တကိုယ်လုံးဖြူခြင်းဆိုတာ ရောင်ခြည်ပစ္စည်းဖြစ်တဲ့ မယ်လနင် နည်းပါးတဲ့၊ လုံးဝမရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါဖြစ်ပါတယ်။ မယ်လနင်ဆိုတဲ့ ကိုယ်ခန္ဓါထဲက ရောင်ခြယ်ပစ္စည်းဟာ အရေပြား၊ ဆံပင်၊ မျက်လုံး စတာတွေရဲ့ အရောင်ကို ဖြစ်ပေါ်စေပါတယ်။ အဲဒီပြသနာရှိသူများဟာ နေရောင်ထိမခံနိုင်ဖြစ်ပြီး အရေပြားကင်ဆာဖြစ်တတ်ပါတယ်။
တကိုယ်လုံးဖြူခြင်းအတွက် ကုသနိုင်ခြင်း မရှိပေမယ့် အရေပြားကို ကာကွယ်နိုင်တဲ့၊ မြင်နိုင်စွမ်းအားကို အကောင်းဆုံးမြှင့်တင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီရောဂါရှိသူအချို့ဟာ လူမှုရေးနယ်ပယ်မှာ ခွဲခြားဆက်ဆံခြင်း ခံရတတ်ပါတယ်။
အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
များသောအားဖြင့် အရေပြား၊ ဆံပင်နဲ့ မျက်လုံးအရောင်တွေမှာ လက္ခဏာ ဖြစ်တတ်ပါတယ်။
ရောဂါရှိသူတိုင်းမှာ အမြင်အာရုံပြသနာ ရှိတတ်ပါတယ်။
အရေပြား။ ဆံပင်အရောင်ဖြူပြီး အသားအရေ ပန်းရောင် ဖြစ်ပါတယ်။ ဒါပေမယ့် အသားရောင်ဟာ အဖြူကနေ အညိုထိ တွေ့ရတတ်ပါတယ်။ မိဘ၊ မောင်နှမများနဲ့ အနီးစပ်ဆုံး ဖြစ်တတ်ပါတယ်။
ရောဂါရှိသူတချို့မှာ အသားရောင်ဟာ လုံးဝမပြောင်းပါဘူး။ တချို့တွေမှာတော့ မယ်လနင်ထုတ်လုပ်ခြင်းဟာ ကလေးဘဝ၊ ဆယ်ကျော်သက်ဘဝမှာ စတင်တာမို့ အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါတယ်။
နေရောင်နဲ့ ထိတွေ့တဲ့အခါ အောက်ပါကိစ္စရပ်တွေ ဖြစ်ပွားနိုင်ပါတယ်။
ဆံပင်။ ဆံပင်အရောင်ဟာ အဖြူဆွတ်ဆွတ်ကနေ အညိုရောင်အထိ ရှိပါတယ်။ ဒီရောဂါရှိတဲ့ အာဖရိကနဲ့ အာရှနွယ်ဖွားတွေရဲ့ ဆံပင်ဟာ အဝါ၊ အနီ၊ အညို ဖြစ်နေတတ်ပါတယ်။ ကလေးဘဝမှာ ဆံပင်အရောင်နက်နိုင်ပါတယ်။
မျက်လုံး။ မျက်လုံးအရောင်ဟာ အပြာနုကနေ အညိုရောင်ထိရှိပြီး အသက်အရွယ်အလိုက် ပြောင်းလဲတတ်ပါတယ်။ မျက်လုံးရဲ့ အရောင်ရှိရမယ့်အပိုင်းမှာ ရောင်ခြယ်ပစ္စည်းမရှိတာမို့ အကြည်ရောင်အနေနဲ့ပဲ ရှိတတ်ပါတယ်။ ဆိုလိုတာကတော့ အလင်းရောင်ဟာ မျက်လုံးထဲကို အတားအဆီးမရှိဝင်သွားနိုင်ပါတယ်။ ဒါကြောင့် အလင်းရောင်နဲ့တွေ့ချိန်မှာ အရောင်မရှိတဲ့မျက်လုံးဟာ နီရဲသွားနိုင်ပါတယ်။ အလင်းရောင်ဟာ မျက်လုံးရဲ့ နောက်ကျောကိုရောက်သွားပြီး အလင်းပြန်လာလို့ ဖြစ်ပါတယ်။ မီးဖွင့်ပြီးရိုက်တဲ့ ဓါတ်ပုံတွေမှာ မျက်လုံးနီသလိုမျိုး ဖြစ်ပါတယ်။
အမြက်အာရုံ။ အောက်ပါလက္ခဏာတွေ ရှိနိုင်ပါတယ်။
အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသပါ။
အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
မျိုးရိုးဗီဇချို့ယွင်းလို့ ဖြစ်ပါတယ်။ မျိုးရိုးဗီဇတခုချင်းစီဟာ မယ်လနင်ထုတ်လုပ်ရာမှာ ပါဝင်တဲ့ ပရိုတိန်းတွေကို တည်ဆောက်ရာမှာ ပါဝင်ပါတယ်။ မယ်လနင်ကို မယ်လနိုဆိုက်လို့ခေါ်တဲ့ ဆဲလ်ကနေ ထုတ်လုပ်ပါတယ်။ ဗီဇချို့ယွင်းမှုရှိတဲ့အခါ မယ်လနင် မထုတ်နိုင်တာ၊ ပမာဏနည်းသွားတာ ဖြစ်တတ်ပါတယ်။
ရောဂါရှိသူအချို့မှာ ချို့ယွင်းတဲ့ဗီဇနှစ်စုံကို မိခင်နဲ့ဖခင်ဆီက ကိုယ်စီရတတ်ပါတယ်။
မျိုးရိုးဗီဇချို့ယွင်းတာကြောင့် ဖြစ်တတ်ပြီး သိသာတဲ့ မိသားစုရာဇဝင် ရှိတတ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။
မျက်စိဆရာဝန်ဟာ သသင့်ကလေးရဲ့ မျက်စိကို စမ်းသပ်ပါလိမ့်မယ်။ မျက်လုံး အလိုလို ကစားနေလား၊ တနေရာတည်းကို စုံမကြည့်နိုင်ဘူးလား၊ အလင်းကြောက်သလား စသဖြင့် စစ်ဆေးပါလိမ့်မယ်။ မျက်စိအတွင်းမြင်လွှာကို ကြည့်ရှုတဲ့ ကိရိယာနဲ့ စစ်ဆေးပါလိမ့်မယ်။ မျက်လုံးထဲကို အလင်းဝင်ရောက်လာတဲ့အခါ ဦးနှောက်ကထုတ်တဲ့ အချက်ပြလှိုင်းတွေကို တိုင်းတာပြီး အမြင်အာရုံကြောတွေ ပုံမှန်ဖြစ်မဖြစ် စစ်ဆေးပါလိမ့်မယ်။
သင့်ကလေးမှာ မျက်လုံးတဖက်တည်း ပြသနာရှိနေရင် တခြားအကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ တကိုယ်လုံးဖြူခြင်းမဟုတ်တဲ့ တခြားပြသနာတွေဟာ ရောင်ခြယ်ပစ္စည်းအပေါ် သက်ရောက်မှုရှိနိုင်ပေမယ့် အမြင်အာရုံပိုင်းဆိင်ရာ ပြသနာအားလုံးကိုတော့ မဖြစ်စေပါဘူး။
မျိုးရိုးဗီဇပြသနာဖြစ်တာကြောင့် ကုသရာမှာ ကန့်သတ်ချက်တွေ ရှိပါတယ်။ ထိရောက်တဲ့ မျက်စိကုသခြင်းတွေ၊ အရေပြား ပုံမှန်ဟုတ်မဟုတ် စစ်ဆေးခြင်းတွေဟာ ကလေးရဲ့ ကျန်းမာရေးအတွက် အထူးအရေးကြီးပါတယ်။
Hermansky-Pudlak နဲ့ Chediak-Higashi ရောဂါလက္ခဏာစု ရှိသူတွေဟာ နောက်ဆက်တွဲပြသနာတွေကို ကာကွယ်ဖို့ ပုံမှန် ပြုစုကုသခြင်းများ လိုအပ်ပါတယ်။
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက တကိုယ်လုံးဖြူခြင်းခြင်းအတွက် အထောက်အကူ ပြုသလဲ
အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ