အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Lactic Acid Test (လက်တစ်အက်ဆစ် စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lactic Acid Test (လက်တစ်အက်ဆစ် စစ်ဆေးခြင်း) ကဘာလဲ။ Lactic Acid Test ဟာ ကိုယ်ခန္ဓါ အတွင်းမှာရှိတဲ့ လက်တစ်အက်ဆစ် (lactic acid) ပမာဏကို တိုင်းတာတဲ့ သွေးစစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။ Lactic Acid အတော်များများကို ကြွက်သားတစ်ရှူးတွေနဲ့ သွေးနီဥတွေက ပြုလုပ်တာဖြစ်ပါတယ်။ ကိုယ်ခန္ဓါအတွင်းမှာ အောက်စီဂျင်ပမာဏက ပုံမှန်ဆိုရင် ကာဗိုဟိုက်ဒရိတ် တွေဟာ ရေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ပြိုကွဲပါတယ်။ အောက်စီဂျင်ပမာဏက နည်းတယ်ဆိုရင် ကာဗိုဟိုက်ဒရိတ်တွေဟာ စွမ်းအင်အဖြစ်ကို ပြိုကွဲပြီး Lactic Acid ပြုလုပ်လိုက်ပါတယ်။ Lactic Acid ပမာဏတွေဟာ အပြင်းအထန်အားကစားလုပ်ပြီးရင် (သို့) အခြားအခြေအနေတွေဖြစ်တဲ့ နှလုံးရပ်ခြင်း၊ ပြင်းထန်စွာရောဂါပိုး ဝင်ခြင်း၊ ရှောခ့် ရခြင်း အစရှိတဲ့ ကိုယ်ခန္ဓါတစ်ခုလုံးမှာ သွေးနဲ့ အောက်စီဂျင်စီးဆင်းမှု နိမ့်ကျနိုင်တဲ့ […]


ဆေးစစ်ချက်များ

Laryngoscopy-Direct (အသံအိုးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Laryngoscopy-Direct (အသံအိုးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း) ကဘာလဲ။ Laryngoscopy ဟာ သင့်လည်ချောင်း၊ အသံအိုး နဲ့ အသံကြော (ကြိုး) တွေကို မှန်ပြောင်းအသုံးပြုပြီး ဆရာဝန်က စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ မှန်ပြောင်းကြည့်နည်းနှစ်မျိုး ရှိပါတယ်။ တစ်မျိုးစီက မတူညီတဲ့ ကိရိယာတွေကို အသုံးပြုကြပါတယ်။ Direct Laryngoscopy ဟာ ဆရာဝန်ကို လည်ချောင်းအတွင်းပိုင်းအထိ မြင်ရစေပါတယ်။ ဒါကို နည်းနှစ်မျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။ • Flexible laryngoscopy (ပျော့ပျောင်းသော မှန်ပြောင်း) ကတော့ သေးငယ်ပျော့ပြောင်းပြီး တစ်ဖက်မှာ ကင်မရာပါတဲ့ မှန်ပြောင်း ကို အသုံးပြုတာဖြစ်ပါတယ်။ သင့်ခွဲစိတ်ဆရာဝန်ဟာ မှန်ပြောင်းကို နှာခေါင်းမှတစ်ဆင့် ပါးစပ်အနောက်ဘက်ထဲ ထည့်လိုက်မှာ ဖြစ်ပါတယ်။ သူ့ကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ ရောဂါအမည်တပ်ဖို့ အသုံးပြုကြပါတယ်။ • Rigid laryngoscopy(မာကျောသော မှန်ပြောင်း) ကတော့ အထူးဒီဇိုင်းလုပ်ထားတဲ့ […]


ဆေးစစ်ချက်များ

Lumbar Spine Ct Scan (ခါးကျောရိုးမ ကွန်ပျူတာ ဓါတ်မှန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lumbar Spine Ct Scan (ခါးကျောရိုးမ ကွန်ပျူတာ ဓါတ်မှန်) ကဘာလဲ။ ကွန်ပျူတာဓါတ်မှန် (CT) ဟာ ကိုယ်ခန္ဓါရဲ့ အစိတ်အပိုင်းတစ်ခုစီကို ကန့်လန့်ဖြတ်အပိုင်းလိုက်ပုံရိပ် တွေ ထုတ်လုပ်ပေးနိုင်တဲ့ X-ray ဓါတ်မှန် အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ခါးကွန်ပျူတာဓါတ်မှန် မှာ သင့်ဆရာဝန်ဟာ သင့်ရဲ့ ခါးနောက်ပိုင်းကို ဖြတ်ပြီး မြင်ရမှာ ဖြစ်ပါတယ်။ စက် ဟာ ကိုယ်ခန္ဓါ အနှံ့လည်နေမှာ ဖြစ်ပြီး ကွန်ပျူတာပေါ်ကို ဓါတ်ပုံတွေ ပို့ပေးမှာ ဖြစ်ပြီး ဒါတွေကိုပညာရှင် က ပြန်ကြည့်မှာ ဖြစ်ပါတယ်။ ကျောရိုးမရဲ့ ခါးအပိုင်း ဟာ ခါးနာခြင်းတွေ အဓိက ဖြစ်နိုင်တဲ့ နေရာပဲဖြစ်ပါတယ်။ ခါး ဟာ ကျောရိုးမရဲ့ အောက်ဘက်အကျဆုံးနေရာဖြစ်ပြီး ကျောရိုးအဆစ် ၅ ခုနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး […]


ဆေးစစ်ချက်များ

Lumbosacral Spine Ct Scan (ခါးနှင့် မြီးညောင့်ရိုးကျောရိုးမ ကွန်ပျူတာဓါတ်မှန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lumbosacral Spine Ct Scan (ခါးနှင့် မြီးညောင့်ရိုးကျောရိုးမ ကွန်ပျူတာဓါတ်မှန်) ကဘာလဲ။ ကွန်ပျူတာဓါတ်မှန်လို့ သိကြတဲ့ CT ဟာ ကိုယ်ခန္ဓါရဲ့ အစိတ်အပိုင်းတစ်ခုစီကို ကန့်လန့်ဖြတ် အပိုင်းလိုက်ပုံရိပ် တွေ ထုတ်လုပ်ပေးနိုင်တဲ့ X-ray အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Lumbosacral spine CT ဟာ ကျောရိုးမအောက်ပိုင်းနဲ့ ပတ်ပတ်လည်က တစ်ရှူးတွေကို ရိုက်ပေးတဲ့ CT ပဲဖြစ်ပါတယ်။ Lumbosacral spine CT scan တွေကို ဘာကြောင့် လုပ်ကြတာလဲ။ CT ဟာ ကိုယ်ခန္ဓါရဲ့ အသေးစိတ် ပုံရိပ်တွေကို ဖန်တီးပေးပါတယ်။ Lumbosacral spine CT scan ဟာ အရိုးကျိုးခြင်းတွေ၊ ကျောရိုးမ ပြောင်းလဲမှုတွေနဲ့ အဆစ်ရောင်ခြင်းတွေကို သိရှိနိုင်ပါတယ်။ ဒီစစ်ဆေးမှုကို ကျောရိုးမနဲ့ အာရုံကြောအမြစ် တွေရဲ့ X-ray […]


ဆေးစစ်ချက်များ

Tissue Type Test (ကိုယ်ခန္ဓါဆဲလ်များရှိ ပဋိဓါတ်ရှာဖွေသော သွေးစစ်ဆေးမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tissue Type Test (ကိုယ်ခန္ဓါဆဲလ်များရှိ ပဋိဓါတ်ရှာဖွေသော သွေးစစ်ဆေးမှု) ကဘာလဲ။ Tissue Type Test ဟာ ကိုယ်ခန္ဓါ ဆဲလ်တွေနဲ့ တစ်ရှူးတွေရဲ့ မျက်နှာပြင်ပေါ်က ပဋိဓါတ် (antigens) တွေကို ရှာဖွေတဲ့ သွေးစစ်ဆေးမှုဖြစ်ပါတယ်။ antigens တွေကို စစ်ဆေးခြင်းဟာ အစားထိုးကုသမှုတွေမှာ လှူဒါန်းတဲ့ တစ်ရှူးက သင့်လျော် စိတ်ချရမှုရှိမရှိ ဆိုတာကို ပြောပြနိုင်ပါတယ်။ ဒီစစ်ဆေးမှုကို HLA typing လို့လည်း ခေါ်ပါတယ်။ ပဋိဓါတ် (Antigens) တွေဟာ ပုံမှန် ကိုယ်ခန္ဓါ တစ်ရှူးတွေ သို့ ပြင်ပတစ်ရှူး တွေရဲ့ ကွာခြားချက်ကို ဖေါ်ပြနိုင်ပါတယ်။ အချို့အခြေအနေတွေမှာ Tissue Type Test ကို လူတစ်ယောက်မှာ ကိုယ်ခန္ဓါက သူ့ရဲ့ ဆဲလ်တွေကို ပြန်တိုက်တဲ့ရောဂါဖြစ်တဲ့ […]


ဆေးစစ်ချက်များ

Tonometry (မျက်လုံးတွင်းဖိအားတိုင်းတာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tonometry (မျက်လုံးတွင်းဖိအားတိုင်းတာခြင်း) ကဘာလဲ။ Tonometry ဟာ မျက်လုံးအတွင်းမှာ ရှိတဲ့ ဖိအား (intraocular pressure IOP) ကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို ရေတိမ်စစ်ဆေးမှုအတွက် အသုံးပြုပါတယ်။ ရေတိမ်ဟာ မျက်လုံးနောက်ဘက်အာရုံကြော ထိခိုက်မိပြီး မျက်စိကွယ်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျက်စိအာရုံကြော (Optic nerve) ကို ထိခိုက်မိခြင်းဟာ မျက်လုံးထဲက အရည်တွေ အပြင်ကို ကောင်းကောင်းမထွက်နိုင်ခြင်းကြောင့် အရည်စုပြုံခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ Tonometry ဟာ မျက်ကြည်လွှာမှ ဖိအားကို ခံနိုင်မှု ကို တိုင်းတာခြင်းအားဖြင့် မျက်လုံးတွင်းဖိအား (IOP) ကို တိုင်းတာဖြစ်ပါတယ်။ မျက်လုံးကို ထုံသွားအောင် မျက်စဉ်းတွေကို အသုံးပြုပြီး အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ • Applanation (Goldmann) tonometry – ဒီနည်းလမ်းကတော့ မျက်လုံးဖိအားကို တိုင်းတာဖို့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Anal Fistula Surgery (ဂရင်ဂျီနာ ခွဲစိတ်ကုသမှု)

ဂရင်ဂျီနာခွဲစိတ်ကုသခြင်းဆိုတာ ဘာလဲ မည်သည့်ဂရင်ဂျီနာမဆို ရောဂါပိုးဝင်ပြီး နာကျင်မှု ရှိနိုင်ပါတယ်။ ဒီရောဂါဟာ ခွဲစိတ်မှုမလုပ်ရင် ပိုဆိုးလာနိုင်ပါတယ်။ ဂရင်ဂျီနာအများစုဟာ စအိုလမ်းကြောင်းအတွင်း ပြည်တည်နာ ဖြစ်လာခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ပြည်တည်တဲ့လမ်းကြောင်းဟာ အရေပြားပေါ်ထိရောက်ပြီး အနာအပေါက်ဖြစ်သွားတဲ့အခါ ဂရင်ဂျီနာဖြစ်နိုင်ပါတယ်။ ပြည်များဟာ အရေပြားပေါ်က အနာပေါက်မှာ သူ့ဖာသာဖြစ်ဖြစ်၊ ခွဲစိတ်ပေးလို့ပဲဖြစ်ဖြစ် စီးထွက်နိုင်ပါတယ်။ ခွဲစိတ်ကုသခြင်းရဲ့ ရည်ရွယ်ချက်ဟာ နောက်ထပ်မနာကျင်စေဖို့၊ ရောဂါပိုးဝင်ခြင်း မရှိဖို့ ဖြစ်ပါတယ်။ ဂရင်ဂျီနာခွဲစိတ်မှုကို ဘယ်အချိန်မှာ ခံယူသင့်သလဲ လက်ရှိကာလမှာတော့ ဂရင်ဂျီနာအတွက် ဆေးပေးရုံနဲ့ ကုသမှုမပြုနိုင်သေးပါဘူး။ ခွဲစိတ်မှုနဲ့ပဲ ကုသနိုင်ပါတယ်။ ခွဲစိတ်မှုကို စအိုနားက အရေပြားမှာ ပြုလုပ်ပေးခြင်းဖြင့် ပြည်များကို စီးထွက်သွားစေပါတယ်။ ဂရင်ဂျီနာကို ခွဲစိတ်ပြီးအပြီးသတ် မကုသနိုင်သေးခင်ထိ လူနာအများဟာ နာကျင်ခြင်း၊ ပြည်ထွက်ခြင်း၊ ခဏတာသက်သာသလိုဖြစ်ပြီး ပြန်ဖြစ်ခြင်းစတဲ့ အခြေအနေတွေ ကြုံနိုင်ပါတယ်။ ဂရင်ဂျီနာမခွဲခင် ဘာတွေသိထားသင့်သလဲ ပြည်ထုတ်နေချိန်မှာပဲ ခွဲစိတ်ကုသမှုကို တချိန်တည်း ပြုလုပ်နိုင်ပါတယ်။ တခါတရံမှာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Benign Scrotal Lump Surgery

Benign Scrotal Lump Surgery (ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်းအား ခွဲစိတ်ကုသခြင်း) ကဘာလဲ။ ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်းဆိုတာ ကပ်ပယ်အိတ်ထဲမှာ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ် ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။ များသောအားဖြင့် လက္ခဏာမပြတတ်လို့ ခွဲစိတ်ကုသဖို့ မလိုပါဘူး။ ဒါပေမယ့် တချို့အကျိတ်တွေဟာ လက္ခဏာတွေ ပြလာတတ်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အကျိတ်နှစ်မျိုး ရှိတတ်ပါတယ်။ • ရေမုတ်။ ဝှေးစေ့ကိုဖုံးထားတဲ့ အလွှာမှာ အရည်စုပြီး ကြီးလာခြင်း ဖြစ်ပါတယ်။ • သုတ်လွှတ်ပြွန်အရည်အိတ်ဖြစ်ခြင်း။ သုတ်ရည်ထွက်လာတဲ့ လမ်းကြောင်းမှာ အရည်များစုလာခြင်း ဖြစ်ပါတယ်။ ဘာကြောင့် ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်း ခွဲစိတ်ကုသခြင်း လုပ်ဆောင်သလဲ အကျိတ်ကြီးလာတဲ့အခါ ခွဲစိတ်ကုသမှသာ နေထိုင်ရတာ သက်တောင့်သက်သာရှိမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကပ်ပယ်အိတ်ကြီးခြင်းဟာ ဒီအတိုင်းထားနိုင်ပေမယ့် အောက်ပါ အခြေအနေတွေကြောင့် ခွဲစိတ်ခြင်း၊ ပြုပြင်ခြင်း ပြုလုပ်ကြပါတယ်။ • နေရထိုင်ရခက်ခြင်း၊ နာကျင်ခြင်း • […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Laparoscopic Gastric Bypass (Laparoscopic gastric bypass ဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Laparoscopic gastric bypass ဆိုတာဘာလဲ? Gastric bypass ကသင့်ကိုတစ်သက်စာ ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။ Gastric bypass ကို Roux-en-Y လို့လည်းခေါ်ပြီး အဲဒီခွဲစိတ်မှုမှာ သင့်ရဲ့အစာအိမ်ကို အိတ်အသေးလေးဖြစ်သွားအော င်ကျန်ရှိနေတဲ့အစာအိမ်နဲ့ အူမကြီးတွေကိုရှောင်ပြီးညှပ်ချုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းက အစားစားတဲ့အခါ စောစောဗိုက်ပြည့်စေခြင်းဖြင့် အစားနည်းစေတဲ့အပြင် သင့်ရဲ့အစာထဲက တချို့ကယ်လိုရီတွေနဲ့အာဟာရတွေကို စုပ်ယူခြင်းမှ ကာကွယ်ပါတယ်။ ဒီခွဲစိတ်မှုအောင်မြင်ခြင်းက စားသောက်မှုအစီအစဉ်အသစ်နဲ့ လေ့ကျင့်ခန်းတွေအပေါ်မှာလည်း မူတည်ပါတယ်။ ဘာကြောင့် Laparoscopic bypass ကိုလုပ်ကြလဲ ? တကယ်လို့သင့်ရဲ့ BMI က၄၀ ကျော်နေရင်ဒီခွဲစိတ်မှုက တစ်သက်တာကိုယ်အလေးချိန်ကျစေပါတယ်။ တကယ်လို့သင့်ရဲ့ BMI က၃၅ ကျော်နေတာပဲ ဖြစ်ဖြစ်၊သင့်မှာဆီးချို type 2 ရှိနေတာပဲဖြစ်ဖြစ် သင့်ကို ဒီခွဲစိတ်မှုကကူညီပါလိမ့်မယ်။ သင့်ရဲ့ BMI နဲ့တခြားသော စစ်ဆေးမှုတွေအပေါ် မူတည်ပြီး ဒီခွဲစိတ်မှုကသင့်အတွက်သင့်တော်မှုရှိ၊ မရှိဆုံးဖြတ်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ ခွဲစိတ်မှုအပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Paraumbilical And Umbilical Hernia Repair (ချက်တစ်ဝိုက် အူကျွံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Paraumbilical And Umbilical Hernia Repair (ချက်တစ်ဝိုက် အူကျွံခြင်း) ကဘာလဲ။ ချက်ဟာ သင့်ဝမ်းဗိုက်ရဲ့ သဘာဝအားနည်းချက်နေရာပါ။ သားအိမ်ထဲမှာ ကလေးလေးရှိနေစဉ်အချိန်ကစလို့ ချက်ဟာစတင်ဖြစ်ပေါ်လာတာပါ။ တကယ်လို့ သင့်ဝမ်းဗိုက်ထဲက အူတွေဝမ်းဗိုက်နံရံကို တွန်းထွက်လာရင် ချက်နေရာမှာ အလုံးကြီးဖြစ်လာပါလိမ့်မယ်။ ဒါကို အူကျွံတယ်လို့ခေါ်ပါတယ်။ ကျွံထွက်နေတဲ့ အူတွေ ဒါမှမဟုတ် တခြားအရာတွေဟာ ဝမ်းဗိုက်ထဲမှာ ပိတ်မိနေပြီး ညှစ်ခံထားရသလို ဖြစ်ကာ သွေးကောင်းကောင်းမရနိုင်တော့တဲ့ အခြေအနေဖြစ်လာနိုင်တာမို့ အူကျွံတာဟာအန္တရာယ်ရှိပါတယ်။ ခွဲစိတ်ပြုပြင်မှုရဲ့ ကောင်းတဲ့အချက်တွေကဘာတွေလဲ။ ခွဲစိတ်လိုက်ရင် သင့်ရဲ့အူကျွံရောဂါ လုံးဝအရှင်းပျောက်သွားမှာ ဖြစ်တဲ့အတွက် အူကျွံတာကြောင့် ဖြစ်လာမယ့် ဆိုးရွားပြင်းထန်တဲ့နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ခွဲစိတ်မှုကြောင့် ဘာပြဿနာတွေ ဖြစ်လာနိုင်သလဲ။ အသက်လေးနှစ်အောက် ကလေးတွေမှာသူ့အလိုလို ပြန်ကောင်းသွားနိုင်ပေမယ့် ဒီထက်ကြီးတဲ့ ကလေးတွေနဲ့အရွယ်ရောက်ပြီးသား လူကြီးတွေမှာတော့ ခွဲစိတ်မှုမလုပ်ဘဲနဲ့ ပြန်ကောင်းလာစရာ အကြောင်းလုံးဝမရှိပါဘူး။ ခွဲစိတ်မှုလုပ်ပြီးတဲ့နောက်ပိုင်းမှာလည်း အူကျွံတာ ပြန်ဖြစ်နိုင်ပါသေးတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း