားနေတယ်ဆိုတာ ကိုယ့်ဘေးနားသူငယ်ချင်းတွေ၊ မိသားစုတွေ၊ အထူးသဖြင့် သောက်ဖော်သောက်ဖက်တွေကို ပြောပြထားပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တကယ်လေးလေးနက်နက်လုပ်နေတယ်ဆိုတာလည်း သူတို့သိပါစေ၊ ဒါဆို သူတို့လည်း အထောက်အကူပေးနိုင်မှာပါ -           အရက်ကို ချက်ချင်းကြီးတိခနဲဖြတ်တာမျိုး မလုပ်သင့်တာ လူတိုင်းသိမှာပါ။ ဒါ့ကြောင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဦးနှောက်အိုမသွားစေဖို့ ခုတည်းက လုပ်ဆောင်သင့်တဲ့အရာ (၁၁) ခု

ဦးနှောက်က မမှတ်နိုင်တော့ပါဘူး၊ အသက်ကရလာပြီ လို့တွေးပြီး မစခင်က လက်လျှော့လိုက်တဲ့အရာတွေများတယ်နော်။ အသက်ကြီးပေမယ့် ကျန်းမာထက်မြက်နေဆဲ မပျက်စီးသေးတဲ့သူတွေမှ အများကြီးပါ။ လူငယ်တွေထက်တောင် အလုပ်လုပ်နိုင်၊လေ့လာသင်ယူနိုင်တဲ့ လူကြီးပိုင်းတွေ ဦးဆောင်နေတာအများကြီးရှိပါတယ်။ သူတို့ကျတော့ရော ဆုတောင်းကောင်းခဲ့တာလို့ပြောမှာလား။ ကံကောင်းတာကြောင့်ချည်းပဲမဟုတ်ပါဘူးနော်။ သူတို့က ခန္ဓာကိုယ်ကျန်းမာရေး၊ ဦးနှောက်ကျန်းမာရေးကို ကိုယ်တွေထက်ပိုပြီး ဂရုစိုက်ကြတယ်ဆိုတာလေး ထည့်ပြောပါဦး။ မကြာသေးခင်ကCell: Stem Cell ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနအသစ်ကတော့ အာရုံကြောဆဲလ်လေးတွေက အသက် ၄၀၊၅၀ မက ၉၀ ကျော်အထိတောင် မှတ်ဉာဏ်သိမ်းဆည်းတဲ့ဦးနှောက်အပိုင်းမှာ လုပ်ဆောင်ချက်တွေဆက်လက်ရှိနေဆဲပဲလို့ ဆိုပါတယ်။ "ဦးနှောက်အတွက်အကျိုးပြုတဲ့အမူအကျင့်တွေကို ပုံမှန်လုပ်ဆောင်လေ အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် ရောဂါဝေဒနာတွေရှိလာတဲ့အခါ ဦးနှောက်ရဲ့ခံနိုင်ရည်ပိုကောင်းလေပါပဲ" လို့University of British Columbia မှ သုတေသီ ပါမောက္ခ Teresa Liu-Ambrose ကပြောပါတယ်။ ဒါဆို အသက်ကြီးလည်း ဦးနှောက်ကောင်းနေအောင် ဘာတွေလုပ်ရမလဲ (၁) လှုပ်ပါတော့ သက်လတ်ပိုင်းမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်နေတဲ့ အစားအစာတွေ ဘေးကင်းအောင် ဘယ်လိုပြန်နွှေးကြမလဲ

ပြန်နွှေးမစားသင့်တဲ့အစားအစာတွေ ဘာတွေ အကြောင်းရေးထားတဲ့ဆောင်းပါးတွေဖတ်ပြီး ခေါင်းထဲ ဘာကိုအရင်တွေးမယ်ထင်လဲ။ ပရိသတ်ကြီး အယောက် ၁၀၀ ရဲ့အဖြေက.... ကျန်နေတဲ့ အစားအသောက်တွေ အကုန်လွှင့်ပစ်ရမှာလား။ မကုန်တာနဲ့လွှင့်ပစ်ရမယ်လို့ မဆိုလိုပါဘူးနော်။ အကြွင်းအကျန်တွေကို အပူပြန်ပေးလိုက်ရင် အာဟာရအာနိသင်ပြောင်းလဲသွားနိုင်တဲ့၊ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်တဲ့ အစားအစာတွေရှိပေမယ့် မကုန်သင့်တာမကုန်အောင် လုပ်လို့ရတဲ့နည်းတွေလည်းရှိပါတယ်။ နည်းလမ်းမှန်မှန် စီမံသိမ်းဆည်းမယ်ဆိုရင် အလဟဿလည်းမဖြစ်၊ အာဟာရလည်းမလျော့၊ဘေးလည်းမဖြစ်အောင် ခဲတစ်လုံးနဲ့ ငှက်သုံးကောင်လောက်ပစ်လို့ရပါတယ်။ အစားအသောက်ကို လုံလောက်တဲ့အပူချိန်နဲ့ ကြာချိန်မပေးဘဲ ချက်ပြုတ်တာ(ကျက်အောင်မချက်တာပေါ့)၊ မသင့်တော်တဲ့အပူချိန်မှာ သိမ်းဆည်းထားရှိတာက အစားအစာကနေ ရောဂါပိုးတွေပေါက်ဖွားစေတဲ့အဓိကအကြောင်းရင်းနှစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာသန့်ရှင်းတဲ့ အစားအသောက်တွေ စီမံနိုင်မယ့်၊ အလေအလွင့်နည်းစေမယ့် နည်းလမ်းလေးတွေ အကြံပြုလိုက်ပါတယ်။ ချက်ပြုတ်တဲ့အခါ မကုန်လို့ကျန်နေတဲ့ အစားအစာကိုဘေးကင်းစွာပြန်စားသုံးချင်ရင် စစချင်းချက်ပြုတ်တဲ့အချိန်တည်းကသေချာချက်ဖို့ပါ။ အထူးသဖြင့် အနီရောင်ရှိတဲ့အသားတွေ (အမဲသား၊ဝက်သား)ကို အပူချိန်ပြင်းပြင်းနဲ့ချက်ပြုတ်ရပါမယ်။ Steak အသားပြားပဲဖြစ်ဖြစ်၊ကြော်တာဖြစ်ဖြစ် မကျက်တကျက်ဆို အန္တရာယ်များပါတယ်။ ကျန်နေရင် ပိုဆိုးတာပေါ့။ ဒီအသားတွေမှာ ပါတဲ့ သန်ကောင်ဥလိုမျိုး ကပ်ပါးပိုးတွေက မကျက်တကျက်အသားမှာ […]


အခြေခံကျန်းမာရေး

မှိုတက်တာမှန်သမျှ အန္တရာယ်ပါ

ကြက်သွန်နီအခွံနား ကပ်ပါလာတတ်တဲ့ မှိုမည်းမည်းလေးတွေ သတိထားမိလား။ မှိုတက်တာက အဖြူ၊ အစိမ်း၊ အမည်း စတဲ့ ရောင်စုံမှိုတွေနဲ့တွေ့ရနိုင်ပါတယ်။ အစားအသောက်မှာပဲဖြစ်ဖြစ်၊ အသုံးအဆောင်နဲ့ အိမ်တွင်းတစ်နေရာမှာပဲဖြစ်ဖြစ် ဘာမှိုမဆို ကိုယ့်အတွက် အန္တရာယ်ရှိတယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ အစားအစာတင်မကပါဘူး၊ အမှိုက်တွေစုနေတာ၊ မစိုတစို မခြောက်တခြောက် အရာဝတ္ထုတွေ အိမ်ထဲမှာ ရှိနေရင်(အိမ်သန့်ရှင်းရေးပုံမှန်မလုပ်ရင်) အောက်သိုးသိုး မှိုနံ့တွေရနေမှာ သတိထားမိမှာပေါ့။ မြင်ရတာ မမြင်ရတာ ထား၊ အဲဒီမှိုကထွက်တဲ့ အမှုန်တွေက အဆုတ်ထဲရောက်တဲ့အခါ နာတာရှည်အဆုတ်ရောဂါ (COPD)လိုရောဂါတွေဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကို အားနည်းစေလို့ တခြားရောဂါပိုးတွေကူးစက်ခံရလွယ်စေနိုင်တယ်။ မှိုကိုထိမိတာ၊ ရှူမိတာနဲ့ဓာတ်မတည့်တတ်သူမဟုတ်ရင်တောင် မျက်စိ၊ အရေပြား၊ အသက်ရှူလမ်းကြောင်း၊ လည်ချောင်း၊ အဆုတ်တို့လို ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိခိုက်စေတာ အမှန်ပါပဲ။ မှိုကြောင့် ဘာတွေဖြစ်လာနိုင်လဲ၊ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ကြည့်ရအောင် - ပုံမှန်အားဖြင့် မှိုတွေကြောင့် - […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား

အချို့အလေ့အထတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်ထင်လို့ လုပ်မိနေပေမယ့် ကျန်းမာရေးအတွက် အထောက်အကူမပြုတဲ့အပြင် ဆိုးကျိုးသက်ရောက်မှုတွေတောင်ရှိစေနေပါသေးတယ်။ ဘယ်လိုအလေ့အထတွေလဲ၊ ကိုယ်တိုင်မှာရော ရှိနေလား ဆန်းစစ်ကြည့်လိုက်ပါဦး။ လေ့လာမှုတွေအရတော့ ဒီအလေ့အထတွေက ကျန်းမာရေးအတွက် အထောက်အကူမပြုနိုင်ပါဘူးတဲ့။ ကျန်းမာရေးကို အကျိုးမပြုတဲ့အလေ့အထတွေ မနက်စာကို အများကြီးစားခြင်း ကျန်းမာချင်တယ်ဆိုရင် မနက်စာနဲ့ ညစာကိုလျှော့စားပြီး နေ့လယ်စာကို များများစားပေးပါ။ လူ့ခန္ဓာကိုယ်က အစာတွေကို အကောင်းဆုံးချေဖျက်ပေးနိုင်တဲ့အချိန်က နေ့လည် ၁၂ နာရီ နဲ့ ၁ နာရီအတွင်းပါ။ မနက်စာနဲ့ညစာကိုအများကြီးစားတာက ခန္ဓာကိုယ်ကို ဝန်ပိစေပြီး အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မနက်စာနဲ့ ညစာကိုလျှော့စားပါ။ နေ့လယ်ကို များများစားပေးပါ။ တစ်နေ့ကို ရေ ၈ ခွက်သောက်ခြင်း ရေကို ဆာမှသောက်တာကအကောင်းဆုံးပါ။ ရေမဆာဘဲ တစ်နေ့ ၈ ခွက်သောက်ရမယ်ဆိုတဲ့ ပုံသေနည်းကြီး အတိုင်းမဖြစ်မနေမသောက်စေချင်တာပါ။ ရေကို အလွန်အကျွံသောက်တာက အဝလွန်တာ၊ အရေပြားပြဿနာနဲ့ အခြားသော […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခရီးသွား ရင် ဘာဆေးတွေဆောင်သွားကြမလဲ။

မိုးတွေလည်းစဲ၊ ရုံးတွေကျောင်းတွေကလည်းပိတ်ပြီ ဆိုတော့ အားလုံး ခရီးသွား ဖို့ပြင်ဆင်နေကြပြီ ထင်ပါတယ်နော်။ ခရီးမသွားခင်၊ ဒါမှမဟုတ် သွားနေရင်း ဖျားနာတာတွေဖြစ်ပြီး မပျော်လိုက်ရတာတွေမဖြစ်စေဖို့ ခရီးသွားရာသီမှာဖြစ်တတ်တဲ့ ရောဂါလေးတွေနဲ့အတူ ဆောင်သွားသင့်တဲ့ဆေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။ ခရီးသွား ရင် ဆောင်ထားသင့်တဲ့ ဆေးဝါးများ ၁။ ရာသီအကူးအပြောင်းကြောင့် ဖျားနာတာတွေ။ ဒါကြောင့် ခရီးသွား ရင် သွားမယ့်နေရာနဲ့ သင့်တော်တဲ့ အနွေးထည်၊ အင်္ကျီတို့ကို ယူသွားပါ။ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပါရာစီတမော၊ အအေးမိတာကြောင့်ဖြစ်တဲ့ နှာချေ နှာမွှန် ပျောက်ဆေး တို့လည်းဆောင်သွားပါ။ ဒါတွေဟာ အိမ်သုံးဆေးဝါးတွေပဲဖြစ်တဲ့အတွက် ဆေးဆိုင်မှာလည်း အလွယ်တကူ ဝယ်လို့ရပါတယ်နော်။ ၂။ ကားမူးတတ်တဲ့သူတွေအတွက်။ ကားစီးရင် ကားမူးတတ်တဲ့သူတွေအတွက်လည်း dimenhydranite ပါဝင်တဲ့ ကားမူးပျောက်ဆေးကို ကားပေါ်မတက်ခင်တည်းက ကြိုသောက်ထားသင့်ပါတယ်။ ၃။ အစားအသောက်မတည့်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။ အားလုံးက ခရီးသွားရင်း ဒေသစာတွေက မဆင်မခြင်စားမိတတ်တာကြောင့် ဝမ်းပျက်ဝမ်းလျှော အဖြစ်များကြပါတယ်။ ဒါအတွက် […]


အခြေခံကျန်းမာရေး

အကြောဆေးမလိုအောင် ဘာကိုဆောင်မလဲ

ဆေးခန်းအများစုတွင် ထိုးပေးနေသည့် အကြောဆေး ဆိုသည်မှာ ခန္ဓာကိုယ် သွေးကြောထဲသို့ ဂလူးကို့စ်ဓာတ်၊ ဗီတာမင် B အုပ်စု ( များသောအားဖြင့် B1, B6, B12 )၊ ဗီတာမင် C တို့ကို ရောစပ်၍ ဖြစ်စေ၊ အသားဓာတ်အားဆေး ( ဥပမာ - မိုရီယာမင်) ဖြစ်စေ  ထိုးသွင်းပေးခြင်းဖြစ်သည်။ အဓိက အားဖြင့်  ပါးစပ်မှမစားနိုင်တော့သော သက်ကြီးရွယ်အိုများ ၊ အစာချေဖျက်စုပ်ယူမှုအားနည်းသည့် ရောဂါသည်များ၊ နာတာရှည်ရောဂါသည်များ၊ နလန်ထလူမမာများ နှင့် ရုတ်တရက် သွေးတွင်းအချိုဓာတ်ကျနေသော (သို့) သွေးပေါင်ကျနေသော လူနာများအတွက်သာ ထိုးပေးရန် လိုအပ်လေ့ရှိသည်။ ခန္ဓာကိုယ်တွင်း လောင်စာဖြည့်တင်းခြင်း ကို မှန်ကန်စွာလုပ်နေနိုင်သည့် သူတစ်ယောက်အဖို့ အကြောဆေးသွင်းစရာ မလိုပါ။ အကြောဆေးသွင်းသည့်အတိုင်း အာနိသင်လည်းရ အန္တရာယ်လည်းကင်းအောင် မည်သို့စားသောက်ရမည် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူတိုင်းအသုံးပြုနေကြသော ပလတ်စတစ်နှင့် လူတိုင်းသတိမထားမိကြသော ကြီးမားသည့် ကျန်းမာရေးအန္တရာယ်များ

သင့်အိမ်မှာ လှည့်ပတ်ကြည့်ရှုလိုက်မယ်ဆိုရင် ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းအမျိုးမျိုးကို တွေ့ရမှာပါ။ ကိုယ်ပေါပေါလောလော အသုံးပြုနေတဲ့ ဒီပစ္စည်းတွေက ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးကို တစ်စတစ်စ ဝါးမြိုနေတယ်ဆိုတဲ့ အမှန်တရားကိုရော သိထားပြီးပြီလား။ ပလတ်စတစ်ကို အသုံးမပြုခင် ထုတ်လုပ်တဲ့ နေရာမှာတင် သူက ကျန်းမာရေးကို ခြိမ်းခြောက်နေပါပြီ။ ဘယ်လိုများခြိမ်းခြောက်နေတာလဲဆိုရင်….. ပလတ်စတစ်ထုတ်လုပ်တဲ့အခါမှာ လူကိုအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေဟာ လေထုထဲကို ထွက်သွားကြတယ်။ စဉ်းစားကြည့်ပါ… ဒီလေတွေကိုပဲ ကျွန်မတို့က ပြန်ရှူရှိုက်နေရတာလေ။ ဒီလေတွေကို ရှူမိတဲ့အခါ ဘာရောဂါတွေဖြစ်လာဖို့ အားပေးနေသလဲဆိုရင်… အာရုံကြောနဲ့သက်ဆိုင်တဲ့ ရောဂါတွေ မျိုးပွားခြင်းဆိုင်ရာ ပြဿနာ၊ ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေသော ပြဿနာတွေ သွေးကင်ဆာ နှင့် အခြားသော ကင်ဆာရောဂါတွေ ပေါင်မပြည့်တဲ့ ကလေးမွေးဖွားခြင်းကဲ့သို့သော မျိုးရိုးဗီဇနှင့်ဆိုင်သော လက္ခဏာရပ်တွေ စတာတွေ ကြုံတွေ့လာရဖို့ တိုက်တွန်းအားပေးနေပါတယ်။ အဓိကကတော့ စက်ရုံလုပ်သားတွေနဲ့ အဲ့ဒီစက်ရုံတွေတည်ရှိနေတဲ့ […]


အခြေခံကျန်းမာရေး

Burn Out ဖြစ်ခြင်း (သို့) မပြောပြတတ်အောင် မောပန်းလာတဲ့အခါ…

လူတိုင်း စိတ်ဖိစီးမှုတွေနဲ့ တွေ့ကြုံရနိုင်ပါတယ်။ ဒါပေမယ့် အခုပြောသွားမယ့် Burn out ဖြစ်ခြင်းဆိုတာကတော့ သာမန် စိတ်ဖိစီးမှု ကြုံတွေ့ရခြင်း နှင့် ကွာခြားပါတယ်။ ပိုမို ပြင်းထန်တာကြောင့် ပြင်းထန်လွန်းတဲ့ စိတ်ဖိစီးမှုတစ်မျိုးလို့လည်း ပြောလို့ရနိုင်ပါတယ်။ ဥပမာ - လူတစ်ယောက်အလုပ်ကြိုးစားတာဟာ ကောင်းတဲ့ကိစ္စပါ။ သို့သော် အလုပ်ချိန်ပြင်ပဖြစ်တဲ့ မိုးလင်းတာနဲ့အလုပ်၊ မိုးချုပ်တဲ့အထိလည်း အလုပ်၊ ပိတ်ရက်တွေမှာလည်း အလုပ်… ဒီလိုဆောင်ရွက်တာတွေ ရေရှည်ဖြစ်လာတဲ့အခါမှာတော့ Social Life မရှိတော့သလိုဖြစ်သွားရင်း Burn Out ဆိုတဲ့အရာက ဝင်ရောက်လာနိုင်ပါတယ်။ Burn Out ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့အရာများကို ဖြေရှင်းဖို့ လိုအပ်တဲ့ resources အရင်းအမြစ်စွမ်းအင် ပမာဏ ကိုယ့်မှာ ပြည့်ပြည့်ဝဝ၊ လုံလုံလောက်လောက် မရှိနိုင်တော့လို့ပါပဲ။ ဥပမာ - စိတ်ဓာတ်ခွန်အားလိုအပ်နေချိန် စိတ်ဓာတ်ခွန်အား မရှိတော့တာမျိုး၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဓာတ်မှန်ပညာ မြစ်ဖျားခံရာ

၁၈၉၅ ခုနှစ်တွင် ဂျာမနီနိုင်ငံသား Wilhelm Röntgen သည် ရူပဗေဒအသိုင်းအဝိုင်းတွင် လူအများလေးစားခံရသော ဂုဏ်ထူးဆောင်ပါမောက္ခတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ Röntgen သည် သုတေသနနယ်ပယ်တွင် အတွေ့အကြုံများစွာရင့်ကျက်ပြီးလုပ်ရည်ကိုင်ရည်ကောင်းသူဖြစ်‌ကြောင်း ခေတ်ပြိုင်ပညာရှင်များရော လုပ်ဖော်ကိုင်ဖက်များကပါ အသိအမှတ်ပြုပြီးဖြစ်သော်လည်း သူကတော့ လေ့လာမှုများကိုမလျှော့ခဲ့ချေ။ Röntgen တစ်ယောက်ထိုအချိန်က စိတ်ဝင်စားနေသည့် ကိရိယာမှာ Crookes Tube ဆိုသည့် မှန်ပေါင်းချောင် ကိရိယာလေးပင်ဖြစ်သည်။ ရူပဗေဒနယ်ပယ်တွင် ပညာရှင်အတော်များများလေ့လာလျက်ရှိသော ထိုကိရိယာအား ဗြိတိသျှအင်ဂျင်နီယာ William Crookes မှ ၁၈၇၀ တွင် တီထွင်ခဲ့ခြင်းဖြစ် ဖြစ်ပြီး Cathode rays များကိုလေ့လာရန် ရည်စူးပေသည်။ ထိုကိရိယာသည် ၁၉ ရာစုနှောင်းပိုင်းပညာရှင်တို့အတွက် စိတ်ဝင်စားစရာပစ္စည်းတစ်ခုဖြစ်နေသည်။ Crookes Tube သည်အလုံပိတ်ဖန်ပေါင်းချောင်ပုံစံရှိသည့် ကိရိယာတစ်ခုဖြစ်ပြီး အတွင်းတွင် အောက်ဆီဂျင်မရှိချေ၊ ဖန်ပေါင်းချောင်တွင် အပေါင်း၊ အနုတ် electrode […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း