အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

နေခြည်ဖြာမှ နွေးသောကြောင့်

သစ်ပင်တွေဟာ ကြီးမားတဲ့ စွမ်းအင်ရင်းမြစ် တစ်ခုဖြစ်တဲ့ နေရောင်ခြည်ကို အစာချက်ရာမှာသုံးဖို့ လိုအပ်ကြောင်း အားလုံးသိကြပြီးသားပါ။ သစ်ပင်မှမဟုတ်ပါဘူး။ သက်ရှိအားလုံး နေစွမ်းအင်ကို လိုအပ်ကြပြီး ပုံစံ အမျိုးမျိုးနဲ့ အသုံးချနေကြတာပါပဲ။ လူသားတွေရဲ့ ကျန်းမာရေးရှုထောင့်ကကြည့်ရင်ရော နေရောင်ခြည်က ဘယ်လောက် အရေးပါနေသလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ မျှဝေပေးထားပါတယ်။ ၁။   မနက်ခင်း နေရောင်ခြည်ခံပေးခြင်းဟာ ဇီဝနာရီကို အချိန်မှန် (ပုံမှန်) အလုပ်လုပ်အောင် လှုံ႔ဆော်ပေးတယ်။ ဇီဝနာရီက ခန္ဓာကိုယ်မှာ ဘယ်အချိန်တော့ ဘာဓာတ်ထွက်ရမယ် ၊ ဘယ်အချိန် ဘယ်ကလီစာက ဘာအလုပ်လုပ်ရမယ်၊ ဘယ်အချိန် ဗိုက်ဆာရမယ် စသဖြင့် ထိန်းညှိပေးနေတာမို့ တစ်နေ့တာမှာ သူသာပုံမှန်ဖြစ်ပြီဆိုရင် ကျန်တဲ့ဇီဝဖြစ်စဉ်တွေဟာလည်း သူ့နေရာနဲ့သူ အစီအစဉ်တကျဖြစ်သွားပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်တာပေါ့။ မနက်နေရောင် မျက်လုံးထဲဝင်လာတာနဲ့ ခန္ဓာကိုယ်ကနေ melatonin ခေါ် အိပ်ချင်စေတဲ့ ဓာတ်ကို မထွက်အောင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Waist trainer ဝတ်သူတွေအတွက် အကျိုးအကြောင်း အဆိုးအကောင်းလေးတချို့

ဗိုက်ချပ်ဝတ်စုံ သို့မဟုတ် waist trainer လေးတွေ အခုနောက်ပိုင်းခေတ်စားလာတယ်နော်။ အဆီကျ ချပ်ရပ်ချင်တဲ့ပျိုမေတွေကလည်း ဝတ်ထားကြတယ်၊ အဝတ်အစားဝတ်တဲ့အခါ ပုံကျချပ်ရပ်ချင်တဲ့သူတွေကလည်း လိုတဲ့အချိန်ခဏဝတ်ကြတယ်။ တကယ်စွမ်းတယ်ဆိုတဲ့ သတင်းတွေကလည်း မွှေးတယ်ကိုး။ ဒါပေမယ့် တစ်ဖက်မှာလည်း ဘာဆိုးကျိုးများရှိနေမလဲ စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါဝတ်ထားလို့ ဘာတွေကောင်းကျိုးရှိမလဲ၊ ဘယ်အချက်တွေကို စိုးရိမ်ဖို့လိုမလဲဆိုတာ ကျန်းမာရေးပညာရှင်တွေ ဘယ်လိုသုံးသပ်ကြလဲ ကြည့်ရအောင်။ Waist trainer ကြောင့် ဖြစ်လာနိုင်တယ်လို့ဆိုကြတဲ့ ကောင်းကျိုးတချို့ ခါးသေးဗိုက်ချပ် ကိုယ်နေဟန်ထား လက်တွေ့သူ့ကိုဝတ်လိုက်တဲ့အခါ ချပ်ရပ်သွားစေတာက အသိသာဆုံးကောင်းကျိုးပေါ့။ အထူးသဖြင့် ကိုယ်လုံးပေါ်စေတဲ့ မြန်မာဝတ်စုံလေးတွေဝတ်မယ်ဆို ကွက်တိပါပဲ။ သီအိုရီအရလည်း ကြာကြာဝတ်ထားရင် တဖြည်းဖြည်းနဲ့ ဒီအတိုင်းအချိုးအစားကျလာမယ်လို့ဆိုပါတယ်။ အမေရိကန်ကျန်းမာရေးဌာနတစ်ခုရဲ့လေ့လာမှုအရတော့ ဗိုက်ချပ်ဝတ်စုံဝတ်ထားတာက ကိုယ်နေဟန်ထားကို သိသိသာသာပြောင်းလဲစေမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ကိုယ့်ခန္ဓာကိုယ်က ခဏတာဒီပုံသဏ္ဍာန်ဖြစ်သွားတယ်ဆိုရင်တောင်မှာ Waist trainer ကြောင့် ဒီအနေအထားကို ကြာရှည်မထိန်းထားနိုင်ဘူးလို့ဆိုပါတယ်။ ဆိုလိုတာက သူ့ကိုအမြဲဝတ်ထားပြီးနောက်ပိုင်း ပြန်ချွတ်ထားလိုက်တဲ့ ခဏတာအတွင်းမှာပဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Waist trainer ကို ဆိုးကျိုးကင်းအောင် ဘယ်လိုဝတ်မလဲ

သူ့ကိုဝတ်လိုက်တဲ့အခါ ချပ်ရပ်သွားစေတာကြောင့် ကိုယ်လုံးပေါ်စေတဲ့ မြန်မာဝတ်စုံလေးတွေဝတ်မယ်ဆို ကွက်တိပါပဲ။ သီအိုရီအရလည်း ကြာကြာဝတ်ထားရင် တဖြည်းဖြည်းနဲ့ ဒီအတိုင်းအချိုးအစားကျလာမယ်လို့ ဆိုပါတယ်။ Waist trainer ဝတ်ထားလို့ ကိုယ်အလေးချိန်ကျနိုင်ပါတယ်။ တင်းတင်းကျပ်ကျပ် စည်းထားတဲ့အတွက် အစာအိမ်ကို ညှစ်ထားမှာဖြစ်လို့ အစားနည်းသွားမယ့်အပြင် ရေသောက်လည်းနည်းသွားနိုင်ပါတယ်။ တကယ်တော့ ဒါကိုပဲလုံးဝအားကိုးပြီး တောက်လျှောက်ဝတ်ထားတာထက် သင့်တော်တဲ့အချိန်အပိုင်းအခြားသာ ဝတ်ပြီး လေ့ကျင့်ခန်းနဲ့ အစားဆင်ခြင်နည်း ကိုပါ တွဲဖို့ Waist trainer ရောင်းချတဲ့ကုမ္ပဏီတွေကတောင် အကြံပြုထားတာတွေ့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာပါဝတ်ထားဖို့ တချို့က ပြောကြပေမယ့် အားကစားလုပ်ချိန်မှာ မဝတ်ထားတာကောင်းပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်စားမိတဲ့ နည်းနည်းလေးက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေဖို့လိုပါတယ်။ ဒါမှ ကျန်းမာရေးကို ထိန်းထားနိုင်ဖို့ လုံလောက်မှာပါ။ မဟုတ်ရင် အားနည်းလာပါလိမ့်မယ်။ Waist trainer ဝတ်ထားတဲ့အချိန်မှာ နဂိုခါးကိုင်းကိုင်းနေတတ်တဲ့သူတောင် ကျော့ကျော့မတ်မတ်လေး နေဖြစ်သွားပါလိမ့်မယ်။ လူကို ကိုယ်နေဟန်ထား ပုံစံကျသွားစေပါတယ်။ […]


ဆေးစစ်ချက်များ

သွေးပုံမှန်စစ်သင့်တဲ့ အ​ကြောင်းအရင်းက ဘာများလဲ...

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအနှံ့ဆီကို စီးဆင်းနေတဲ့ သွေးတွေက အသက်ရှင်နေစေဖို့ပဲမဟုတ်ပါဘူး။ ရောဂါတွေခံစားရနိုင်ခြေ နဲ့ ဘယ်လိုရောဂါတွေကူးစက်ခံထားရပြီလဲဆိုတာကို အဖြေထုတ်ပေးဖို့ပါအထောက်အကူပြုပေးနိုင်ပါသေးတယ်နော်။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာပြီး ရောဂါကင်းစေဖို့ သွေးစစ်ကြဖို့တိုက်တွန်းပါရစေနော်။ သွေးစစ်သင့်တယ်လို့ပြောရတဲ့ အကြောင်းအရင်း ရောဂါတော်တော်များများကို သွေးကနေတဆင့်သိနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်ဖြစ်ဖြစ် ကုသဖို့အတွက်ဖြစ်ဖြစ် ရောဂါရှိနေတယ်ဆိုတာကို သိမှဖြစ်မှာပါ။ ဒီတော့ ကျန်းမာပြီး ရောဂါကင်းစေဖို့ဆိုရင် ပုံမှန်သွေးစစ်နေဖို့လိုပါမယ်။ သွေးစစ်တာက ကျန်းမာရေးစောင့်ရှောက်ပေးသူတွေကို သင့်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အချက်အလက်တွေ အများကြီးပေးနိုင်ပါတယ်။ အချို့အခြေအနေတွေက ကိုယ်တိုင်သိထားပြီး ဂရုစိုက်ဖို့လိုအပ်တဲ့ အခြေအနေတွေဖြစ်တာကြောင့် ပုံမှန်သွေးစစ်တာကို လုပ်သင့်ပါတယ်။ ဘယ်လောက်တစ်ကြိမ် သွေးစစ်သင့်လဲ..... အချို့ရောဂါပိုးတွေက ကူးစက်ခံရပြီးပြီးချင်းမှာ ရောဂါလက္ခဏာမပြတတ်သလို သွေးထဲမှာလည်း ပြမနေတတ်တာမျိုးရှိပါတယ်။ ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ သွေးထဲမှာ ရောဂါပိုးရှိနေတယ်ဆိုတာကို ပြသလာပါတယ်။ ဒါကြောင့် မိမိသံသယဖြစ်တဲ့ ရောဂါပေါ်လိုက်ပြီး သွေးစစ်သင့်ပါတယ်။ သွေးစစ်တဲ့အမျိုးအစားက တစ်ခုထဲရှိတာလား...... သွေးစစ်တဲ့အမျိုးအစားက တစ်ခုမကရှိပါတယ်။ ဥပမာ ပြောရရင် သွေးဆဲလ်အရေအတွက်ကို စစ်တာ (CBC) […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူအအေးမမျှတတဲ့ ရာသီဥတုမှာ လေအေးပေးစက် ကို ဘေးကင်းအောင် ဘယ်လိုသုံးကြမလဲ။

အခုခေတ်မှာတော့ ဘယ်နေရာသွားသွား လေအေးပေးစက် နဲ့ သိပ်မကင်းနိုင်ပါဘူး။ အိမ်မှာမတပ်ထားရင် တောင် ရုံးမှာ၊ ကားပေါ်မှာ၊ စျေးဝယ်စင်တာမှာ စသည်ဖြင့် တစ်နေရာရာမှာတော့ ကြုံရမှာပဲ။ လေအေးပေးစက်နဲ့ဆို နေမကောင်းဖြစ်လွယ်တယ်လို့ စိုးရိမ်တတ်ကြတော့ ဘေးအကင်းဆုံး ဖြစ်အောင် ဘယ်လိုသုံးရမလဲ၊ ဘယ်လိုအန္တရာယ်ကင်းအောင် နေရမလဲဆိုတာ သိထားဖို့သင့်ပါတယ်။ လေအေးပေးစက် သုံးမယ်ဆို ဘာတွေသတိထားသင့်သလဲ လေအေးပေးစနစ်ကြောင့် ဖျားနာမှုကင်းဝေးပြီး ကျန်းမာစေဖို့အတွက် လေအေးပေးစက်အပူချိန်ကို ၂၃ ဒီဂရီ စင်တီဂရိတ်နဲ့ ၂၅ ဒီဂရိစင်တီဂရိတ်အကြားမှာပဲထားပါ။ လေအေးပေးစက် ရဲ့ air filter တွေကို နှစ်စဉ် ဒါမှမဟုတ် ထုတ်လုပ်တဲ့ကုမ္ပဏီက အကြံပြုတဲ့အတိုင်းသန့်ရှင်းရေးလုပ်ပေးပါ။ အိမ်တွင်းမှာ သန့်စင်တဲ့လေ ရရှိနိုင်စေဖို့ လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ပေးပြီး အချိန်အတိုင်းအတာတစ်ခုကြာတဲ့အထိ လေအေးပေးစက်ကိုပိတ်ပြီး တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားပေးပါ။ အခန်းတွင်းမှာ အဆိပ်ရှိတဲ့အရာတွေ မပျံ့နှံ့စေဖို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး

ခြေထောက်လေးတွေက လမ်းလျှောက်ဖို့၊ ပြေးလွှားဖို့ မတ်မတ်ရပ်ဖို့လောက်ပဲ အသုံးဝင်တာလား။ လိုချင်တဲ့နေရာဆီကို အရောက်လှမ်းသွားနိုင်ဖို့ အထောက်အပံ့ပေးထားတဲ့ ခြေထောက်လေးတွေက ကျန်းမာရေးရဲ့ အချက်ပြအရာလေးတွေအဖြစ်လည်း လုပ်ဆောင်ပေးပါသေးတယ်။ ဘယ်လိုလက္ခဏာတွေများပြတာလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ခြေထောက်လေးက ပြောပြနေတဲ့ သင့်ကျန်းမာရေး ကဲ....ခြေထောက်လေးကို သေချာလေးဆေးလို့ တစ်ချက်ချင်းစီ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်နော်။ ခြေမလေးက အပေါ်ကော့ကော့လေးဖြစ်နေရင် ခြေမကအရင်ကထက် အပေါ်ကို ခပ်ကော့ကော့လေးဖြစ်လာပြီဆိုရင် ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါခံစားနေရတာဖြစ်နိုင်သလို နှလုံးရောဂါ၊  အစာအိမ်အူနံရံရောင်တဲ့ရောဂါ ကိုခံစားနေရတာဖြစ်နိုင်ပါတယ်။ ခြေချင်းဝတ်တွေ၊ ခြေဖမိုးတွေရောင်နေရင် တကယ်လို့ သင့်ရဲ့ ခြေချင်းဝတ်တွေ၊ ခြေဖမိုးတွေက ရောင်နေမယ်ဆိုရင်တော့ သွေးတိုးနေတာဖြစ်နိုင်သလို၊ နှလုံးကျန်းမာရေး အားနည်းတာ၊ ကောက်ကပ်ထိခိုက်နေတာ၊ အသည်းထိခိုက်နေတာတွေကိုခံစားနေရတာဖြစ်ပါတယ်။ ခြေဖျားတွေအေးနေရင် ခြေဖျားတွေက အေးစက်နေမယ်ဆိုရင်တော့ သွေးလည်ပတ်မှုသိပ်မကောင်းတာကြောင့်ဖြစ်နိုင်သလို သိုင်းရွိုက်ပြဿနာရှိနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီပြဿနာက အမျိုးသားတွေထက် အမျိုးသမီးတွေမျာ ပိုအဖြစ်များပါ။ တကယ်လို့ သင်က အသက် ၄၀ ကျော်ပြီ အမြဲလိုလိုခြေဖျားတွေအေးနေမယ်ဆိုရင်တော့ သိုင်းရွိုက်စစ်ဆေးမှုလုပ်သင့်ပါတယ်။ ခြေထောက်ကအနာမကျက်ဘဲ ဖြစ်နေရင် ခြေထောက်ကို မတော်တဆထိခိုက်မှုဖြစ်တာကြောင့် ထိခိုက်မိတဲ့ […]


အခြေခံကျန်းမာရေး

အသံချဲ့စက်ကပေးတဲ့ ဝေဒနာ (၆) မျိုး

အသံဆိုတာ အမျိုးမျိုးရှိပါတယ်။ ဂီတသံ၊ စကားပြောသံ၊ ဆူညံသံ၊ စက်သံ စတာတွေအပြင် ဂီတသံထဲမှာတောင် သာယာငြိမ့်ညောင်းတဲ့အသံ၊ မြူးကြွတဲ့အသံ၊ ဆူညံပြင်းတဲ့အသံ ဆိုပြီးကွဲပါသေးတယ်။ ခုနေ ဘယ်အသံကို အကြောက်ဆုံးလဲမေးရင် လူ ဆယ်ယောက်မှာ ကိုးယောက်လောက်ဖြေမှာက လော်သံလို့ ပြောကြမလားပဲ။ လော် သို့မဟုတ် လော်စပီကာလို့ ခေါ်ကြတဲ့ အသံချဲ့စက်တွေက ဟိုမှာ ဒီမှာ တပြင်တခွင် ရှိနေတာကိုး။ ပိုဆိုးတာက လော်တင်မက sound box ကြီးတွေပါ တွဲပြီး ကျဲနေကြတာပါပဲ။ သုတေသနတွေအရ အသံချဲ့စက်အပါအဝင် ကားဟွန်းသံ၊ လေယာဉ်သံ၊ စက်မောင်းသံ၊ စတဲ့ ဆူညံသံတစ်မျိုးမျိုးကို မကြာခဏ သို့မဟုတ် ကြာရှည်ကြားနေရတဲ့သူတွေမှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။ (၁) နှလုံးစည်းချက် မူမမှန်ဖြစ်စေတယ် ဂျာမဏီသုတေသနတစ်ခုကတော့ ဆူညံသံကြားရတာများလာရင် နှလုံးခုန်စည်းချက်မူမမှန်ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီကနေ သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းနဲ့ […]


အခြေခံကျန်းမာရေး

သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး

သဘာဝတရားကြီးက လူသားတွေအတွက်ကျန်းမာရေးဆိုင်ရာ အံ့မခန်းဖွယ်အကျိုးကျေးဇူးတွေပေးထားပါတယ်။ ချင်း (ဂျင်း)ကလည်း သဘာဝကပေးတဲ့အကောင်းဆုံးသောဆေးစွမ်းတစ်လက်ပါ။ အရာရာတိုင်းကတန်ဆေးလွန်ဘေးဆို သလိုပဲ ဆေးဖက်ဝင်တယ်ဆိုတိုင်းလည်း အတိုင်းအဆမရှိစားသုံးတာမျိုးမဖြစ်သင့်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေတွေအပေါ်မှာမူတည်ပြီး အတိုင်းအချင့်နဲ့စားသုံးသင့်ပါတယ်။ အောက်ဖော်ပြပါ ရောဂါရှိသူတွေအတွက် ချင်းက တော်တော်လေးကို အန္တရာယ်ကြီးလှပါတယ်။ ဂျင်း (ချင်း) ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး ဂျင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပါတယ်။ အစာအိမ်အနာတွေကို ကျက်စေနိုင်သလို ကင်ဆာဆဲလ်​တွေကိုလည်း သေစေနိုင်ပါတယ်။ အမိုးသားတွေအတွက်လည်း ကျန်းမာရေးကိုကောင်းစေနိုင်ပါတယ်။ ချင်းက ဆေးဖက်ဝင်တယ်ဆိုတာကိုလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်များစွာကတည်းက သိရှိခဲ့တာဖြစ်ပါတယ်။ ဘယ်သူတွေ ချင်း (ဂျင်း) မစားသင့်ဘူးလဲ..... ချင်းကကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမယ့် လူတိုင်းအတွက် ကေင်းလှတယ်တော့ မဟုတ်ပါဘူး။ အောက်ဖော်ပြပါ ဝေဒနာရှင်တွေအနေနဲ့ ချင်းစားသုံးမှုကို လုံးဝရှောင်ကြဉ်တာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်အချင့်နဲ့စားသုံးတာမျိုးဖြစ်ဖြစ်လုပ်ဆောင်သင့်ပါတယ်။ သွေးခဲဆေးသောက်သုံးနေရသူတွေ ချင်းက သွေးကိုကျဲစေနိုင်စွမ်းရှိတာကြောင့် သွေးမတိတ်တဲ့ ဝေဒနာရှိတာကြောင့် သွေးခဲဆေးသောက်သုံးမှီဝဲ နေရသူတွေအနေနဲ့ ချင်းစားသုံးမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အချို့သောဖြစ်ရပ်တွေမှာ ချင်းကဆေးအာနိသင်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကားမူးတာကို သက်သာစေမယ့် အိတ်ဆောင်ဆေးနည်းလေးများ

ခရီးဝေးဝေးသွားဖို့ဆို တော်တော်စဉ်းစားရတယ်။ ကားနဲ့လည်း မသွားရဲဘူး၊ လေယာဉ်လည်းမစီးဘူး၊ ရေလမ်းခရီးဆိုဝေလာဝေး၊ ရထားလည်း မဖြစ်။ ဘာကိုကြောက်နေရလဲဆိုတော့ ကားမူး၊လှေမူး၊ လေယာဉ်မူးတဲ့ အမူးရောဂါကိုပေါ့။ မအီမသာ ခံစားရခက်တဲ့ ဒီဝေဒနာကို ရှောင်နေရတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ဘယ်မှမသွားဘဲ မနေနိုင်တော့လည်း ကုစားနိုင်မယ့်နည်းလမ်းတွေရှာရင်း သည်းခံသွားလာရတာပါပဲ။ သွားရင်းလာရင်း တဝေါ့ဝေ့ါ့နဲ့ ထိုးအန်ရတာတွေ၊ ခေါင်းမထူနိုင်အောင် ကိုက်ခဲနေတာတွေက ကိုယ့်အတွက်ရော၊ ဘေးလူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဒီလိုဖြစ်တတ်တဲ့သူတွေ ခရီးသွားတဲ့အခါ ကားမူးဝေဒနာကို သက်သာလျော့ပါးစေဖို့ အထောက်အကူဖြစ်မယ့် ဆေးဖက်ဝင်ပစ္စည်းလေးတွေကို ပြောပြမယ်နော်။   ချင်း(ဂျင်း) ချင်းက ကားမူးဝေဒနာကို သက်သာစေတဲ့အာနိသင်ရှိပါတယ်။ ချင်းလက်ဖက်ရည်ကို ထည့်လာပြီး လမ်းမှာသောက်လည်းရတယ်၊ ပါးပါးလှီးထားတာလေး ဒီတိုင်းဝါးစားလည်းရတယ်၊ နောက်ဆုံး မရှိရင် ချင်းများများပါတဲ့ မက်မန်းပေါင်းလို အချဉ်ပေါင်းထဲကလည်း ယူစားလို့ရပါတယ်။ မစားချင်ဘူးဆိုရင် ချင်းနည်းနည်းကိုတစ်ရှူးလေးနဲ့ပတ်ပြီး အနံ့ရှူလိုက်ပါ။   သံပရာသီး အားလုံးသိပြီးသားဖြစ်ပေမယ့် အမြဲအသုံးဝင်တဲ့သံပရာသီးပါ။ ခရီးသွားရင် သံပရာသီးဆောင်သွားကြတာ မြင်ဖူးမှာပါ။ အလုံးလိုက်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သုံးဆယ်ကျော်လာတဲ့နောက်မှာ ကိုယ့်ခန္ဓာကိုယ်အတွက် ဘာတွေပြင်ဆင်ဂရုစိုက်သင့်သလဲ

အသက်သုံးဆယ်ကျော် ဆိုတာ မကြီးလွန်းလှပေမယ့် ဆယ်ကျော်သက်လေးတွေလို ငယ်ရွယ်လွန်းတဲ့အသက်အရွယ်တော့လည်း မဟုတ်ပြန်ပါဘူး။ တာ၀န်ယူရမှုတွေများပြားနေတတ်ပြီး လုပ်ငန်းခွင်တစ်ခုခုမှာအခြေကျနေပြီးသားအရွယ်တွေဖြစ်တာနဲ့အညီ စိတ်ဖိစီးမှုတွေလည်း များတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သုံးဆယ်ကျော်လာတဲ့နောက်မှာ ကိုယ့်ရဲ့ တစ်ကိုယ်ရေကျန်းမာရေးနဲ့ စိတ်ချမ်းသာရေးကို ပိုဂရုစိုက်သင့်နေပါပြီ။ သုံးဆယ်ကျော်လာတဲ့နောက်မှာ ကိုယ့်ခန္ဓာကိုယ်အတွက် ဘာတွေပြင်ဆင်ဂရုစိုက်သင့်သလဲ ကိုယ့်ကို အဆိပ်အတောက် ဖြစ်စေတဲ့ သမီးရည်းစား သူငယ်ချင်း ဘယ်လို ဆက်ဆံရေးမျိုးကို မဆို လွှတ်ချရဲတဲ့ သတ္တိမျိူးရှိသင့်နေပြီဖြစ်တဲ့အရွယ်လဲ ဖြစ်ပါတယ်။ ဒါကြောင့် အသက်သုံးဆယ်ကျော် လာတဲ့သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုနည်းလမ်းတွေနဲ့ စိတ်ချမ်းသာအောင် ကိုယ်ကျန်းမာအောင် ထားသင့်သလဲဆိုတဲ့   နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ကိုယ်မလုပ်နိုင်တဲ့အရာတွေကို သတ္တိရှိရှိငြင်းဆိုပါ။ (၂) အိပ်ရာမ၀င်ခင်မှာ တယ်လီဖုန်းကို air plane mode on ပြီးအိပ်ပါ။ (၃) ယုတ္တိဗေဓမကျ လက်တွေ့မဆန်တဲ့ မျှော်လင့်ချက်မျိူးကို သူတပါးဆီကဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ဆီကဖြစ်ဖြစ်မျှော်လင့်တာမျိူးရှောင်ပါ၊ ဖြစ်နိုင်ခြေနဲ့ နီးစပ်တဲ့ မျှော်လင့်ချက်မျိူးကိုသာ ထားပါ။ (၄) နေပူထဲထွက်ထွက်မထွက်ထွက် နေလောင်ကာလိမ်းဆေးနေ့တိုင်းလိမ်းဖို့ မမေ့ပါနဲ့၊ (၅)အိပ်စက်ခြင်းကိုဦးစားပေးပါ၊ တစ်နေ့ကို အနည်းဆုံးခုနစ်နာရီအိပ်ချိန်ရှိပါစေ။ (၆) အစားအသောက်စားတိုင်းမှာ အသီးအရွက်တွေပါဖို့ ကြိုးစားပါ။ (၇) တစ်နေ့ကို ရေနှစ်လီတာသောက်ပါ၊ အိပ်ရာထချိန်နဲ့ အိပ်ရာ၀င်ခါနီးမှာ ရေကိုဖန်ခွက်ကြီးကြီးနဲ့သောက်ပါ။ (၈) ကိုယ့်ကိုယ်ကိုခွင့်လွှတ်တတ်ပါစေ။ (၉) သွားကျန်းမာရေးအတွက် သွားပွတ်ကြိုးသုံးပေးပါ။ (၁၀) တခြားလူတွေ ကိုယ့်အပေါ်ဘယ်လိုမြင်သလဲ ဘယ်လိုတွေးသလဲဆိုတာကို အရမ်းဂရုမစိုက်ပါနဲ့။ (၁၁) တစ်နေ့ကိုဆယ်မိနစ်ပဲဖြစ်ဖြစ် me time လို့ခေါ်တဲ့ ကိုယ်ပိုင်အချိန်ရအောင်ယူတတ်ပါစေ။ (၁၂) လူမှုကွန်ယက်မှာရောလက်တွေ့ဘ၀ထဲမှာပါ ကိုယ့်ကိုယ်ကို အဆိုးပဲမြင်စေတဲ့သူမျိူးတွေရှိရင် ဘ၀ထဲကထုတ်ပစ်ပါ။ (၁၃) နှစ်ခွက်သောက်ပြီးတာနဲ့ရပ်နိုင်အောင်ကြိုးစားပါ။ (၁၄) အတင်းပြောတတ်တဲ့အလေ့အကျင့်ရှိနေရင် ရပ်ပြီးအဆိုးမြင်သံသရာစက်၀န်းထဲကလွတ်မြောက်နိုင်ပါစေ။ (၁၅) တာရှည်ခံအောင်ပြုပြင်ထားတဲ့အစာတွေအစား သဘာ၀ကရတဲ့ အစာတွေကိုပဲပိုစားသုံးပေးပါ။ (၁၆) အိပ်ရာမ၀င်ခင် ကိုယ့်ကိုယ်ကို သဘောကျတဲ့အချက်သုံးချက်ကိုတွေးပါ။ ဒါက သင့်ကိုခွန်အားဖြစ်စေပါတယ်။ (၁၇)ကိုယ်တကယ်စိတ်မကောင်းမဖြစ်တဲ့အရာတွေအတွက် ဆောရီးလို့ပြောတာကို ရှောင်ကြဉ်ပါ။ (၁၈)မိမိဘ၀ကို တခြားသူတွေရဲ့ဘ၀နဲ့မနှိုင်းယှဉ်ပါနဲ့၊ ကျေနပ်ရောင့်ရဲတတ်ပါစေ။ (၁၉)တစ်ပတ်ကိုအနည်းဆုံးသုံးရက် တစ်ကြိမ်ကို နာရီ၀က်လေ့ကျင့်ခန်းလုပ်ပါ။ သုံးဆယ်ကျော်လာတဲ့နောက်မှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အခုလိုလေးတွေ ဂရုစိုက်လိုက်ပါ။ အသက်သုံးဆယ်ကျော် ကာလကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်ကျော်ဖို့ ready ပဲလား .......

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း