ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

လမ်းကြာကြာလျှောက် လို့ ဖြစ်လာတဲ့ ဒဏ်တွေကို ဘယ်လိုသက်သာအောင် လုပ်မလဲ။

လမ်းလျှောက်တာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် လမ်းကြာကြာလျှောက် မယ်၊ နေ့စဉ်ရက်ဆက်လျှောက်မယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးလေး အနည်းငယ်ရှိလာနိုင်ပါတယ်။ ဒီတော့ လမ်းကြာကြာလျှောက်လို့ ဖြစ်လာနိုင်တဲ့ ဒဏ်တွေက ဘာတွေလဲ။ ဘယ်လိုတွေ သက်သာအောင် လုပ်မလဲဆိုတာ အကြံပေးချင်ပါတယ်။ လမ်းကြာကြာလျှောက် ရင် ဘာတွေ ခံစားရနိုင်သလဲ။ အားကုန်တာ လမ်းလျှောက်တာက ခန္ဓာကိုယ်က ကြွက်သားတွေ အများကြီး သုံးရတဲ့အတွက် ကြလာတာနဲ့အမျှ အားကုန်လာပြီး နုံးလာပါလိမ့်မယ်။ နေ့စဉ်ရက်ဆက်လျှောက်မယ်ဆိုရင် တဖြည်းဖြည်း အားကုန်ပြီး ပိန်လာမှာပါ။ အကောင်းဘက်က ကြည့်ရင်တော့ ဝိတ်ကျတာပေါ့။ ကြွက်သားတွေ နာတာ တစ်နေကုန်နီးပါး ကြွက်သားတွေ အားသုံးထားရတာဆိုတော့ အိမ်ပြန်ရောက်ရင် ကြွက်သားတွေ နာနေပါလိမ့်မယ်၊ ခြေသလုံးတွေ၊ လက်မောင်းတွေ၊ ကျောတွေ နာတာခံစားရမှာပါ။ ကြွက်သားတွေ တောင့်တာ အိမ်ပြန်ရောက်တာနဲ့ ခြေသလုံးက ကြွက်သားတွေကို စမ်းကြည့်လိုက်ပါဦး။ ကျောက်ခဲတွေလို မာနေတာကို ခံစားရမှာပါ။ ခြေဖဝါးတွေလည်း […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းတွေဟာ နှလုံးကျန်းမာစေတယ်။ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းနိုင်စေတယ်။ အရိုးတွေကို သန်မာစေတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ ကိုယ်လက်ပေါ့ပါးစေတယ် ဆိုတာကို အားလုံး သိထားပြီးဖြစ်မှာပါ။ ဒါဆိုရင် လေ့ကျင့်ခန်း စလုပ်တော့မယ်လို့ စိတ်ကူးနေပြီလား။  လေ့ကျင့်ခန်းဆိုတဲ့နေရာမှာ လေ့ကျင့်ခန်း အမျိုးအစားတွေက အများကြီးပါ။ ဒီလိုလေ့ကျင့်ခန်းတွေထဲမှာမှ ခန္ဓာကိုယ် သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ က ဘာတွေလဲဆိုတာနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါ။ သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာ သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများလို့ ဆိုလိုက်ရင် လေ့ကျင့်ခန်းတွေ အားလုံးက အတူတူပဲ မဟုတ်ဘူးလား။ ဘာ​တွေများ ကွာခြားသွားလို့လဲဆိုပြီး မေးစရာရှိပါတယ်။ တကယ်ကတော့ လေ့ကျင့်ခန်း တစ်ခုချင်းစီကို လုပ်ဆောင်ရပုံခြင်း မတူသလို အကျိုးသက်ရောက်မှုခြင်းကလည်း ကွာခြားပါတယ်။ ဒီလေ့ကျင့်ခန်းတွေထဲကမှ သန်စွမ်းကြံ့ခိုင်စေမယ့် လေ့ကျင့်ခန်းတွေက ကြွက်သားအုပ်စု တစ်ခုချင်းစီကို သန်မာလာအောင် လေ့ကျင့်ပေးတာဖြစ်ပြီး ကိုယ်အလေးချိန်ကိုလည်း […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

အကြောဖြေလျှော့ လေ့ကျင့်ခန်းများ

အကြောဖြေလျှော့ တယ်ဆိုတာက အဆစ်တွေကို လှုပ်ရှားစေတဲ့ လေ့ကျင့်ခန်းပါ။ အဆစ် တစ်ခုချင်းစီ အလိုက် ဖြစ်နိုင်သလို အဆစ်တွေ အားလုံးလည်း ဖြစ်နိုင်ပါတယ်။ အဆစ်တွေရဲ့ လှုပ်ရှားမှု ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ပေးတဲ့ လေ့ကျင့်မှု တစ်မျိုးပါ။ အ​ကြောဖြေလျှော့မှု လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ  ကြွက်သားတွေကို ဆန့်စေမယ့် အကြောလျှော့လေ့ကျင့်ခန်းတွေ နဲ့ အကြောတွေကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ ဖြစ်ကြတဲ့ ယောဂ၊ ထိုက်ချိလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေ ပါဝင်နေပါတယ်။ အကြောတွေကို ပုံမှန် ဖြေလျှော့ပေးတာက လှုပ်ရှားမှုကို ပိုမို အဆင်ပြေစေပြီး တစ်နေ့တာမှာ အကောင်းဆုံး သွားလာ လှုပ်ရှားနိုင်မှာပါ။ အကြောဖြေလျှော့ လေ့ကျင့်ခန်းဆိုတာ အကြောဖြေလျှော့ လေ့ကျင့်ခန်းလို့ ပြောလိုက်ရင် သိသားပဲလို့ ယူဆစရာ ရှိပါတယ်။ အကြောဖြေလျှော့ လေ့ကျင့်ခန်းဆိုတာက ခြေထောက်ကို ပခုံး အကျယ်အတိုင်း ခွဲထားပြီး ခါးကို […]


အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားတစ်ရပ်ရပ်ကို လုပ်ဆောင်တဲ့အခါ အားကစားလုပ်တာကြောင့် ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။ အားကစားလုပ်နေသူတွေအနေနဲ့ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ရင်းဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။ အားကစားလုပ်ရင်း ထိခိုက်မှုတွေ ဘာကြောင့်ဖြစ် အားကစားလုပ်ရင်း ထိခိုက်မှုတွေ ဖြစ်ရတာက ပုံမှန် လှုပ်လှုပ်ရှားရှားမရှိလို့ (လှုပ်ရှားမှုနည်းလို့) အားကစား မလုပ်ခင် သွေးပူလေ့ကျင့်ခန်း မလုပ်လို့ ကိုယ်နေဟန်ထား မမှန်လို့ မတော်တဆ ထိခိုက်မှုတွေရှိလို့ လိုအပ်တဲ့ကိရိယာတွေ ပြည့်စုံစွာ မရှိလို့ နည်းစနစ်မမှန်လို့ ပြင်းပြင်းထန်ထန် လုပ်လို့ စတဲ့အချက်တွေကြောင့် အားကစားလုပ်ရင်း ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။ အားကစားလုပ်ရင်းဖြစ်နိုင်တဲ့ ထိခိုက်မှုတွေက ဘာတွေလဲ။ အားကစားလုပ်ရင်း ထိခိုက်နိုင်တဲ့ ထိခိုက်မှုတွေကတော့ အများကြီးပါ။ ထိခိုက်ဒဏ်ရာအလိုက် လက္ခဏာတွေကလည်း ကွာခြားနိုင်ပါတယ်။ အဖြစ်အများဆုံး အားကစားလုပ်ရင်း ထိခိုက်မိနိုင်တဲ့ ထိခိုက်မှုတွေကတော့ အရွတ်စုတ်ခြင်း - လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တာ၊ နာကျင်နေတာကို မနားဘဲ လေ့ကျင့်ခန်းတွေ ဆက်လက်လုပ်ဆောင်တာကြောင့် […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation အမြဲလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ လိုအပ်မယ့် အချက်တွေက အများကြီးပါ။ ပန်းတိုင် သတ်မှတ်တာ၊ ပြင်ဆင်မှုတွေ လုပ်တာ၊ စည်းမျဉ်းတွေ ချမှတ်တာ၊ ဆုံးဖြတ်ချက်ချမှတ်တာတွေပါ။ ဒီအချက်တွေအပြင် အရေးအကြီးဆုံး အချက်တစ်ခုက စိတ်အားထက်သန်မှု ရှိနေဖို့ပါ။ တစ်ခါတလေ ဖြစ်တတ်တာက လေ့ကျင့်ခန်းလုပ်ချင်ပေမယ့် စိတ်မပါလို့ မလုပ်ရတာမျိုးပါ။ ဒီနေ့တော့ အိပ်ရာမနိုးလို့ ပင်ပန်းနေလို့ နောက်နေ့မှ လုပ်တော့မယ်ဆိုတာမျိုးပေါ့။ တကယ်က ဒီလိုဖြစ်နေတာက ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ အခြားသူတွေလည်း အဲ့လိုပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အောင်မြင်ဖို့ဆိုရင် မဖြစ်မနေ လိုအပ်မှာက စိတ်အားထက်သန်မှုပါ။ ဒီလို စိတ်အားထက်သန်မှု ဖြစ်စေဖို့ အနာဂတ်စီမံကိန်းတွေ ချမှတ်တာရှိသလို ဝိတ်ကျသွားတယ် အချိုးအစား လှပသွားမယ်စတဲ့ အချက်တွေကို ကြိုတင်စိတ်ကူးကြည့်တာမျိုးလည်း ရှိပါတယ်။ ဒီလိုတွေးကြည့်တာကလည်း လေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့ အကောင်းဆုံး တွန်းအားပေးနိုင်ပါတယ်။ Motivationဆိုတာ ဘာလဲ။ Motivationဆိုတာက အရမ်းကို ရိုးစင်းတဲ့ […]


အခြားလေ့ကျင့်ခန်းများ

ကလေးထိန်း ပြီး ဝိတ်ချမလား

ခေါင်းစဉ်ကို ဖတ်ပြီးချိန်မှာ ဒေါင်းတောက်နေအောင် လျှောက်ပြေးနေမယ့် ရင်သွေးလေးတစ်ယောက်နောက်ကို ကလေးထိန်း ဖို့ အူလျားဖားလျားလျှောက်လိုက်နေရမယ့် မေမေတစ်ယောက်ကို ပြေးမြင်မိသွားကြမယ်ထင်ပါတယ်။ ဒီကနေ့ခေတ်မှာ လူအတော်များများ ကိုယ်အလေးချိန်မြင့်တက်လာကြပါတယ်။ ကိုယ်အလေးချိန် မြင့်တက်လာရတဲ့ အကြောင်းအရင်းတွေထဲမှာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးတာနဲ့ အစားအသောက်ကို စနစ်တကျ မှီဝဲစားသောက်မှုမရှိတာတွေက အဓိက အကြောင်းတရားတွေပါပဲ။ ဒီလို လုပ်ဆောင်ချက် ၂ ခုလုံးကို တစ်ပြိုင်နက်တည်းပြင်ဆင်ခွင့်ရမယ့် အခွင့်အလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ကလေးထိန်းတာပါပဲ။ ရင်သွေးတွေကို ထိန်းကျောင်းတာဟာ ကိုယ်လက်ကျန်းမာစေနိုင်တဲ့ နည်းနာတစ်ခုပါ။ စိတ်ပါလက်ပါနဲ့သာ အချိန်ပေးနိုင်မယ်ဆိုရင် ကိုယ်အလေးချိန်ပါ လျော့ကျစေနိုင်ပါတယ်။ ပျမ်းမျှခြင်းအားဖြင့် သာမန်ကိုယ်ခန္ဓာမျိုးရှိတဲ့ မိခင်တစ်ယောက်ဟာ သာမန် ပေါ့ပေါ့ပါးပါး ကလေးထိန်း တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် တစ်နေ့ကို ကယ်လိုရီ ၁၄၄-၂၀၀ ဝန်းကျင်လောက် လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါဟာ တစ်နေ့ကို ၂ မိုင်လောက် လမ်းလျှောက်တာနဲ့ ကယ်လိုရီလောင်ကျွမ်းမှုခြင်း အတူတူပါပဲ။ […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

အမျိုးသားကျန်းမာရေးအချိန်အခါ နိုဝင်ဘာ

နှစ်စဉ်နိုဝင်ဘာလမှာ ကျရောက်တဲ့ အမျိုးသားကျန်းမာရေးလှုပ်ရှားမှုအထိမ်းအမှတ်ပွဲ (Movember) အကြောင်းပြောပြပါ့မယ်။ အမျိုးသားတွေရဲ့ကျန်းမာရေးအတွက်ကိုပဲရည်ရွယ်ပြီး သီးသန့်ပြုလုပ်တဲ့ပွဲဆိုလို့ တစ်နှစ်လုံးမှာ Movember ပွဲတစ်ခုပဲ ရှိပါတယ်။ ဒါဆို Movember ဆိုတဲ့ပွဲဘယ်ကစဖြစ်လာသလဲ၊ ဘာတွေလုပ်ကြသလဲ၊ ဘယ်လိုကျန်းမာရေး ကိစ္စတွေအတွက် ပြုလုပ်သလဲဆိုတာပြောပြမယ်နော်။ Movember ဘယ်ကစသလဲ အခုလိုကြီးကျယ်တဲ့ Movember လှုပ်ရှားမှုတွေဟာ အမှတ်တမဲ့အဖြစ်အပျက်လေးတွေကစခဲ့တာပါ။ ၂၀၀၃ ခုနှစ်တုန်းက သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ကလူငယ်တစ်စုက ၈၀ခုနှစ်တုန်းက အမျိုးသားတွေ ကြားခေတ်စားခဲ့တဲ့ ဖက်ရှင်တစ်ခုကိုပြန်အသက်သွင်းခဲ့ပါတယ်။ ဒါကတော့နှုတ်ခမ်းမွှေးအရှည်ထားတာပါ။ ဟိုးအရင်ခေတ်တွေတုန်းက နှုတ်ခမ်းမွှေးအရှည်သန့်သန့်ပြန့်ပြန့်ထားခြင်းက ယောင်္ကျားပီသမှုကိုဖော်ပြပြီး စတိုင်လည်းကျတယ်လို့ ယူဆကြပါတယ်။ အုပ်စုလိုက်ကြီးနှုတ်ခမ်းမွှေးအရှည်ထားရတာ ပျော်စရာ ကောင်းတယ်လို့ ယူဆပြီးနောက်နှစ် (၂၀၀၄ခုနှစ်) မှာလည်းအလားတူပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဒီတစ်ခေါက်မှာ တော့ ပျော်ဖို့အပြင် ပတ်ဝန်းကျင်ကလူတွေလည်းအကျိုးရှိအောင်ရည်ရွယ်ပြီး အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာအကြောင်းကို အသိပညာမျှဝေဖို့ပွဲကလေးတွေကျင်းပဲခဲ့ပါတယ်။လူပေါင်း ၄၀၀ ကျော်ပါဝင် ဆင်နွှဲခဲ့တဲ့ ဒီပွဲလေးက တဖြည်းဖြည်းကကျန်းမာရေးအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေရဲ့ […]


နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ

မိုးရာသီကို ကျော်လွန်လို့ ဆောင်းရာသီထဲကို စတင်ချဉ်းနင်းလာနေပါပြီ။ ဒီနှစ်လည်း အအေးလှိုင်းဖြတ်ဖို့ရှိနေတာမို့ အေးချမ်းလှတဲ့ ဆောင်းမနက်ခင်းလေးတွေကို ပိုင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒီလို ဆောင်းမနက်ခင်း အေးအေးလေးတွေမှာ ကျန်းမာရေးအတွက် စက်ဘီးစီးပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့ စက်ဘီးစီးဖို့ တိုက်တွန်းတာလဲဆိုရင် မြန်မာအတော်များများဟာ စက်ဘီးနဲ့ မကင်းကြပါဘူး။ စက်ဘီးကို နေ့စဉ်လူနေမှုဘဝမှာ အသုံးချနေကြဆဲလူတွေရှိကြသလို နေအိမ်တွေမှာလည်း စက်ဘီးပိုင်ဆိုင်တဲ့လူတွေ အများအပြားရှိနေကြတာမို့ပါ။ နိုင်ငံတကာမှာဆိုရင်တော့ စက်ဘီးစီးတဲ့ အလေ့အထ ပြန်လည်ခေတ်စားလာနေပြီး တိုင်းပြည်အသီးသီးရဲ့ အစိုးရတွေက စက်ဘီးစီးဖို့ သီးသန့်လမ်းတွေ ဖောက်ပေးဖို့တောင် ကြိုးပမ်းနေကြပါပြီ။ ရန်ကုန်မှာလည်း တစ်ချို့နေရာတွေမှာ စက်ဘီးသီးသန့်လမ်းလေးတွေ ရှိနေပါပြီ။ နောက်ပြီး စက်ဘီးအေးအေးလူလူထွက်စီးလို့ရတဲ့ နေရာတွေလည်း ရှိပါရဲ့။ စက်ဘီးစီးတာက ကျန်းမာရေးအကျိုးကျေးဇူးတွေများပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ပြောပြပါရစေ။ ကျန်းမာစေဖို့ စက်ဘီးစီးကြစို့ စက်ဘီးစီးတာဟာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ စက်ဘီးစီးတဲ့အလေ့အထဟာ ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေရတာကြောင့် စိတ်ဓာတ်ကျနေတဲ့လူတွေ၊ […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ

တစ်နေကုန် အထိုင်များလို့ ဖြစ်ဖြစ်၊ အိမ်အလုပ်တွေ၊ ရုံးအလုပ်တွေကို ဇယ်ဆက်သလို လုပ်ရလို့ ဖြစ်ဖြစ် ခါးတွေက ညောင်းနေတာပဲ။ ကိုက်ခဲနေတာပဲ။ အနှိပ်ခံ ချင်လိုက်တာ၊ နှိပ်ပေးမယ့်သူက မရှိဘူးဆိုသူလေးတွေရှိလား။ ဒီပြဿနာကို ပြေလည်စေမယ့် လေ့ကျင့်ခန်းလေးတွေ ပြောပြပေးမယ်နော်။ ဖတ်ရင်း ကိုယ်တိုင် လိုက်လုပ်ကြည့်လို့ ညောင်းညာနေမှုတွေကို ဖြေလျှော့လိုက်ရအောင်လား................ အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ  အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ က ဘာတွေဖြစ်မလဲ။ ဖတ်ရင်း လိုက်လုပ်ကြည့်လိုက်ရအောင်လား။ Butterfly wings ဒီလေ့ကျင့်ခန်းမှာ အဓိကထားမယ့် အစိတ်အပိုင်းတွေက ခါးရိုးနဲ့ ဇက်ကြောပါ။ ကိုယ်နေဟန်ထားမှန်စေဖို့ ထောက်ပံ့ပေးသလို သွေးစီးဆင်းမှုကိုလည်း ကောင်းစေမှာပါ။ ဒီလေ့ကျင့်ခန်းကို စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ ခါးကို မတ်မတ်လေးထားပြီး ထိုင်ပါ။ ခြေထောက်ကို ပခုံးအကျယ်တိုင်းထားပြီး ခြေဖဝါးကို ကြမ်းပြင်မှာ အပြားလိုက် ချထားပါ။ ပြီးရင် လက်နှစ်ဖက်ကို အပေါ်ကို ဆန့်ထုတ်လိုက်ပါ။ ပြီးရင် […]


အခြားလေ့ကျင့်ခန်းများ

Gym ကစားခြင်း နှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဒီဘက်ခေတ် ၂၀ ရာစုမှာတော့ Gym ကစားတာကို ထူးထူးဆန်းဆန်းအရာတစ်ခုလို မမြင်ကြတော့ပါဘူး။ အရင်တုန်းကတော့ Gym ကစားတယ်ဆိုတာကို ပိုက်ဆံဖြုန်းတယ်၊ မော်ဒယ်တွေ အနုပညာရှင်တွေမှ လုပ်သင့်တဲ့အရာ အစရှိသဖြင့် ပြောခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာတော့ လူအများစု Gym ကို တစိုက်မတ်မတ် ကစားလာကြတာကို တွေ့ရတာ ကျန်းမာရေးရှုထောင့်အရတော့ ဝမ်းသာစရာ သတင်းကောင်းတစ်ခုပါပဲ။ Gym ကစားခြင်း နှင့် လူသိမှားနေသေးသော ဂျင်းတချို့… ဒါပေမယ့် လူတော်တော်များများမှာ Gym ကစားခြင်း နဲ့ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့ ဂျင်းတွေ အများကြီးရှိနေသေးတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်က ဒီလူသိမှားနေတဲ့ ဂျင်းအချက်တွေကို ပြောပြပေးပြီး နားလည်မှုလွဲနေတဲ့အရာတွေကို ပြန်လည်ဖြေရှင်းပေးချင်ပါတယ်။ ၁။ Gym ကစားရင် ဝက်ခြံတွေ ပိုထွက်လာလိမ့်မယ်။ Gym ကစားခြင်း နဲ့ ဝက်ခြံထွက်တဲ့ ပြဿနာဟာ တိုက်ရိုက်ဆက်စပ်ခြင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း