အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

ဘာကြောင့် ခြေထောက်တွေလေးလံနေရတာလဲ ။ ။

ခံစားဖူးကြမှာပါ။ ခြေထောက် တွေ လေးနေပြီး လှုပ်ရှားမှု တစ်ခုလုပ်ဖို့တောင် ပင်ပန်းနေတာမျိုး။ ခြေလှမ်းတိုင်းက မသွက်လက်ရင်တောင် လေးတော့မနေသင့်ဘူးလေ။ ဒီလိုမျိုး ခြေထောက် တွေ လေးနေရခြင်းကို ဖြစ်စေတဲ့ နောက်ကွယ်က အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ဘယ်သူတွေမှာ အဖြစ်များလဲ ။ ။ ဒီတိုင်း ယေဘုယျပြောရမယ်ဆိုရင် အဝလွန်တဲ့သူတွေ၊ အသက်ကြီးလာလို့ ကြွက်သားအားနည်းလာတဲ့သူတွေနဲ့ မတ်တပ်အကြာကြီးရပ်၊ အကြာကြီးထိုင်တဲ့သူတွေ ပိုဖြစ်တတ်ပါတယ်။ ခြေထောက်တွေ လေးလံပြီးပင်ပန်းနေတယ်ဆိုတာ သူတစ်ခုတည်းရှိတတ်သလို အခြား လက္ခဏာတွေ ဖြစ်တဲ့ ကြွက်တက်တာ၊ ရောင်ရမ်းတာ၊ နာကျင်တာတွေ နဲ့လည်း တွဲတတ်ပါတယ်။ သူတစ်ခုတည်းရှိရင် သိပ်စိုးရိမ်စရာ မရှိပေမယ့် အခြား လက္ခဏာတွေနဲ့ တွဲလာရင်တော့ ပေါ့ဆနေလို့ မရပါဘူး။ ။ ခြေထောက်တွေ လေးလံ ပင်ပန်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ ၁ - လှုပ်ရှားမှု အရမ်းများသွားတာ။ ဒီ အချက်ကတော့သိသာပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ရင် ရုပ်ရင့်စေတဲ့ အကြောင်းရင်း (၇) ခု

ဘီယာတွေ၊ အရက်တွေသောက်တတ်တဲ့သူတွေဟာ ကြာရှည်သောက်လေ ရုပ်ရင့်လေဖြစ်လာတာကိုတွေ့ဖူးမှာပေါ့။ နဂိုအသက်ထက် ပိုရင့်တယ်ထင်ရတာမျိုး၊ ရွယ်တူချင်းယှဉ်ရင်တောင် အသက်ပိုကြီးနေသလိုလိုနဲ့။ တချို့တွေကတော့ခြွင်းချက်ပေါ့လေ။ ဒီလိုဖြစ်ရတာ ဘာကြောင့်လို့ထင်ပါသလဲ။ အပြင်ပန်းရုပ်ရည်တင်မက ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ရင့်ရော်အိုစာသွားစေတဲ့ အရက်သောက်ခြင်းဆိုးကျိုးတွေကို ကျန်းမာရေးရှုထောင့်ကနေလေ့လာကြည့်ရအောင်။ (၁) ရေဓာတ်ခမ်းခြောက်စေတယ် အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲ ရေဓာတ်ပိုနည်းလာတတ်တယ်။ ဒီအရည်တွေသောက်လို့ ရေငတ်ပြေမယ်မထင်ပါနဲ့။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲကရေတွေကို ဆီးအဖြစ်နဲ့ ပိုထွက်ရှိစေပြီး ရေဓာတ်ခန်းခြောက်နိုင်တဲ့အန္တရာယ်ကို ပိုတိုးစေနိုင်ပါတယ်။ (၂) အသားခြောက်စေနိုင်တယ် လူတွေက အသက်ကြီးလာရင် အရေပြားတွေပါးလာပြီး ပိုခြောက်သွေ့လာပါတယ်။ ဒါကတော့ သဘာဝအလျောက်ဖြစ်တဲ့ ရင့်ရော်မှုဖြစ်စဉ်ဆိုတော့ ကိုယ်ထိန်းချုပ်လို့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့နေထိုင်ပြုမှုပုံတွေကြောင့် ဒီဖြစ်စဉ်ကို ပိုမြန်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သင့်ကို ရေဓာတ်ခမ်းခြောက်စေပြီး အသားခြောက်စေနိုင်တော့ ငယ်ငယ်နဲ့ရုပ်ရင့်စေပါလိမ့်မယ်။ (၃) အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားနည်းစေတယ် အယ်လ်ကိုဟောက အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတချို့ကို ထိခိုက်စေပြီး မြန်မြန်ရင့်ရော်အားနည်းစေပါတယ်။ အရက်များများသောက်သူတွေဟာ အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေပိုများစေနိုင်တယ်ဆိုပေမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်နာကျ နေသည့်တိုင် အလုပ်ခွင်မှာ စမတ်ကျနေစေဖို့

အရက်ဆိုတာ ဘယ်လောက်ပဲ ကျန်းမာရေးအတွက် မကောင်းဘူးပြောပြော အပေါင်းအသင်းတွေနဲ့ ဆုံလာပြီဆိုရင် အနည်းဆုံးတော့ တစ်ခွက်တစ်ဖလားလောက် မော့တတ်ကြတာပဲမလား။ တစ်ခွက်ထဲပါလို့ ပြောရင်းနဲ့ အာလေးရွှင်ပြီး စိတ်ကမြူးကြွလာတာနဲ့ မမူးမချင်း တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက်တွေ သောက်ကြတော့ပါပဲ။ ဒီလို ဘော်ဒါတွေနဲ့ ဆုံခိုက် သောက်တာ၊ စားတာ ပျော်ဖို့ကောင်းပေမယ့် နောက်နေ့မနက်ရောက်ပြီဆိုရင်တော့ အရက်နာကျ တဲ့ ဝေဒနာကို ခံစားနေရရင်တော့ အဆင်မပြေဘူးပေါ့။ အထူးသဖြင့် ရုံးကိုလာတဲ့နေ့မှာ ညက အရှိန်နဲ့ မျက်နှာက မအီမသာဖြစ်၊ ခေါင်းကမူးပြီး အော့အန်ချင်သလို၊ အလုပ်ထဲလည်း အာရုံမရောက်ဖြစ်နေရင်တော့ အလုပ်ခွင်မှာ ပြဿနာဖြစ်နိုင်ပါတယ်။ ဒီတော့ ကဲချင်သလို ကဲပြီး နောက်နေ့ ရုံးမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေအောင် အရက်နာကျ ဝေဒနာကို ထိန်းဖို့နည်းလမ်းတွေကို ကိုယ့်ဘော်ဒါတွေအတွက် ဝေမျှပေးလိုက်ပါတယ်။ အရက်နာကျ နေသည့်တိုင် အလုပ်ခွင်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေ ရှားတဲ့ နွေမှာ မသန့်ရှင်းတဲ့ရေကြောင့် ရောဂါတွေမဖြစ်စေဖို့

အဟမ်း..... အဟမ်း.... ရာသီဥတုကြေညာချက်လေးထုတ်ပြန်ပါရစေ။ အခုဆိုရင်ဖြင့် ပူပြင်းတဲ့ နွေရာသီကိုရောက်လာပါပြီနော်။ နွေရာသီမှာ အပူချိန်မြင့်တာကတော့ လူတိုင်းသိပြီးသားပါနော်။ နွေပူပြင်းမှုနဲ့အတူ ထပ်ခံစားရနိုင်တာက ရေရှားတာလေနော်။ မြန်မာနိုင်ငံမှာ မြစ်ချောင်းအင်းအိုင်တွေပေါများပေမယ့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သောက်ရေ၊ သုံးရေရှားပါးလာပြီဖြစ်သလို ရာသီဥတုမမှန်တာကြောင့်လည်း ရေပြတ်လပ်မှုတွေခံစားကြရပါတယ်။ ဒါကြောင့် ရေရှားတဲ့ နွေရာသီရောက်ရင် မသန့်ရှင်းတဲ့ ရေ ကြောင့် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ရေအသက် တစ်မနက်ပါ ရေအသက် တစ်မနက်ပါနော်။ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေနဲ့ ဖွဲ့စည်းထားတာပါ။ ရေလုံလောက်စွာရပါမှ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ရေက ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီး အဆစ်တွေကို လှုပ်ရှားမှုကောင်းစေပါတယ်။ ဆီး၊ ဝမ်းနဲ့ ချွေးကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကလည်း သောက်သုံးရေပါနော်။ သန့်ရှင်းတဲ့ရေ လုံလောက်အောင်မရရင် ဘာဖြစ်မလဲ သန့်ရှင်းတဲ့ရေ မရလို့ လုံလောက်အောင် မသောက်နိုင်တဲ့အခါ […]


အခြေခံကျန်းမာရေး

သတိထားသင့်တဲ့ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း

ဗီတာမင် ချို့တဲ့ရင် ဘယ်လိုဖြစ်နိုင်တယ်၊ ဘယ်လိုအန္တရာယ်ရှိနိုင်တယ်ဆိုတာမျိုးက အမြဲကြားဖူးနေကျ အသိပညာပေးစကားတွေပါ။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို ဘယ်အရာမှ ရှိသင့်တာထက်လွန်ကဲရင်မကောင်းပါဘူး။ ခုတလောမှာတွေ့ရလိုက်ရတဲ့ သတင်းတွေထဲ ဗီတာမင် D လွန်ကဲနေလို့ အဆိပ်သင့်ရတဲ့သူတွေအကြောင်း ပါဝင်နေပါတယ်။ ဗီတာမင် D ဆိုတာ ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်း၊ ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်နဲ့ အရိုး၊ကြွက်သား၊နှလုံးကျန်းမာရေးတို့မှာ အရေးပါတဲ့နေရာက ပါဝင်သက်ဆိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါပေမယ့်ဗီတာမင် D ကို အဆီများတဲ့ငါးကလွဲပြီး တခြားအစားအသောက်ကနေရရှိနိုင်ဖို့ အခွင့်အလမ်းနည်းပါတယ်။နေရောင်ခြည်ကနေပဲရရှိနိုင်တာဖြစ်လို့နေရောင်ထိတွေ့မှုသိပ်မရှိသူတွေမှာ အလုံအလောက်မရနိုင်တဲ့အတွက်ဗီတာမင် D အားဆေးတွေ လိုအပ်လာတာပါ။ ဗီတာမင် D မှာD2 နဲ့D3 ဆိုပြီးနှစ်မျိုးရှိပါတယ်။D2 ကို အသီးအရွက်တွေကနေရရှိနိုင်ပြီးD3 ကိုတော့ အဆီများတဲ့ငါးနဲ့အသားကနေရရှိနိုင်တယ်၊နေရောင်ခြည်ကရနိုင်တယ်ဆိုပေမယ့် ပမာဏနည်းပါတယ်။။ တစ်နေ့ကိုဗီတာမင် D ပမာဏ 400–1000 IUအထိသောက်သုံးနိုင်ပါတယ်။ ဒါပေမယ့်အရေးကြီးတာကဗီတာမင် D နဲ့ပတ်သက်တဲ့အားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်းမဟုတ်ဘဲ ထင်ရာမသောက်ဖို့ပါပဲ။ဗီတာမင် D3 […]


ကျန်းမာရေး သတင်းများ

တစ်ပတ်ကို ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ လေဒီတွေ စိတ်ဓာတ်ကျ နိုင်

စိတ်တွေ ဖိစီးလိုက်တာ၊ အလုပ်တွေကလည်း ဒီလောက်လုပ်နေတာတောင် မပြီးဘူးဆိုတဲ့ လေဒီလေးတွေ များရှိလား။ ဒါဆိုရင်တော့ ပြောစရာတစ်ခုရှိလာပါပြီနော်။ ဒါကတော့ အလုပ်တွေကို တအားဖိလုပ်နေလို့ စိတ်ဖိစီးနေတာ ဖြစ်နိုင်တယ်ဆိုတဲ့အချက်တစ်ခုပါ။ စိတ်ဖိစီးမှုများလာတဲ့အခါ အလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အာရုံစူးစိုက်မှုကလည်း ကျလာပါတယ်နော်။ နောက်ဆို စိတ်ဓာတ်ကျ တဲ့အထိ  ဖြစ်လာမှာပါ။ အလုပ်ချိန်များများလုပ်လေ စိတ်ဓာတ်ကျလေလေပါ အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်နေရတာက ခက်ခဲပင်ပန်းပါတယ်။ တစ်နေ့တာမှာ ၈ နာရီထက်ကျော်ပြီး အလုပ်စားပွဲမှာ ထိုင်နေရတာက အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုက ပိုလာနိုင်ပါတယ်။ ဒီခံစားချက်က စိတ်ခံစားမှုသက်သက်ပဲတော့ မဟုတ်ပါဘူး။ လေ့လာချက်တွေအရလည်း အမျိုးသမီးတွေဟာ အလုပ်ချိန်များများ အလုပ်လုပ်လေလေ စိတ်ဖိစီးမှုပိုများလာလေလေလို့ တွေ့ရှိထားရပါတယ်။ သုတေသီတွေက လေ့လာမှုအတွင်း အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ တစ်ပတ်မှာ အလုပ်ချိန် နာရီ ၄၀ ထက် အလုပ်လုပ်တဲ့ အမျိုးသမီးတွေထက် တစ်ပတ်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက် ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်ချင်တယ်ဆိုရင် ဒါတွေလုပ်ကြည့်ပါ။ ။

ကိုယ့်အရပ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါတိုင်း အရပ်ရှည်အောင် ဘာတွေလုပ်ရမလဲလို့ သူများကို မေးဖူးတဲ့သူတွေရှိကြမှာပါ။ အဲဒီမှာ အများစုပြန်ဖြေကြတာကတော့ အသက် ၁၈ နှစ်ကျော်သွားရင် အရပ်ဆက်ရှည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒါတကယ်ပဲလား၊ အရပ်ထပ်ရှည်အောင် ဘာမှ လုပ်လို့မရတော့ဘူးလား။ ။ ဒီနေရာမှာ ပြောစရာတစ်ခုတော့ရှိပါတယ်။ ကိုယ့်မျိုးရိုးက အရပ်ပုတဲ့မျိုးရိုးဖြစ်နေရင် ၊ အဖေရော အမေရော အရပ်ပုနေရင် ကိုယ့်ကျမှ ထူးပြီး ရှည်လာစရာ အကြောင်းတော့မရှိပါဘူး။ ဒါပေမယ့် မိဘနှစ်ပါးမှာ တစ်ယောက်က အရပ်ရှည်နေမယ်၊ အမျိုးတွေကလည်း အရပ်ပုတဲ့အထဲ မပါဘူးဆိုရင်တော့ ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်လာဖို့လို မျှော်လင့်လို့ရပါသေးတယ်။ အရပ်ရှည်လာပါစေဆိုပြီး ထိုင်ပြီး ဆုတောင်းနေရုံနဲ့တော့ ဘာမှ ဖြစ်မလာမှာ သေချာတာမို့ ကိုယ့်ဘက် က နည်းနည်း အားစိုက်ရမယ့် အပိုင်းလေးတွေရှိပါတယ်။ ဒီတော့ ကိုယ်ကလည်း အသက် […]


အခြေခံကျန်းမာရေး

မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ

ဖေ့ဘွတ်ဟာ သတင်းအစုံအလင် သိရဖို့အတွက် အရမ်းကို အဆင်ပြေတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် သတင်းအချက်အလက်အမှားတွေနဲ့ အဆိပ်အတောက်ဖြစ်စရာတွေလည်း အရမ်းကို များပါတယ်။ သေချာ သုံးသပ်ဆင်ခြင်မှုမလုပ်ဘူးဆိုရင် မမှန်ကန်တဲ့အချက်အလက်တွေ လက်ခံပြီးသားဖြစ်သလို ကိုယ်တိုင်ကလည်း သူများတွေဆီဖြန့်ဝေပြီးသားဖြစ်နေတတ်ပါတယ်။ အဆိပ်ကို အဆိပ်မှန်းမသိလို့ စေတနာနဲ့တိုက်လည်း တိုက်ခံရတဲ့သူသေပါတယ်။ ဆေးမြီးတိုတွေ၊ လူပြောသူပြော ပါးစပ်ပြောအကြောင်းအရာတွေလည်း ဒီအတိုင်းပါပဲ။ ကိုယ်က စေတနာနဲ့ရေးသားတယ်။ ဖြန့်ဝေပေးတယ်ဆိုပေမယ့် မှန်ကန်တဲ့အချက်အလက်တွေမဟုတ်ရင် လူကိုဘေးဖြစ်စေနိုင်ပါတယ်။ အခုပြောချင်တဲ့အကြောင်းအရာကတော့ အိမ်တိုင်းလိုလိုမှာ ရှိတတ်ကြတဲ့ မီးဖိုချောင်ထဲမှာ ချိတ်ဆွဲထားတတ်ကြတဲ့ မတည့်သောအစားအစာများ ဆိုတဲ့ ကတ်ပြားကြီးအကြောင်းနဲ့ ဒီထဲက အစားအသောက်တွေဟာ တွဲဖက်စားမယ်ဆိုရင် တကယ်ကို ဘေး ဖြစ်စေနိုင်သလားဆိုတာကိုပါ။ အစားအစာတွေဟာ ယေဘုယျအားဖြင့် ဘေးကင်းပါတယ်။ အလွန်အကျွံမဟုတ်ရင် အစားအသောက်အချင်းချင်းမတည့်ဘူးဆိုတာ ရှားပါးပါတယ်။ ဒါပေမယ့် အဲဒီ မတည့်သောအစားအစာများ ဆိုတဲ့ကတ်ပြားကို ကြည့်လိုက်မယ်ဆိုရင် လူတွေစားနေကျဖြစ်တဲ့ ဝက်သားနဲ့ […]


ကျန်းမာရေး သတင်းများ

တီဗီမထတမ်းကြည့်နေခြင်းက ဉာဏ်ထိုင်းစေနိုင်

တီဗီမထတမ်းကြည့်တာ ပုံမှန်လိုဖြစ်နေရင် ဉာဏ်ထိုင်းစေတယ်လို့ သုတေသနတစ်ခုကပြောပါတယ်။ ဇာတ်လမ်းတွဲကြိုက်သူတွေအတွက် စိုးရိမ်စရာပါနော်။ ကြိုက်ပြီဆို အစအဆုံးအခွေဝယ်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း မပြီးမချင်း ဇွဲကောင်းကောင်းနဲ့ကြည့်ကြတာလေ။ ရုပ်သံလိုင်းပေါင်းစုံ အိမ်မှာတပ်ထားရင် ပိုဆိုး၊ အားတာနဲ့ တီဗီရှေ့ထိုင်တတ်တဲ့ အိမ်ကလူတွေတော့ ဒုက္ခပါပဲ။ သုံးနာရီခွဲထက်ကျော်ပြီး တီဗီမထတမ်းကြည့်တာ ပုံမှန်အကျင့်ဖြစ်နေသူတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဘာသာစကားနဲ့ မှတ်ဉာဏ်ပိုင်းမှာ စွမ်းရည်ကျဆင်းလာနိုင်တယ်လို့ သုတေသနက ဆိုပါတယ်။ တီဗီဘယ်လောက်ကြိုက်ကြိုက် ကိုယ့်ဦးနှောက်ကိုထိခိုက်မယ်ဆိုရင်တော့ပြန်စဉ်းစားဖို့၊ ဆင်ခြင်ဖို့လိုပါတယ်နော်။ ဗြိတိန်ရဲ့University College London မှ ပါမောက္ခDaisy Fancourt ဦးဆောင်တဲ့ ဒီသုတေသနအကြောင်းကိုScientific Reports ဂျာနယ်မှာဖော်ပြခဲ့တာပါ။ ဒီသုတေသနမှာ အသက် ၅၀ နဲ့အထက်အရွယ် ၃၆၆၂ ဦးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလေ့လာဆန်းစစ်ခဲ့ကြတာပါ။ သူတို့တွေရဲ့ တစ်နေ့တာမှာ တီဗီဘယ်လောက်ကြည့်သလဲဆိုတာ မှတ်တမ်းတင်ပြီး သူတို့ရဲ့ စဉ်းစားတွေးတောနိုင်စွမ်းနဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းတွေကို ဆန်းစစ်ခဲ့ပါတယ်။ သူတို့တွေရဲ့ ၂၀၀၈ နဲ့ […]


အခြေခံကျန်းမာရေး

ဗီတာမင် စီ အကြောင်းဘာတွေသိထားလဲ

ကျွန်တော် လူတော်တော် များများကို ဗီတာမင် စီ ကဘာအတွက်ကောင်းလဲ မေးရင် တော်တော်များများ ပြန်ဖြေတာကတော့ ဝိတ်ကျစေတယ်လို့ပဲ ဖြေတာများပါတယ်။ အခုထိ လေ့လာတွေ့ရှိချက်များ အရ ဗီတာမင် စီက ကိုလက်စထရော ကျစေတယ်လို့ပဲ စာတမ်းတွေ ရှိပါသေးတယ်။ ဝိတ်ကျတယ်လို့တော့ အခုထိရှာမတွေ့သေးပါဘူး။ တခြားသော လူသိပ်မသိကြသေးတဲ့ ဗီတာမင်စီ ရဲ့ကောင်းကျိုးလေးတွေ ရှိပါသေးတယ်။ အသားအရေကို တင်းရင်းစေခြင်း အရိုးဖွဲ့စည်းတည်ဆောက်မှုကို အားပေးခြင်း အနာကျက်လွယ်စေခြင်း ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောများကို အဆီချေဖျက်ရာတွင် အသုံးလိုတဲ့ သည်းခြေရည်ဖြစ်အောင် ပြောင်းလဲပေးနိုင်ခြင်း။ လူတွေရဲ့စိတ်ကို ပျော်အောင်၊ စိတ်ပူပန်အောင်၊ စိတ်ဓာတ်ကျအောင် စတာတွေကို ထိန်းချုပ်ပေးနေတဲ့ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးထွက်အောင်လည်း အားပေးပါတယ်။ အကြမ်းဖျင်းအားဖြင့် Serotonin (ဆီရိုတိုနင်) နည်းရင် စိတ်ဓာတ်ကျဝေဒနာခံစားရတတ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ကင်ဆာရောဂါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း