အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

အဖျား မြန်မြန်ပျောက်စေဖို့ လုပ်ကိုင်နိုင်မယ့် နည်းလမ်း (၉) ခု

နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ ပတ်ဝန်းကျင်မှာ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာတွေဖြစ်စေနိုင်တဲ့ အရာဝတ္ထုတွေကလည်း အများသားနော်။ ဒီလိုမျိုး ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ရောဂါပိုးတွေများနေတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်လှုပ်ရှားနေရသူတွေအနေနဲ့ ဖျားတာနာတာကို ကြုံတွေ့ရမှာကတော့ အသေအချာပါပဲ။ ဒီတော့ ဖျားနာတဲ့အခါမှာ ဘယ်လိုမျိုး အမြန်သက်သာအောင်လုပ်မလဲဆိုတဲ့ နည်းလမ်း (၉)ခုကိုဖော်ပြလိုက်ပါတယ်။ အဖျား မြန်မြန်ပျောက်စေဖို့ လုပ်ကိုင်နိုင်မယ့် နည်းလမ်း (၉) ခု သိပ်မဆိုးလာခင်မှာ ကြိုတင်ကာကွယ်ပါ။ ခန္ဓာကိုယ်မှာ ဖျားနာတဲ့ဝေဒနာကို စတင်ခံစားရပြီလို့ထင်တာနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ပါ။ ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေစားပါ။ ဗီတာမင်စီသောက်ပါ။ ရေများများသောက်ပါ။ နောက်တစ်ချက်က ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းစေဖို့အတွက်ကောင်းကောင်းအနားယူပေးပါ။ ဒီလိုတွေလုပ်ပေးတာက အဖျား ကို ပိုမဆိုးလာအောင်လုပ်ပေးနိုင်တဲ့အပြင်မြန်မြန်လည်းသက်သာစေပါတယ်။ နေထိုင်ရာပတ်ဝန်းကျင်က သန့်ရှင်းနေပါစေ နေမကောင်းတဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းက အရေးကြီးသလို နေထိုင်ရာပတ်ဝန်းကျင်နဲ့ အသုံးအဆောင်တွေကလည်း အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားခြင်းဖြင့် ဘက်တီးရီးယားတွေကို နှိမ်နှင်းကာကွယ်ပြီးဖြစ်စေမယ့်အပြင် စိတ်ကြည်လင်လန်းဆန်းစေတာကြောင့် အဖျားမြန်မြန်သက်သာစေမှာ အသေအချာပါ။ ရေနွေးနဲ့ ဆားခပ်နွေးနွေးလေးသုံးပြီး […]


ဆေးရုံနှင့် ဆရာဝန် အတွေ့အကြုံ

ဆေးခန်းပြရာဝယ် (၂)

ဆေးခန်းပြရာဝယ် (၂) ၄။ ဆေးခန်းသွားရင် ဘာတွေ ယူသွားရမလဲ။ လူနာတယောက်ကို ကုသတဲ့အခါ ရောဂါရာဇဝင်က အရေးကြီးသလို ဓါတ်ခွဲစမ်းသပ်မှုအဖြေတွေဟာလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ဆေးခန်းသွားတဲ့အခါ အရင်အခေါက်တွေက ပြဖူးတဲ့ ဆေးစာအုပ်တွေ၊ဓါတ်မှန်ရိုက်ထားတာ၊သွေးစစ်ထားတာ၊Ultrasound (အရပ်အခေါ် တယ်လီဗေးရှင်းဓါတ်မှန်)ရိုက်ထားတာတွေကို ပြည့်ပြည့်စုံစုံ ယူသွားဖို့ လိုပါတယ်။ ဒါမှ ဆရာဝန်တောင်းတဲ့အခါ အဆင်သင့် အလွယ်တကူ ပြနိုင်မှာဖြစ်တဲ့အပြင် ကုသပေးသူ ဆရာဝန်အနေနဲ့လည်း ရောဂါအကြောင်းကို ပိုမိုပြီး လွယ်လင့်တကူ အကဲခတ်နိုင်မှာပဲ ဖြစ်ပါတယ်။   ၅။ ဆရာဝန်ကို ဘာတွေမေးရမလဲ၊ဘာတွေပြောပြရမလဲ။ ဒီနေရာမှာ သိထားသင့်တဲ့အချက်က ကိုယ့်အတွက်တော့ ဆရာဝန်တယောက်တည်းနဲ့ အလုပ်လုပ်နေရတာ ဖြစ်ပေမယ့် ဆရာဝန်ကတော့ လူနာအများနဲ့ အလုပ်လုပ်နေရတာပါ။ ဒါကြောင့် မိမိ(လူနာ)အတွက်လည်း အရေးကြီး၊ဆရာဝန်အတွက်လည်း (ရောဂါဖော်ထုတ်ကုသရာမှာ) အရေးပါတဲ့ အချက်လေးတွေကိုပဲ လိုတိုရှင်း ပြောဆိုမေးမြန်းဆွေးနွေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အရေးမကြီးတဲ့အချက်တွေကို ပြောပြီး အချိန်ဖြုန်းမယ်ဆိုရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးခန်းပြရာဝယ် (၁)

ဆေးခန်းပြရာဝယ် (၁) ဒီဖက်နှစ်တွေထဲမှာ လူမှုကွန်ယက်အပါအဝင် နေရာအတော်များများမှာ ကျယ်ကျယ်လောင်လောင် ကြားလာရတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတခုက ဘာလဲဆိုတော့ ဆရာဝန်-လူနာ ဆက်ဆံရေးပြဿနာပါ။ တဖက်နဲ့ တဖက် နားလည်မှုလွဲလို့ ဖြစ်ကြတဲ့အပြင် တဖက်ဖက်က ချို့ယွင်းချက်လေးတွေရှိလို့ တက်ကြတဲ့ ပြဿနာလေးတွေလည်း ရှိနေပါတယ်။ ဘာပြဿနာမှ မရှိဘူးဆိုရင်တောင် နေထိုင်မကောင်းလို့ ဆေးခန်းသွားတဲ့အခါ ကိုယ့်ရောဂါအခြေအနေအကြောင်းကို လူတိုင်းသိချင်မှာ အသေအချာပဲမို့ ဒီဆောင်းပါးမှာ မျှဝေဆွေးနွေးသွားမယ့် အချက်လေးတွေကို ဖတ်ရှုပေးကြပါဦး။ တွေးစရာလေးတွေ၊အသိသစ်လေးတွေ ရသွားမှာပါ။   ၁။ ဆေးခန်း/ဆရာဝန်ကို သေချာစွာ ရွေးချယ်ပါ။ တချို့ဆေးခန်းကြီးတွေ၊ဆရာဝန်ကြီးတွေဟာ လူနာအလွန်များတာမို့ လူနာတဦးချင်းစီကို သေချာဂရုတစိုက် မေးမြန်းတာမျိုး မလုပ်နိုင်ကြပါဘူး။ ဒီလိုအခြေအနေမှာ အငြင်းပွားဖွယ် ပြဿနာတွေ အများဆုံးဖြစ်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် ကလေးဆရာဝန်တွေမှာ အဓိကတွေ့ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ မိဘတိုင်းဟာ မိမိရဲ့ ရင်နှစ်သည်းချာရင်သွေးလေးကို ဆရာဝန်က ဂရုတစိုက် ကြည့်ရှုစစ်ဆေး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး

နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး ကျွန်တော်တို့ အားလုံး နေမကောင်းဖြစ်ဖူးပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖျားရင် နေမကောင်းဖြစ်ရင် အလေ့အထတစ်ခုအဖြစ် ကျွန်တော်တို့လုပ်မိနေတဲ့အမှားတွေရှိပါတယ်။ ၁။ စောင်အထူကြီးခြုံတာ၊ အက်ျီအနွေးထည် ထူထူဝတ်တာ။ နွေးနွေးထွေးထွေးနေမှရမယ်လို့ယူဆတာ။ ဒီအယူအဆက ဖျားတယ်ဆိုတာ ရာသီဥတုအေးလို့ဖြစ်ရတာဆိုတာကနေ လာပါတယ်။ တကယ်တော့ဖျားတယ်ဆိုတာ အများအားဖြင့်က ဗိုင်းရပ်စ်တစ်မျိုးမျိုးကြောင့်ဖြစ်တာဖြစ်ပြီး အေးတာနဲ့ တိုက်ရိုက်ကြီးမသက်ဆိုင်ပါဘူး။ တကယ်လို့ ဖျားနေတဲ့အချိန်မှာ ချမ်းနေလို့ဆိုရင်တော့ နွေးထွေးတဲ့အဝတ်အစားတွေဝတ်တာအဆင်ပြေပါတယ်။ ကျန်တဲ့အချိန်မှာတော့ သက်တောင့်သက်သာဖြစ်အောင် ဝတ်စားရင်ရပါပြီ။ ချွေးထွက်အောင်ဆိုပြီးအဝတ်အစားအထူကြီးတွေဝတ်တာက နဂိုမြင့်နေတဲ့ကိုယ်တွင်းအပူချိန်ကိုထပ်မြင့်စေနိုင်တဲ့အတွက် အန္တရာယ်ရှိတတ်ပါတယ်။ ဒါကြောင့် ဖျားပြီဆိုရင် သက်တောင့်သက်သာဖြစ်ရုံလောက်အဝတ်အစားဆိုရပါတယ်။ ၂။ ရေမချိုးတာ သန့်ရှင်းရေးမလုပ်တော့တာ။ ဖျားပြီဆိုတာနဲ့ မလုပ်ကြတော့တဲ့အရာတစ်ခုက ရေချိုးတာပါ။ အဖျားက အေးတာကြောင့်ဖြစ်တယ်လို့ ယူဆထားတော့ ရေချိုးတာက ပိုဆိုးစေနိုင်တယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ တကယ်က သက်ဆိုင်မှုမရှိပါဘူး။ ရေချိုးချင်စိတ်ရှိရင် ချိုးနိုင်ပါတယ်။ မထနိုင်လောက်အောင်ဖြစ်နေတယ်ဆိုရင်တော့ မချိုးသင့်ဘူးပေါ့။ နေမကောင်းတဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ လန်းလန်းဆန်းဆန်းဖြစ်နေအောင် ရေချိုးတာက အဖျားတာတိုစေနိုင်ပါတယ်။ ၃။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မလိုအပ်ဘဲ ဆေးထိုးတာကောင်းလား

မလိုအပ်ဘဲ ဆေးထိုးတာကောင်းလား အားဆေးအဖြစ်သွင်းတဲ့ အကြောဆေးဆိုတာ ကျွန်တော်တို့နိုင်ငံက လူနာတော်တော်များများ ဆေးရုံဆေးခန်းသွားတဲ့အခါ…. မကြာမကြာပြောလေ့ရှိတာကတော့…. “ဆရာ.. ကျွန်တော်ခေါင်းမူးလို့ အကြောဆေးသွင်းချင်လို့” “ကျွန်မအားနည်းနေလို့ ဆလိုင်းချိတ်ပေးပါ” “ကျွန်တော်က တစ်လတစ်ခါ အကြောဆေးသွင်းနေကျ… မသွင်းရင် နေမကောင်းဘူး… ခု ဆေးသွင်းဖို့ ရက်ပြည့်နေပြီ ဆိုတော့ လုပ်ပေးပါဦးဆရာ” …. ဒီလိုတွေ ပြောပြီး အကြောဆေးသွင်းပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို တောင်းဆိုလေ့ရှိကြပါတယ်… ဆေးအနီလေးတွေ… အဝါလေးတွေ အကြောထဲဝင်သွားတာ… ပုလင်းကြီးထဲကဆေးရည်တွေ တစက်စက်ကျတာကို မြင်နေ ရရင်ပဲ သဘောကျကြသူအများသား။ ကိုယ်လက်ကိုက်ခဲရင် အကြောဆေးထိုး… ခေါင်းမူးခေါင်းကိုက်ရင် အကြောဆေးထိုး ကြ… အိပ်ရေးပျက်ရင်လည်း အကြောဆေးထိုးကြတယ်။ ထိုးပေးဖို့လည်း တောင်းဆိုကြတယ်။ အကြောဆေးမထိုးရင်ဘဲ ရောဂါမပျောက်သလို ထင်ကြတာလဲရှိ…အကြောဆေးထိုးတာကို စွဲနေသူတွေတောင်ရှိကြပါတယ်..။ တကယ်တော့ အကြောဆေးထဲမှာ ဂလူးကို့စ်အရည်နဲ့ ဗီတာမင် ဘီ ဒါမှမဟုတ် ဗီတာမင်စီနည်းနည်းပဲပါတာပါ..။ ပုလင်း ကြီးချိတ်တယ်ဆိုတဲ့ […]


အခြေခံကျန်းမာရေး

Benign essential tremor (တုန်ခါခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်။Essential tremor ဆိုတာဘာလဲ။ Essential tremorဆိုသည်မှာ ခန္ဓါကိုယ်ရှိအစိတ်အပိုင်းများတွင် ထိန်းမရအောင်တုန်ခါမှုနေစေသည့် အာရုံကြောရောဂါတခုဖြစ် သည်။ အဖြစ်များသောအစိတ်အပိုင်းများတွင် လက်များ၊လက်မောင်း၊ခေါင်း၊အသံအိုး၊လျှာနှင့်မေးစေ့တို့ပါဝင်သည်။ ခန္ဓါကိုယ်အောက်ပိုင်းတွင် ဖြစ်ပွားခဲသည်။ ထိုရောဂါသည် အသက်ဘေးရန်ကိုမထိခိုက်စေသော်လည်း အချိန်ကြာလာသည်နှင့်အမျှပိုဆိုးလာတတ်သည်။ တခါတရံတွင် ပါကင်ဆန် ရောဂါနှင့်မှားယွင်းနိုင်သည်။ Essential tremor ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အမေရိကန်ရှိ လူဆယ်သန်းမှာ ဒီရောဂါရှိပါတယ်။ အဖြစ်များဆုံးသောရောဂါတခုဖြစ်ပါတယ်။ အသက်အရွယ်မျိုးစုံမှာ ဖြစ်ပွားနိုင်ပေမယ့်မြှီးကောင်ပေါက်အရွယ်(သို့)အသက်40-50များတွင် ပထမဦးဆုံးအကြိမ်အဖြစ်မကြာခဏဖြစ်ပွားနေတာတွေ့ရပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။Essential tremor ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Essential tremor ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ယာယီမျှ ထိန်းချုပ်မရအောင် တုန်နေခြင်း အသံတုန်ခြင်း ခေါင်းတဆက်ဆက်ငြိမ့်သွားခြင်း စိတ်ပိုင်းဆိုင်ရာဖိစီးမှုများချိန်တွင် ပို၍ဆိုးဝါးစွာ တုန်ခါခြင်း မိမိမှ စိတ်သဘောဆန္ဒဖြင့်လှုပ်ရှားလိုက်လျှင်ပို၍ဆိုးဝါးစွာ တုန်ခါလာခြင်း ထိုသို့တုန်ခါမှုများသည်နားလိုက်လျှင်သက်သာသွားခြင်း မိမိကိုယ်ကို ငြိမ်အောင်မထိန်းနိုင်ခြင်း(ရှားပါးသည်) အလိုလို ခေါင်းငြိမ့်ခြင်း (သို့)ခေါင်းခါခြင်း စိတ်ဖိစီးမှု၊ပင်ပန်းနွမ်းနယ်ခြင်း၊ကဖီးန်ဓါတ်(သို့)အစွန်းရောက်နေသော အပူချိန်များကြောင့်လည်း ပိုမိုဆိုးဝါးစေနိင်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ […]


ရောဂါလက္ခဏာများ

Water retention (ဖောခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်။Water retention ဆိုတာဘာလဲ။ Water retention ဆိုသည်မှာ ခန္ဓါကိုယ်ရှိ သွေးလည်ပတ်မှုစနစ်၊ တစ်ရှူးများ၊ သို့မဟုတ် အခေါင်းပေါက်နေရာလေးများထဲတွင် အရည်များ ပိုလျှံစုပုံလာခြင်း ဖြစ်ပါတယ်။ ဖေါခြင်း ဟုလည်းခေါ်ကြပါတယ်။ ခန္ဓါကိုယ်ရဲ့ မည်သည့်နေရာတွင်မဆို အကြောင်းအမျိုးမျိုးကြောင့် ဖေါနိုင်ပါတယ်။   Water retention ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။Water retention ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Water retention ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အရည်များစုပြုံနေသော ခန္ဓါကိုယ်၏ အစိတ်အပိုင်း များ တွင် ဖေါင်းကားလာပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။     ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ (ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ (တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Drug overdose (ဆေးလွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Drug overdose ဆိုတာဘာလဲ။ Drug overdose ဟာ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မတော်တဆ မူးယစ်ဆေး အသုံးလွန်သွားခြင်းဖြစ်သည်။ ဆေးပညာအရ ညွှန်းဆိုထားသော ပမာဏထက် ကျော်လွန်ပြီး အသုံးပြုပါက ဖြစ်တတ်ပါတယ်။ သို့သော် အချို့လူများတွင် ထိုပမာဏ မကျော်လွန်သော်လည်း သူတို့အတွက် အန္တာရာယ် ဖြစ်သော အခြေအနေသို့ရောက် သွားနိုင်ပါတယ်။     မူးယစ်ဆေးကို ပမာဏ များစွာသုံးစွဲခြင်း ဖြင့် ခန္ဓါကိုယ်မှ ထိုဆေးများကို လျှင်မြန်စွာ လိုက်မချေဖျက်နိုင်ပါက နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရစေနိုင်ပါတယ်။   လူတွေဟာ မူးယစ်ဆေး အသုံးလွန်သွားပါက ပုံစံ မျိုးစုံ တုံ့ပြန်ကြပါတယ်။ ကုသမှုက ဝေဒနာရှင်ပေါ်မူတည်ပါတယ်။   မူးယစ်ဆေး အသုံးလွန်သွားခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ မူးယစ်ဆေး အသုံးလွန်သွားခြင်းဟာ အလွန်အဖြစ်များပါတယ်။ ကလေး၊ ဆယ်ကျော်သက်နှင့် လူငယ်တွေမှာ ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ […]


ဆေးစစ်ချက်များ

Sperm Penetration Tests (သုတ်ပိုးဖောက်ဝင်နိုင်မှုစစ်ဆေးခြင်း)

အခြေခံအချက်များသုတ်ပိုးဖောက်ဝင်နိုင်မှုစမ်းသပ်ခြင်းဆိုတာ ဘာလဲ အမျိုးသားတဦးရဲ့ သုတ်ပိုးဟာ သားအိမ်ခေါင်းထိပ်က အချွဲများနဲ့ သားဥပြွန်ကို ဖြတ်သန်းသွားနိုင်ပြီး မမျိုးဥနဲ့ ပေါင်းစပ်သွားနိုင်ခြင်း ရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ စုံတွဲများ ကိုယ်ဝန်မဆောင်နိုင်ရင် စစ်ဆေးခြင်း ဖြစ်ပါတယ်။ စစ်ဆေးနည်းမျိုးစုံရှိပါတယ်။ အချွဲများကို ဖြတ်သန်းနိုင်မှုရှိမရှိ စစ်ဆေးခြင်း သားအိမ်ခေါင်းဝန်းကျင်က အချွဲများကို ဖြတ်သန်းနိုင်မှု ရှိမရှိ စစ်ဆေးပါတယ်။ ဒီနည်းကို သိပ်တော့ မပြုလုပ်ပါဘူး။ တခြားနည်းလမ်းတွေကနေ အချက်အလက် ပိုသိရလို့ ဖြစ်ပါတယ်။ သုတ်ပိုးဖောက်ဝင်မှုစစ်ဆေးခြင်း ဟမ်းစတား စစ်ဆေးနည်းလို့ ခေါ်ပါတယ်။ ယေက်ျားသုတ်ပိုးဟာ ဟမ်းစတားကြွက်ဥနဲ့ ပေါင်းစပ်နိုင်မှု ရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဓါတ်ခွဲခန်းမှာ သုတ်ပိုးနဲ့ ဟမ်းစတားကြွက်ဥနဲ့ ပေါင်းစပ်ပြီး ဥထဲကို ဖောက်ဝင်နိုင်တဲ့ သုတ်ပိုးအရေအတွက်ကို မှတ်တမ်းတင်ပါတယ်။ ဖန်ပြွန်သန္ဓေသား ပြုလုပ်ပေးတဲ့ ဆေးရုံတွေမှာ အများဆုံး ပြုလုပ်တတ်ပါတယ်။ သုတ်ပိုးဖောက်ဝင်နိုင်မှု စမ်းသပ်ခြင်း ဘယ်အချိန်မှာ ပြုလုပ်သလဲ အောက်ပါအခြေအနေတွေမှာ ပြုလုပ်ပါတယ်။ ကိုယ်ဝန်မဆောင်နိုင်ရခြင်း၏ အကြောင်းအရင်းကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Familial Mediterranean fever

အဓိပ္ပါယ်ဖွင့်ဆိုချက်Familial Mediterranean fever ကဘာလဲ။ Familial Mediterrannean Fever ဆိုတာ မကြာခဏ ဖျားပြီး အဆစ်အမြစ်၊ အဆုတ် နဲ့ ဝမ်းဗိုက်ပိုင်းများ ရောင်ရမ်းတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ Familial Mediterranean fever က ဘယ်လောက်အဖြစ်များသလဲ Familial Mediterrannean Fever ဆိုတာ မျိုးရိုးလိုက်တတ်ပြီး Mediterranean မျိုးနွယ်စုများဖြစ်တဲ့ Sephardic Jews, Arabs, Greeks, Italians, Armenians and Turks တွေမှာပိုမို တွေ့ရတတ်ပါတယ်။ အခြားသော လူမျိုးစုတွေမှာလည်း တွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ အနည်းငယ်ပိုမိုဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများFamilial Mediterranean fever ရဲ့လက္ခဏာတွေကဘာတွေလဲ Familial Mediterrannean Fever ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Familial Mediterrannean […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း