အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

Finger infection (လက်ချောင်းလေးများ ပိုးဝင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Finger infection (လက်ချောင်းလေးများ ပိုးဝင်ခြင်း ) ကဘာလဲ။ လက်ချောင်းလေးများ ပိုးဝင်ခြင်း ဆိုသည်မှာ လူတိုင်း ဖြစ်နိုင်သော ကျန်းမာရေး ပြသနာဖြစ်ပါသည်။ သာမန်အခြေအနေမှသည် အလွန် ပြင်းထန်သော အခြေအနေ အထိ ပုံစံ အမျိုးမျိုးဖြစ်နိုင်ပြီး တစ်ခါတစ်ရံ ယင်းလက်ချောင်း တစ်ချောင်းလုံး အလုပ်မလုပ်တော့ သည်အထိ ဖြစ်ပွားနိုင် ပါသည်။ လက်ချောင်းလေးများ ပိုးဝင်ခြင်းတွင် ဖြစ်ပွားသော နေရာ၊ ဖြစ်ပွားသော အခြေအနေပေါ် မူတည်ပြီး အောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်။ လက်စွယ်ငုတ်ခြင်း။ လက်စွယ်ငုတ်ခြင်း ဆိုသည်မှာ လက်သည်း၏ ဘေးအသားများတွင် ပိုးဝင်ခြင်း ဖြစ်ပါသည်။ သို့သော် အရေပြား အပေါ်လွာတွင်သာ ထိခိုက်ခြင်းဖြစ်ပြီး လက်ချောင်းလေးများ ပိုးဝင်ခြင်းတွင် အတွေ့ရ အများဆုံး အခြေအနေပင်ဖြစ်ပါသည်။ Felon။ Felonဆိုသည်မှာ လက်ချောင်းထိပ်တွင် ပိုးဝင်ခြင်း ဖြစ်ပြီး ယင်းနေရာရှိ […]


အခြေခံကျန်းမာရေး

Overhydration (ရေဓါတ်များခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Overhydration (ရေဓါတ်များခြင်း) ကဘာလဲ။ Overhydration ဆိုတာ ခန္ဓါကိုယ်တွင်းတွင် ရေများ များနေခြင်းကို ခေါ်ပါတယ်။ ခန္ဓါကိုယ်၏ ရေသောက်သုံးမှုဟာ ဆုံးရှံးမှုထက် ပိုသောအခါ ဖြစ်ပါတယ်။ တနည်းအားဖြင့် ရေကို ခန္ဓါကိုယ်မှ လိုအပ်တာထက် ပိုပြီး သောက်သုံးသည့်အခါ ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားသမားများသည် ရေဓါတ်ခမ်းခြောက်မည်ကို ကြောက်၍ ရေကို အလွန်အကျွံသောက်သုံးတတ်ကြသည်။ ထိုသို့သောက်သုံးခြင်းဖြင့် အခန့်မသင့်ပါက overhydration ရေဓါတ်ပိုလျှံခြင်း ဖြစ်ကြပါတယ်။ စိတ်ရောဂါကြောင့် ရေများ အလွန်အကျွံသောက်သုံးခြင်းကို psychogenic polydipsia ဟုခေါ်သည်။ နောက်ဆုံးရလဒ်ဟာ ရေဓါတ်များပြီး ဆားဓါတ် နည်းလာခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ရေဓါတ်ပိုလျှံခြင်းဟာ သွေးထဲတွင် sodium ဟူသော ဆားဓါတ်ကို နည်းစေပါသည်။ ထိုသို့ ဆားဓါတ်နည်းခြင်းဟာ ခန္ဓါကိုယ် အတွက် အန္တရာယ်ဖြစ်စေပါတယ်။ သို့သော် သာမန်အားဖြင့် ခန္ဓါကိုယ်တွင်းရှိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Mucopolysaccharidosis i (မျူကိုပေါ်လီစခရိုက် အမျိုးအစား ၁)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mucopolysaccharidosis i (မျူကိုပေါ်လီစခရိုက် အမျိုးအစား ၁) ကဘာလဲ။ မျူကိုပေါ်လီစခရိုက် အမျိုးအစား ၁ဟာ ကိုယ်ခန္ဓါရဲ့ ဘက်ပေါင်းစုံကို ထိခိုက်စေတဲ့ ပြသနာပဲ ဖြစ်ပါတယ်။ ၃မျိုးခွဲခြားနိုင်ပါတယ်။ ဟာလာရောဂါစု၊ ဟာလာ-ရှီးရောဂါစုနဲ့ ရှီးရောဂါစုတို့ ဖြစ်ပါတယ်။ ရောဂါအပြင်းထန်ဆုံးအခြေအနေကနေ စီထားတာ ဖြစ်ပါတယ်။ ရောဂါစုတမျိုးနဲ့တမျိုး ဆင်တူခြင်း သိပ်မရှိလို့ ယခုလိုခွဲခြားထားခြင်း ဖြစ်ပါတယ်။ ဒီရောဂါရှိသူများဟာ သကြားကို ဖြိုခွဲမယ့် alpha-L iduronidase ကို မထုတ်လုပ်နိုင်ပါဘူး။ အဲဒီအခါ သကြားများဟာ ဆဲလ်အတွင်းထဲမှာ စုလာပြီး ကိုယ်ခန္ဓါကို ထိခိုက်စေပါတယ်။       ကိုယ်ခန္ဓါဖွံ့ဖြိုးမှု၊ လုပ်ဆောင်မှုရော တွေးခေါ်သင်ယူမှုတွေကိုပါ ထိခိုက်စေပါတယ်။ သိပ်မပြင်းထန်တဲ့ ရောဂါအခြေအနေမှာ ကျောင်းတက်နိုင်၊ အလပ်လုပ်နိုင်၊ အိမ်ထောင်ပြုနိုင်ပါတယ်။ ဆိုးရွားတဲ့ရောဂါအဆင့်အတွက်လည်း ဝေဒနာတွေသက်သာစေဖို့ ကုသနည်းတွေတော့ ရှိပါတယ်။ Mucopolysaccharidosis i (မျူကိုပေါ်လီစခရိုက် အမျိုးအစား ၁) က ဘယ်လောက်အဖြစ်များသလဲ ရှားပါးပါတယ်။ ဆိုးရွားတဲ့ အမျိုးအစားဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) ကဘာလဲ။ Venous insufficiency ဆိုတာ ခြေထောက်သွေးပြန်ကြောများမှ သွေးများ နှလုံးသို့ပြန်စီးဆင်းရာတွင် ပြသနာဖြစ်ခြင်းဖြစ်ပါတယ်။ နာတာရှည် ပြန်သွေး မလုံလောက်ခြင်း သို့မဟုတ် နာတာရှည် ပြန်သွေး တည်နေခြင်း ဟုခေါ်ပါတယ်။ သွေးပြန်ကြောများတွင် သွေးများကို နှလုံးသို့ ဦးတည်စီးဆင်း နိုင်ရန် ထိန်းပေးသော အဆို့ရှင်များ ပါရှိပါတယ်။ နာတာရှည် ပြန်သွေး မလုံလောက်ခြင်း တွင် ထိုအဆို့ရှင်များဟာ ကောင်းကောင်း အလုပ်မလုပ်တော့ပါ။ ထိုအခါ ခြေထောက် သွေးပြန်ကြောဖေါင်းရောဂါ ဖြစ်လာပါတယ်။ Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ချီကာဂို တက္ကသိုလ် တစ်ခု၏ ဆေးပညာဌာနက ဒီရောဂါဟာ အသက် ၄၀ နှင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) ကဘာလဲ။ အကြောင်းရင်းမသိပဲဖောခြင်းသည် မိန်းမများတွင် ရေများစုပြုံလာပြီးဖောလာခြင်းအဖြစ်အများဆုံးအကြောင်းဖြစ်သည်။ ဖောခြင်းသည် အချိန်ခဏ သို့မဟုတ် တောက်လျောက်ဖြစ်နေတတ်သည်။ Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာမိန်းကလေးများ အသက်အလယ်အလတ်လောက်တွင်ဖြစ်တတ်သည်။ အသက်ကြီးလာသည်နှင့်ပိုဆိုးလာနိုင်သည်။ အမျိုးသမီးတော်တော်များများက လတလ၏အချို့အချိန်များတွင်ပိုဆိုးတတ်သည် ဟုဆိုကြသည်။( ရာသီမလာခင်အချိန်) အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများIdiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်ခြေ ချက် (ဝမ်းဗိုက်) ရင်သား မျက်နှာများတွင် ဖောခြင်းအနည်းငယ်ဖြစ်တတ်သည်။ ညနေပိုင်းတွင်ပိုဆိုးတတ်ပြီး ညအိပ်ချိန်ပြီးကပြန်သက်သာသွားတတ်သည်။ အကြောင်းရင်းမသိပဲဖောသောသူများသည် မနက်တွင် ကီလိုနှစ်ကီလို (လေးပေါင်) ညနေထက်တက်တတ်သည်ဟုဆိုသည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများIdiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) […]


ရောဂါလက္ခဏာများ

Ascites (ရေဖျဉ်းဆွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ascites (ရေဖျဉ်းဆွဲခြင်း) ကဘာလဲ။ ရေဖျဉ်းဆွဲခြင်း သည် ဝမ်းဗိုက်ထဲတွင် အဝါရောင်ဖျော့ဖျော့အရည်များနှင့် အရည်ကြည်များစုပုံလာခြင်းဖြစ်သည်။ ရင်ဘတ်ခေါင်းပေါက်အောက်တွင် ဝမ်းဗိုက်ခေါင်းရှိပြီး ရင်ဝမ်းခြားကြွက်သားကခြားထားပေး သည်။ ထိုအရည်များသည် အသည်းရောဂါ၊ကင်ဆာများ၊နှလုံး(သို့)ကျောက်ကပ်ရောဂါများ ကြောင့်ဖြစ်သည်။ Ascites (ရေဖျဉ်းဆွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAscites (ရေဖျဉ်းဆွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရေဖျဉ်းဆွဲခြင်း ၏လက္ခဏာများသည် အရည်များစုပုံစေရသည့် အကြောင်းအရင်းပေါ်မူတည်ကာ နှေးကွေးစွာ (သို့)ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည်။ ထို လက္ခဏာများသည် အမြဲတမ်း အရေးပေါ်ကုသရန်မလိုအပ်သော်လည်း အောက်ပါ ကဲ့သို့ခံစားလာရပါက သင့်ဆရာဝန်အား သင် သည် ပြသသင့်ပါသည်။ ရုတ်တရက်ကိုယ်အလေးချိန်များလာခြင်း ဝမ်းဗိုက်ဖောင်းကားလာခြင်း လှဲနေသောအခါ အသက်ရှူရခက်ခြင်း အစားစားချင်စိတ်လျော့နည်းလာခြင်း ဗိုက်အောင့်ခြင်း လေထိုးလေအောင့်ဖြစ်ခြင်း ပျို့ခြင်း၊အန်ခြင်း ရင်ပူခြင်း ရေဖျဉ်းဆွဲသည့် လက္ခဏာများသည် အခြားရောဂါများကြောင့်ဖြစ်ပွားနိုင်သည်ကို လည်း သိရှိမှတ်သားထားပါ။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ […]


အခြေခံကျန်းမာရေး

Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) ကဘာလဲ။ နှာခေါင်းပိတ်ခြင်း နဲ့ ပါးရိုးပေါ်မှာ ဖိအားများသလို ခံစားရခြင်းတွေဟာ ထိပ်ကပ်နာ ဖြစ်နေတယ်လို့ပြောနိုင်ပါတယ်။ ထိပ်ကပ်နာဆိုတာဟာ သင့်နှာခေါင်းဘေးမှာရှိတဲ့ ရိုးတွင်းလေအိတ်ငယ်တွေကို ကာရံထားတဲ့ အမြှေးပါးကရောင်ခြင်း ပိုးဝင်ခြင်းကနေဖြစ်ပွားတာပါ။၎င်းကနှာခေါင်းထဲက အကျိအချွဲတွေကို အပြင်ထွက်တာကနေ တားဆီးနေတာပါ။ Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရုတ်တရက်ဖြစ်တတ်တဲ့ ထိပ်ကပ်နာဟာ အဖြစ်များပါတယ်။ အခြားအချက်အလက်တွေသိရဖို့သင့်ဆရာဝန် နဲ့တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAcute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အများဆုံးတွေ့ရတဲ့ ရောဂါလက္ခဏာတွေကတော့ -အဝါရောင် သို့မဟုတ် အစိမ်းရောင်ရှိတဲ့ ထူပျစ်ပျစ်အရည် တွေဟာနှာခေါင်းကနေစီးကျခြင်း သို့မဟုတ် လည်ပင်း အနောက်ထဲကနေစီးကျလာခြင်း။ -နှာခေါင်းပိတ်ခြင်း ကနေ သင့်နှာခေါင်းနဲ့အသက်ရှုဖို့ခက်ခဲ ခြင်း။ -နာကျင်ခြင်း၊ ထိရင်နာခြင်း၊ရောင်ခြင်း၊မျက်လုံး၊ ပါးရိုး ၊နှာခေါင်းနဲ့ နဖူးတို့မှာ ဖိအားများလာခြင်း၊ ရှေ့ကိုကုန်းလိုက် တဲ့အခါပိုဆိုးခြင်း။ -နားထဲမှာဖိအားများခြင်း -ခေါင်းကိုက်ခြင်း -အပေါ်မေးရုးနဲ့ အောက်သွားကိုက်ခြင်း၊ -အနံ့ခံအာရုံနဲ့ အရသာခံအာရုံ လျော့ခြင်း -ချောင်းဆိုးခြင်း၊ ညဘက်မှာ ပိုဆိုးတတ်ခြင်း -ခံတွင်းနံ့ နံခြင်း -နုံးချိခြင်း -ဖျားနာခြင်း (အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ […]


ရောဂါလက္ခဏာများ

Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) ကဘာလဲ။ အဆီကျိတ်ဆိုတာ တဖြည်းဖြည်းချင်းကြီးလာတဲ့ အဆီခဲတခုဖြစ်ပြီး သင့်အရေပြားနှင့် သင့်ကြွက်သားတို့အောက်တွင်အများဆုံးရှိတတ်သည်။ ဂျုံနယ်သလိုများခံစားရတတ်ပြီး မနာပါ။ လက်ချောင်းဖြင့်အနည်းငယ်ဖိလိုက်ပါက လှုပ်သည်။ အဆီကျိတ်သည် ကင်ဆာမဟုတ်ပါ။ ပုံမှန်အားဖြင့်လည်း အန္ဓါရယ်မရျိပါ။ ကုသမှုမလိုအပ်တတ်သော်လည်း သင့်အားအနှောက်အယှက်ဖြစ်စေပါက နာလာပါက ပိုကြီးလာပါက သင့်ထုတ်လိုပါက ထုတ်နိုင်သည်။ Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) က ဘယ်လောက်အဖြစ်များသလဲ အသက်အလယ်အလတ်တွင်ဖြစ်တတ်သည်။ တချို့သူများတွင်အဆီကျိတ်တခုထက်ပိုရှိတတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBenign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ အရေပြားတွင် ဖြစ်သောအကျိတ်ပုံစံအများအပြားရှိသောလည်း အဆီကျိတ်တွင် ထူးခြားသောသွင်ပြင်ရှိသည်။ အဆီကျိတ်ဟုသံသယရှိပါက တဖြည်းဖြည်းချင်း ကိုင်ပါကနူးညံသည်။ လက်ချောင်းဖြင့်ဖိပါက လွယ်လွယ်ကူကူရွေ့သည်။ အရေပြားအောက်တွင်သာရှိသည်။ ဖြူဖျော့သည်။ အရောင်မရှိပါ။ တဖြည်းဖြည်းချင်းကြီးလာမည်။ အဆီကျိတ်သည်များသောအားဖြင့် လည်ပင်း အနောက် ပုခုံးတို့တွင်ရှိတတ်သည် သို့သော် အစာအိမ်ပေါင်နှင့် လက်မောင်းတို့တွင်တော့မဖြစ်ပါ။ အဆီကျိတ်သည် အရေပြားအောက်ရှိ အာရုံကြော်ပေါ်တွင် ကြီးလာမှသာ နာတတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ […]


အခြေခံကျန်းမာရေး

Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ) ကဘာလဲ။ Trichotillomania လို့အမည်တွင်တဲ့ အမွှေးနုတ်တဲ့ရောဂါဆိုတာ ဦးရေပြား၊ မျက်ခုံးနဲ့ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ ပေါက်နေတဲ့ အမွှေးအမှင်တွေကို ထပ်တလဲလဲ ဆွဲနုတ်ချင်နေတဲ့ စိတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကာယကံရှင်အနေနဲ့ ဒီလိုဆွဲမနုတ်မိအောင် ဘယ်လောက်ပဲကြိုးစားသည်ဖြစ်စေ စိတ်မထိန်းနိုင်ဘဲ ဆွဲနုတ်မိနေတဲ့ ရောဂါဖြစ်ပါတယ်။ ဦးရေပြားက ဆံပင်တွေကို ဆွဲနုတ်ဖန်များတဲ့အခါ ခေါင်းပေါ်မှာ ဟိုနေရာတကွက် ဒီနေရာတကွက် ထိပ်ပြောင်လာပြီး လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ သိသိသာသာ အနှောင့်အယှက်ဖြစ်ရသလို ဒီလို အမွှေးကွက်တိကွက်ကြား ဖြစ်တာကို ဖုံးကွယ်နိုင်ဖို့ အသည်းအသန် ကြိုးစားအားထုတ်ကြရတာလည်း ဖြစ်ပါတယ်။ Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းလောက်မှာ ဒီရောဂါရှိပြီး များသောအားဖြင့် ဆံပင်၊ မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးတွေကို ဆွဲနုတ်ကြတာပဲ ဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဒီရောဂါဖြစ်တဲ့လူဦးရေ […]


အခြေခံကျန်းမာရေး

Hyperventilation (အသက်ရှုမြန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyperventilation (အသက်ရှုမြန်ခြင်း) ကဘာလဲ။ အသက်ရှုမြန်တယ်ဆိုတာ အသက်ရှုသွင်းရှုထုတ် အလွန်မြန်တဲ့ ရောဂါ ဖြစ်ပါတယ်။ ကျန်းမာတဲ့ အသက်ရှုခြင်းက အောက်စီဂျင်ကို ရှုသွင်းခြင်းနဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ရှုထုတ်ခြင်းကို အချိုးညီညီလုပ်ဆောင်တာ ဖြစ်ပါတယ်။ ရှုသွင်းတာထက် ရှုထုတ်တာက ပိုမြန်တဲ့ အခါ အရမ်းစိတ်ညစ်စရာ ကောင်းပါတယ်။ ဒီအဖြစ်က ခန္ဓါကိုယ်အတွင် ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ အလျင်အမြန် လျော့သွားတဲ့ အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ နိမ့်ခြင်းက သွေးတွေကို ဦးနှောက်ဆီ ပို့ဆောင်ပေးတဲ့ သွေးကြောတွေကို ကျဉ်းမြောင်းသွားစေပါတယ်။ ဦးနှောက်က လိုအပ်တဲ့ သွေးအထောက်အပံ့ကို မရနိုင်တဲ့အခါမှာ ခေါင်းထဲ ရိုးတိုးရိပ်တိတ် ဖြစ်ပြီး လက်ချောင်းတွေကလည်း ဆတ်ခနဲ ဆတ်ခနဲ ဖြစ်လာပါတော့တယ်။ အလွန်အမင်း အသက်ရှုမြန်ဆန်ခြင်းက သတိမေ့မျောတဲ့ အထိ ဖြစ်သွားစေနိုင်ပါတယ်။ အသက်ရှုမြန်ခြင်းကို အောက်ပါနာမည်တွေနဲ့လည်း သိကြပါတယ်။ အသက်ပြင်းပြင်း မြန်မြန်ရှုခြင်း အသက်ပုံမှန်ထက် ပိုများများရှုခြင်း မြန်ဆန် ပြင်းထန်သော အသက်ရှုနှုန်း Hyperventilation […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း