အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်အတွက် ရွေးချယ်စရာ အလှအပဆိုင်ရာ ခွဲစိတ်မှုများ

တစ်ချို့လူတွေက သူတို့ပိုကြည့်ကောင်းဖို့ နဲ့ ယုံကြည်မှုပိုရှိစေဖို့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို ပြန်ပြင်တာ ဒါမှမဟုတ်ပုံဖော်လုပ်ပေးတဲ့ cosmetic surgery( ကော်စမတ်တစ် ဆာဂျရီ) ကိုရွေးချယ်ကြပါတယ်။ တစ်ချို့အရာတွေကအသေးစားဖြစ်ပြီး ခွဲစိတ်စရာမလိုပေမယ့် အချို့တွေကတော့ ရှုပ်ထွေးပြီး ကျန်းမာရေးအတွက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ခွဲစိတ်မှုမလုပ်ခင်မှာ သေချာလေ့လာဖို့နဲ့ ဆုံးဖြတ်ဖို့လိုပါတယ်။ ဒီဆောင်းပါးကတော့ စာဖတ်သူတို့အတွက် ခွဲစိတ်မှုနဲ့ ပတ်သက်တဲ့အသိပညာတွေ ပေးနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သူ့ရွေးချယ်မှုအရ ခွဲစိတ်ပြုပြင်မှုက အမျိုးမျိုးရှိနိုင်ပါတယ်။ ခွဲစိတ်စရာလိုတာနဲ့ မလိုတာမျိုးပေါ့။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သူ့ရွေးချယ်မှုအရ ခွဲစိတ်ပြုပြင်မှုက အမျိုးမျိုးရှိနိုင်ပါတယ်။ ခွဲစိတ်စရာလိုတာနဲ့ မလိုတာမျိုးပေါ့။   ခွဲစိတ်စရာမလိုတဲ့ ပြုပြင်ကုသနည်း ဆရာဝန်ဖြစ်သူက ခွဲစိတ်မှုမလုပ်ခိုင်းပဲ skin care တွေပဲသုံးပြီး ပြုပြင်ယူတဲ့ ကိစ္စတွေရှိပါတယ်။ လိုချင်တဲ့အခြေအနေပေါ်မူတည်ပြီး နည်းလမ်းတွေကကွခြားမှုရှိနိင်ပါတယ်။ - အရွယ်တင်နုပျိုစေရန် : အသက်အရွယ်ကြောင့် အရေပြားပျက်စီးတာ , အစက်အပြောက်နဲ့ ဝက်ခြံတွေ, […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မျက်လုံး အညိုအမဲတွေကို မြန်မြန်ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ

မျက်နှာနဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာတွေ ရတာကြောင့် မျက်ကွင်းညိုမဲ စွဲတတ်ပါတယ်။ မျက်လုံး အညိုအမဲ စွဲတယ်ဆိုတာ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ပျောက်ကင်းဖို့ အချိန်ယူရသလို နာကျင်ပြီး မျက်နှာအလှလည်း ပျက်စေပါတယ်။ ကံကောင်းစွာဖြင့် အဲဒီဒဏ်ရာတွေကို မြန်မြန်ပျောက်ကင်းအောင်လုပ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ မျက်လုံး အညိုအမဲတွေကို မြန်မြန်ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ဘယ်အရာတွေက မျက်လုံးအညိုအမဲစွဲအောင် လုပ်တာလဲ။ နှာခေါင်း၊ မျက်လုံးနဲ့ မျက်နှာကို ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကြောင့် မျက်လုံးမှာ အညိုအမဲတွေ ဖြစ်စေနိုင်ပါတယ်။ ယင်းထိခိုက်မှုတွေပြီးနောက်မှာတော့ မျက်လုံးဟာ ဘာဒဏ်ရာမှ မရရှိဘဲ သူဘေးနားမှာ သွေးနဲ့ အခြားအရည်တွေ စုပုံလာပြီး ရောင်လာကာ အညိုအမဲစွဲ လာပါတယ်။ မျက်လုံးမှာ အညိုအမဲစွဲနေတာကို ဘယ်လိုဖျောက်နိုင်မလဲ။ အောက်ဖော်ပြမယ့် အကြောင်းအရာကတော့ မျက်လုံးအညိုအမဲကို ဖျောက်နိုင်မယ့် နည်လမ်းအဆင့်ဆင့်ပါပဲ။ […]


အခြေခံကျန်းမာရေး

အလုပ်ကိစ္စနဲ့ ခရီးခဏခဏ သွားရခြင်းရဲ့ ဆိုးကျိုးများ

ကုမ္ပဏီလုပ်ငန်းကိစ္စနဲ့ခရီးအဝေးကြီးခဏခဏသွားရတဲ့သူတွေကို လူနေမှုအဆင့်အတန်းမြင့်မားတဲ့ အထက်တန်းစားတွေအဖြစ် လူတွေက ရှုမြင်ကြလေ့ရှိပါတယ်။ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်။ သူတို့အနေနဲ့လေယာဉ်ကိုပထမတန်းကနေ စီးခွင့်ရမယ်၊ ကမ္ဘာတလွှားကနေရာတွေအနှံ့အပြားကိုလည်ပတ်ခွင့်ရမယ် ဒါမှမဟုတ် လေကြောင်းလိုင်းတွေကပေးတဲ့ အထူးပရိုမိုးရှင်းအစီအစဉ်တွေကိုလည်းခံစားခွင့်ရမယ် စသဖြင့် အင်မတန်မှအားကျဖို့ကာင်းပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာရှိတဲ့ University of Surrey ကပြုလုပ်တဲ့စစ်တမ်းအရ ဒီလူတွေကို အားကျမနာလိုစရာအကြောင်းမရှိဖူးလို့ ဆိုပါတယ်။ "အနောက်တိုင်းဝတ်စုံကို စမတ်ကျကျဝတ်ထားတဲ့လူတယောက်က အကောင်းစားသားရေထိုင်ခုံမှာ ထိုင်နေမယ်။ သူရှေ့မှာလည်း လက်တော့ပ်ကွန်ပြူတာကြီး ဖွင့်ထားမှာဖြစ်ပြီး အပြုံးတွေဝေနေတဲ့တောင့်တောင့်ဖြောင့်ဖြောင့်လေယာဉ်မယ်လေးက အအေး ဒါမှမဟုတ် စကော့ခ်ျဝီစကီအကောင်းစားတခွက်ကို ငှဲ့ပေးနေမယ်။ ဒါတွေဟာ တီဗီ ဒါမှမဟုတ် မဂ္ဂဇင်းကြော်ငြာတွေထဲမှာ မြင်ရလေ့ရှိသော business travel လို့ခေါ်တဲ့သူဌေးကြီးတွေလုပ်ငန်းကိစ္စအတွက် ခရီးသွားတဲ့ပုံစံပါ။ ဒါပေမယ့် ဒီခမ်းနားအားကျစရာကောင်းတဲ့ အထက်တန်းစားနေထိုင်မှုပုံစံမှာ (မီဒီယာတွေဒါမှမဟုတ်လူတွေလျစ်လျူရှုထားတဲ့) မကောင်းတဲ့အချက်တွေလည်း ရှိနေပါသေးတယ်" လို့ University of Surrey […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အမြင့်ကြောင့် မအီမသာဖြစ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

သင်ဟာ မြင့်မားတဲ့နေရာတွေရောက်ပြီဆိုရင် လေထုထဲက လုံလောက်တဲ့ အောက်ဆီဂျင်ပမာဏကို မရနိုင်တာကြောင့် အမြင့်ကြောင့် မအီမသာဖြစ်ခြင်း ကို ခံစားရနိုင်ပါတယ်။ ဒီလို ကိစ္စအများစုဟာ အပျော့စားတွေပါ။ ကျွမ်းကျင်သူတွေ ကိုယ်တိုင်ကလည်း ဘယ်သူတွေက ဒီပြဿနာဖြစ်နိုင်ပြီး ဘယ်သူတွေ မဖြစ်နိုင်ဘူးလဲဆိုတာ မသိကြသေးပါဘူး။ သင့်ရဲ့ကြံ့ခိုင်မှုအနေအထားဘယ်လောက်ပဲကောင်းနေပါစေ၊ သင်ကယောက်ျားဖြစ်စေ၊မိန်းမဖြစ်စေ အမြင့်ကြောင့်မအီမသာဖြစ်ခြင်း ရနိုင်ခြေကတော့ အတူတူပါပဲ။ ဒီပြဿနာဟာ တစ်ခါတရံမှာတော့ အန္တရာယ် များနိုင်ပါတယ်။ တကယ်လို့ သင်က တောင်တက်ခရီးစဉ်သွားဖို့ စီစဉ်ထားတယ် သို့မဟုတ် ပီရူး၊ အီကွေဒေါ၊ နီပေါ စတဲ့ အမြင့်ပိုင်းမှာရှိတဲ့ နိုင်ငံတွေကို ခရီးထွက်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်စစ်ဆေးပါ။ ဘာက အမြင့်ကြောင့် မအီမသာဖြစ်ခြင်းကို ဖြစ်စေတာလဲ။ သင်က မြင့်သထက်မြင့်တဲ့နေရာကို ခပ်မြန်မြန် ရောက်သွားမယ်ဆိုရင် လေဖိအား နည်းတာကြောင့် သင့်ခန္ဓါကိုယ်က လုံလောက်တဲ့ အောက်စီဂျင် ပမာဏကို ရရှိနိုင်မှာ […]


အခြေခံကျန်းမာရေး

‘Transgender people’ ဆိုတာ ဘယ်သူတွေလဲ

ဒီဘက်နှစ်ပိုင်းတွေမှာ လူ့အဖွဲ့အစည်းဟာ ပိုပြီးပွင့်လင်းလာ၊နားလည်မှုရှိလာ၊သဘောထားအမြင်တွေ ကျယ်ပြန့်လာတာနဲ့အမျှ သူတို့ကိုယ်သူတို့ ‘transgender people’ တွေပါလို့ ကြွေးကြော်လာသူတွေ အရေအတွက်ဟာ ပိုလို့ပိုလို့ များများလာနေပါတယ်။ အခု ဆောင်းပါးမှာ ‘transgender people’ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ပိုပြီးနားလည်သဘောပေါက်လာအောင် အကြမ်းဖျဉ်း ပြောပြမှာ ဖြစ်ပါတယ်။ လူအများစုအတွက် သူတို့ရဲ့ လက်ရှိဖြစ်တည်နေတဲ့ ကျား၊မ အခြေအနေဟာ ဘာမှအငြင်းပွားစရာမလို အထွေအထူး တွေးနေစရာမလိုတဲ့ ကိစ္စပါ။ တနည်းပြောရရင် သူတို့အနေနဲ့ "ငါဟာ ယောက်ျားဖြစ်တယ်" "ငါဟာ မိန်းမဖြစ်တယ်" ဆိုတဲ့ လက်ရှိ ကျားမလိင်အနေအထားကို လက်ခံသဘောကျပါတယ်၊ လက်ရှိလိင်သဘာဝနဲ့ လိုက်လျောညီထွေပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရှေ့မှာ ပြောခဲ့တဲ့ စကားအတိုင်းပါပဲ။ ဒါဟာ လူအများစုအတွက် ဖြစ်ပါတယ်။ လူအားလုံးအတွက် မဟုတ်ပါဖူး။ တချို့တွေအတွက် လက်ရှိလိင်သဘာဝ ဖြစ်တည်မှုဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ

အတွင်းခံအကြောင်းက လူတွေ အဆွေးနွေးကြဆုံး ခေါင်းစဉ်တွေထဲက တခုပါ။ ကျန်းမာရေး၊ တကိုယ်ရည်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး အတွင်းခံအကြောင်းသိသင့်တဲ့ အခြေခံ အချက်လေးတွေ ရှိပါတယ်။ အောက်မှာ ဖော်ပြမယ့် အချက်တွေကတော့ သင့်ကို အံ့အားသင့်ကောင်း သင့်သွားစေမယ့် အတွင်းခံ အကြောင်းသိကောင်းစရာ အချက်တွေပဲ ဖြစ်ပါတယ်။ အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ ကတော့ ချွတ်မလား ဝတ်မလား။ ဒါဟာ အရေးပါတဲ့ ကိစ္စမဟုတ်သလို သင့်တကိုယ်ရည် ဆုံးဖြတ်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ အတွင်းခံဝတ်သင့်တဲ့ အကြောင်းပြချက်ကောင်းတွေကလည်း ရှိလို့နေပြန်ပါတယ်။ စွတ်စိုပူနွေးတဲ့ ပတ်ဝန်းကျင်ရေခံမြေခံဟာ ဘက်တီးရီးယားပိုးတွေနဲ့ yeast မှိုတွေအတွက် အင်မတန်အကြိုက်တွေ့စေမယ့် အနေအထား […]


အခြေခံကျန်းမာရေး

အရက်၏ အံ့သြဖွယ် ကျန်းမာရေး ကောင်းကျိုးများ

ဒါဟာ အရက်ကြိုက်တဲ့သူတွေအတွက် အံ့သြစရာအကောင်းဆုံး သတင်းတစ်ပုဒ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အရက်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒါဟာ မှန်လားဆိုတာ ဒီဆောင်းပါးက ဖေါ်ပြလိမ့်မယ်။ ကျန်းမာတဲ့ နှလုံးကို ပိုင်ဆိုင်နိုင်ပါတယ်။ ကြားရတာ ရူးချင်ချင် ဖြစ်သွားမှာ ဖြစ်ပေမယ့် ဘီယာနဲ့ ဝိုင် အမျိုးအစား မှန်သမျှဟာ နှလုံးအတွက် အကျိုးရှိပါတယ်။ ဘီယာရော ဝိုင်မှာပါ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ phenol ပါဝင်ပြီး သူဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးပြီး သွေးတိုးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ဘီယာနဲ့ ဝိုင်ကို မှန်ကန်တဲ့ ပမာဏ သောက်ရင်ပဲ ဆိုလိုတာပါ။   ငှက်ဖျားရောဂါကို သက်သာစေပါတယ်။ ငှက်ဖျားရောဂါဟာ တစ်ကမ္ဘာလုံး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အနောက်ပိုင်းနိုင်ငံတွေမှာ လူတွေဟာ ဂျင်အရက် နဲ့ အားဆေးတွေကို ငှက်ဖျားရောဂါ […]


အခြေခံကျန်းမာရေး

သင့်ခန္ဓါကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက်

သင့်ကိုယ်နံ့ဟာ သင်ရေချိုးခြင်း၊ဆပ်ပြာဖြင့် သေချာပွတ်တိုက်ခြင်း၊သင့်ခန္ဓါကိုယ်တစ်ခုလုံးရေမွှေးတွေ ဆွတ်ခြင်းတွေပြုလုပ် နေတာတောင်မှ ဘာကြောင့်အနံ့ဆိုးဆိုးထွက်နေသလဲဆိုတာကို သင်သိချင်မိပါသလား။ အောက်ဖော်ပြပါ အချက်များကို ဆက်လက်ဖတ်ရှုကြည့်ရင်းနှင့် သင့်အတွက် အဖြေတစ်ခုကို တွေ့နိုင်မှာပါ။ ၁။ ဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများ ဆေးဝါးများသည် သင်၏ဖျားနာမှုကို ကုသပေးနိုင်သော်လည်း သင့်ကိုကိုယ်နံ့နံ့အောင် ပြုလုပ်နိုင်ပါသည်။ ဥပမာပြောရလျှင် မော်ဖင်း(Morphine)၊သို့မဟုတ် အဖျားပျောက်စေသောဆေးများသည် သင့်ကိုချွေးထွက်စေပါသည်။ ထိုအပြင် ဓါတ်မတည့်ခြင်းပျောက်စေသောဆေးများ၊နှာစေးပျောက်စေသောဆေးများ၊ကြွက်သားပြေလျော့စေသောဆေးများ သည်သင့်ကိုအာခေါင်ခြောက်ခြင်းများဖြစ်ပေါ်စေပါသည်။ ထိုအခါမှာ ခံတွင်းနံ့နံ့ခြင်းဖြစ်ပေါ်လာပါသည်။   ၂။ အစပ်အလွန်စားခြင်း ကြက်သွန်ဖြူ (သို့) ကြက်သွန်နီကဲ့သို့ အစားအစာများသည် သင်၏ခန္ဓါကိုယ်ကို ဆာလဖာပါဝင်သော ဓါတ်ငွေ့များထုတ်လွှတ်စေပါသည်။ ထိုပစ္စည်းများသည် သင့်ခန္ဓါကိုယ်သွေးလမ်းကြောင်းတွင် တောက်လျောက်လည်ပတ်နေပြီး ခန္ဓါကိုယ်အနံ့များဖြစ်ပေါ်စေပါသည်။ ပန်းဂေါ်ဖီစိမ်းနှင့် အခြားဟင်းသီးဟင်းရွက်အချို့တို့ကလည်းသင့်ခန္ဓါကိုယ်အနံ့ဆိုးထွက်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါသည်။   ၃။ စိတ်ဖိစီးမှုများပြားခြင်း သင့်ခန္ဓါကိုယ်မှ ထွက်သော ပုံမှန်ချွေးနံ့ထက် စိတ်ဖိစီးမှုများလို့ ထွက်သောချွေးနံ့က ပို၍အနံ့နံ့ပါသည်။ စိတ်ဖိစီးမှုများသောအခါ ထွက်လာသောချွေးဟာ ရေပါဝင်မှုနည်းပါသည်။ ထို့အပြင်ဘက်တီးရီးယားများကိုပိုမိုပေါက်ပွားစေပါသည်။ ထိုအခါမျိုးတွင်သင်ဟာ စိတ်ဖိစီးမှုလျော့ကျစေရန် အနားယူအပန်းဖြေသင့်ပါသည်။ ထို့အပြင်သင်၏အဝတ်အစားများကိုပုံမှန်လျှော်ခြင်းဖြင့် ဘက်တီးရီးယားများပေါက်ပွားမှုမ ှကာကွယ်နိုင်ပါသည်။   ၄။ အရက်သောက်သုံးခြင်း အရက်သောက်ခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခရီးမသွားခင် လုပ်ဆောင်ရမည့်အရာများ

ခရီးသွားခြင်းဟာ လူတွေအတွက် ပုံမှန် ရှုပ်ထွေးတဲ့ဘဝတွေ ဆီကနေ ခဏတာ လွန်မြောက်ဖို့အတွက် ကောင်းမွန်တဲ့ အချိန်ပဲဖြစ်ပါတယ်။ အခုခေတ်မှာ လူတွေဟာ နိုင်ငံခြားသွားကြပြီး ယဉ်ကျေးမှု အသစ်တွေ၊ လူအသစ်တွေ၊ ဘဝနေထိုင်ပုံအသစ်တွေ အစရှိတာတွေကို လေ့လာကြပါတယ်။ ဒါပေမယ့် နိုင်ငံခြားကို ခရီးသွားခြင်းဟာ သင့်ခရီးစဉ်ကို ပျော်ရွှင်မှု ပျက်ပြားစေမယ့် ထူးဆန်းတဲ့ ဖျားနာမှုတွေကိုလည်း ရရှိစေနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခရီးမသွားခင် သင့်ကျန်းမာရေးအတွက် ဘယ်လိုကြိုတင် ပြင်ဆင်ရမလဲဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ထိုးသွားပါ။ နိုင်ငံခြားမသွားခင်မှာ travel immunisations လို့ ခေါ်တဲ့ ခရီးသွားဖို့အတွက် ကာကွယ်ဆေးတွေ ထိုးသွားသင့်ပါတယ်။ ဒီကာကွယ်ဆေးတွေဟာ သင့်ကို ခရီးနဲ့ ပတ်သက်တဲ့ ပြင်းထန်တဲ့ ရောဂါတွေ ဖြစ်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ သင့်ကျန်းမာရေး အခြေအနေ၊ ကာကွယ်ဆေး ရာဇဝင်တွေ၊ သင်သွားလည်မယ့်နိုင်ငံ၊ […]


အခြေခံကျန်းမာရေး

ရေဓါတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ

နေ့စဉ် ကျွန်ုပ်တို့ဟာ ဘာကြောင့်မှန်း မသိပဲ ရေဓါတ် ဆုံးရှုံးနေကြပါတယ်။ ဒီအကြောင်းစဉ်းစား ကြည့်ရအောင်။ တစ်နေ့လုံး အလုပ်လုပ်ပြီးတဲ့ အခါ သင်ဟာ အရမ်းကို အိပ်ချင်လာတဲ့ အချိန်ကြုံဖူးပါသလား။ ဟုတ်ပါတယ်။ ရေဓါတ်ဆုံးရှုံးခြင်းဟာ ညနေဘက် အိပ်ငိုက်လာတဲ့အချိန်တွေ အထူးသဖြင့် နွေရာသီဘက်တွေမှာ ဖြစ်လေ့ရှိတဲ့ ပထမဆုံး ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ် ပဲဖြစ်ပါတယ်။ ဒါဆို ရေဓါတ် ဆုံးရှုံးတဲ့အခါ လုပ်ပေးနိုင်မယ့် အကူအညီတစ်ချို့အကြောင်းကို ကြည့်ရအောင်။ ၁။ ဘာတွေက ရေဓါတ်ဆုံးရှုံးမှုကို ဖြစ်စေသလဲ။ လူအများဟာ ရေဓါတ်ဆုံးရှုံးရခြင်းရဲ့ အကြောင်းအရာဟာ ရေလုံလုံလောက်လောက် မသောက်၍ ဖြစ်တယ်ဆိုတာ သိကြပါတယ်။ ဟုတ်ပါတယ်။ ရေအလုံအလောက် မသောက်ခြင်းဟာဆိုရင် ရေဓါတ်ဆုံးရှုံးနိုင်တဲ့ အဓိကအကြောင်းအရင်း တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်ဟာ ရေဓါတ် ၇၀ ရာခိုင်နှုန်းနှင့် ဖွဲ့စည်းထားပါတယ်။ နေ့စဉ် ကျွန်ုပ်တို့ဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း