အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

Malabsorption Syndrome (အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ဆိုတာ ဘာလဲ။ အစားအစာတွေမှာပါဝင်တဲ့ အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အူနံရံကတဆင့် သွေးထဲရောက်အောင် စုပ်ယူနိုင်စွမ်းအားနည်းတဲ့ ရောဂါစုကို ဆေးပညာအရ Malabsorption syndrome လို့ ခေါ်ပါတယ်။   အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများအာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဒီရောဂါစုရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ ဝမ်းထဲ နေမထိထိုင်မသာဖြစ်ခြင်း၊ လေပွခြင်း၊ ဗိုက်ကယ်ခြင်း မကြာခဏ ဝမ်းလျှောခြင်း အနံ့မကောင်းသည့် အရည်ဝမ်းသွားခြင်း ဝမ်းအရောင်ဖျော့ခြင်း ရေလောင်းချသော်လည်း အိမ်သာခွက်တွင် ဝမ်းကပ်ကျန်နေခြင်း ကိုယ်အလေးချိန်ကျခြင်း အရေပြားအကြေးထသလို အဖုအပိမ့် အနီကွက်များထွက်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ အထက်ဖော်ပြပါ […]


အခြေခံကျန်းမာရေး

Nosocomial infections (hospital-acquired nosocomial infections) (နိုဆိုကိုမီရယ် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်နိုဆိုကိုမီရယ် ရောဂါပိုး ဆိုတာဘာလဲ။ နိုဆိုကိုမီရယ် ရောဂါတွေဟာ ဆေးရုံလိုမျိုးပတ်ဝန်းကျင်တွေကနေ ရရှိလာတာဖြစ်ပါတယ်။ ယခုအခါ နိုဆိုကိုမီရယ် ရောဂါကို ဆေးရုံမှရရှိသောရောဂါ/ကျန်းမာရေးစောင့်ရှောက်မှုမှရှိသောရောဂါ (HAI)လို့ ခေါ်ဝေါ်နေကြပါပြီ။ HAI လို့ခေါ်ဖို့ဆိုရင် ကျန်းမာရေးစောင့်ရှောင်မှုမခံယူခင် ထိုရောဂါမဖြစ်နေဖို့ လိုအပ်ပါတယ်။ HAI အတွေ့ရများဆုံး လူနာဆောင်ကတော့ အထူးကြပ်မတ်ကုသဆောင် (ICU) ပဲဖြစ်ပါတယ်။   HAI ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ဆေးရုံတက်သူ၁၀ယောက်မှာ ၁ယောက်နှုန်း HAI ဖြစ်ပွားလျှက်ရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများHAI ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ HAI ခေါ်ဖို့အတွက် အောက်ပါတို့ဖြစ်ရပါမယ်။ ဆေးရုံတက်ပြီး ၄၈နာရီအတွင်း ဆေးရုံဆင်းပြီး ၃ရက်အတွင်း ခွဲစိတ်ပြီး ရက်၃၀အတွင်း ပိုးဝင်ခြင်းကြောင့်မဟုတ်ဘဲ အခြားသောရောဂါဖြင့် ဆေးကုသမှုခံယူနေခြင်း HAI ရဲ့ ရောဂါလက္ခဏာတွေက အမျိုးအစားအလိုက်ကွဲပြားပါတယ်။ အဖြစ်များဆုံး HAI အမျိုးအစားတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ခွဲစိတ်ထားတဲ့နေရာပိုးဝင်ခြင်း အစာအိမ်နှင့်အူလမ်းကြောင်းရောင်ခြင်း ဦးနှောက်အမြှေးပါးရောင်ခြင်း အဆုတ်ရောင်ခြင်း ထိုပိုးဝင်ခြင်းတို့အတွက်ရောဂါလက္ခဏာတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။ ဒဏ်ရာမှသွေးထွက်ခြင်း ဖျားခြင်း ချောင်းဆိုးခြင်း၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Poland syndrome

အဓိပ္ပါယ်ဖွင့်ဆိုချက်Poland syndrome ဆိုတာဘာလဲ။ Poland syndrome ကို 19ရာစုက British anatomist Sir Alfred Poland က ပထမဆုံးဖော်ပြခဲ့တာဖြစ်ပါတယ်။ Poland syndrome ဆိုတာ မွေးကတည်းက ကိုယ်ခန္ဓါတစ်ဖက်ခြမ်းတည်းပဲမှာပဲ ထူးခြားစွာပုံစံမမှန်မှုအနေနဲ့ မွေးဖွားလာခြင်းဖြစ်ပါတယ်။ Poland syndrome ကို ခန္ဓါကိုယ်ရဲ့တစ်ဖက်ခြမ်းတည်းမှာရင်ဘတ်က ကြွက်သားဖြစ်တဲ့ pectoralis ကြွက်သားမပါခြင်း၊ နောက်ပြီး အဲ့တစ်ဖက်တည်းမှာပဲလက်ချောင်းလေးတွေက ဆက်နေခြင်းကို တွေ့ရပါတယ်။ Poland syndromeဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဆေးပညာစာပေများအရ တင်ပြချက်များအရ Poland Syndrome ဟာ အမျိုးသားတွေက အမျိုးသမီးတွေထက် သုံးဆပိုပြီးဖြစ်တယ်တွေ့ရတယ်လို့ဆိုပါတယ်။ ခန့်မှန်းချက်အရကတော့ အနီးစပ်ဆုံးကတော့ အယောက်တစ်သောင်းမှာ တစ်ယောက်နဲ့ အယောက်တစ်သိန်းမှာ တစ်ယောက်လို့အသစ်အသစ်တွေ့တဲ့ အခြေအနေအရတင်ပြထားပါတယ်။ Poland syndrome ဟာ ၇၅% လောက်က ခန္ဓါကိုယ်ရဲ့ညာဘက်အခြမ်းကို ပိုပြီးဖြစ်စေပါတယ်။ […]


အခြေခံကျန်းမာရေး

Proteus syndrome

အဓိပ္ပါယ်ဖွင့်ဆိုချက်Proteus syndromeဆိုတာဘာလဲ။ Proteus syndrome ဆိုတာ သင့်ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုမှာ ပိုမိုပြီးကြီးထွားနေတဲ့လက္ခဏာကို ဆိုလိုပါတယ်။ ဒီလို ကြီးထွားမှုဟာ များသောအားဖြင့် မညီညာပါဘူး။ ဆိုလိုတာက ဘယ်ဘက်နဲ့ညာဘက် မှာ ဖြစ်တာခြင်းက ကွဲပြားပါတယ်။ Proteus syndromeဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Proteus syndrome ဆိုတာ အရမ်းကို ရှားတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဆေးပညာ စာပေတွေအရ ဒီရောဂါဟာ လူနာပေါင်း အယောက်၂၀၀လောက်မှာဖြစ်ဖူးတယ်လို့ ဖော်ပြထားပြီး လူမျိုးမရွေးဖြစ်ကြတယ်လို့ ဆိုထားပါတယ်။ သို့သော်လည်း လေ့လာသူတွေကတော့ proteus syndrome ရှိတဲ့လူနာတွေမှာ သေချာ စမ်းသပ်မှုတွေပြုလုပ်တဲ့အခါမှာ လူအယောက်၁၀၀လောက်ကသာ ဒီရောဂါနဲ့ကိုက်ညီတယ်လို့ဆိုကြပါတယ်။ Proteus syndrome ရဲ့ ရောဂါကို နာမည်တပ်ဖို့ရာအတွက် ခက်ခဲတာကြောင့် တစ်ချို့သောလူတွေမှာ ရောဂါရှာဖို့ အမည်တပ်ဖို့ အရမ်းခက်ခဲနိုင်ပါတယ်။ ဒီ ရောဂါမရှိပဲနဲ့လည်း ဒီရောဂါဆိုပြီး […]


အခြေခံကျန်းမာရေး

Von Willebrand disease (ဗွန်ဝီလီဗရန် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဗွန်ဝီလီဗရန် ရောဂါ ဆိုတာဘာလဲ။ ဗွန်ဝီလီဗရန် ရောဂါဆိုတာ သွေးမှန်မှန်မခဲတဲ့ ရောဂါပါ။ မွေးရာပါချို့ယွင်းချက်နေအနေနဲ့ ပါလာပြီး ရောဂါရှိကြောင့်လက္ခဏာတွေကိုလည်း နှစ်ပေါင်းများစွာ မပြသဘဲရှိတတ်ပါတယ်။ သွားဆေးခန်းသွားပြီ သွားဘက်ဆိုင်ရာခွဲစိတ်မှုပြုလုပ်ချိန်၊ မိန်းတွေဆိုရင် ရာသီလာချိန်တွေရောက်မှသာ သွေးများစွာထွက်ပြီး မရပ်တန့်တော့တာတွေကြောင့် ဗွန်ဝီလီဗရန် ရောဂါရှိမှန်း သိရှိကြရပါတယ်။ ဗွန်ဝီလီဗရန် ရောဂါဆိုတာ မွေးရာပါရောဂါတစ်မျိုးပါ။ သွေးခဲမှုဖြစ်စဉ်မှာအရေးကြီးတဲ့ ပရိုးတင်းထုတ်လုပ်မှုအတွက် တာဝန်ရှိသော မျိုးရိုးဗီမှာ ချို့ယွင်းမှုပေါ်ခြင်းကြောင့်ဖြစ်ပါတယ်။ ဗွန်ဝီလီဗရန် ရောဂါဟာ ပျောက်ကင်းအောင် ကုသလို့မရပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့နည်းလမ်းတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေနဲ့ဆိုရင် သာမန်ဘဝတစ်ခုအနေနဲ့ နေထိုင်သွားနိုင်ကြမှာပါ။ ဗွန်ဝီလီဗရန် ရောဂါဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဗွန်ဝီလီဗရန် ရောဂါဖြစ်ပွားနှုန်းက လူအယောက်၁၀၀မှာ ၁ယောက်ပါ။ ဒါပေမယ့်လည်း ရောဂါရှိသူအများစုက ရောဂါလက္ခဏာတွေ မပြကြပါဘူး။ ကုသရေးမှာ တွေ့ရှိတဲ့လူနာအရေအတွက်နဲ့ဆိုရင် လူအယောက်၁၀၀၀မှာ ၁ယောက်နှုန်းဖြစ်သွားပါတယ်။ ထိုရောဂါအများစုက သိပ်မပြင်းထန်ကြတာကြောင့် အမျိုးသမီးတွေမှာပဲ ရာသီလာချိန်နဲ့ကိုက်ပြီး တွေ့ရှိကြတာပိုများပါတယ်။ သွေးအုပ်စု’အို’ဆိုရင်လည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Weill-Marchesani syndrome (ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်း ဆိုတာဘာလဲ။ ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းဆိုတာ မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ရရှိတဲ့ တွယ်ဆက်တစ်ရှုးရောဂါတစ်မျိုးဖြစ်ပြီး မျက်လုံးတွင်းမှန်မကောင်းခြင်း၊ အရပ်ပုခြင်း၊ ခေါင်းတိုပြီးပြားခြင်းနှင့် အဆစ်တောင့်ခြင်းတို့ပါဝင်ပါတယ်။   ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းဆိုတာ အရမ်းရှားတဲ့ရောဂါတစ်မျိုးပါ။ ဖြစ်ပွားနှုန်းက တစ်သိန်းမှာ တစ်ယောက်နှုန်းဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   ရောဂါလက္ခဏာများဝိုင်းလ်မာခီဆနီ ဆင်ဒရုန်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ အရပ်ပုခြင်း – ဒါပေမယ့် လက်၊ခြေထောက်၊ခန္ဓါကိုယ်နဲ့ ဦးခေါင်းအရွယ်အစားတို့ဟာ အရပ်အမြင့်နဲ့ အချိုးကျနေရပါမယ်။ အရွယ်ရောက်ပြီးယောက်ျားတစ်ယောက်အရပ်ဟာ ၄ပေ၈လက်မကနေ ၅ပေ၆လက်မ လောက်ရှိရမယ်ဖြစ်ပြီး အရွယ်ရောက်ပြီးမိန်းမတစ်ယောက်အရပ်ကတော့ ၄ပေ၃လက်မကနေ ၅ပေ၂လက်မလောက်ရှိရပါမယ်။ လက်ချောင်းတိုခြင်း အဆစ်တောင့်ခြင်း မျက်လုံးပြဿနာများရှိခြင်း – ကလေးဘဝမှာတည်းက တွေ့ရှိပြီး မျက်လုံးတွင်းမှန်သေးခြင်း၊ အဝေးအလွန်မှုန်ခြင်း၊ မျက်လုံးတွင်းမှန်နေရာမမှန်ခြင်းနှင့် အတွင်းတိမ်ဖြစ်ခြင်းတို့ပါဝင်ပြီး အမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အဆုတ်သွေးကြောအဆို့ရှင်ကျဉ်းခြင်း၊ Ductus arteriosus ကျန်ရှိနေခြင်းတို့လိုမျိုး နှလုံးပြဿနာများရှိခြင်း ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းလူနာတွေဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Weismann-Netter-Stuhl syndrome (ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်း ဆိုတာဘာလဲ။ ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းဆိုတာ အရိုးတွင် မူမမှန်မှုများစွာဖြစ်သော အလွန်ရှားပါးသည့် မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်ပါတယ်။ ခြေသလုံးရိုး၂ခုမှာ လေးကိုင်းသဏ္ဍန်ဖြစ်နေပါမယ်။ တချို့လူတွေမှာ နံရိုး၊ တင်ပဆုံရိုး၊ ကျောရိုးနဲ့ လက်ရိုးတို့လိုမျိုး အခြားအရိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းဟာ တော်တော်ရှားတဲ့ အရိုးရောဂါတစ်မျိုးဖြစ်ပြီး ယောက်ျားလေးနဲ့ မိန်းကလေးဖြစ်ပွားနှုန်းတူညီကြပါတယ်။ ၁၉၅၄မှာစတင်တွေ့ရှိပြီး လူအယောက်၇၀လောက် ဖြစ်ပွားပြီးပြီလို့ မှတ်တမ်းတင်ထားပါတယ်။ ဒါပေမယ့်လည်း ထိုရောဂါမျိုးဟာ ရှာဖွေရခက်ခဲတာကြောင့် လူထုထဲမှာဘယ်လောက်နှုန်းနဲ့ ဖြစ်ပွားနေတယ်ဆိုတာကို ဆုံးဖြတ်ရအဆင်မပြေပါဘူး။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ ခြေသလုံးရိုး၂ချောင်း လေးကိုင်းသဏ္ဍန်ကွေးနေခြင်း ပေါင်ရိုးကွေးခြင်း ကိုယ်ကာယစွမ်းရည်ကို သိပ်မထိခိုက်တာကြောင့် ကလေးအရွယ်ရောက်တာတောင် မသိဘဲရှိနေတတ်ပါတယ်။ အရိုးကွေးတာတွေက ၂ဖက်လုံးမှာဖြစ်တတ်ပြီး တစ်ဖက်တည်းဖြစ်တာတော့ ရှားပါတယ်။ ခြေသလုံးရိုး တီဘီယာမှာ အတက်ထွက်နိုင်ပြီး ဓါတ်မှန်ဖြင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Xeroderma pigmentosum (ဇီရိုဒါးမားပစ်မမ်တိုစမ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဇီရိုဒါးမားပစ်မမ်တိုစမ် ဆိုတာဘာလဲ။ ဇီရိုဒါးမားပစ်မမ်တိုစမ် (XP) ဆိုတာ နေရောင်ခြည်မှလာသော ခရမ်းလွန်ရောင်ခြည်ကို မခံနိုင်သောမွေးရာပါ အရေပြားရောဂါတစ်မျိုးပါ။ များသောအားဖြင့် နေရောင်ခြည်ဖြင့်ထိတွေ့သော နေရာတွေမှာ ဖြစ်တတ်ပါတယ်။ အရေပြား၊ မျက်ခွံနဲ့ မျက်လုံးမျက်နှာပြင်တို့က အထိခိုက်ဆုံးနေရာများဖြစ်သော်လည်း လျာထိပ်ကိုလည်း ထိခိုက်နိုင်ပါတယ်။ တချို့တွေမှာ အာရုံကြောတွေမှာ ထိခိုက်ခံရနိုင်ပါတယ်။ ဇီရိုဒါးမားပစ်မမ်တိုစမ်ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ XP ဟာ ယောက်ျားလေးကော မိန်းကလေးပါ ဖြစ်ပွားနိုင်ခြေတူပါတယ်။ ထိုရောဂါနဲ့ သက်ဆိုင်တဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေကို နေရာဒေသအချို့မျာ တွေ့ရှိရပါတယ်။ ထိုနေရာဒေသတွေမှာ XP ဖြစ်ပွားနှုန်းမြင့်မားကြပါတယ်။ အမေရိကန်နဲ့ ဥရောပတိုက်တို့မှာဆိုရင် ရောဂါဖြစ်ပွားနှုန်း လူ၁၀သိန်းမှာ ၁ယောက်ပါ။ ဂျပန်မှာဆိုရင် ပိုဖြစ်ကြပြီး ဖြစ်ပွားနှုန်းက အယောက် ၂သောင်း၂ထောင်မှာ ၁ယောက်ပါ။ မြောက်အာဖရိကဒေသများ (ဥပမာ တူနီးရှား၊ အယ်ဂျီးရီးယား၊ မော်ရိုကို၊ လစ်ရာ၊ အီဂျစ်)နဲ့ အရှေ့အလယ်ပိုင်းဒေသများ (ဥပမာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Carney complex (Carney ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Carney ရောဂါစု ဆိုတာ ဘာလဲ။ Carney ရောဂါစုဆိုတာ ရှားပါးတဲ့ မျိုးဗီဇဆိုင်ရာ ရောဂါစုတစ်ခုဖြစ်ပြီး ၎င်းရဲ့ဝိသေသလက္ခဏာတွေကတော့ အရေပြားမှာ အစက်အပြောက်များ ဖြစ်ပေါ်ခြင်း၊ ခန္ဒါကိုယ်မှာ lentiginosis ခေါ် အမည်းရောင် သို့မဟုတ် အညိုရောင် အစက်အကွက်များ နေရာအနှံ့ဖြစ်ပေါ်ခြင်း၊ အရေပြားနှင့် နှလုံးမှာ (များသောအားဖြင့် ကင်ဆာမဟုတ်တဲ့) myxoma ခေါ် အကျိတ်များ ဖြစ်ပေါ်ခြင်း၊ ကင်ဆာမဟုတ်တဲ့ တွယ်ဆက်တစ်ရှူးအကျိတ်များ ဖြစ်ပေါ်ခြင်း၊ schwannoma ခေါ် အာရုံကြောအပေါ်လွှာအကျိတ်များ ဖြစ်ပေါ်ခြင်း၊ endocrine ဂလင်းတွေမှာ ကင်ဆာ သို့မဟုတ် ကင်ဆာမဟုတ်တဲ့အကျိတ်များ ဖြစ်ပေါ်ပြီး ၎င်းဂလင်းများ ပုံမှန်ထက်ပိုအလုပ်လုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီရောဂါစုကို multiple neoplasia ရောဂါစုလို့လည်း ခေါ်ကြပြီး Carney’s Triad ရောဂါနဲ့ မတူညီပါဘူး။ Carney ရောဂါစုကို ၎င်းကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို […]


အခြေခံကျန်းမာရေး

Jervell and Lange Nielsen syndrome (Jervell and Lange Nielsen syndrome)

အဓိပ္ပါယ်ဖွင့်ဆိုချက်Jervell and Lange Nielsen syndrome ဆိုတာဘာလဲ။ Jervell and Lange Nielsen syndrome ဆိုတာအရမ်းကိုရှားတဲ့ မျိုးရိုးလိုက်တဲ့ ရောဂါအခြေအနေတစ်ခုဖြစ်ပြီး သူ့ရဲ့ရောဂါလက္ခဏာတွေကတော့ မွေးရာပါ နားမကြားခြင်းနဲ့နှလုံးရဲ့ electrical activity တွေကို ပုံမမှန်ဖြစ်စေပါတယ်။ Jervell and Lange Nielsen syndromeဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Jervell and Lange Nielsen syndrome ဟာလုံးဝကိုအတွေ့ရမများပါဘူး။ ယောက်ကျားနဲ့မိန်းမ အားလုံးကို ညီတူညီမျှသာ အကျိုးသက်ရောက်စေပါတယ်။ သို့သော်အမျိုးသမီးတွေကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိကြီးမဖြစ်တတ်ကြပါဘူး။ တစ်သိန်း မွေးပါက ၁ယောက်မှ ၆ယောက်ထိဖြစ်နိုင်ပါတယ်။ ပိုပြီး အဖြစ်များတဲ့နိုင်ငံတွေကတော့ နော်ဝေးတို့ ဆွီဒင်တို့ဖြစ်ပါတယ်။ အခြားသောအချက်အလက်များကို သိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။   ရောဂါလက္ခဏာများJervell and Lange Nielsen syndromeရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ JLNS ရဲ့ရောဂါလက္ခဏာတွေဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း