ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

မနက်စောစောမှာ အစာမရှိဘဲ လေ့ကျင့်ခန်း လုပ်သင့်လား

ဒီဆောင်းပါးလေးကတော့ မနက်စောစော အိပ်ရာက နိုးတာနဲ့ ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စတဲ့ လေ့ကျင့်ခန်း တွေ လုပ်လေ့ရှိတဲ့သူတွေ အတွက်ပါ။ အဲဒီလို မနက်စောစောလေ့ကျင့်ခန်းလုပ်ကြတဲ့ သူတွေထဲမှာ တချို့က အစာမစားဘဲ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အဆီတွေပိုကျတယ်ဆိုပြီး အစာမရှိဘဲ empty stomach နဲ့ လေ့ကျင့်ခန်းတွေလုပ်ကြပါတယ်။ hello ဆရာဝန်ပရိသတ်ကြီးထဲမှာ ရောအဲဒီလို လုပ်တဲ့သူတွေ ရှိမယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အစာမရှိဘဲ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် စားထားတဲ့ အစားအစာတွေ energy intake တွေ မရှိတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ လိုအပ်တဲ့ energy တွေအတွက် ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီတွေကို များများဖြိုခွင်းပြီး အသုံးပြုရတာကြောင့် အဆီများများကျတဲ့အပြင် အစာစားထားတဲ့အခါ ဖြစ်နိုင်တဲ့ အန်ချင်စိတ်ဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်ရစ်ခြင်း စတဲ့ ပြဿနာတွေ လျော့နည်းနိုင်တာကြောင့် […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

အဆီတွေစုပြီး ကိတ်နေတဲ့ ဗိုက်ကို ဘယ်လို ခပ်မြန်မြန် ဖယ်ရှားမလဲ

ကိတ်တယ်ဆိုတဲ့ ဗန်းစကားက ဒီခေတ်မှာ သိပ်ခေတ်စားတယ်။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် ကိတ်တယ်လို့ အပြောခံရရင် သိပ်သဘောကျတတ်တာမဟုတ်လား။ ကျားပဲဖြစ်ဖြစ်၊ မပဲဖြစ်ဖြစ် ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဖွံ့သင့်၊ ထွားသင့်တဲ့နေရာတွေမှာ ဖွံ့နေထွားနေတာကြောင့်သာ ဒီလို အပြောခံရတာလေ။ ဒါပေမယ့်လည်း ကိုယ့်တစ်ကိုယ်လုံးမှာ ကိတ်နေတာက ရင်အုပ်/ရင်သားလည်းမဟုတ်၊ ကြွက်သားလည်းမဟုတ်၊ တင်လည်းမဟုတ်ဘဲ၊ ဗိုက်ဖြစ်နေခဲ့ရင်ရော။ ဒါဆိုရင်တော့ ပြဿနာရှိလာပါပြီ။ အစားတွေ ပိုပိုစားမိနေပြီး ကိုယ်လက်လှုပ်ရှားမှုနည်းလာတဲ့အခါ ကိုယ့်ရဲ့ ဗိုက်ဟာ ရှေ့ကို စူထွက်လာမှာဖြစ်ပါတယ်။ နောက်ပြီး ဗိုက်ပူလာချင်းနဲ့အတူ ရောဂါဘယတွေလည်း ကပ်ပါလာတာတတ်ပါသေးတယ်။ ဒီနေရာကြီးတစ်ခုတည်း ကွက်ကိတ်နေတဲ့နေရင်တော့ မလှမပနဲ့ ကြည့်ရဆိုးနေနိုင်တာအပြင် ကျန်းမာရေးပါထိခိုက်နိုင်တာပါ။ အဲဒီခန္ဓာကိုယ်ရဲ့ အရှေ့အလယ်ပိုင်းက ဗိုက်ဆိုတဲ့နေရာလေးကို ချပ်ချပ်ရပ်ရပ်နဲ့ ကြည့်လို့ကောင်းအောင် လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးပါပဲ။ ဒီတစ်ခါမှာတော့ သိပ္ပံနည်းကျ လေ့လာသုတေသနပြုပြီး အတည်ပြုထားတဲ့ နည်းလမ်းတွေကို ပြောပြချင်တာပါ။ ဒီနည်းလမ်းတွေကတော့ ရိုးရှင်းလွယ်ကူပြီး ထိရောက်မှုလည်း […]


အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ်

လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ် အလှအပအတွက်သာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ကလေးဘဝက စလို့ လူကြီးဖြစ်လာတဲ့အထိ လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် အရွယ်တင်နုပျို ကျန်းမာစေသလို ရုတ်တရက်သေဆုံးနိုင်ခြေကိုလည်း ၃၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပုံ အားကစား လုပ်ခြင်းဖြင့် အဆုတ်၊ နှလုံးကို အားကောင်းလာစေတယ်။ အသက်ကို ဝဝလင်လင် ရှူရှိုက်ရတဲ့အပြင် သွေးလည်ပတ်မှုနှုန်း မြန်ဆန်လာခြင်းကြောင့် နှလုံးကို ကျန်းမာစေတယ်။ အဆီနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ အဝလွန်ခြင်းကို ကာကွယ်ပေးပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း လုပ်ခြင်းဟာ လူတစ်ယောက်ရဲ့ အစာစားချင်စိတ်ကို မြှင့်တင်ပေးသလို ကျန်းမာစွာ စားသောက်နေထိုင်ခြင်းကို လိုက်နာစေဖို့ အားပေးအားမြှောက်ပြုပေးတယ်။ အလုပ်ခွင်မှာ ပင်ပန်းညောင်းကိုက်နေသမျှ ဒဏ်တွေကို အားကစားလုပ်ခြင်းဖြင့် သက်သာလန်းဆန်းသွားစေသလို ညဘက်မှာ […]


နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

ပျော်ရွှင်မြူးထူးစွာ Zumba ကကြမယ်

ကိုယ်အလေးချိန်ကျအောင် Gym ကစားရတာ၊ လေ့ကျင့်ခန်းလုပ်တာဟာ ပျင်းစရာကောင်းတယ်လို့ ထင်ကြမှာပါ။ တစိုက်မတ်မတ် ဇွဲကောင်းကောင်းနဲ့ ပုံမှန် ပြုလုပ်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဝိတ်ကျဖို့အတွက် နည်းလမ်း နောက်တစ်မျိုးရှိနေပါသေးတယ်။ ဒါကတော့ ယနေ့ခေတ်ရေစီးကြောင်းမှာ ခေတ်စားလာတဲ့ ‘Zumba dance’ ဆိုတဲ့ ဇွန်းဘား အကပါပဲ။ Zumbaအကဟာ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ရုံမကဘဲ Gym ဆော့ရသလိုလည်း ပျင်းရိဖွယ်မရှိပါဘူး။ လူအများအပြားနဲ့ သီချင်းမြူးမြူးလေးတွေ နားထောင်ပြီး စည်းချက်နဲ့အညီ ကခုန်ရတာကြောင့် ပျော်ဖို့တောင် ကောင်းပါသေးတယ်။ အံ့သြဖွယ်ကောင်းတာက ကိုယ်အလေးချိန်ကျစေတဲ့အပြင် အခြား ကောင်းကျိုးတွေလည်း ရှိနေပါသေးတယ်။ ဘာတွေလဲ ကြည့်လိုက်ကြရအောင်။ Zumba အတန်းတစ်ခုကို သွားJoinလိုက်တာနဲ့ ပျမ်းမျှအားဖြင့် ကယ်လိုရီ ၆၀၀ ကနေ ၁၀၀၀ အထိ ကျနိုင်ပါတယ်တဲ့နော်။ မယုံမရှိပါနဲ့။ Zumba ကကွက်တွေဟာ ခုန်ပေါက်နေရရုံမကဘဲ ထပြီးထိုင်၊ […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

လေ့ကျင့်ခန်းလုပ်ရင် ပိုလှလာမှာလား။

လူတော်တော်များများက လေ့ကျင့်ခန်း လုပ်ရတာ၊ Gym သွားရတာကို သဘောမကျကြပါဘူး။ ဒါပေမယ့် သေချာ ပြန်စဉ်းစားကြည့်ရင် လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်က အဆီပိုတွေ ပိုနေတဲ့ ကိုယ်အလေးချိန်တွေကို ကျစေတယ်ဟုတ်။ အဆီကျတယ် ခန္ဓာကိုယ် ကျစ်လျစ်သွားတယ်ဆိုတာနဲ့တင် အလှတိုးပြီလေ။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို ကျစ်လျစ် အချိုးကျသွားစေဖို့ လှတယ်လို့ ပြောရတာ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အပြင် အသားအရေ၊ ဆံသားတွေကျန်းမာစေဖို့ပါ အထောက်အကူပြုပေးပါတယ်။ ဒီတော့ လေ့ကျင့်ခန်း လုပ်လာရင် လှလာစေမှာပါ၊ လို့ပဲ ပြောပါရစေ။ ဒီတော့ လေ့ကျင့်ခန်းလုပ်ရင်း ရရှိလာမယ့် အလှအပတရားလေးတွေကို ဆက်ကြည့်ရအောင်လား........... လေ့ကျင့်ခန်းလုပ်ရင် လှလာမှာပါလို့ ပြောရတဲ့ အကြောင်းအရင်း တစ်နေ့ကို ၁၅ မိနစ်ကနေ ၁ နာရီလောက်အထိ အချိန်ပေးပြီး ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတာက အသားအရေကို Glow စေတယ် အသားအရေလေး glow […]


အခြားလေ့ကျင့်ခန်းများ

ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ

လိင်မှုကိစ္စဆိုတာ မျိုးဆက်ပွားကျန်းမာရေးဆိုတာထက် ပိုတဲ့ သဘာဝ ဖြစ်ရပ်တစ်ခုပါ။ ကျေနပ်စရာ စွမ်းဆောင်ရည်နဲ့ ပြီးမြောက်မှုကို ရယူနိုင်တယ်ဆိုရင် လူရောစိတ်ပါ ကျန်းမာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အချစ်စွမ်းဆောင်ရည် လို့ တင်စားခေါ်ကြတာပါ။ ဒါပေမယ့် လူတိုင်းကတော့ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းမွန်နေတတ်တာမျိုးမဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အိပ်ယာပေါ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ အခက်တွေ့ရတတ်ကြပါတယ်။ စိတ်ကျေနပ်စရာ စွမ်းဆောင်ရည်ကို မပြသနိုင်ရင် ကိုယ့်ကိုယ်ကိုယ် မလုံမလဲတဲ့ စိတ်ခံစားချက်မျိုး ပေါ်လာတတ်ပြီးတော့ ဒီစိတ်က ပြင်ပလူနေမှုဘဝအထိ သက်ရောက်လေ့ရှိပါတယ်။ ဒီလိုစိတ်ခံစားချက်မျိုးမဖြစ်စေဖို့ဆိုရင် ကိုယ့်ရဲ့ ကျန်းမာကြံ့ခိုင်အမှုအပိုင်းကို သေချာကြိုတင်ပြင်ဆင်ထားဖို့တော့ လိုအပ်တာပေါ့။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည် မြင့်မားစေဖို့ အထူးကို အထောက်အကူ ဖြစ်စေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်ရင် လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ်ဆိုတာကို သိနားလည်ထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ အိပ်ရာပေါ်မှာ အချစ်စွမ်းဆောင်ရည် ကောင်းပြဖို့ ဆိုရင် လိင်မှုကိစ္စဟာ စိတ်စွမ်းရည်ကို တိုးတက်ကောင်းမွန် စေရုံသာမက […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ကြွက်သား တွေ ဆုံးရှုံးမှုမရှိစေဘဲ အဆီတွေကျစေဖို့ ဘာတွေဂရုစိုက်ကြမလဲ

ကိုယ်အလေးချိန်ချတဲ့အခါ ကြွက်သား တွေ မဆုံးရှုံးချင်ဘဲ အဆီတွေကိုပဲ အဓိကကျချင်တဲ့ သူတွေ၊ ခန္ဓာကိုယ်အချိုးအစားလှပပြီး ကျစ်လစ်ချင်တဲ့သူတွေအတွက် ဂရုစိုက်သင့်တဲ့ အချက်လေးတွေ၊ နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။ hello ဆရာဝန် ပရိသတ်ကြီးထဲမှာရော အဲဒီလို ကိုယ်အလေးချိန်ကျချင်တဲ့သူတွေ ရှိကြလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဝင်ဖတ်လိုက်တော့နော်။ ကြွက်သား တွေ မဆုံးရှုံးဘဲ အဆီကျစေဖို့ ၁။ ဖြည်းဖြည်းချင်းလုပ်ဆောင်ပါ။ ကြွက်သားတွေ ဆုံးရှုံးမှာလည်းကြောက်တယ်၊ အဆီလည်းကျ ကိုယ်အလေးချိန်လည်းချချင်တယ် ဆိုရင်တော့ ပထမဆုံး စိတ်ရှည်ရပါမယ်။ ဘာကြောင့်လည်းဆိုတော့ စနစ်တကျ ကိုယ်အလေးချိန်ကျဖို့၊ အဆီကျပြီး ကျန်းမာကျစ်လစ်တဲ့ ခန္ဓာကိုယ်ဖြစ်ဖို့က ဖြည်းဖြည်းချင်းအချိန်ယူရတာမို့ပါ။ တကယ်လို့ တစ်ပတ်အတွင်း၊ တစ်လအတွင်း စသဖြင့် အလေးချိန်အများကြီး အမြန်ကျအောင် လုပ်မယ်ဆိုရင်တော့ အဆီတွေတင်မကဘဲ ကြွက်သားတွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။ ၂။ မျှတအောင် စားသုံးပါ။ အစားအစာတွေကို အဓိကအားဖြင့် ခန္ဓာကိုယ်က လုပ်ငန်းလုပ်ဆောင်ဖို့အတွက် […]


အခြားလေ့ကျင့်ခန်းများ

တစ်နေ့ ၁ နာရီလောက် အချိန်ပေးပြီး စက်ဘီးစီး ကြည့်ပါလား

မြန်မာလူမျိုးအတော်များများဟာ စက်ဘီးနဲ့ မကင်းကြပါဘူး။ ငယ်စဉ်က စီးဖူးတာရှိသလို ခုချိန်အထိ စက်ဘီးကို နေ့စဉ်လူနေမှုဘဝမှာ အသုံးချနေကြဆဲလူတွေလည်း ရှိကြမှာပါ။ ခေတ်မီသယ်ယူပို့ဆောင်ရေး ပစ္စည်းတွေ ပေါ်ပေါက်လာချိန်မှာ စက်ဘီးစီး တဲ့ အလေ့အထဟာ တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့ပါတယ်။ ခုချိန်ထိ စက်ဘီးကို နှစ်နှစ်ခြိုက်ခြိုက်စီးနင်းနေကြဆဲလူတစ်ချို့တော့ ရှိနေဆဲပါ။ ကိုဗစ်ရောဂါကပ်ဘေးကြောင့် Social Distancing တွေ Stay Home တွေ လုပ်လာကြရတဲ့အခါ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေကို အသုံးပြုမှုလျော့ကျလာပါတယ်။ ကိုယ်ပိုင် မော်တော်ယာဉ်ဆိုတာကလည်း လူတိုင်းပိုင်ဆိုင်ကြတာမျိုးမဟုတ်သလို ပိုင်ဆိုင်ခဲ့ရင်တောင်မှ ကုန်ကျစရိတ်ကများလှတယ်မဟုတ်လား။ နိုင်ငံတကာမှာဆိုရင်တော့ စက်ဘီးစီးတဲ့ အလေ့အထ ပြန်လည်ခေတ်စားလာနေပြီး တိုင်းပြည်အသီးသီးရဲ့ အစိုးရတွေက စက်ဘီးစီးဖို့ သီးသန့်လမ်းတွေ ဖောက်ပေးဖို့တောင် ကြိုးပမ်းနေကြပါပြီ။ ဗြိတိန်မှာဆို လန်ဒန်တစ်မြို့တည်းမှာတင် စက်ဘီးသီးသန့်လမ်းဖောက်ဖို့ ပေါင် ၁ ဘီလီယံ သုံးစွဲတော့မှာပါ။ သူတို့ ဘာကြောင့် စက်ဘီးစီးဖို့ […]


အခြားလေ့ကျင့်ခန်းများ

အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့။

အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့ အရပ်လေး မြင့်တာက လူကို ဆွဲဆောင်မှု တိုးစေမယ့် အရာတစ်ခုပါ။ အရပ်ရှည်တာက မျိုးရိုးနဲ့ ဆိုင်သလို နေ့စဉ်စားသောက်တဲ့ အာဟာရတွေ၊ လုပ်ဆောင်နေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေနဲ့လည်း ဆိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အရပ်ရှည်စေနိုင်သလား............. လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ပေါ်မှာပဲ သက်ရောက်မှု ရှိတယ်၊လို့ လူတော်တော်များများက သိထားကြတာပါ။ ဒါပေမယ့် လေ့ကျင့်ခန်းက အရပ်အပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။ လူတော်တော်များများ လက်ခံထားတာက အရပ်အမြင့်ဆိုတာ မျိုးရိုးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အချက်ပါ။ တကယ်တော့ လူတစ်ယောက်ရဲ့ အရပ်အမြင့်ပေါ်မှာ မျိုးရိုးက လွှမ်းမိုးမှု အများဆုံးဆိုပေမယ့် အရပ်မြင့်စေဖို့ နေ့စဉ် လှုပ်ရှားသွားလာနေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေကလည်း သက်ရောက်မှု ရှိနေပါတယ်။ များသောအားဖြင့်ကတော့ ကြီးထွားမှုက အပျိုဖော်ဝင်ချိန်၊ လူပျိုဖော်ဝင်ချိန်မှာ ရပ်တန့်သွားတာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် ကြီးထွားမှုဖြစ်စဉ်က အသက် ၂၂ နှစ် ကနေ ၂၅ နှစ် […]


အခြားလေ့ကျင့်ခန်းများ

မေးနှစ်ထပ် ပျောက်စေမယ့် မျက်နှာလေ့ကျင့်ခန်း (၇) မျိုး

မျက်နှာလေး ဘယ်လောက်လှလှ မေးနှစ်ထပ် ဖြစ်လာရင် ချစ်ဖို့ကောင်းပေမယ့် အလှအပအတွက်တော့ ကြည့်မကောင်းဘူးနော်။ တချို့ဆို လူလည်းသိပ်မဝပါဘဲ မေးအောက်မှာ အဆီလေးနဲ့လေ။ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်တော့ ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။ မေးနှစ်ထပ် ပျောက်စေမယ့် မျက်နှာလေ့ကျင့်ခန်း (၇) မျိုး သိပ်လွယ်ပါတယ်နော်။ မျက်နှာလေ့ကျင့်ခန်းပဲ ဆိုတော့ ကိုယ့်ဘာသာ အလုပ်လုပ်ရင်း၊ ဖုန်းသုံးနေရင်း၊ ဂိမ်းဆော့နေရင်း ၊ စာဖတ်နေရင်း လုပ်လို့ရတာပဲလေ။ (၁) အာခေါင် လျှာထောက် လေ့ကျင့်ခန်း ဦးခေါင်း နည်းနည်းမော့ပြီး အပေါ်အာခေါင်ကို လျှာနဲ့တွန်းထောက်ပေးပါ။ တစ်ခါလုပ်ရင် ငါးကြိမ်နဲ့ သုံးကျော့ လုပ်ပေးပါ။ လုပ်ကြည့်လိုက်ရင် မေးစေ့အစိတ်အပိုင်းကိုပါ လှုပ်ရှားစေတာ သတိထားမိမှာပါ။ (၂) X နဲ့ O လေ့ကျင့်ခန်း အလွယ်ဆုံးပါပဲ။ မေးစေ့ကြွက်သား၊ ပါး နဲ့ လည်ပင်းကို လှုပ်ရှားစေတဲ့အထိ X နဲ့ O ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း