အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့

နွေရာသီမှာ အေးတဲ့လေ၊ အေးပြီး နေရထိုင်ရ သက်သောင့်သက်သာရှိတဲ့ နေရာလေးတွေကို လူတိုင်းလိုလို သဘောကျကျပါတယ်။ အခြားမပြောနဲ့ နွေပူပူ အပြင်က ပြန်လာလို့ သောက်ရေအိုး သဲအိုးအေးအေးလေးက အေးစိမ့်နေရင်တောင် ပါးလေး ကပ်လိုက် လက်လေးကပ်လိုက် လုပ်မိတတ်ကြတယ်ဟုတ်။ နေပူရင် အားအင် ကုန်ခမ်းတာမို့ နေအရမ်းပူချိန်မှာ အေးတဲ့နေရာမှာနေဖို့ အရိပ်ရတဲ့နေရာမှာနေဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ အပြင်က နွေနေပူရင်တောင် ကိုယ့်ရဲ့ အိမ်ကလေးထဲမှာ အေးနေအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ ဘယ်လိုတွေ စီစဉ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား......... နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ ဆိုရင် အဲကွန်း ဖွင့်လို့ရတာပဲလို့ ဖြေမယ်လို့များ စိတ်ကူးနေလား...... အခုပြောပြမယ့် နည်းလမ်းက အဲကွန်းဖွင့်စရာ မလိုဘဲ သဘာဝအတိုင်း […]


ကျန်းမာရေး သတင်းများ

တရုတ်နိုင်ငံမှာ လူကိုကူးစက်စေတဲ့ H3N8 ကြက်ငှက်တုပ်ကွေး တွေ့ရှိ

ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးပတ်မှာ တရုတ်နိုင်ငံ ဟယ်နမ်ပြည်နယ်မှာ H3N8 ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရတဲ့ လူနာကို စတင်တွေ့ရှိခဲ့ပါတယ်၊၊ ကြက်ငှက်တုပ်ကွေးက များသောအားဖြင့် လူကို ကူးစက်လေ့ မရှိတာကြောင့် ဒါက ရှားပါးဖြစ်စဉ်လို့ ပြောလို့ရပါတယ်၊၊ တရုတ်နိုင်ငံက H3N8 ကြက်ငှက်တုပ်ကွေး လူနာရဲ့ ဖြစ်စဉ်အကျဉ်း ဧပြီ ၂၆ရက်နေ့က တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က ဟယ်နမ်ပြည်နယ်မှာ H3N8 ကြက်ငှက်တုပ်ကွေးအမျိုးအစား ကူးစက်ခံရတဲ့ လူနာကို စတွေ့ခဲ့တယ်လို့ ဆိုပါတယ်၊၊ လူနာကတော့ ၄နှစ်အရွယ် ကောင်လေးဖြစ်ပါတယ်၊၊ ဒီကလေးလေးရဲ့ အိမ်က ကြက်နဲ့ ကြက်မည်းတွေကို မွေးမြူပြီး အိမ်ဝန်းကျင်မှာလည်း ဘဲရိုင်းတွေ ရှိတယ်လို့ ဆိုပါတယ်၊၊ ဧပြီ ၅ရက်နေ့မှာ ကလေးလေးက ဖျားပြီး လက္ခဏာတွေ ခံစားရပါတယ်၊၊ အခြေအနေပိုဆိုးလာတာကြောင့် ၁၀ရက်နေ့မှာ ဆေးရုံတင်လိုက်ရပါတယ်၊၊ ဧပြီ ၂၄ရက်နေ့မှာ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက် နဲ့ စွမ်းအားဖြည့် အချိုရည်တွေ ရောမသောက်ပါနဲ့

အရက်ကို စွမ်းအားဖြည့် အချိုရည်တွေ နဲ့ ရောသောက်ရတာကို အဝင်ကောင်းတယ်ဆိုပြီး သဘောတကျနဲ့ သောက်မိနေပြီလား။ ဒီလို သောက်တာက မကောင်းပါဘူး။ အရက်ကို တစ်ခုခုနဲ့ရောသောက်ဖို့ လိုတာမှန်ပေမယ့် ရောသောက်မိတဲ့ အချိုရည်က စွမ်းအားဖြည့် အချိုရည် မဖြစ်ဖို့ လိုပါမယ်။ စွမ်းအားဖြည့် အချိုရည်တွေမှာ ကဖင်း ပါဝင်နေသလို စိတ်ခံစားမှု တက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကြောင့် သောက်ပြီးစမှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေနိုင်ပေမယ့် အချိန်ကြာလာတဲ့အခါ စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။ စွမ်းအားဖြည့် အချိုရည်ဆိုတာ စွမ်းအားဖြည့် အချိုရည်ဆိုတာက သောက်စရာ တစ်မျိုးပါ။ ကဖင်း ပမာဏ များစွာ ပါဝင်နေသလို taurine၊ guarana၊ သကြားနဲ့ ဗီတာမင် B တို့ ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ စွမ်းအားဖြည့်အချိုရည်တွေမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေ ကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ

နွေအပူဒဏ်ကို အလူးအလဲ ခံရတာက သက်ရှိတိုင်းလိုလိုပါ။ ဒီလို အပူဒဏ်ကို သက်ရှိတိုင်း အလူးအလဲ ခံစားနေရချိန်မှာ အသက်အရွယ်ကြီးရင့်တဲ့ ဘိုးဘိုးဘွားဘွားတွေရော ဘေဘီပေါက်စလေးတွေအပြင် အပြင်ကနေပြန်လာတိုင်း ကိုယ်တွေကို အပြေးအလွှား ပြာပြာသလဲ ဆီးကြိုတတ်တဲ့ ပါပီ၊ ပူစီလေးတွေ က အပူဒဏ်ကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။ လူတွေမှာပဲ နွေအပူချိန် ပြင်းလို့ အပူလျှပ်တတ်တာ မဟုတ်ဘဲ သူတို့လေးတွေမှာလည်း နွေရာသီ အပူပြင်းချိန်မှာ အပူလျှပ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုနွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေ ကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ နွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရာသီမှာ ရေချွေတာပါ

နွေရောက်လာပြီဆိုရင် ကြားရမယ့် ကိစ္စက ရေရှားလာတာပါ။ ရန်ကုန်လိုနေရာမှာ တော်သေးပေမယ့် အထက်ပိုင်းအညာဒေသတွေမှာ ရေရှားတာက အတော်ရေး ရိုက်ခတ်မှု ပြင်းတဲ့ ပြဿနာပါ။ ဒီပြဿနာကို တစ်ယောက်တစ်လက်နဲ့ ဝိုင်းကူလို့ ရပါတယ်။ ဒီလို ဝိုင်းကူနိုင်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ နွေရာသီမှာ ရေချွေတာပါ ဆိုတာလေးကို အကောင်အထည် ဖော်ကြည့်ရအောင်နော်။ နွေရာသီမှာ ရေရှားတာ ပုံမှန်ပါပဲ နွေရာသီမှာ ရေရှားတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ ပြဿနာရှိရင် အဖြေရှိတယ်ဆိုတဲ့ စကားလိုပဲ ရေရှားတာကို ဖြေရှင်းလို့ ရပါတယ်။ ရေရှားတာ မဖြစ်စေဖို့အတွက် မြစ်တွေ ချောင်းတွေ မြေအောင်းရေတွေထဲကို ရေအရင်းအမြစ်တွေ ထည့်စိုက်တာမျိုး မလုပ်နိုင်ပေမယ့် တစ်ယောက်တစ်လက်နဲ့ ချွေတာပေးလို့တော့ ရပါတယ်။ နွေရာသီမှာ ရေကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်သလား နွေရာသီမှာ ရေရှားပါးတာ၊ သန့်ရှင်းတဲ့ ရေကို မရရှိတာကြောင့် ကျန်းမာရေး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေပူပူမှာ သောက်ကြမယ့် ဘော်ဒါတွေ ဖတ်ရန်

တစ်နေ့ထက် တစ်နေ့ထက် တစ်နေ့ အပူချိန်က မြင့်တက်လာနေပြီး မကြာခင်မှာ နွေရက်တွေကို ဖြတ်သန်းရတော့မှာပါ။ ဒီလို နွေပူပူမှာ ရေဓာတ် ဆုံးရှုံးတာ အပါအဝင် အပူရှိန်ကြောင့် အပူလျှပ်တာနဲ့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ခံစားလာရကြပါတယ်။ ဒီလု အပူချိန် ပြင်းချိန်မှာ ပုံမှန်အတိုင်းတောင် ကျန်းမာအောင် အတော်လေး ဂရုစိုက်နေရချိန်မှာ ဘီယာကစ်မယ်။ တစ်ခွက်တစ်ဖလားဆိုပြီး အပီကစ်မယ်လို့ တွေးနေတဲ့ ဘော်ဒါတွေ ရှိကြလား ..... ဒါဆိုရင်တော့ နွေပူပူမှာ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို အပီမကစ်ခင် ဒီစာလေးကို အရင် ဖတ်ကြည့်လိုက်နော်။ နွေရာသီက သောက်လို့ ကောင်းတဲ့ ရာသီ တစ်ခုလား နွေရာသီက အားလပ်ရက်ရှည် ရှိတာကြောင့် ခရီးသွားတာ၊ သူငယ်ချင်းတွေနဲ့ အတူတွေ့ဆုံ စားသောက်တာတွေ ပုံမှန်ထက် ပိုလုပ်ဖြစ်ကြပါတယ်။ ဒီလို တွေ့ဆုံမှုတွေမှာ ဘီယာအပါအဝင် အယ်လ်ကိုဟောပါတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေပူထဲ မှာ ရေစိုအဝတ်ဝတ်တာက သင့်ကို ဖျားနာစေမှာလား။

ငယ်ငယ်တုန်းက ပူလွန်းလို့ နေပူထဲ ကို အဝတ်လေး ရေစွတ်သွားတဲ့အခါ ဒါမှမဟုတ် ရေချိုးပြီး ရေခြောက်အောင် မဟုတ်ဘဲ အင်္ကျီကောက်စွပ်လိုက်တဲ့အခါ လူကြီးတွေက အအေးပတ်တော့မယ်၊ ဖျားတော့မယ်၊ အပူလျှပ်မယ် စသဖြင့်ပြောလေ့ရှိပါတယ်။ ဒါဆိုရင် သင်္ကြန်ထွက်လည်တဲ့သူတွေကရော။ သူတို့ကို မိုးလလင်းက မိုးချုပ် ၄ရက်ဆက်တိုက် ရေပတ်ခံထွက်နေကြတာပဲနော်။ သူတို့ကျ ဘာလို့ ဘာမှမဖြစ်တာပါလိမ့်။ နေပူထဲ မှာ ရေစိုအဝတ်တွေ ဝတ်တာက ဖျားနာစေမှာလား။ တကယ်က မဟုတ်ပါဘူး။ ရေစိုအဝတ်တွေနဲ့ နေနေတာက သင့်ကို အအေးမိဖျားနာတာမျိုး မဖြစ်စေပါဘူး။ ဒါနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာချက်တွေလည်း မရှိပါဘူး။ အပူလျှပ်တာရော ဖြစ်နိုင်လား။ အပူလျှပ်တယ်ဆိုတာက ခန္ဓာကိုယ်တစ်ခုလုံး ပူခြစ်ပြီး ချွေးလုံးဝမထွက်တဲ့ အခြေအနေပါ။ ဒါ့ပြင် အပူလျှပ်တဲ့ လူနာကို အရေးပေါ် ပြုစုတဲ့အခါ ရေလောင်းတာ၊ ရေစိုဝတ်နဲ့ အုပ်ထားတာ စတာတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့

နွေရာသီမှာ အပူဒဏ်ကို သက်သာအောင်ဆိုပြီး ကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ ရေကစားဖို့ ဆန္ဒမရှိဘူး။ ကုသိုလ်ပဲယူတော့မယ် ဥပုသ် ပဲ စောင့်တော့မယ်ဆိုတဲ့ သူလေးတွေ ရှိလား ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကုသိုလ်ယူမယ့်သူလေးတွေကို ပြည့်ပြည့်ဝဝ ကုသိုလ်ယူနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကဲ ...... ကျန်းမာရေးကို ထိခိုက်စေမှု မရှိဘဲ နှစ်သစ်ကူးအခါသမယမှာ ကုသိုလ်ပြည့်ပြည့်ဝဝ ရရှိစေဖို့အတွက် ဥပုသ်စောင့်နိုင်စေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။ ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး ထိခိုက်စေနိုင်လား ..... ဥပုသ်စောင့်တာက ကုသိုလ်ရေးဆိုပေမယ့် စနစ်တကျ မလုပ်ဆောင်မိဘူးဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဥပုသ်စောင့်တာက ညနေစား မစားရတာကြောင့် မနက်ခင်းမှာ ပြည့်ပြည့်ဝဝ မစားမိတာမျိုး ဖြစ်မယ် နေ့စဉ်ရက်ဆက် အာဟာရ ပြည့်ပြည့်ဝဝ မစားဘဲ ဥပုသ်စောင့်မယ်ဆိုရင် ကိုယ်အလေးချိန် ကျသွားတာ၊ ပိန်သွားတာ မူးလဲတာ အားနည်းတာ […]


ရောဂါလက္ခဏာများ

ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ

ဆောင်းရာသီ လူတိုင်း ချမ်းတဲ့အချိန်မှာ ချမ်းတာ ပုံမှန်ပဲလို့ ဆိုနိုင်ပေမယ့် နွေခေါင်ခေါင် လူတိုင်း ပူနေချိန်မှာ ချမ်းတယ်လို့ ခံစားနေရမယ်။ အချိန်တိုင်းလိုလို ချမ်းနေမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတာကို မသိချင်ဘူးလား ...... ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတဲ့ အဖြေကို သိနိုင်ဖို့ ဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ ဆောင်းပါးလေး ဖတ်ရင်း အတူတူ အဖြေရှာ ကြည့်လိုက်ရအောင်လား။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားနေရတာ ဒီအချက်တွေကြောင့်ပါ။ သွေးအားနည်း ရောဂါ ရှိတာ ကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေ လုံလုံလောက် မရှိတဲ့ အခါ အဆုတ်နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားပါတယ်။ ဒီအခြေအနေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေဓာတ်ဆုံးရှုံးမှု နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား .........

ရေများများသောက်နော်။ ခန္ဓာကိုယ်မှာ ရေဓာတ် နည်းရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး စကားတွေကို ခဏခဏ ကြားဖူးကြမှာပါ။ ဒါဆို ရေဓာတ်ဆုံးရှုံးမှု နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ရေဓာတ် ခန္ဓာကိုယ်အတွက် လိုအပ်သလား .... ရေဓာတ်က ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးအကြီးဆုံး အရာ တစ်ခုပါ။ ရေဓာတ် ပြည့်ဝမှ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းကောင်း လုပ်ဆောင်နိုင်မှာပါ။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ကြွက်သားတွေ၊ နှလုံးနဲ့ ကျောက်ကပ် အားလုံးက ရေဓာတ်ကို လိုအပ်ပါတယ်။ ရေဓာတ် ပြည့်ဝမှု ရှိမှလည်း ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ရောဂါတွေကို ကောင်းကောင်း ကာကွယ်နိုင်တော့မှာပေါ့။ ရေဓာတ် ခမ်းခြောက်ရင် ဘာတွေ ဖြစ်မလဲ ....... ရေဓာတ် ခမ်းခြောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာပါ။ ကိုယ်ထဲမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း