အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဗီတာမင် Sea

ခေါင်းစဉ်ကို ကြည့်ပြီး ဗီတာမင်ဆို ဗီတာမင် A၊ C၊ E တို့လိုမျိုးပဲ ကြားမိပါတယ်။ ဗီတာမင် Sea ရယ်လို့ မကြားမိပါဘူးဆိုပြီး ထူးဆန်းနေပြီလား။ ဒါဆိုရင်တော့ ဗီတာမင် Sea ဆိုတာက ဘာလဲဆိုတာကနေစလို့ ပြောပြမယ်နော်။ ဘာလဲ ဗီတာမင် Sea ........ ဗီတာမင် Sea ဆိုတာက ပင်လယ်ပြင်ကြီးကြောင့် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို တင်စားထားတာပါ။ ပင်လယ်ရေထံ ဆော့ရင်း၊ ရေကူးရင်းကနေ ရရှိမယ့် ကျန်းမာရေးကောင်းကျိုးတွေကို ဆိုလိုတာပါ။ ပင်လယ်ရေဆိုရင် ငန်နေတာပဲ။ အသားတွေလည်း မဲစေတယ်လို့ပဲ အများက မှတ်ယူထားကြတာပါ။ တကယ်ကတော့ ပင်လယ်ရေက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကုသပေးနိုင်စွမ်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဘယ်လို ကုသပေးနိုင်စွမ်းတွေများ ပိုင်ဆိုင်ထားလဲဆိုတာကို သိနိုင်ဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ပင်လယ်ရေမှာ ဘာတွေပါ ....... ပင်လယ်ရေမှာ ဘာတွေပါလဲဆိုတော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကြက်သွန်ခွံတွေကို သိမ်းထားပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေက ဟင်းလျာတိုင်းမှာ မပါမဖြစ်ပါ။ ဒီလို ဟင်းအနှစ်ရဖို့၊ အညှီပျောက်ဖို့ဆိုပြီး ဟင်းချက်တဲ့အခါ ထည့်ချက်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေက ဟင်းတွေကိုတင် အရသာတိုးစေတာ မဟုတ်ဘဲ ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်ဆိုတာကို အတော်များများ သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေရဲ့ အတွင်းသားကတင် အသုံးဝင်တာ မဟုတ်ဘဲ။ အပြင်ခွံလေးတွေကပါ ဘယ်လို အသုံးတည့်လဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ကြက်သွန်ခွံတွေမှာ ဘာတွေပါ။ ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ အပြင်ခွံတွေမှာ အခုလိုမျိုး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ဗီတာမင် A ဗီတာမင် C ဗီတာမင် E ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖလေဗာနွိုက် quercetin တို့ ပါဝင်နေပါတယ်။ ကြက်သွန်နီခွံက အရောင်ကျစေနိုင်သလို။ ကြက်သွန်ဖြူခွံက ကိုယ်ခံအားကောင်းစေပြီး၊ အရေပြားကိုကျန်းမာစေပါတယ်။ ဒါတွေအပြင် ဘယ်လိုတွေ အသုံးတည့်လဲဆိုတာကို အတူတူ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ထိုင်းမှိုင်း မှုတွေကို မောင်းထုတ်ကြရအောင်

ထိုင်းမှိုင်း နေရင် အလုပ်တွေ လုပ်ရတာ ပုံမှန်ထက် ပိုကြာနေသလို အချို့သော အရာတွေကို အလွယ်တကူ နားမလည်တာမျိုး ခံစားရနိုင်ပါတယ်။ အိပ်ချင်နေတာလိုလို ခေါင်းထဲ နောက်ကျိကျိ ဖြစ်နေတာလိုလို တစ်ခုခုလိုနေသလို ဘာရယ်လို့ ရေရေရာရာ မသိရတဲ့ ခံစားရမှုကြီးက အတော်လေး နေရထိုင်ရ မသက်မသာ ဖြစ်စေတာပါ။ ဒီလို ဖြစ်နေတဲ့အခါ ထိုင်းမှိုင်းမှုတွေကို အဝေးကို မောင်းထုတ်ချင်ပေမယ့် ဘယ်လိုလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ထိုင်းမှိုင်းမှုတွေကို မောင်းထုတ်လိုက်ကြရအောင် လား။ ထိုင်းမှိုင်း မှုတွေကို မောင်းထုတ်ကြရအောင် လုပ်ဆောင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ ထိုင်းမှိုင်းမှုကြီးကို ဒီနည်းလမ်းလေးတွေ သုံးပြီး မောင်းထုတ်လိုက်ရအောင်လား ........ ရေချိုး လိုက်ပါ ထိုင်းထိုင်းမှိုင်းမှိုင်း ခံစားနေရပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ရေချိုးလိုက်ပါ။ ရေချိုးတယ်ဆိုတဲ့နေရာမှာလည်း ရေအေးအေးလေးနဲ့ ချိုးစေချင်ပါတယ်။ ဒါမှ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဘိုထိုင် အိမ်သာ လား၊ မြန်မာထိုင်လား။

အိမ်ဆောက်ပြီးလို့ အိမ်သာ ရွေးရင်ပဲ ဖြစ်ဖြစ်၊ အပြင်သွားလို့ အိမ်သာသွားချင်ရင်ပဲ ဖြစ်ဖြစ် ဘိုထိုင်လား မြန်မာထိုင်လားဆိုလား ကြည့်ရပါတယ်။ တချို့ကလည်း ဘိုထိုင်အိမ်သာက သက်သောင့်သက်သာသွားရတယ်။ မြန်မာထိုင်က ညောင်းတယ်ပေါ့။ တချို့ကျလည်း သူများထိုင်ပြီးသားကြီး မထိုင်ချင်ပါဘူး။ မြန်မာထိုင်ဆို ဘာနဲ့မှထိစရာ မလိုပါဘူး စသဖြင့်ပေါ့။ ဒီအိမ်သာနှစ်မျိုးလုံးမှာကတော့ သူ့ဟာနဲ့သူ ကောင်းကျိုး ဆိုးကျိုးလေးတွေ ရှိပါတယ်။ ဘိုထိုင် အိမ်သာ ကောင်းကျိုး သန့်ရှင်းရေး လုပ်ရလွယ်ပါတယ်။ ကိစ္စပြီးတဲ့အခါ နောက်ကနေ ရေဆွဲချလိုက်ရုံပါပဲ။ ဒူးနာသက်သာပါတယ်။ အထူးသဖြင့် အဝလွန်တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေကျ ဆောင့်ကြောင့်ထိုင်ဖို့ ခက်ပါတယ်။ သူတို့အတွက် အဆင်ပြေပါတယ်။ ချော်လဲမှာ မစိုးရိမ်ရပါဘူး။ အကြာကြီး ဆောင့်ကြောင့်ထိုင်ပြီး ပြန်အထမှာ မူးတာ၊ ခြေမခိုင်ဘဲ ချော်လဲတာ ဖြစ်တတ်ပါတယ်။ ဘိုထိုင်အိမ်သာက သာမန်ကုလားထိုင်ကနေ ထသလို ဖြစ်တဲ့အတွက် ဒီပြဿနာတွေ […]


ကျန်းမာရေး သတင်းများ

မြန်မာနိုင်ငံမှာ ကိုဗစ်စတုတ္ထလှိုင်း ထပ်လာနိုင်သလား။

မြန်မာနိုင်ငံမှာ ကိုဗစ်က တတိယလှိုင်းအထိ ဖြစ်ပြီးပါပြီ။ ကိုဗစ်ရဲ့ သဘောက လှိုင်းလိုမျိုး တက်တိုက်၊ ငြိမ်သွားလိုက်နဲ့ ဖြစ်နေတာပါ။ ကာကွယ်ဆေးကို ၃ကြိမ်အထိ  ထိုးထားပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ခုထိ ကောင်းကောင်းထိန်းထားနိုင်တာမျိုး မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာရော ကိုဗစ်စတုတ္ထလှိုင်း ဖြစ်လာနိုင်သေးလား။ ကမ္ဘာ့နိုင်ငံများနဲ့ ကိုဗစ်စတုတ္ထလှိုင်း  ရှာဖတ်ကြည့်မယ်ဆိုရင် အနောက်နိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကိုဗစ်စတုတ္ထလှိုင်း ဖြစ်ပြီးသားပါ။ တချို့ကလည်း ဖြစ်နေဆဲပါ။ ကြည့်ရတာ ကိုဗစ်က နိုင်ငံတိုင်းမှာ လှိုင်းအလိုက် တက်လိုက် ကျလိုက် ဖြစ်နေတဲ့ ပုံပါပဲ။ မြန်မာနိုင်ငံမှာတောင် တတိယလှိုင်းအထိ ရောက်လာခဲ့ပြီလေ။ မြန်မာနိုင်ငံမှာရော ကိုဗစ်စတုတ္ထလှိုင်း  ဖြစ်လာနိုင်သလား။ အကောင်းဆုံးကတော့ ကြိုတင်ပြင်ဆင်ထားတာပါပဲ။ သူများနိုင်ငံတွေမှာ စဖြစ်နေပါပြီ။ ဒါကြောင့် ခုချိန်မှာ ကာကွယ်စရာရှိတာ ကာကွယ်ထားမယ်ဆိုရင် အထိအခိုက် နည်းမှာပါ။ ကိုဗစ်လှိုင်းတွေ ပြန်ပြန်လာနေရတဲ့ အကြောင်းရင်း တတိယလှိုင်းမှာ လူတော်တော်များများ ကူးပြီးသွားပြီလေ။ ကူးစရာလူရော ကျန်သေးလို့ရောလို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဝတ်အစားတွေ ဆီစွန်း သွားရင်

အဝတ်အစားတွေမှာ ဆီစွန်း သွားတာက အဝတ်အစားတွေကို ပျက်စီးစေတာ တစ်မျိုးပါပဲ။ စားတဲ့ဆီ ဒါမှမဟုတ် စက်ဆီတွေ အဝတ်အစားကို စွန်းသွားလို့ ဘယ်လို လုပ်ရမလဲဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အကြိုက်ဆုံး အဝတ်အစားလေးတွေ ဆီစွန်းသွားတဲ့အခါ ပျက်စီးမှုတွေ မဖြစ်စေဖို့ စွန်းသွားတဲ့ ဆီတွေကို ဘယ်လို ချွတ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အဝတ်အစားတွေ ဆီစွန်း သွားရင် အဝတ်အစားတွေ ဆီစွန်း သွားရင် အရင်ဆုံး လုပ်မိတာက တစ်သျှူးစ ဒါမှမဟုတ် အဝတ်စကို ယူပြီး သုတ်လိုက်တာဟုတ်။ ဒါက အဆီတွေကို စုပ်ယူပေးနိုင်တယ်ဆိုပေမယ့် ကုန်စင်အောင်တော့ မဟုတ်ပါဘူး။ အဝတ်အစားမှာ စွန်းသွားတဲ့ အဆီတွေကို အကုန်လုံးဖယ်ရှားနိုင်ဖို့ဆိုရင် ဒီမည်းလေးတွေက အသုံးတည့်မှာပါ။ သနပ်ခါး သနပ်ခါးကတော့ မြန်မာနိုင်ငံက အိမ်တိုင်းလိုလိုမှာ ရှိတဲ့အရာပါ။ အဝတ်အစားတွေမှာ ဟင်းဆီတွေ၊ စက်ဆီတွေ စွန်းသွားတဲ့အခါ အရင်ဆုံး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ညတစ်ရေးနိုး ရေသောက်တာက ကျန်းမာရေးကို ထိခိုက်စေသလား........

ညဦးကတော့ အိပ်ရင်း ဆီးသွားချင်မှာ စိုးလို့ ရေသိပ်မသောက်ဘဲ အိပ်လိုက်တယ်။ ညတစ်ရေးနိုး လာတော့ အာခေါင်တွေက ခြောက်ပြီး ရေတအား ငတ်လာလို့ ရေတွေ တဝ သောက်လိုက်မိတယ်။ ရေသောက်လိုက်မှပဲ ကောင်းကောင်း အိပ်ပျော်သွားတော့တယ်။ ဒီလိုမျိုး တစ်ကြိမ်၊ နှစ်ကြိမ် လုပ်မိစဉ်က ဘာရယ်လို့ မတွေးမိပေမယ့် ရက်တွေ ဆက်တိုက်လို ဖြစ်လာတဲ့အခါကျတော့ ခေါင်းထဲမှာ တွေးမိလာတာက ဒီလိုမျိုး ညတစ်ရေးနိုး ရေသောက်တာက ကောင်းရဲ့လား။ ကျောက်ကပ်တွေ ဘာတွေများ ထိခိုက်မလား။ အခြားရော ဘယ်လိုတွေ ထိခိုက်နိုင်သေးလဲဆိုပြီး စိတ်ပူနေတဲ့သူလေးတွေများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ညတစ်ရေးနိုး ရေသောက်တာက ကျန်းမာရေးကို ထိခိုက်စေသလား........ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့အတွက် နေ့စဉ် ရေကို ပြည့်ပြည့်ဝဝ သောက်ဖို့ လိုပါမယ်။ တစ်နေ့လုံးရော အိပ်စက်နေစဉ်မှာပါ […]


အခြေခံကျန်းမာရေး

ပြီးပြည့်စုံသော ကျန်းမာရေး ဆိုတာ

ကျန်းမာရေး နဲ့ ပတ်သက်ပြီး အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကတော့ အမျိုးမျိုးပါပဲ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHOကတော့ ရောဂါမရှိရုံနဲ့ ကျန်းမာတယ်လို့ ပြောလို့မရပါဘူးတဲ့။ လူတစ်ယောက်ကျန်းမာတယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအပြင် လူမှုဆက်ဆံရေးပါ ကျန်းမာ (တစ်နည်းအားဖြင့် အထီးကျန်မနေဘဲ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှု ရှိ) နေပါမှ တကယ်ကျန်းမာတယ်လို့ ဆိုနိုင်ပါတယ်တဲ့။ ကျန်းမာရေး အမျိုးအစားများ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူသိများတာကတော့ ကိုယ်နဲ့ စိတ်ကျန်းမာရေးပါ။ အလုံးစုံကျန်းမာရေးအတွက်ဆိုရင် ဒီနှစ်ခုတင်မကဘဲ စိတ်ခံစားချက်တွေ၊ အသိဉာဏ်တွေ၊ ငွေကြေးပိုင်းဆိုင်ရာတွေ၊ ကိုယ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်အလုပ်ခွင်ကပါ ကျန်းမာနေရမယ်လို့ ဆိုပါတယ်။ ဒါတွေက ကိုယ့်ရဲ့ ကျန်းမာရေးကို သွယ်ဝိုက်ပြီးတော့ သက်ရောက်မှုတွေ ရှိနေလို့ပါပဲ။ ဥပမာ အသိဉာဏ်ကျန်းမာနေပါမှ နေမကောင်းဖြစ်တဲ့အခါ ဘယ်သူနဲ့ ပြရမယ်။ ဘယ်လို နည်းလမ်းအမှားတွေကို ရှောင်ရမလဲဆိုတာ သိမှာပါ။ ငွေကြေးပိုင်း […]


ရောဂါလက္ခဏာများ

ချွေးနံ့ပြင်း လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ.......

အရင်က ချွေးနံ့ဆိုတာ ခန္ဓာကိုယ်မှာ မရှိဘူးတဲ့အရာပါ။ အခုကျမှ ချွေးနံ့ပြင်း တာက အနံ့ကို မခံနိုင်အောင်ပဲ။ အခြားသူ မပြောနဲ့ ကိုယ့်ဘာသာတောင် အနံ့မခံနိုင်အောင်ဖြစ်နေတာပါ။ ဒါဆိုရင် ဘာကြောင့်များလဲ။ ရေချိုးတာများ မစင်တာလားဆိုတော့လည်း သေချာ ပြောင်စင်အောင် ရေချိုးသန့်စင်တာပါ။ ဒါပေမယ့် ရေချိုးပြီး ၂ နာရီ မကြာခင်မှာတင် ချွေးနံ့က ပြန်ပြင်းလာတယ်ဆိုတဲ့ သူတွေရှိလား...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ချွေးနံ့ပြင်း လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ....... ဆိုတာကို ဖတ်ကြည့်လိုက်ရအောင်လား....... ချွေးနံ့ပြင်း လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ....... ချွေးနံ့ပြင်းတာက လူတိုင်း မကြုံဖူးသူရယ် မရှိပါဘူး။ တစ်ခါတလေဆိုတာ ပုံမှန်လို့ ဆိုလို့ ရပေမယ့် အမြဲလိုလို ဆိုရင်တော့ စဉ်းစားစရာ ဖြစ်လာပါပြီ။ ဒီတော့ ချွေးနံ့ပြင်းတာက ဘာတွေကြောင့် ဖြစ်မလဲဆိုတာကို […]


ရောဂါလက္ခဏာများ

ဘယ်လိုလက္ခဏာတွေက အရေးပေါ် ကုသမှုလိုတဲ့ လက္ခဏာတွေလဲ။

နေထိုင်မကောင်းဖြစ်ပြီဆိုရင် တချို့ရောဂါတွေက ဒီတိုင်း စောင့်ကြည့်ပြီး နေလို့ရတာ ရှိသလို တချို့က မသက်သာရင် ဆေးခန်းသွားပြရမှာ ရှိပါတယ်။ တချို့ကျတော့ ဒီလို စောင့်နေဖို့ကို မသင့်ဘဲ ချက်ချင်း အရေးပေါ် ကုသမှု ခံယူဖို့ လိုတဲ့ ရောဂါတွေလည်း ရှိပါတယ်။ ဒီလက္ခဏာတွေက ဘာတွေလဲဆိုတာ သိထားသင့်ပါတယ်။ အရေးပေါ် အခြေအနေဖြစ်တဲ့အတွက် အချိန်မီ ကုသမှု မရခဲ့ရင် အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ အရေးပေါ်  အခြေအနေဆိုတာ ဘာလဲ။ လူတစ်ယောက်က ခုချက်ချင်း အသက်အန္တရာယ်ဖြစ်သွားနိုင်တယ် ဒါမှမဟုတ် မသန်စွမ်း ဖြစ်သွားနိုင်တဲ့ အနေအထားကို အရေးပေါ်လို့ သတ်မှတ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် ရုတ်တရက် အစာသီးပြီး အသက်ရှူရခက်လာတာ အသက်ရှူရပ်သွားတာ ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး သတိလစ်သွားတာ လည်ပင်းနဲ့ ကျောရိုးကို ထိခိုက်မိပြီး လှုပ်မရတော့တာ၊ ထိတွေ့ခံစားမှု […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း