အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွားဆရာဝန်ကို မကြောက်ပါနဲ့

ပုံမှန်အားဖြင့် မည်သူမှသွားဆရာဝန်ဆီမသွားချင်ပါ။ အကြောင်းမှာ သွားဆေးခန်းအနံ့၊သွားလွန်ဖောက်စက်များနဲ့နာကျင်ခြင်းစသည့်အကြောင်းများကြောင့် သွာဆရာဝန်ဆီသွားရန် အမြဲငြင်းဆန်နေခြင်းဖြစ်သည်။ သို့သော် သွားကျန်းမာရေးကိုကာကွယ်ခြင်းသည် အားလုံးအတွက်အရေးပါပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့မသွားချင်ပါသော်လည်း သွားဆရာဝန်ဆီဘာကြောင့်သွားသင့်သည်ဆိုတာကို aအာက်တွင် ဖော်ပြထားပါသည်။ သွားဆရာဝန်သည် ဘာကြောင့်ကြောက်စရာကောင်းနေရသလဲ။ • အနံ့နှင့်အသံကြောင့်ဖြစ်သည်။ ရိုးသားစွာပြောရလျှင် သွားဆေးခန်း၏အနံ့သည် ဆေးရုံအနံ့နှင့်တူနေသောကြောင့် မည်သူမှမကြိုက်ခြင်းဖြစ်သည်။ • နာကျင်ခြင်းသည်လည်း သွားဆရာဝန်ကိုကြောက်ရသည့် အချက်တစ်ချက်ဖြစ်သည်။ ကျွန်ုပ်တို့သွားဆရာဝန်ကို မေးလေ့ရှိသည်မှာ “နာမှာလား”ဟူ၍ဖြစ်သည်။ သွားဆရာဝန်မှ “မနာပါဘူး”ဟု ပြန်ဖြေလေ့ရှိသော်လည်းတကယ့်အဖြေမှာ “နာတယ်” ဖြစ်သည်။ • သွားလွန်ဖောက်စက်သည်လည်း ကျွန်ုပ်တု့ိအတွက် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ၎င်း၏အသံသည် ကျွန်ုပ်တု့ိသွားများဖျက်ဆီးခံရတော့မည်ဟူသောခံစားချက်ကိုပေးသည်။ သို့သော်လည်း သွားဆရာဝန်ဆီသွားရန် တွန်းအားပေးသောအကြောင်းရင်းကောင်းများစွာရှိပါသည်။ • မိမိကိုယ်ကိုတန်ဖိုးခြင်း၊ ယုံကြည်မှုရှိခြင်းတု့ိကိုမြင့်တင်ပေးသည်။ တောက်ပသောအပြုံးနှင့် လှပသောသွားကကျွန်ုပ်တို့ကိုယုံကြည်မှုရှိစေသည်။ • သင် ကျန်းမာပျော်ရွှင်ဖို့အတွက် သွားကျန်းမာရေးသည်လည်းများစွာ သက်ရောက်မှုရှိသည်။ ထို့ကြောင့်သွားကျန်းမာရေးကို ဂရုစိုက်ခြင်းသည် လူတိုင်းအတွက်အရေးကြီးသည်။ • နဲ့နေသောသွားများနဲ့သွားပိုးပေါက်များကိုဂရုတစိုက် ကာကွယ်ပါ။ အကယ်၍ ဤသွားပြဿနာအသေးလေးများကို စိတ်ထဲမထားပါက ဆိုးဝါးသောသွားနှင့်သွားဖုံးဆိုင်ရာရောဂါများဖြစ်လာနိုင်ပါသည်။ သွားဆရာဝန်ကို […]


အခြေခံကျန်းမာရေး

အဖြစ်များဆုံး အားကစားထိခိုက်ဒဏ်ရာများ နဲ့ ကုသနည်းများ

အားကစားသမား ပညာရှင် တွေတောင်မှ ကစားရင်း ထိခိုက်မိတဲ့ အနာတရတွေကို မကာကွယ်နိုင်ပါဘူး။ အားကစား ပုံမှန်မလုပ်သူ (သို့) စားပွဲမှာ ထိုင်ပြီးအလုပ်လုပ်သူဆိုရင် အနာတရ ဖြစ်နိုင်ချေ ပိုများပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ ဆေးရုံ ဆေးခန်းတွေမှာ အများဆုံးတွေ့ရတဲ့ အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာ ရမှုတွေပဲဖြစ်ပါတယ်။ ကြွက်သားဒဏ်ရာရခြင်း အတွေ့အများဆုံး မတော်တဆမှုကတော့ ကြွက်သားဒဏ်ရာရခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓါအတွင်းက ဘယ်ကြွက်သားမဆိုမှာ ဖြစ်နိုင်ပါတယ်။ သင်ဘယ်လောက် သွေးပူလေ့ကျင့်ခန်းလုပ်သည်ဖြစ်သည်၊ အနားနေပြီး ကြွက်သားဆန့်ထုတ်သည်ဖြစ်စေ ကြွက်သားဒဏ်ရာရခြင်းကို ပင်ပန်းနွမ်းနယ်ခြင်း၊ အလွန်အကျွံ အသုံးပြုမိခြင်း(သို့) ချော်ကျခြင်းမျိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒီလို ကြွက်သားဒဏ်ရာရခြင်းမျိုး မဖြစ်စေဘဲ လုပ်နိုင်တဲ့အလုပ် ရှားပါးပါတယ်။ ကြွက်သားဒဏ်ရာရခြင်းဟာ ကြွက်သားကို ပြင်းထန်တဲ့အားတစ်ခု သက်ရောက်ပြီး ကြွက်သားမျှင်တွေဟာ သူတို့တတ်နိုင်တာထက် ပိုပြီး ဆွဲဆန့်မိခြင်းကြောင့် ဖြစ်ပေါ်ပါတယ်။ ကြွက်သားမျှင်တစ်ခုပဲ ဒဏ်ရာရခဲ့ရင် […]


အခြေခံကျန်းမာရေး

အစာစားပြီး ချက်ချင်းအိပ်ခြင်းဟာ အန္တရာယ်ရှိပါတယ်

အစာစားပြီးချိန် ကျန်းမာစွာ နေထိုင်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားသုံးဖို့အရေးကြီးပါတယ်။ ဒါပေမယ့် သူကြိုးစားသလောက်တော့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အများဆုံး အဆုံးစွန် ပမာဏအထိ ရရှိမှာ မဟုတ်ပါဘူး။ ဒါဟာသင်နေ့စဉ်လုပ်နေတဲ့ အလုပ်တွေက အစာချေဖျက်ခြင်းကို အကျိုးသက်ရောက်မှုရှိနေလို့ ဖြစ်နိုင်ပါတယ်။ အမှား တစ်ခုကတော့ သင်စားပြီးပြီးချင်း လဲလျောင်းတာပါပဲ။   အစာစားပြီးလဲလျောင်းခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေပါသလား။ ဟုတ်ပါတယ်။ သင်စားလိုက်တဲ့အစာတွေကို သင်မတ်မတ်ထိုင်နေမှသာ ကောင်းစွာခြေဖျက်နိုင်ပါတယ်။ အစာစားပြီးပြီးချင်း လဲလျောင်းခြင်းဟာ အစာမကြေခြင်းကို ဖြစ်စေတဲ့အတွက် အစားစားပြီး အနည်းဆုံးနှစ်နာရီကြာမှ လဲလျောင်းသင့်ပါတယ်။ အစာစားပြီးပြီးချင်း လဲလျောင်းခြင်းအကျင့်ဟာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အက်ဆစ် အထက်ပြန်ဆန်တက်ခြင်း သင့်ရဲ့ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ အစာပြွန်မှာ ထိုင်နေမှသာ ခန္ဓါကိုယ်ရဲ့ အစာခြေစနစ်အတွင်းမှာ ရှိတဲ့ အစာတွေကို အပေါ်ကိုပြန်တက်စေတဲ့ အဆို့ရှင် တစ်ခု ပါဝင်ပါတယ်။ အစာအပြည့်စားပြီး […]


အခြေခံကျန်းမာရေး

ပိုမိုကောင်းမွန်သော လူနေမှုဘဝရရှိလာစေရန် ရှောင်ကြဉ်သင့်သောအချက် (၁၅)ချက်

ဘဝတွင် များပြားလှသောလောကဓံအနိမ့်အမြင့် အတက်အကျများနှင့်ကြုံတွေ့ရပြီးတဲ့အခါမှာ ကျွန်မတို့ဟာလေကောင်းလေသန့်အနည်းငယ်ကိုရှူရှိုက်၊ ခေတ္တခဏအနားယူ၍ပြီးမှ ဘဝကိုပြန်လည်ရင်ဆိုင်သင့်ပါသည်။ ကမ္ဘာပေါ်ရှိအအောင်မြင်ဆုံးဆိုသည့် ပုဂ္ဂိုလ်များပင် ချွင်းချက်မရှိစိန်ခေါ်မှုများနှင့် ခလုတ်တံသင်းများကို ကြုံတွေ့ရမြဲဖြစ်သည်။ သို့သော်လည်းအောင်မြင်သူများနှင့် မအောင်မြင်သူများကြားမှ ကွာခြားချက်မှာအခက်အခဲများကိုရင်ဆိုင်ကျော်ဖြတ်စဉ် ထားရှိသည့် ၎င်းတို့၏ သဘောထား နှင့် အမြင်တို့ပင်ဖြစ်သည်။ အောက်ပါအချက် ၁၅ချက်မှာ ပိုမိုကောင်းမွန်သောဘဝတစ်ခုရရှိနိုင်ရန်အတွက် ရှောင်ကြဉ်သင့်သောအချက်များပင်ဖြစ်သည်။   သူတစ်ပါးအပေါ် အပြစ်ပုံချခြင်း မိမိဘဝ၏အမှားအယွင်းများအတွက် အခြားလူများသို့မဟုတ် ကံကြမ္မာကိုပင် အပြစ်ပုံမချသင့်ပါ။ တစ်စုံတစ်ယောက်မှ သင့်ဘဝ၏သေးငယ်သောအစိတ်အပိုင်းတစ်ခုကိုပင်ဖြစ်စေ ကမောက်ကမဖြစ်အောင် လုပ်ဆောင်ခဲ့သည်ဆိုလျှင် ထိုသည်မှာလည်းကမောက်ကမဖြစ်အောင် လုပ်ဆောင်ခွင့်ပြုခဲ့သောသင့်အပြစ်ပင်ဖြစ်သည်။ သင်သည်သာလျှင် သင့်ဘဝ၏ပဲ့ကိုင်ရှင်ဖြစ်သည်။ မိမိဘဝအားမိမိသာလျှင် ထိန်းချုပ်ထားပါ။ ခံစားချက်များအားမျိုသိပ်ထားခြင်း ခံစားချက်များအားမျိုသိပ်ထားခြင်းမှာဆိုးဝါးသောအကျင့်စရိုက်တစ်ခုပင်ဖြစ်သည်။ သင့်ခံစားချက်များကိုမဖော်ပြလျှင်မည်သူမှနားလည်လိမ့်မည်မဟုတ်။ မျိုသိပ်ထားခြင်းသည်မကောင်းသောအတွေးများကို ဖိတ်ခေါ်စေသည်။ အကြောင်းအရာများအပေါ်သင့်၏သဘောထားအမြင်ကိုဖော်ပြ၍ယုံကြည်ရသူများနှင့်ဖွင့်ဟတိုင်ပင်ပါ။   အတင်းပြောခြင်း နောက်ကွယ်တွင် အတင်းပြောခြင်းသည် သင့်အတွက်ကောင်းကျိုးမရှိစေနိုင်။ အတင်းပြောခြင်းကြောင့် သင့်အပေါ်တွင်အခြားလူများထားရှိသည့် ယုံကြည်လေးစားမှုများပျောက်ကွယ်သွားနိုင်ပြီးအခြားလူများအားမရည်ရွယ်ဘဲနာကျင်စေမိသောအခြေအနေများသာ ဖြစ်ပေါ်နိုင်သည်။   အားနာတတ်ခြင်း ရည်မွန်ယဉ်ကျေးလိုသည့်အကြောင်းပြချက်ဖြင့် ငြင်းဆန်ခြင်းမပြုပါက လူအများက သင့်စကားအား လူရာမသွင်းခြင်း၊ သင့်အလုပ်ကို နှောင့်ယှက်ခြင်းနှင့် သင့်အား၎င်းတို့၏ခံစားချက်များပေါက်ကွဲရာနေရာတစ်ခုဟုသတ်မှတ်သွားနိုင်သည်။   ချီးမွမ်းမခံနိုင်ဘဲရှောင်ပြေးခြင်း ချီးမွမ်းစကားအားရှောင်ပြေးခြင်းသည်မိမိကိုယ်ကိုတန်ဖိုးမထားသူများတွင် တွေ့ရလေ့ရှိသောအပြုအမူတစ်ခုပင်ဖြစ်သည်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဖြစ်များသော မုတ်သုံရာသီအကူးအပြောင်းရောဂါများအတွက် ကျွမ်းကျင်သူများ၏အကြံပြုချက်များ

ရာသီကူးပြောင်းရောဂါများအတွက် အကြံပြုချက်များမုတ်သုန်ရာသီနီးကပ်လာသည်နှင့်အမျှ အနောက်တောင်လေတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ပါရှိလာသည်မှာ ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ဖျားနာရောဂါ တို့ဖြစ်ပါသည်။ အဖြစ်များသော ရောဂါများမှာ ငှက်ဖျားရောဂါ၊ လည်ချောင်းနာခြင်း၊ အအေးမိဖျားနာခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ကြသည်။ အောက်ပါတို့မှာ ထိုရောဂါများ မဖြစ်အောင်ကူညီပေးမည့် ကျွမ်းကျင်သူတို့၏ အကြံပြုချက်များ ဖြစ်ပါသည်။ (၁)သောက်သုံးရေကိုသန့်ရှင်းအောင်ဂရုစိုက်ပါ မိုးရာသီတွင် ရေအရင်းအမြစ်တို့သည် ညစ်ညမ်းလွယ်ပြီး မသန့်ရှင်းသော ရေမှတစ်ဆင့် အသားဝါရောဂါ၊ အထက်လှန်အောက်လျှောရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပွားနိုင်သည်။ အန္တရာယ်ကင်းစွာ သောက်သုံးနိုင်ရန် ရေကိုကြိုချက် ၍ သောက်ခြင်း၊ သန့်စင်ထားသော သောက်ရေသန့်တို့ကို သောက်ခြင်းပြုလုပ်ပါ။ (၂)လက်သုတ်ပုဝါကို မိမိတစ်ဦးတည်း အသုံးပြုပါ ဘက်တီးရီးယားပိုးရောဂါများမှ ကင်းဝေးရန် လက်သုတ်ပုဝါကို သီးသန့်အသုံးပြုပါ။ (၃)လက်ကိုင်ပုဝါဆောင်ပါ နှာစေးချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် နှာခေါင်း နှင့် ပါးစပ်တို့ကို အုပ်ပေးပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် ဖျားနာနေပါက ရောဂါပိုးများ ပြန့်ပွားခြင်းမဖြစ်အောင် တားဆီးနိုင်သည်။ (၄)ခြင်မကိုက်အောင်နေပါ ငှက်ဖျားရောဂါပိုး […]


ကျန်းမာရေး သတင်းများ

တစ်နေ့လျှင် ဆိုဒါ ၂ ခွက်သောက်ခြင်းကနှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ခြင်း

တစ်နေ့လျှင် ဆိုဒါ ၂ ခွက်သောက်ခြင်းကနှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ခြင်း တစ်နေ့လျှင်အချိုကဲသောအမြုပ်ထသည့်အချိုရည် ၂ ခွက်သောက်လျှင်နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါ တို့ဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါသည်။ ဟားဗတ်လေ့လာမှုတစ်ခုတွင် အချိုရည်များ သောက်သုံးမှုနှင့် ပတ်သက်၍ ပြည့်စုံသော လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ တစ်နေ့လျှင်အချိုရည် ၁ ခွက်မှ ၂ ခွက်သောက်သုံးလျှင် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေကို ၂၆% ထိ တိုးစေသည်။ နှလုံးရုတ်တရက် ဖောက်ပြန်ခြင်းနှင့် နှလုံးရောဂါကို ၃၅% အထိ ၊ လေဖြတ်ရောဂါကို ၁၆% ထိ အန္တရာယ်တိုးမြင့်စေပါသည်။ ထို့ကြောင့် ကျွမ်းကျင်သူများက အချိုရည်သောက်သုံးမှုကို လျှော့ချရန် အရေးပေါ်လုပ်ငန်းတစ်ခု ပြုလုပ်ရန် အရေးဆိုခဲ့ကြသည်။ သုတေသနတစ်ခုက အချိုကဲသော အမြှုပ်ထသည့်အချိုရည် ၂ ခွက်သောက်သုံးလျှင် အဝလွန်ခြင်း၊ အမျိုးအစား၂ ဆီးချိုရောဂါနှင့် နှလုံးရောဂါ တို့ဖြစ်နိုင်ခြေကိုသိသာစွာတိုးမြင့်စေကြောင်းဖော်ပြခဲ့ပါသည်။ ထို့ကြောင့် သုတေသီများက […]


အခြေခံကျန်းမာရေး

၁၀ မိနစ်အတွင်းစွမ်းအင်နိုးကြားစေနိုင်သောနည်းလမ်း ၁၀ မျိုး

-သင်ဟာနေ့လည်ခင်းငိုက်မျဉ်းတတ်ပါသလား? ညဘက်တွင် ကောင်းစွာအိပ်စက်ခဲ့ရသော်လည်း နောက်နေ့တစ်နေ့လုံးစွမ်းအားပြည့် လှုပ်ရှားနိုင်ရန် ခက်ခဲသည်မျိုးသင်ကြုံဖူးလိမ့်မည်။ သင့်အတွက် နှေးကွေးလေးလံမှုကိုကောင်းစွာဟန့်တားနိုင်မည့် ကြာရှည်ခံနည်းလမ်းတစ်ခုလိုအပ်ပေလိမ့်မည်။ အောက်ပါ နည်းလမ်း( ၁၀ ) မျိုးကိုကျင့်သုံးခြင်းဖြင့် ညောင်းညာပင်ပန်းခြင်းကိုသက်သာစေပြီးသင့်ကိုပြန်လည် လန်းဆန်းသွက်လက်စေနိုင်ပါသည်။ ၁.နံနက်စာကိုသေချာစွာစားပေးပါ။ - နံနက်စာကိုပုံမှန်စားသုံးသူများတွင် မစားသူများထက် စိတ်ဖိစီးမှု လျော့ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်မှု နည်းခြင်းကိုတွေ့ရသည်။ အုတ်ဂျုံကဲ့သို့သောအမျှင်ဓါတ်ပါအစားအစာများသည် အချိုဓါတ်ကဲသောသရေစာမုန့်တစ်မျိုးထက် ဆာလောင်ခြင်းကိုပို၍ဟန့်တားပေးနိုင်သည်။ ( ဆာလောင်နေချိန်တွင်စွမ်းဆောင်ရည်လည်းကျနေနိုင်သည်။ ) ၂.ယောဂကျင့်စဉ် ပြုလုပ်ပါ။ - ယောဂကျင့်စဉ်တွင် ကိုယ်နေဟန်ထားအမျိုးမျိုးပါဝင်ခြင်း၊ အသက်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ရခြင်းနှင့် စိတ်တည်ငြိမ်အောင် စုစည်းရခြင်းများ ပါဝင်သည့်အတွက် ပင်ပန်းနွမ်းနယ်မှု ဖြေလျော့ရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။ ၃.နှစ်သက်ရာတေးသီချင်းများကိုသီဆိုပေးပါ။ - သီချင်းဆိုခြင်းသည် မိမိ၏စိတ်ကို မြှင့်တင်ပေးနိုင်သည့်အပြင် စိတ်ဖိစီးမှုနှင့်ဆိုင်သော ဟော်မုန်းများထွက်ရှိမှုကိုလျော့ချပေးသည်။ ထို့ကြောင့် ယခုပင် ခေါင်ဖြီးရင်းသီချင်းဆိုသည့်အကျင့်ကိုစတင်ပါ။ အလုပ်ခွင်တွင် လုပ်ဖော်ကိုင်ဖက်များ၏ စောင့်ကြည့်အကဲခတ်ခြင်းကြောင့် သင်စိတ်ရှုပ်ထွေးနေပြီဆိုလျှင် သင့်ကားထဲဝင်၍ သီချင်းဆိုခြင်း ပြုလုပ်သင့်သည်။ ၄.ရေသောက်ပါ။ - ခန္ဓါကိုယ်မှ ရေဓါတ်ဆုံးရှုံးခြင်းသည် အားယုတ်ခြင်းနှင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆဲဆိုခြင်းမှ ရသော အကျိုးများ

ဆဲဆိုခြင်းမှ ရသော အကျိုးများ သင် အံ့သြသွားပါသလား။ ဆဲဆိုခြင်းသည် မသင့်တော်သောအကျင့်ဟု ထင်စရာဖြစ်သော်လည်း ကျွန်ုပ်တို့၏ကျန်းမာရေးအတွက် အောက်ပါအကျိုးများပေးနိုင်သည်ကိုတော့ သင်သိချင်မှသိပေလိမ့်မည်။ စိတ်ဖိစီးမှုပြေလျော့စေခြင်း ဆဲဆိုခြင်းသည် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး နာကျင်ခြင်းကိုပင် သက်သာစေနိုင်ပါသည်။ မကြာသေးခင်ကပြုလုပ်သော လေ့လာချက်တွင် ဆဲဆိုခြင်းက စိတ်ဖိစီးမှုကိုလျော့ကျ၍ နှလုံးခုန်နှုန်းကိုလည်းနှေးစေကြောင်း ဖော်ပြထားသည်။ သွေးပေါင်ချိန်ကိုကျစေ၍ အသက်ရှုခြင်းကိုလည်း ညင်သာစေပါသည်။ နာကျင်မှုကိုပိုမိုခံနိုင်ရည်ရှိခြင်း Richard Stephens ဆိုသူကျွမ်းကျင်ပညာရှင်က စမ်းသပ်မှုတစ်ခုပြုလုပ်ရာတွင် ပါဝင်သူများကို ရေခဲရေဖြည့်ထားသောရေပုံးထဲသို့ လက်ထည့်၍ မည်မျှအထိခံနိုင်ရည်ရှိကြောင်း စမ်းသပ်ခဲ့သည်။ အုပ်စု နှစ်စုခွဲ၍လေ့လာရာတွင် ရေခဲထဲသို့လက်ထည့်ထားစဉ် နှုတ်မှ ဆဲဆိုသောစကားများရွတ်ဆိုနေသောသူများက မဆဲဆိုသောသူများထက် ပိုမိုခံနိုင်ရည်ရှိသည်ကို တွေ့ရသည်။ အချို့သိပ္ပံပညာရှင်များက ယူဆသည်မှာ ဆဲဆိုနေစဉ်တွင် ဦးနှောက်မှ အက်ဒရီနယ်လင်(Adrenaline) ဟော်မုန်းထွက်စေခြင်းကြောင့် နာကျင်မှုကိုလျှော့ချနိုင်ခြင်းဖြစ်သည် ဟုဆိုကြသည်။ ရောဂါအချို့ကိုကုသရာတွင်ကူညီပေးခြင်း ဇီဝစိတ်ပညာဆိုင်ရာလေ့လာမှုတစ်ခုတွင် ဆဲဆိုခြင်းကြောင့် ဦးနှောက်မှနေ၍ ကော်တီစောလ်(Cortisol)ဟော်မုန်းထွက်ရှိမှုကို လျော့ကျစေသည်ဟု ဖော်ပြထားသည်။ ထိုဟော်မုန်းသည် ခန္ဓါကိုယ်ဆဲလ်များ ရုန်းကန်ရှင်သန်ရသောအခြေအနေတွင် ထွက်ရှိပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့လည်နေ့ခင်းငိုက်မျဉ်းမှုကို ဘယ်လို အနိုင်ယူမလဲ

ကျွန်ုပ်တို့အားလုံးအတွက်တူညီသည့်အချက်မှာ မနက်ခင်းတွင် ရွှင်လန်းတက်ကြွ၍ အင်တာနက်မှ ပေးစာများစစ်ခြင်း၊ လုပ်ကိုင်ရမည့်အလုပ်များကိုစစ်ခြင်းဖြင့် ကုန်ဆုံးတတ်သော်လည်းေ န့လည်ခင်း ၂ နာရီခန့်လောက်တွင်တော့ ထိုတက်ကြွမှုများကုန်ခန်းပြီဖြစ်ပါသည်။ နေ့လည်နေ့ခင်းဘက် ငိုက်မျဉ်းမှုသည် ရုံးဝန်ထမ်းများဖြစ်လေ့ရှိသော ဆိုးရွားသည့်ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ (၁) လမ်းလျှောက်ပါ သင်ထိုင်နေသောခုံမှထ၍ ၁၅ မိနစ်ခန့် လမ်းလျှောက်ရင်းစကားစမြည်ပြောပါ။ ၁ နာရီ၏ ကျန်ရှိသော ၄၅ မိနစ်တွင် သင်ကောင်းစွာအလုပ်လုပ်နိုင်ရန် ထို ၁၅ မိနစ်ကို မနှမြောသင့်ပါ။ သင့်ကိုယ်သင်ရွှင်လန်းတက်ကြွအောင်နေခြင်းဖြင့် ပျင်းရိနုံးခွေခြင်းကိုအနိုင်ယူပါ။ ငုတ်တုတ်ထိုင်၍ မလုပ်ချင်လုပ်ချင် နဲ့ အတင်းအားစိုက်မနေဘဲ လမ်းလျှောက်လိုက်ပါ။   (၂) သင့်ဦးနှောက်ကိုအလုပ်ပေးပါ သင့်ဦးနှောက်က လက်ရှိအလုပ်လုပ်ကိုင်လျက်က စွမ်းရည်ကျလာပြီဆိုလျှင် သင့်ဦးနှောက်ကို အခြားအလုပ်ပြောင်းခိုင်းပါ။ နောက်တစ်ပတ်ရုံးတက်လျှင် သင်လုပ်ရမည့်အလုပ်များကို ကြိုတင်စဉ်းစားပါ။ အချို့ကိုဖြည့်စွက်ပါ။ အင်တာနက်၊ စမတ်ဖုန်းတို့၏အကူအညီဖြင့် လုပ်ကိုင်ဖွယ်ရာများကို ရေးချမှတ်သားလိုက်ပါ။   (၃) အချဉ်စားလိုက်ပါ ချဉ်သောအရသာကို ခန္ဓါကိုယ်ကသိလိုက်လျှင် သင့်ကိုအိပ်ငိုက်မှုမှ နိုးထစေလိမ့်မည်။ သံပရာ၊ လိမ္မော်တို့မှရသော […]


အခြေခံကျန်းမာရေး

သကြားဓါတ်နှင့်ပတ်သက်သော သိကောင်းစရာများ

သကြားဓါတ်ဟာ အရသာရှိသလို လူကိုလည်း အန္တရာယ်ပေးပါတယ်။ ကမ္ဘာအနှံ့အပြားမှာလည်း သကြားစားသုံးမှု မြင့်တက်နေပါတယ်။ ဒီအကြောင်းရင်းတွေကတော့ သကြားဓါတ်ဟာ သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ သကြားဓါတ်ဟာ သင့်ကို အဝလွန်စေတယ်။ သကြားဟာ ခန္ဓါကိုယ်ထဲမှာ အဆီအဖြစ်ကို ပြောင်းလဲသွားနိုင်ဖို့ ကစီဓါတ်ထက်စာရင် ၂ဆကနေ ၅ဆအထိ ပိုမြန်ပါတယ်။ ဒါကြောင့် သကြားဓါတ်များများစားခြင်းဟာ အဆီတွေများအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ အဲဒီလိုပဲ အသည်းအဆီဖုံးရောဂါကိုလည်း ပိုဖြစ်စေပါတယ်။ ဒီအပြင် ဖြစ်လာရင် ပျောက်ဖို့မလွယ်တော့တဲ့ ဆီးချိုရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။   သကြားဓါတ်ဟာ သင့်စိတ်ခံစားမှုကို ပုံမမှန်ဖြစ်စေတယ်။ နည်းပါးတဲ့ ပမာဏလောက်ဆိုရင် သကြားဓါတ်ဟာ စိတ်ကိုတက်ကြွစေတဲ့ ဆီရိုတိုနင်ဟော်မုန်းကို မြင့်တက်စေပေမယ့် သိပ်များသွားရင်တော့ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။ သွေးထဲမှာ သကြားဓါတ် အပြောင်းအလဲ ရုတ်တရက်ဖြစ်သွားမယ်ဆိုရင် ဒေါသထွက်တာ၊ စိတ်တိုတာမျိုးတွေ ခံစားရနိုင်ပါတယ်။ သကြားဓါတ်က သင့်ကို အိုမင်းရင့်ရော်စေတယ် သကြားဓါတ်ဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း