Graves’ diseaseဆိုသည်မှာသိုင်းရွိုက်ဟော်မုန်းအများအပြားထွက်သောရောဂါတစ်မျိုး ဖြစ်သည်။ မိမိကိုယ်တွင်းရှိဆဲလ်များကိုမှားယွင်းစွာပြန်လည်တိုက်ခိုက်သောကိုယ်ခံအားစနစ်ချို့ယွင်းချက်တစ်မျိုးဖြစ်ပြီးသိုင်းရွိုက်ဟော်မုန်းကိုအလွန်အကျွံ ထွက်စေပါသည်။ ကိုယ်ခံအားစနစ်မှ immunoglobulin ဟုခေါ်သောပဋိပစ္စည်းများကိုထုတ်ကာသိုင်းရွိုက်ကိုလှုံ့ဆော်ပါသည်။ ထိုအခါ သိုင်းရွိုက်ဂလန်း မှ သိုင်းရွိုက်ဟော်မုန်းအများအပြားထွက်လာပါသည်။
သိုင်းရွိုက်ဟော်မုန်းအထွက်များခြင်းကို ဖြစ်စေသောအကြောင်းရင်းများစွာရှိပါသည်။ သို့သော် လည်ပင်းကြီးရောဂါသည် အဖြစ်များသောအကြောင်းရင်းတစ်ခု ဖြစ်သည်။
သိုင်းရွိုက်ဟော်မုန်းသည် ခန္ဓါကိုယ် အနှံ့ တွင် သက်ရောက်မှုများရှိသောကြောင့် ဤ ရောဂါ ၏ ရောဂါလက္ခဏာများသည် အာရုံကြောအဖွဲ့အစည်း၊ ဦးနှောက်ဖွံ့ ဖြိုးမှု နှင့် ကိုယ် အပူချိန် ပြောင်းလဲခြင်းတို့ ပါဝင်ပါသည်။
ဤရောဂါသည် အလွန် အဖြစ်များပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍ ဖြစ်ပွားပါသည်။ အသက် ၄၀ မပြည့်သောလူများတွင် ပို၍ ဖြစ်ပွားပါသည်။ အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ်နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။
Graves’ disease ၏တွေ့ရများသောရောဂါလက္ခဏာများမှာ
အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။
Graves’ disease ကို ဖြစ်ပွားစေသောအကြောင်းရင်းများကိုရှင်းလင်းစွာမသိရသေးပါ။ လည်ပင်းကြီးရောဂါတွင် သင်၏ ကိုယ်ခံအားစနစ်သည် pituitary ဟော်မုန်းထွက်မှု ကိုဖိနှိပ်ထားသော Antibody များထွက်စေပါသည်။ pituitary ဟော်မုန်းသည် သိုင်းရွိုက်ဟော်မုန်းထွက်မှု ကိုထိန်းချုပ်ပါသည်။ ထိုကြောင့် ဤရောဂါ ဖြစ်သောအခါ သိုင်းရွိုက်ဂလင်းသည်သိုင်းရွိုက်ဟော်မုန်းများကိုအထိန်းအကွပ်မရှိထုတ်ပြီး ခန္ဓါကိုယ် တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်စေပါသည်။
Graves’ diseaseဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Graves’ diseaseကိုအောက်ပါစစ်ဆေးမှုများဖြင့် အတည်ပြုနိုင်ပါသည်။
Graves’ disease ကိုကုသရန် နည်းလမ်း ၃ မျိုးရှိပါသည်။
အောက်ဖော်ပြပါလူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်Graves’ disease ကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။
ကောင်းမွန်စွာစားသုံးခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းသည် အချို့ရောဂါ လက္ခဏာများသက်သာရန် ကူညီပေးနိုင်ပါသည်။
စိတ်ဖိစီးမှုများကိုတတ်နိုင်သလောက် လျော့ချပေးခြင်းသည် အကူအညီပေးနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် စိတ်ဖိစီးမှုသည်လည်ပင်းကြီးရောဂါကိုပိုဆိုးစေသောကြောင့် ဖြစ်ပါသည်။ သီချင်းနားထောင်ခြင်း၊ အားကစားလုပ်ခြင်း၊ လမ်းလျှောက်ခြင်း နှင့် စိတ်အပန်းပြေမှု ခံစားရသောအလုပ်များလုပ်ခြင်းတို့ပြုလုပ်ပါ။
မျက်စိကိုအေးမြမှုရှိအောင် ထားရှိပါ။ အအေးကပ်ပေးခြင်းဖြင့် အစိုဓါတ်ထိန်းပေးပါ။
နေကာမျက်မှန် ဝတ်ဆင်ပါ။
မျက်စဉ်းများအသုံးပြုပါ။
မျက်စိပေါ် သို့ဖိအားနည်းစေရန် ကုတင်၏ ခေါင်းရင်းကို မြှင့်ပါ။
ဆေးလိပ်သောက်ခြင်းကိုရပ်ပါ။
ရောင်ရမ်းခြင်း နှင့် နီရဲခြင်းသက်သာရန် အလွယ်တကူဝယ်၍ရသော Hydrocortisone ပါသောလိမ်းဆေးနှင့် ကရင်မ် များအသုံးပြုပါ။