အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နည်းစနစ်မှန်မှန် ရေသောက် ကြမယ်

ရေသောက်တာများ ငယ်ငယ်ကတည်းက သောက်တတ်သားပဲလို့များ တွေးနေလား။ လူတိုင်းက ရေသောက် တတ်တာ သိပေမယ့် နည်းစနစ်မှန်မှန် ရေသောက်တတ်ရဲ့လားဆိုတာကတော့ မသေချာဘူးလေနော်။ရေကို နည်းစနစ်မှန်မှန်သောက်တတ်မှလည်း ကျန်းမာမှာပါ။ ဒီတော့ရေကိုနည်းစနစ်မှန်မှန်သောက်တတ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ရေသောက်ရတဲ့ပမာဏက အသက်အရွယ်၊ ရာသီဥတုအခြေအနေ၊ ကိုယ်အလေးချိန် နဲ့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်နေလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်နော်။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကိုရေ ၈ ခွက်သောက်ရပါမယ်။ အနည်းဆုံးတော့ ၆ ခွက်ပေါ့။ ဒီသောက်လိုက်တဲ့ရေတွေက အချိန်မှန်ဖို့လည်းလိုပါမယ်နော်။ ရေလုံလောက်စွာရရှိမှုက ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါတယ် မှတ်ဉာဏ်ကောင်းစေတယ် အသားအရေစိုပြည်လှပစေတယ် ကိုယ်အလေးချိန်ကျစေတယ် ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်တယ် အရေပြားပြဿနာကင်းစေနိုင်တယ် ကိုယ်ခံအားစနစ်ေကာင်းစေနိုင်တယ် အစာခြေစနစ်ကျန်းမာစေနိုင်တယ် သွေးသန့်စေနိုင်တယ် ဆီးလမ်းကြောင်းကျန်းမာစေနိုင်တယ် ကျောက်ကပ်သန့်စင်စေနိုင်တယ် သွေးသန့်စေနိုင်တယ် သွေးပေါင်ချိန်ထိန်းညှိပေးနိုင်တယ် ခေါင်းကိုက်တာကို သက်သာစေနိုင်တယ် ကိုယ်အပူချိန်ကျစေနိုင်တယ် နှလုံးကျန်းမာစေနိုင်တယ် ခံတွင်းနံ့ဆိုးကင်းစေနိုင်တယ် စိတ်ခံစားမှုကောင်းစေနိုင်တယ်။ နည်းစနစ်မှန်မှန် ရေသောက် ကြမယ် နည်းစနစ်မှန်မှန် […]


ကျန်းမာရေး သတင်းများ

ဆေးဖြစ်ဝါးဖြစ် အရက်သောက်လည်း သွေးတိုးအန္တရာယ်ပိုများစေနိုင်တယ်

ဆေးဖြစ်ဝါးဖြစ်ပဲဆိုဆို တစ်ခွက်တစ်ဖလားပဲဆိုဆို အရက်သောက်တာကသောက်တာပါပဲ။ ဘီယာက အရက်မဟုတ်ဘူးလို့တော့ ကပ်မငြင်းကြပါနဲ့ဦး။ ဝီစကီ၊ ဘီယာ၊ ဗော့ကာ၊ ဝိုင် စတာတွေအားလုံး အယ်လ်ကိုဟော ချင်းတူတူပါပဲ။ ဆေးဖြစ်ဝါးဖြစ်သောက်ရင် နှလုံးကျန်းမာတယ်၊သွေးလည်ပတ်မှုကောင်းတယ်ဆိုပြီး ယူဆကြပေမယ့် သုတေသနအသစ်မှာတော့ ဒီပမာဏလောက်နဲ့တင်သွေးတိုးဖြစ်နိုင်တဲ့အန္တရာယ်ရှိနိုင်တယ်လို့ဖော်ပြလာပါတယ်။   ဒီသုတေသနကိုAmerican College of Cardiology ရဲ့ ၆၈ ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးမှာ တင်ပြခဲ့တာပါ။ သုတေသနမှ ပါဝင်ခဲ့တဲ့ အမေရိကန်လူမျိုး ၁၇၀၅၉ ဦးကိုသောက်တတ်တဲ့အလေ့အထနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ခဲ့ပါတယ်။ သူတို့ရဲ့သွေးပေါင်ချိန်ကို သုတေသနအဖွဲ့ကလေ့လာစောင့်ကြည့်တဲ့အခါ တစ်ပတ်ကို အယ်လ်ကိုဟော ၇ ခွက်ကနေ ၁၃ ခွက်သောက်တတ်တဲ့ ၁၇၀၀၀ ဦး မှာသွေးတိုးဖြစ်နိုင်ခြေ ၅၃ ရာခိုင်နှုန်းပိုများတယ်လို့တွေ့ရှိရပါတယ်။ တစ်ပတ်ကို ၁၄ ခွက်နဲ့အထက်သောက်တတ်သူတွေကတော့ အရက်မသောက်သူတွေထက်သွေးတိုးဖြစ်နိုင်ခြေ ၆၉ ရာခိုင်နှုန်းပိုများတယ်လို့တွေ့ရပါတယ်။ သူတို့တွေရဲ့သွေးပေါင်ချိန်ကိုစစ်ဆေးတဲ့အခါသွေးတိုးအစောပိုင်းအဆင့်ဖြစ်တဲ့ အပေါ်သွေး 130–139 mm Hg နဲ့အောက်သွေး80–89 mm Hg […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဆီများနေတာက ဆိုးကျိုးကြီးပဲတော့မဟုတ်ဘူးနော်

အဆီက ကျန်းမာရေးအတွက် ဆိုးကျိုးပေးသလို လှပမှုမှာလည်း ထိခိုက်စေတာကြောင့် စိတ်ပျက်တယ်ဟုတ်။တောက်လျှောက်သိလာခဲ့တဲ့ ကျန်းမာရေးအသိက အဆီများရင်ရောဂါပိုများမယ်။ ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော အဆီကကောင်းကျိုးမပေးဘူးဆိုတာပါ။ ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် အကျိုးမပြုဘူးလို့ အမြဲယူဆလာခဲ့တဲ့ အဆီရဲ့ကောင်းကျိုးလေးကိုနည်းနည်းလောက်ပြောပြပေးချင်ပါတယ်။ အဝလွန်တာနဲ့ ပတ်သက်လို့ အဝလွန်တာ၊ ပုံမှန်ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများနေတာတွေကပြင်းထန်တဲ့ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပြီး ဆိုးရွားတဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ အဝလွန်တာကြောင့်သွေးကြောတွေကျဉ်းတာ၊မာတာ၊ နှလုံးရောဂါ၊ဆီးချို၊ကင်ဆာနဲ့ အိပ်စက်မှုဆိုင်ရာ မူမမှန်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါတွေတင်မကပါဘူး။ အဝလွန်တာကြောင့်သေဆုံးနိုင်ခြေပိုများနေနိုင်သလို စိတ်ဓါတ်ကျတာ။ စိုးရိမ်စိတ်များတာလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်နော်။ အဆီများတာက ဒီလိုအားသာချက်ရှိပါတယ်နော် အဆီများလို့ရောဂါများနိုင်တယ်ဆိုပေမယ့်လေ့လာမှုတစ်ရပ်အရတော့ အဆီများတာကလေဖြတ်ေဝဒနာခံစားရတဲ့ အခါအသက်ရှင်သန်နိုင်ခြေပိုများစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေက ဒီလေ့လာတွေ့ရှိမှုကိုobesity paradox လို့ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။obesity paradox ဆိုတာဆေးဖက်ဆိုင်ရာသီအိုရီတစ်ခုဖြစ်ပြီး အဝလွန်တာက အသက်အရွယ်ကြီးရင့်သူတွေ နဲ့ အခြားသောနာတာရှည်ရောဂါခံစားနေရသူတွေမှာ အသက်အန္တရာယ်ထိခိုက်နိုင်ခြေကနေ ကာကွယ်ပေးနိုင်တဲ့ အခြေအနေတစ်ရပ်ကိုဆိုလိုတာပါ။   ဒီလေ့လာမှုမလုပ်ခင်မှာ ပထမဆုံးသတိထားမိတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေမှုက ကျောက်ကပ်ရောဂါခံစားနေရသူတွေနဲ့ နှလုံးရောဂါခံစားနေရသူတွေမှာ အသက်ရှင်သန်နိုင်ခြေကို ပိုတိုးစေတယ်ဆိုတဲ့အချက်ပါ။ ဒီအချက်ကြောင့်လေဖြတ်ခဲ့ရင်ရော ပုံမှန်ထက်ကိုယ်အလေးချိန်ပိုများနေသူတွေက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်တဲ့အခါမှာ အသက်အရွယ်ကလည်း စကားပြောတယ်

Happy weekend.... ပါ။ ဘာကိုအရင်ဆုံးစဉ်းစားမိလဲ၊ မနက်ဖြန်ရုံးပိတ်တယ်၊ Super Friday Nightလေးလုပ်မယ်လို့ပေါ့။သောက်မယ်စားမယ်။ လူစုကြပြီလေ။ လူစုံတဲ့အခါသောက်ဖို့စဉ်းစားမိတယ်၊သောက်ရတာကိုလည်း ကြိုက်ပါတယ်ဆိုတဲ့ ကိုကိုတွေနဲ့လေဒီလေးတွေကို ဒီဆောင်းပါးလေးကနေ သတင်းစကားပါးချင်တာက အရက်သောက်တဲ့အခါ အသက်အရွယ်က စကားပြောတယ်ဆိုတာပါ။ ဘယ်လိုစကားပြောတာလဲ၊ ငယ်ရင် ပိုသောက်နိုင်တယ်၊ အသက်ရလာရင် မသောက်နိုင်ဘူးဆိုတဲ့ ကိစ္စလို့များတွေးနေလား။ မဟုတ်ပါဘူးနော်။ ဘာများဖြစ်မလဲ သိချင်ရင်ဆက်ပြီး ကြည့်လိုက်ပါနော်။ အရက်ေသာက်ရာမှာ အသက်အရွယ်ကစကားပြောတယ် မကြာသေးခင်ကလုပ်ခဲ့တဲ့လေ့လာမှုအရ အရက်သောက်သုံးတဲ့အခါ အသက်အရွယ်ကွာခြားသလို ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုချင်းလည်းကွာခြားပါတယ်။ အသက် ၅၀ကျော်တွေမှာ အရက်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေက အခြားအသက်အရွယ်အပိုင်းအခြားတွေထက် ပိုနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။အရက်ကကျန်းမာရေးကိုထိခိုက်စေတာ အမှန်ပါပဲ။ အရက်အလွန်အကျွံသောက်သုံးတာကြောင့် ကင်ဆာ၊ အသည်းရောဂါ၊ နှလုံးရောဂါတွေခံစားရနိုင်သလို ဦးနှောက်အပါအဝင် အာရုံကြောစနစ်တွေကိုပါထိခိုက်စေပြီး ပြင်းထန်တဲ့ကျန်းမာရေး အကျိုးဆက်တွေကိုဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီအကျိုးဆက်တွေက အသက် ၅၀ကျော်တဲ့အသက်အရွယ်တွေမှာတော့ဖြစ်နိုင်ခြေတော်တော်လေးနည်းသွားပြီဆိုပါတယ်။အယ်လ်ကိုဟောနဲ့ပတ်သက်ပြီး အများကလက်ခံထားတဲ့နောက်ထပ်အယူအဆတစ်ခုရှိပါသေးတယ်၊ ဒါကတော့ အလွန်အကျွံမဟုတ်ဘဲ အနည်းအကျဉ်းလောက်သောက်ရင် […]


ကျန်းမာရေး သတင်းများ

ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင်

ကိုယ်ဝန်ဆောင်ချိန် ငါးကြီးဆီမှာပါတဲ့ Omega -3 fatty acid (DHA)သောက်သုံးတဲ့ မိခင်တွေကနေ မွေးဖွားလာတဲ့ ကလေးတွေဟာ သွေးတိုးရောဂါ ဖြစ်လာနိုင်တဲ့အန္တရာယ် လျော့နည်းတယ်လို့ သုတေသန အသစ်က ဖော်ပြခဲ့ပါတယ်။ မိခင်လောင်းတွေရဲ့Omega -3 သောက်သုံးမှုက ကလေးတွေရဲ့ နောက်ပိုင်းသက်တမ်းအထိ ရေရှည် အကျိုးသက်ရောက်မှု ရှိနိုင်တာဖြစ်တယ် လို့ University of Kansas မှ အာဟာရဗေဒ ပါမောက္ခဖြစ်တဲ့ တွဲဖက်သုတေသီ ဆူဆန်ကာလ်ဆန်က ပြောပါတယ်။ ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင် သုတေသနမှာ Kansas City ဧရိယာအတွင်း မွေးဖွားခဲ့တဲ့ကလေး ၁၇၁ ဦးကို လေ့လာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ မိခင်လောင်းတွေ သောက်သုံးနေကျ ဗီတာမင် အားဆေးတွေ၊ ငါးကြီးဆီတို့မှာ ပါတတ်တဲ့ DHA (docosahexaenoic […]


အခြေခံကျန်းမာရေး

ဘာ့ကြောင့် လျှာတွေဖြူ ရတာလဲ

လျှာဆိုတာ အနီရောင်နဲ့ ပန်းရောင်ကြားပြေးနေတဲ့ အရောင်ရှိနေမှ ပုံမှန်ပါ။ တချို့ အရောင်ဆိုးထားတဲ့ အစားအသောက်တွေကို စားမိပြီး လျှာမှာ အရောင်တွေ စွန်းနေတာက လွဲလို့ အနီရောင်ပြေးလေး မဟုတ်ဘဲ လျှာဖြူနေပြီ ဆိုရင် နည်းနည်း စဉ်းစားစရာတော့ဖြစ်နေပါပြီ။ ဒီလို လျှာတွေဖြူ နေရတဲ့ ပြဿနာဟာ ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်တာကြောင့် သတိထားသင့်တဲ့ အရာတွေထဲမှာ ပါပါတယ်။ ကဲဒါဆို ဘာကြောင့် လျှာတွေဖြူရတာလဲဆိုတာကို ဆက်ကြည့်ရအောင်။ ဘာကြောင့် လျှာတွေဖြူ ရတာလဲ။  လျှာတွေဖြူ ရတာဟာ papillae လို့ခေါ်တဲ့ လျှာပေါ်က အရသာခံတဲ့ အဖုလေးတွေ ရောင်နေလို့ ကြီးနေလို့ ဖြစ်ရတာပါ။ ဒီလို ရောင်ပြီး ကြီးနေတဲ့ အရသာခံ အဖုလေးတွေ ကြားထဲမှာ သွားချေးတွေ၊ ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေ ပုံထပ်လာတဲ့အခါ လျှာပေါ်မှာ အဖြူဖပ်တွေ […]


ကျန်းမာရေး သတင်းများ

Diet Drink တွေသောက်နေလား၊ သတိထားနော် လေဒီ

အခုနောက်ပိုင်းခေတ်စားလာတဲ့အလေ့အထတစ်ခုက ခန္ဓာကိုယ်လှပဖို့ Gymဆော့ကြတာပါ။ Gymဆော့တာက ကျန်းမာရေးအတွက်အကျိုးပြုတဲ့လုပ်ဆောင်မှုတစ်ခုပေါ့။ ဒါပေမယ့်ပြောစရာရှိနေတာက Gymဆော့ပြီးတဲ့အခါ အချိုရည်တွေသောက်ကြတာပါ။ ဝိတ်ကျဖို့ Gymဆော့နေတဲ့သူတွေဆိုရင် ဝိတ်ကျချင်တာကြောင့် Diet Drinkတွေကိုသောက်မိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ Diet Drinksသောက်နေတဲ့လေဒီတွေအတွက် သိထားဖို့လိုမယ့် အချက်လေးတစ်ခုပြောပြပေးပါရစေနော်။ Diet Drinks ဆိုတာက အချိုရည်တစ်မျိုးဖြစ်ပြီးပြုပြင်ထားတဲ့ အချိုဓာတ်ထည့်သွင်းထုတ်လုပ်ထားတာပါ။ အဆီဓာတ်ပါဝင်မှုမရှိတာကြောင့် ကိုယ်အလေးချိန်ကျမှာကိုတော့ ပူစရာမလိုဘူးပေါ့။ အချိုဓာတ်ပါဝင်မှုကလည်း နည်းပါတယ်။ ဝိတ်ကျချင်တဲ့သူတွေအတွက်တော့ အဆင်ပြေတဲ့သောက်စရာတစ်ခုပေါ့။ Diet Drinkကြောင့် ဒါတွေဖြစ်နိုင်ပါတယ် မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုအရ Diet Drinkတွေမှာပါတဲ့ ပြုပြင်ထားတဲ့ အချိုဓာတ်တွေကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါခံစားရနိုင်ပါတယ်။ ဒါတင်မကပါဘူး။ Diet Drinksသောက်တဲ့လေဒီတွေဟာသွေးဆုံးပြီးချိန်မှာ လေဖြတ်တာ၊ နှလုံးရောဂါခံစားရနိုင်ခြေပိုများနေသလို သေဆုံးနိုင်ခြေကလည်း အခြားသူတွေထက်ပိုများနေတယ်လို့ သိရပါတယ်။ Diet Drinksတွေကို ၁၀ နှစ်ကျော်ကြာစွဲသောက်တဲ့လေဒီတွေဟာသွေးဆုံးပြီးနောက်ပိုင်းကာလတွေမှာသွေးကြောလေးတွေ ပိတ်ဆို့တာကြောင့် နှလုံးရောဂါခံစားရနိုင်သလို၊လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။ Diet Drinkတွေကသွေးကြောတွေထဲမှာ အနယ်အနှစ်တွေဖြစ်စေပြီးသွေးကြောကျဉ်းတာ၊သွေးကြောပိတ်တာတွေဖြစ်စေနိုင်တာကြောင့်လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို ပိုများစေနိုင်ပါတယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

သားအိမ်ခြစ်တာနဲ့ ပက်သက်ပြီး သိထားသင့်တာလေးတွေ ။ ။

သားအိမ်ခြစ်တယ်ဆိုတာဘာလဲ ။ ။ သားအိမ်ခြစ်တယ် ကိုယ်ဝန်ပျက်ကျတဲ့သူ အများစု ခံယူဖူးတဲ့ကုသမှုတစ်မျိုးပါ။ ဆေးပညာအရ သားအိမ်ခြစ်တာကို dilation and curettage D & C လို့ခေါ်ပါတယ်။ dilation ဆိုတာ ချဲ့ထွင်တာလို့ အဓိပ္ပာယ်ရပြီး curettage ကတော့ ဇွန်းပုံသဏ္ဍာန်ရှိတဲ့ ကိရိယာနဲ့ခြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီတော့ dilation and curettage ဆိုတာ သားအိမ်ခေါင်းကို ကျယ်သွားအောင် ချဲ့လိုက်တာဖြစ်ပြီး သားအိမ်ထဲမှာရှိနေတဲ့ တစ်ရှူးအသားစ တွေကို ခြစ်တာဖြစ်ပါတယ်။ သားအိမ်ခြစ်တာ ဟာ အသေးစားခွဲစိတ်မှု တစ်ခုဖြစ်ပြီး ဆေးခန်း၊ ဆေးရုံတွေမှာ သွားပြီး လုပ်မှရတာပါ။ သားအိမ်ခြစ်တာကို ဘယ်နေရာတွေမှာ သုံးကြသလဲ ။ ။ သားအိမ်ခြစ်တာကို ဆေးကုသမှုတစ်ခု အနေနဲ့ရော ၊ ရောဂါကို စစ်ဆေးအဖြေရှာဖို့အတွက်ရော အသုံးပြုကြပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အာထရာဆောင်းဆိုတာ ဘာလဲ ။ ။

Ultrasound ( အာထရာဆောင်း ) ဆိုတာဘာလဲ ။ ။ Ultrasound ဆိုတာ သူ့နာမည်အတိုင်းပဲ ultra အဆင့်မြင့်နည်းပညာနဲ့ sound အသံလှိှုင်းတွေကို သုံးထားတဲ့ ပုံရိပ်ဖော်နည်းပညာ ဖြစ်ပါတယ်။ အာထရာဆောင်းကို ဘာအတွက် အသုံးပြုကြတာလဲ ။ ။ ဓါတ်မှန်ရိုက်လို့မရတဲ့ ကိုယ်ဝန်သည်တွေ ကိုယ်ဝန်ဆောင်တွေ ဗိုက်ထဲက ရင်သွေးလေး ဘယ်နှစ်ပတ်ရှိပြီလဲဆိုတာသိဖို့၊ ကလေးဖွံ့ဖြိုးမှုကို သိဖိုနဲ့ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကို သိဖို့အတွက် အာထရာဆောင်းကို သုံးကြပါတယ်။ ကိုယ်ဝန်သည်တွေ အတွက် အာထရာဆောင်းက စိတ်အချရဆုံးပါ။ ဒါ့အပြင် အသည်းရောဂါ၊ အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကျောက်ကပ်ရောဂါတွေ ဆီးလမ်းကြောင်း နဲ့ မျိုးပွားအဂါၤဆိုင်ရာ ရောဂါတွေကို အာထရာဆောင်း နဲ့ စမ်းသပ်စစ်ဆေးကြည့်လို့ရပါတယ်။ အာထရာဆောင်းက ပုံရိပ်ကို ဘယ်လိုပုံဖော်ပေးတာလဲ ။ ။ အဆင့်မြင့် အသံလှိုင်းတွေကိုယ်တွင်းကိုဖြတ်တဲ့အခါ လမ်းမှာရှိတဲ့ ကိုယ်တွင်းကလီစာ တစ်ခုခုကို ထိသွားမိပြီး […]


ဆေးစစ်ချက်များ

ရင်ဘတ်ဓါတ်မှန် Chest X-ray အကြောင်း သိကောင်းစရာများ ။ ။

ရင်ဘတ်ဓါတ်မှန်ဆိုတာ ရောဂါရှာဖွေ ဖော်ထုတ်တဲ့ နေရာမှာ အရမ်းကို အသုံးဝင်ပြီး ဆရာဝန် တိုင်း မလုပ်မဖြစ်လုပ်ကြတဲ့ စမ်းသပ်နည်းတစ်ခုပါ။ ရောဂါရဲ့ ဇာစ်မြစ်ကို သိဖို့၊ ဆက်လက်ကုသဖို့ ဆုံဖြတ်တဲ့နေရာမှာ ဆရာဝန်တွေ အတွက် တကယ်ကို အထောက်အကူပြုတဲ့ ရင်ဘတ်ဓါတ်မှန် လေးပါ။ ဒီလို သ့င့်မှာဖြစ်နေတဲ့ အနာနဲ့ ဆေးတွေ့စေဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးတဲ့ ရင်ဘတ်ဓါတ်မှန် အကြောင်းကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ ။ Chest X-ray ဆိုတာ ဘာလဲ ။ ။ Chest X-ray ဆိုတာ ရောင်ခြည်လှိုင်းတွေကိုသုံးပြီး့ ပုံရိပ်ဖော်တဲ့ နည်းပညာတစ်ခုပါ။ ရောင်ခြည်လှိုင်းထိတွေ့တဲ့ နေရာတွေမှာရှိတဲ့ ကိုယ်တွင်း ကလီစာတွေကို ဖလင်ပြားပေါ်မှာ အဖြူအမည်း ကာလာနဲ့ ပုံရိပ်ပေါ်စေတာဖြစ်ပါတယ်။ လုပ်ရတာလွယ်ပြီး ထိရောက်တဲ့အတွက် ဆရာဝန်တိုင်းရဲ့ လက်စွဲဖြစ်နေတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း