အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ကဖင်းဓါတ်ကို ရှောင်နိုင်ရင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရလာမလဲ။ ။

ဒီဆောင်းပါးလေးရဲ့ ခေါင်းစဉ်ကို မြင်လိုက်တာနဲ့ ငါတို့ကို ကဖင်းဓါတ် လုံးဝဖြတ်ခိုင်းတော့မှာ။ ကဖင်းဓါတ်ရဲ့ မကောင်းတဲ့အကြောင်းတွေ တန်းစီပြီးပြောတော့မယ်လို့တော့ မထင်လိုက်ပါနဲ့။ ကဖင်းဓါတ်ဆိုတာကလည်း လုံးဝကို မကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် အရမ်းကြီးကောင်းတဲ့ အထဲမှာလည်း မပါတာကြောင့် ဒီဆောင်းပါးထဲမှာ ကဖင်းဓါတ်ကို ရှောင်ရင် ရနိုင်တဲ့ ကောင်းကျိုးတွေ အကြောင်းပြောပြပေးချင်တာပါ။ ကဖင်းဓါတ်ဆိုတော့ အဓိကက ကော်ဖီနဲ့ အားပြည့်အချိုရည် တွေကို ရှောင်ဖို့ပေါ့ ။ ။ ကဖင်းဓါတ်ကို မမှီဝဲတာကြောင့် ရလာနိုင်တဲ့ ကောင်းကျိုးတွေ ။ ။ စိုးရိမ်ပူပန်မှု လွန်ကဲတာတွေ လျော့ပါးသွားပါလိမ့်မယ် - ကဖင်းဓါတ်က လူကို လန်းဆန်းစေတဲ့ ဓါတ်တစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိပြီးကြမှာပါ။ ဒီလို လန်းဆန်း စေတဲ့ အာနိသင်ကြောင့် သူဟာ လူကိုတက်ကြွစေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ “fight or flight” […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကားကြပ်တဲ့ နေရာမှာ ကားမောင်း နေရတဲ့သူတွေ ဒီလိုကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်နော်

ကားမောင်း တယ်ဆိုတာ လူတချို့အတွက် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုဖြစ်ပြီး တချို့တွေ အတွက်တော့ ကိုယ်အသက်မွေးတဲ့ အလုပ်မဟုတ်ပေမယ့်လည်း မြို့ကြီးပြကြီးရဲ့ ကားကြပ်တဲ့ ဒဏ်ကြောင့် ကားကို အကြာကြီး မမောင်းချင်ဘဲ မောင်းနေရတဲ့သူတွေရှိပါတယ်။ ဒီလို ကားကို အကြာကြီးမောင်းတာဟာ သင့်ကျန်းမာရေးကို တဖြည်းဖြည်းနဲ့ ယိုယွင်းလာစေတယ်ဆိုတာ သင်သိပါသလား။ ၁ ရက်၂ ရက် ဆိုကိစ္စမရှိပေမယ့် နေ့စဉ် ရက်ဆက်ကျတော့ သင့်ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အပိုင်းတွေရှိလာတာပေါ့။ အဲဒါတွေက ဘာတွေလဲ။ အချိန်အကြာကြီး ကားမောင်း တာကြောင့် ထိခိုက်လာမယ့် သင့်ကျန်းမာရေး အခြေအနေ ကားထဲမှာ တစ်ချိန်လုံ အကြာကြီးထိုင်နေရတာကြောင့် ကိုယ်လက်လှုပ်ရှားမှု ဆိုတာ သင့်နဲ့ အဝေးကြီးမှာပါ ။ လူတိုင်း ကိုယ်လက်လှုပ်ရှားမှုရဲ့ အရေးကြီးပုံကို သိကြမှာပါ။ ဒါပေမယ့် ဒီလို ကိုယ်လက်လှုပ်ရှားမှုကို မရှိတဲ့ […]


ကျန်းမာရေး သတင်းများ

ဇင့်ဓါတ် ချို့တဲ့ရင်လည်း သွေးတိုးနိုင်တယ်

ဇင့်ဓါတ်ချို့တဲ့မှုနဲ့သွေးတိုးရောဂါကြားမှာ ဆက်နွှယ်မှုရှိနေတာကိုသုတေသနလေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကသွေးတိုးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ရှိနေသူတွေအတွက် ကြိုတင်ကာကွယ်နိုင်မယ့်လမ်းစတစ်ခုလည်းဖြစ်ပါတယ်။ အဖြစ်များဆုံးကျန်းမာရေးပြဿနာတွေထဲပါဝင်နေတဲ့သွေးတိုးရောဂါဟာ ဇင့်ဓါတ်မလုံလောက်မှုနဲ့ဆက်နွှယ်နေတယ်ဆိုတာကို သုတေသီတွေက မကြာသေးခင်နှစ်တွေအတွင်းမှာ တွေ့ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်သွေးတိုးဖြစ်စေတဲ့အထဲမှာ ဇင့်ရဲ့အခန်းကဏ္ဍကို အတိအကျမထောက်ပြနိုင်ခဲ့ပါဘူး။ အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ နာတာရှည်ကျောက်ကပ်ရောဂါလိုမျိုးရောဂါတွေရှိတဲ့သူတွေဟာ ဇင့်ဓါတ်ချို့တဲ့မှုနဲ့သွေးတိုးရောဂါရှိတာများပါတယ်။ ကြွက်တွေကိုလေ့လာတဲ့အခါမှာတော့သွေးထဲမှာ ဇင့်ဓါတ်နည်းလာတာနဲ့ အငန်နည်းနည်းစားရုံနဲ့သွေးဖိအားမြင့်တက်စေတာတွေ့ရတာပါ။ မကြာသေးခင်က သုတေသနမှာ ဒီထက်ပိုတဲ့တွေ့ရှိမှုကိုAmerican Journal of Physiology–Renal Physiologyမှာဖော်ပြခဲ့ပါတယ်။ ကျောက်ကပ်နဲ့ သွေးတိုး သွေးတိုးကို ထိန်းချုပ်တဲ့နေရာမှာ ဆိုဒီယမ်စုပ်ယူမှုက အဓိကအရေးပါပါတယ်။ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တစ်ခုက ဆီးဖြစ်တော့မယ့် အရည်တွေထဲကနေ ဆိုဒီယမ်ကိုပြန်စုပ်ယူပြီး ခန္ဓါကိုယ်ထဲပြန်ပို့ပေးတာဖြစ်ပါတယ်။ အများအားဖြင့် ဆီးထဲမှာ ဆိုဒီယမ်နည်းနေပြီဆိုသွေးဖိအားမြင့်တက်ပါတယ်။ တကယ်တော့ကျောက်ကပ်လုပ်ဆောင်ချက်လွန်ကဲတဲ့အခါ ခန္ဓါကိုယ်ထဲပြန်ရောက်လာတဲ့ ဆိုဒီယမ်တွေများလာစေပြီး ဆီးကနေစွန့်ထုတ်တာနည်းမယ်၊သွေးတိုးတက်မယ်၊ ဒါပါပဲ။ သည်လိုလုပ်ဆောင်ချက်ပြောင်းလဲစေဖို့ပေါင်းစပ်လှုပ်ရှားစေတဲ့ ပရိုတင်းတွေအများကြီးရှိပါတယ်။ အင်ဇိုင်းတွေအပါအဝင် ပရိုတင်းအမျိုးအစားများစွာကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဇင့်ဓါတ်ဟာ ဒီအချက်မှာ လှုံ့ဆော်လုပ်ဆောင်ပေးတဲ့အရာတစ်ခုဖြစ်နေပါတယ်။ ဇင့်နဲ့ သွေးတိုး ကြွက်တွေကို အုပ်စုနှစ်ခုခွဲပြီး သုတေသနပြုလုပ်တဲ့အခါ တစ်စုကို ဇင့်ဓါတ်မပြည့်ဝတဲ့အစားအစာကျွေးတော့ သွေးဖိအားမြင့်တာတွေ့ရပြီး ဇင့်ဓါတ်အာဟာရတွေပြန်ဖြည့်လိုက်တဲ့အခါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူလျှပ် အန္တရာယ်ဒီလိုကာကွယ်ကြမယ်

လူတွေရဲ့ မဆင်မခြင်လုပ်ဆောင်မှုတွေကြောင့် ကမ္ဘာကြီးဟာ တစ်နှစ်ထက်တစ်နှစ် အပူချိန်တွေတိုးလို့ ရေခဲမြစ်တွေ အရည်ပျော်ကျနေပါပြီ။ ပူပြင်းလာတဲ့ အပူချိန်ကြောင့် နွေတာရှည်လာပြီး ဆောင်းနဲ့ မိုးကာလတွေက တိုတောင်းလာနေပါတယ်။ ဒီအချိန်မှာ အပူချိန်ကို မဖြစ်မနေအံတုဖို့ ပြင်ဆင်ထားရုံကလွဲလို့ ဘာမှမတ်သာတော့ပါဘူး။ ပူပြင်းတဲ့ နွေရာသီမှာ ခြောက်သွေ့မှုနဲ့အတူ ရောဂါတွေကလည်း အစုံအလင်ကို ပါလာတတ်တာပါ။ ဒီရောဂါတွေထဲမှာ အဖြစ်အများဆုံးက အပူလျှပ် တာပါ။ ကဲ HELLO ဆရာဝန်ပရိသတ်ကြီးရော အပူလျှပ်တာကို ဘယ်လိုများကာကွယ်မလဲ။ ဒီဆောင်းပါးလေးဖတ်ရင်း အပူလျှပ်တာကို တူတူ ကာကွယ်ကြရအောင်လေနော်။ အပူလျှပ် ခြင်း အပူလျှပ်တယ်ဆိုတာက ခန္ဓာကိုယ် အပူချိန် အရမ်းမြင့်တက်လာတာကြောင့်ပါ။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ်အပူချိန် မြင့်တက်တဲ့အခါမျိုးမှာ တွေကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Titanic ဇာတ်ကားထဲက မင်းသားက ဘယ်လိုပုံစံနဲ့ သေသွားတာပါလိမ့် ။ ။

တိုက်တန်းနစ်ကားကို လူတိုင်းကြည့်ဖူးကြမှာပါ။ အဲဒီကားထဲက မင်းသားက ရေခဲပင်လယ်ကြီးထဲမှာ အေးခဲပြီး သေသွားတာကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ မင်းသားက အေးနေတဲ့ ရေခဲပင်လယ်ထဲမှာ သေသွားဆိုတော့ ဒီလို ရေခဲမှတ်ကို ရောက်နေတဲ့ အအေးဓာတ်က အသက်ဆုံးရှုံးရလောက်တဲ့အထိ ဘယ်လို ပြဿနာတွေကို ဖြစ်စေလဲဆိုတာ အားလုံး တွေးမိကြရဲ့လား ။ ။ ခိုက်ခိုက်တုန်အောင် အေးတဲ့ အအေးက သင့်ကို ဘယ်လို အသက်ဆုံးရှုံးစေတာလဲ ။ ။ ကိုယ်ခန္ဓာမှာတော့ အပြင်က အအေးဓာတ်ကို ခံနိုင်ရည်ရှိအောင် တန်ပြန်တဲ့ စနစ်ရှိပေမယ့် ရေများရေနိုင် မီးများမီးနိုင်ဆိုတဲ့ စကားလေးကလည်းရှိတယ်မလား ။ ရှိတာမှ ဒီကိုယ်ခန္ဓာတစ်ခုတည်း အပြင်က ပတ်ဝန်းကျင်ကြီးက အကျယ်ကြီးလေနော်။ ဒီတော့ ရေခဲလောက်တဲ့ အအေးဓာတ်ကို ကိုယ်ခန္ဓါက အကြာကြီး ဘယ်တောင့်ခံနိုင်ပါ့မလဲနော်။ ဒီဆောင်းပါးလေးထဲမှာတော့ ခြေဖျားလက်ဖျားတွေ အေးတဲ့ အချိန်ကစလို့ နောက်ဆုံး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခေါင်းဦးရေပြားကို နှိပ်နယ်ပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ခန္ဓာကိုယ်အစိတ်အပိုင်းတွေတိုင်းမှာ သွေးကြောလေးတွေ ရှိနေပါတယ်။ ဒီသွေးကြောလေးတွေကို ကောင်းမွန်စွာစီးဆင်းစေနိုင်ဖို့အတွက် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းကောင်းလေးက နှိပ်နယ်ပေးတာပါပဲ။ အခုတစ်ခေါက်တော့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ ဦးခေါင်းရဲ့ ခေါင်းဦးရေပြားကို နှိပ်နယ်တာက ဘယ်လိုများကောင်းကျိုးတွေရစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေနော်။ ခေါင်းဦးရေပြားကို နှိပ်နယ်တာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ခေါင်းဦးရေပြားကို နှိပ်နယ်ပေးတာက ရုပ်ပိုင်းဆိုင်ရာတင်မကပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပေးပါတယ်။ သွေးတိုးကျစေနိုင်တယ် သွေးတိုးရောဂါက ကမ္ဘာပေါ်က လူသန်းပေါင်းများစွာ ခံစားနေရတဲ့ရောဂါတစ်ခုပါ။ သွေးတိုးရောဂါက အသံတိတ်လူသတ်သမားလို့တောင် အများကတင်စားထားတဲ့ရောဂါတစ်ခုပေါ့။ သွေးတိုးရောဂါက ရုတ်တရက်နှလုံးအမောဖောက်တာ၊ ကျောက်ကပ်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အညောင်းအညာလည်းပြေပြီး ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ဦးရေပြားနှိပ်နယ်မှုကို စမ်းသပ်ကြည့်သင့်ပါတယ်နော်။ အိပ်မပျော်တာကို သက်သာစေနိုင်တယ် အိပ်မပျော်တာ၊ အိပ်ရေးပျက်တာတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့ အခြေအနေပါ။ ခေါင်းဦးရေပြားကို နှိပ်နယ်ပေးမယ်ဆိုရင် ဦးရေပြားမှာသွေးစီးဆင်းမှု ကောင်းမွန်စေပြီး ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ အိပ်မပျော်တဲ့ညတွေကို နှုတ်ဆက်နိုင်ဖို့ ဦးရေပြားနှိပ်နယ်မှု […]


ရောဂါလက္ခဏာများ

အသားတွေယားတာက သတိပေးလက္ခဏာဖြစ်နေနိုင်ပါတယ်

အသားတွေယားတယ်။ မသန့်တာတစ်ခုခုနဲ့ထိမိပြီထင်တယ်။ တစ်ချိန်လုံးကုတ်နေရတယ်။ မတည့်တာများစားမိလို့လားလို့တွေးနေတာလား၊ အသားယားတာက လူတိုင်းကြုံရနိုင်တဲ့ပြဿနာတစ်ခုပါ။ ရာသီဥတုအေးမြခြောက်သွေ့မှုကြောင့် အသားယားနိုင်သလို ပိုးကောင်တစ်ကောင်ကောင်ကိုက်ခံရတာကြောင့်လည်း အသားယားနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အသားတွေယားယံတာက သာမန်ခပ်ပေါ့ပေါ့တွေးလို့မရတဲ့ အခြေအနေတစ်ခုပါ။ ရာသီဥတုေကြာင့်လည်းမဟုတ်ဘဲ အသားတွေက ယားနေတာဖြစ်မယ်ဆိုရင်တော့ ဒီအချက်တွေကြောင့်ဖြစ်နေနိုင်ပါတယ်။ သတိပြုနိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်။ အသားယားတာကရှေ့ပြေးလက္ခဏာတွေလေလား ကျောက်ကပ်ရောဂါ ကျောက်ကပ်ရောဂါခံစားရတဲ့အခါ အရေပြားယားယံတာကို ကြုံရနိုင်ပါတယ်။ကျောက်ကပ်ကသွေးတွင်းမှာရှိတဲ့ အညစ်အကြေးတွေကို စစ်ထုတ်ဖယ်ရှားပေးရတာပါ။ တကယ်လို့ကျောက်ကပ်က အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါသွေးတွင်းမှာ အညစ်အကြေးတွေစုပုံလာပြီး အသားယားယံတာမျိုး ခံစားရနိုင်ပါတယ်။ အသည်းရောဂါ အသည်းက စားသုံးလိုက်တဲ့ အစားအစာတွေမှာပါတဲ့ အဆိပ်အတောက်တွေ၊ ဓါတုပစ္စည်းတွေ၊ဆေးဝါးတွေနဲ့ အယ်လ်ကိုဟောတို့မှာ ပါဝင်နေတဲ့ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့အရာတွေကို စစ်ထုတ်ဖယ်ရှားပေးတာပါ။ အသည်းက သည်းခြေရည်ကိုထုတ်ပေးပြီး အစာခြေစနစ်ကောင်းကောင်းလည်ပတ်စေဖို့လည်းထောက်ပံ့ပေးပါသေးတယ်။ အသည်းကကောင်းကောင်းအလုပ်မလုပ်တဲ့အခါသည်းခြေရည်တွေက စုပုံလာပြီး အရေပြားမှာယားယံမှုတွေဖြစ်ပေါ်စေပါတယ်။ သိုင်းရွိုက်ရောဂါ သိုင်းရွိုက်ဂလင်းက ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကောင်းကောင်းလည်ပတ်နိုင်စေဖို့ အဓိကအခန်းကနေပါဝင်လုပ်ဆာင်ပေးနေတာပါ။ တကယ်လို့ သိုင်းရွိုက်ဂလင်း ကဟော်မုန်းတွေကိုူ အလွန်အကျွံထုတ်လုပ်တဲ့အခါမျိုးမှာဖြစ်ဖြစ် လုံလောက်အောင် မထုတ်တဲ့အခါမျိုးမှာဖြစ်ဖြစ် ခန္ဓါကိုယ်ရဲ့ လုပ်ငန်းစဉ်တွေက […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်ဂလင်းတွေ ကျန်းမာစေဖို့

ဒီတစ်ခေါက်မှာတော့ စာဖတ်ပရိသတ်ကြီးအတွက် ခန္ဓါကိုယ်ကျန်းမာဖို့ အရေးပါတဲ့ သိုင်းရွိုက်ဂလင်းလေးအကြောင်းပြောပြပေးချင်ပါတယ်နော်။ သိုင်းရွိုက် ဂလင်းဆိုတာ သိုင်းရွိုက်ဂလင်းဆိုတာက အရေးပါတဲ့ဟော်မုန်းဂလင်းတစ်ခုပါ။ လည်ပင်းရဲ့ အရှေ့ပိုင်း အသံအိုးအောက်ဘက်မှာရှိပြီး လိပ်ပြာပုံစံရှိတဲ့ ဂလင်းတစ်ခုပါ။ ဒီသိုင်းရွိုက်ဂလင်းက ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတော်တော်များများကောင်းကောင်းလည်ပတ်နိုင်အောင်လုပ်ဆောင်ပေးနေတာပါ။ သိုင်းရွိုက်ဂလင်းကျန်းမာမှလည်း ခန္ဓါကိုယ်က ကျန်းမာမှာပါ။ ဒီဂလင်းကျန်းမာဖို့အတွက် အစားအသောက်တွေကနေတဆင့် ထိန်းညှိလို့ရပါတယ်။ သိုင်းရွိုက်ဂလင်းက ဘယ်လိုဟော်မုန်းတွေကို ထုတ်ပေးသလဲ သိုင်းဂွိုက်ဂလင်းကဟော်မုန်းအမျိုးအစား ၂ မျိုးကိုထုတ်ပေးနေပါတယ်။ T3 လို့ခေါ်တဲ့Triiodothyronineဟော်မုန်းနဲ့ T4 လို့ခေါ်တဲ့Tetra iodothyronineဟော်မုန်းတို့ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းနဲ့ပတ်သက်လို့ခံစားရနိုင်တဲ့ အခြေအနေ နှစ်ရပ် Hyperthyroidism ( သိုင်းရွိုက်ဟော်မုန်း အလွန်အကျွံထုတ်ခြင်း) Hypothyroidism (သိုင်းရွိုက်ဟော်မုန်း လုံလောက်အောင်မထုတ်ခြင်း) သိုင်းရွိုက်ဂလင်းကျန်းမာအောင် စားပေးသင့်တာတွေက ဥအမျိုးမျိုး - ကြက်ဥအနှစ်မှာ အိုင်အိုဒင်းနဲ့ ဆီလီနီယမ်တို့ပါဝင်နေပြီး အကာမှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ အနီရောင် အသားများ - အသားတွေမှာ ပရိုတင်းကြွယ်ဝစွာပါဝင်တာကြောင့် စားသုံးပေးသင့်ပါတယ်။ ငါး - ပင်လယ်ငါးတွေမှာ အိုင်အိုဒင်းနဲ့ အကျိုးပြုအဆီတွေပါဝင်နေတာကြောင့် သိုင်းရွိုက်ကျန်းမာဖို့ အထောက်အပံ့ပေးနိုင်မှာပါ။ အစိမ်းရောင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ရဲ့ အကြိုက်ဆုံး အရောင်က ဘာလဲ ။ ။

လူတိုင်းမှာ သူတို့ ကိုယ်စီကြိုက်တဲ့အရောင်တွေရှိကြပါတယ်။ အဲဒီကိုယ်ကြိုက်တဲ့ အရောင်တွေက ကိုယ့် စိတ်အတွင်းပိုင်းကို လွှမ်းမိုးမှုရှိနေတယ်ဆိုတာ သင်သိပါသလား။ တနည်းပြောရမယ်ဆိုရင် အရောင်တွေ မှာ ကိုယ်ပိုင်စိတ်စွမ်းအားတွေရှိနေပြီး လူတွေကို လွှမ်းမိုးတာမျိုးပေါ့။ ကဲ ဘယ်အလိုအရောင်တွေက ဘာတွေကို ကိုယ်စားပြုလဲ ။ ။ အရောင်တွေရဲ့ လူတွေအပေါ် လွှမ်းမိုးမှုများ ။ ။ အနီရောင် အားလုံး သိကြတဲ့အတိုင်း အနီရောင်က ရဲရင့်ခြင်းကို ကိုယ်စားပြုတာပါ။ အနီရောင်ကို မြင်လိုက်ပြီဆိုတာနဲ့ ရဲရင့်မှုတွေရှိလာသလိုလိုဖြစ်တတ်ကြပြီး အားအင်ပြည့်ဝမှုကို ခံစားဖူးကြမှာပါ။ ဒါ့အပြင် စိတ်ဆိုးတဲ့အချိန်ဆိုရင် မျက်လုံးထဲမှာ အနီရောင်ကို မြင်တတ်ကြပါတယ်တဲ့။ အစားစားချင်စိတ်ကိုလည်း ဒီအနီရောင်က အများဆုံး လှုံ့ဆော်ပေးတာပါ။ ဒါကြောင့် အနီရောင် ကြိုက်တဲ့သူတွေဟာ ဒေါသလည်း ကြီးတတ်သလို ရဲလည်းရဲရင့်တဲ့သူတွေပါ။ ။ အဝါရောင် လူတော်တော်များများက အဝါရောင်ကို တောက်လွန်းတယ်ဆိုပြီး မကြိုက်ကြပါဘူး။ ဒါပေမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဗိုက်မှာစုနေတဲ့အဆီတွေကို ချချင်ရင်ဘာကြောင့်ပူရလဲဆိုတဲ့ အကြောင်းအရင်းကို သိဖို့တော့လိုမယ်နော်။ ။

ခုနောက်ပိုင်း လူနေမှုပုံစံတွေဟာ အထိုင်များပြီး စားစရာသောက်စရာတွေကလည်း ပေါများလာတာကြောင့် နောက်ပိုင်းလူတွေကို ကြည့်လိုက်ရင် ကိုယ်ခန္ဓါ အချိုးကျလှပတာထက်နေတဲ့သူတွေက ပိုများနေပါတယ်။ ဒီလို ပူလာတဲ့ ဗိုက်ကိုဘယ်လိုချချ မကျတဲ့သူတွေ အများကြီးရှိပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ပူလာတဲ့ ဗိုက်ကို ဘယ်လိုချချ မကျရတဲ့ အကြောင်းအရင်းက ဗိုက်ပြူခင်းကို အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းကို မသိတာကြောင့်ပါ။ ဒီတော့ ကိုယ့်ရဲ့ ပူနေတဲ့ ဗိုက်ကိုချဖို့အတွက် ဘယ်လိုကနေစပြီး ဗိုက်ပူလာလဲဆိုတာကိုတော့ သိဖို့လိုတယ်နော်။ ။ ဗိုက်မှာစုတဲ့ အဆီ ၅ မျိုးနဲ့ သူတို့ကို ဘယ်လိုချရမလဲ ။ ။ ၁ ။ ဗိုက်မှာ အဆီစုခြင်းကိုဖြစ်စေတာက ဘီယာ ဗိုက်ပါ။ ။ ဘီယာတို့ အရက်တို့ဆိုတာ ကိုယ်ခန္ဓါရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို နှေးစေတဲ့အပြင် အသည်းကနေ အဆီလောင်ကျွမ်းစေတဲ့နှုန်းကိုလည်း နှေးစေပါတယ်။ ဒါ့အပြင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း