လည်ချောင်းပြဿနာများ

လည်ချောင်းပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး လည်ချောင်းကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

လည်ချောင်းပြဿနာများ

Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ.......

သွားနဲ့ သွားဖုံးတွေကြောင့် မဟုတ်ဘဲ ခံတွင်းနံ့ ဆိုးစေတဲ့ ပြဿနာကို ဖြစ်စေတာကတော့ အခုပြောပြမယ့် Tonsil stone တွေပါ။ ဒီတစ်ခေါက်တော့ ခံတွင်းနံ့ကို ဆိုးစေတဲ့ Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ....... ဆိုတာကို ပြောပြပေးသွားပါမယ်။ Tonsil stones ဆိုတာ Tonsil stones ဆိုတာက  အာခေါင် နောက်ဖက်ကနေ ထွက်လာတဲ့ အဖြူရောင် အစိလေးတွေပါ။ ဝါကျင့်ကျင့် အရောင်လည်း ဖြစ်နိုင်ပါတယ်။ ခပ်မာမာလေးဖြစ်ပြီး အနံ့ကတော့ တော်တော်လေး ဆိုးပါတယ်။ ဒါတွေက အာသီးလေးမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ စုမိတာမျိုးပါ။ Tonsil stones ဘယ်လိုဖြစ် အာသီးလေးတွေက တွင်းလို အပေါက်လိုလေးတွေဖြစ်ပြီး အဲ့အပေါက်လေးတွေထဲမှာ ဆဲလ်သေတွေ၊ ချွဲတွေအပါအဝင် ဘက်တီးရီးယားတွေနဲ့ အခြားသောအရာတွေက ပြည့်နှက်နေတာပါ။ ဒီလို အစားအစာအကြွင်းအကျန်တွေ၊ အညစ်အကြေးတွေ၊ […]

လည်ချောင်းပြဿနာများ ကို ရှာဖွေမည်။

နား၊ နှာခေါင်း၊ လည်ချောင်း

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေသုံးတဲ့ မှန်ပြောင်းလေးများ

နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်ဆီ သွားရင်လေ မှန်ပြောင်းလေးတွေ၊ မီးလေးတွေ ထိုးကြည့်တာ မြင်ဖူးကြမှာပါ။ နားတို့၊ နှာခေါင်းတို့၊ လည်ချောင်းဆိုတာက လှိုဏ်ခေါင်းလိုပဲ အပြင်ကနေ အထဲကို ဝင်သွားတဲ့ အစိတ်အပိုင်းတွေမို့လို့ အသေးစိတ်မြင်ချင်တယ်ဆိုရင် ရိုးရိုးကြည့်လို့ မရပါဘူး။ မှန်ပြောင်းလေးတွေ၊ ဓာတ်မီးလေးတွေနဲ့ ထိုးကြည့်မှ သေသေချာချာ မြင်ရတာပါ။ လူနာအနေနဲ့ကတော့ ဆရာဝန်ဆိုရင် နားကြပ်နဲ့ စမ်းတာလောက်ကိုပဲ ရင်းနှီးတာကြောင့် ဒီပစ္စည်းလေးတွေ ဘယ်လိုသုံးတာလဲ။ ဒါလေးတွေနဲ့ဆို ဘာတွေများ ပိုကောင်းသွားမှာလဲ။ ဒါတွေနဲ့ စမ်းသပ်ရင် နာမှာလား စတဲ့အကြောင်းလေးတွေကို ပြောပြပေးပါ့မယ်။ နား၊ နှာခေါင်း၊ လည်ချောင်း စမ်းသပ်ရာမှာ သုံးတဲ့ မှန်ပြောင်းလေးများ နားစမ်းကိရိယာ (Otoscope) နားရဲ့ အတွင်းဆုံးအထိ သေသေချာချာ မြင်ရချင်တယ်ဆိုရင် ဒီကိရိယာလေးနဲ့မှ အဆင်ပြေမှာပါ။ ပုံစံကတော့ သံရိုက်တူလို ပုံစံမျိုးလေးပါ။ ထိပ်မှာ မီးလေး ပါပါတယ်။ […]


နား၊ နှာခေါင်း၊ လည်ချောင်း

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါတွေက အများကြီးရှိပြီး ခံစားရတဲ့ လက္ခဏာတွေလည်း တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ဒီထဲကမှ အဖြစ်များပြီး တွေ့ရလေ့ရှိတဲ့ ရောဂါတွေကို ပြောပြပေးသွားပါ့မယ်။ ဒါမှ ဘယ်ရောဂါဆို ဘယ်ဆရာဝန်ဆီ သွားရမလဲဆိုတာ ကွဲကွဲပြားပြား သိမှာပါ။ အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများ နားပြည်ယိုတာ နားပြဿနာတွေထဲမှာတော့ ကလေး၊ လူကြီး အရွယ်စုံမှာတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ နားထဲမှာရှိတဲ့ Eustachian tubeလို့ ခေါ်တဲ့ ပြွန်လေးက ပါးစပ်အနောက်ဘက် လည်ချောင်းထဲမှာ လာပွင့်ပါတယ်။ ဒါကြောင့် တော်ရုံဆို ရောဂါပိုးမွှားတွေက လည်ချောင်းကနေတဆင့် အပြင်ကို ပြန်ရောက်သွားပါတယ်။ ဒါပေမယ့် ဒီပြွန်လေးက သေးလွန်းရင်ဖြစ်ဖြစ်၊ အရည်၊ အချွဲတွေနဲ့ ပိတ်ရင် ဖြစ်ဖြစ် ရောဂါပိုးတွေက အပြင်ကို မထွက်နိုင်ဘဲ အထဲမှာ […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာတာ အမြန်သက်သာဖို့ ငုံဆေးသကြားလုံးကို သတိရပါ

လည်ချောင်းနာတယ်ဆိုတာ ရာသီဥတု၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရမ်းကြီးစိုးရိမ်စရာမဟုတ်ဘူးဆိုပေမဲ့ ဝေဒနာခံစားရတဲ့သူအတွက်တော့ တော်တော်လေးကို စိတ်ကသိကအောက်နိုင်စရာကိစ္စပါပဲ။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲ လည်ချောင်းနာနေပါစေ၊ ဒီဝေဒနာကို အမြန်ဆုံးသက်သာသွားစေနိုင်မယ့် နည်းလမ်းကတော့ ငုံဆေးသကြားလုံးပါပဲ။ ငုံဆေးသကြားလုံးဆိုလို့ ပုံမှန်အချိုကဲတဲ့ ချောင်းဆိုးစေလောက်တဲ့ သကြားလုံးတော့ မဟုတ်ပါဘူးနော်။ အရသာအမျိုးမျိုးနဲ့ ကိုယ့်ရဲ့လည်ချောင်းမှာ နီရဲရောင်ရမ်းနေတာကို အရောင်ကျသွားစေတယ်။ လည်ချောင်းထဲမှာ ကပ်နေတဲ့ ချွဲသလိပ်တွေကိုလည်း ပျော်ကျစေတယ်။ ဘက်တီးရီးယားပိုးတွေကို ရှင်းပေးလို့ ခံတွင်းအနံ့ဆိုးဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နောက်ထပ်အားသာချက်ကတော့ တခြားအိမ်တွင်းနည်းလမ်းတွေလိုမဟုတ်ဘဲ ဘယ်သွားသွား ငုံဆေးသကြားလုံးထုပ်လေး ဆောင်ထားလို့ရပြီး လည်ချောင်းနာတာနဲ့ သောက်လိုက်ရုံပဲဆိုတော့ အလုပ်လည်း မရှုပ်တော့ဘူးပေါ့။ ငုံဆေးသကြားလုံးမှာ ဘယ်လိုအရသာတွေ ရှိလဲ။ များသောအားဖြင့် လူတိုင်းကြိုက်နှစ်သက်ပြီး ခံတွင်းအေးစေလောက်မယ့် အရသာမျိုးနဲ့သာ ငုံဆေးသကြားလုံးကို ထုတ်လုပ်တတ်ကြပါတယ်။ ဒီအရသာတွေထဲမှာ ဘာတွေပါတတ်လဲဆိုရင် ၁။ ယူကလစ်ဆီ (Eucalyptus Oil) လည်ချောင်းနာတဲ့ အချိန်တွေတင်မကဘဲ ချောင်းဆိုးတာ၊ […]


လည်ချောင်းပြဿနာများ

ဆောင်းရာသီမှာ လည်ချောင်းမနာဖို့ ဒီလိုကာကွယ်ကြမယ်

ဆောင်းရာသီလိုမျိုး ခြောက်သွေ့အေးစက်တဲ့ ကာလဆိုတာ ရောဂါပိုးမွှားတွေ ပျံ့နှံ့ပေါက်ဖွားဖို့ အရမ်းလွယ်ကူတဲ့ အချိန်ကာလပါ။ အဲ့ဒါကြောင့်လည်း ဒီလိုမျိုး အေးတဲ့အချိန်ဆို ခဏခဏ ဖျားနာတာ၊ နှာစေးအအေးမိ၊ လည်ချောင်းနာနေကြတာပေါ့။ ဒါ့အပြင် ပါးစပ်ကို လက်ကိုင်ပဝါနဲ့ မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါမျိုးမှာဆို သူတို့ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ရောဂါပိုးမွှားပေါင်းများစွာက လေထဲကို အလွယ်တကူ ပျံ့နှံ့သွားပြီး တခြားသူတွေဆီကို ကူးစက်ဖို့ ပိုလွယ်တာပေါ့။ လည်ချောင်းနာတယ်ဆိုတာ ပုံမှန် ရိုးရိုးဖျားနာတာ၊ ရာသီအပြောင်းအလဲကြောင့် ဓာတ်မတည့်ဖြစ်တာ စတဲ့ကျန်းမာရေးပြဿနာအနေနဲ့ ရင်ဆိုင်ရတဲ့အခါ တွေ့နေကျ လူတွေနဲ့လည်း သိပ်မစိမ်းတော့တဲ့ လက္ခဏာတစ်မျိုးပါပဲ။ အရမ်းကြီး စိုးရိမ်စရာမဟုတ်ပေမဲ့ လည်ချောင်းနာတဲ့ ဝေဒနာကြီးကို ဒီအတိုင်းနေရင်လည်း ခံစားနေရတယ်။ အစာစားလိုက်တဲ့အချိန်၊ ရေသောက်လိုက်တဲ့အချိန်ဆိုရင်လည်း လည်ချောင်းက ပူစပ်ပူလောင်နဲ့ နာနေတော့ နေရတာ အဆင်မပြေတော့ဘူးပေါ့။ ဒါဆို ဘာကြောင့် လည်ချောင်းနာတာလည်း။ • ရိုးရိုး […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက်

လည်ချောင်းနာတယ်ဆိုတာ ရာသီမရွေးဖြစ်ပွားတတ်ပြီး ခုလို ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့အချိန်မျိုးမှာဆို ပိုဆိုးတာပေါ့။ ဒီလိုအချိန်တွေမှာ ရောဂါပိုးမွှားတွေက ပိုမိုပွားများလာဖို့လည်း မြန်တဲ့အပြင် ပါးစပ်မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်ရာကနေ လေမှတစ်ဆင့် လျင်မြန်စွာ ကူးစက်ခံရဖို့ ပိုလွယ်ကူတတ်ပါတယ်။ ခုလို ရာသီအကူးအပြောင်းကာလမှာတော့ လူတွေအဖြစ်များဆုံး ပြဿနာထဲမှာ လည်ချောင်းနာတာလည်း တစ်ခုအပါအဝင်ပါပဲ။ ဘေးပတ်ဝန်းကျင်ကိုတော့ အနှောင့်အယှက်မဖြစ်စေပေမဲ့ ဝေဒနာရှင်အတွက်တော့ အစားကောင်းကောင်း မစားရ၊ ရေလည်း မသောက်ရ၊ နောက်ဆုံး တံတွေးမြိုရင်တောင် နာရတယ်၊ တစ်ခါတစ်ခါလည်း ယားပြီး နေရခက်တော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တတ်တယ်နော်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာ လည်ချောင်းနာတာကို အမြန်သက်သာဖို့၊ ဆေးခန်းသွားပြရမှာ ပျင်းတဲ့သူတွေအတွက် အိမ်မှာပဲ အလွယ်တကူလုပ်လို့ရမယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။ ၁။ ဆားရည်နဲ့ ပလုတ်ကျင်းပါ။ ယားယံပြီး နေထိုင်ရခက်တဲ့ လည်ချောင်းအတွက် အကောင်းဆုံးဖြေဆေးကတော့ သွားတိုက်ပြီးတိုင်း […]


လည်ချောင်းပြဿနာများ

အသံဝင်ပြီး လည်ချောင်းတွေ နာနေတယ် ဘယ်လိုလုပ်ရမလဲ…….

အသံဝင်ပြီး လည်ချောင်းတွေ နာနေတယ် ဘယ်လိုလုပ်ရမလဲ……. စကားပြောလိုက်တိုင်း အားမရဘူး။ ဒီထက်ကျယ်ကျယ်ပြောပြန်ရင်လည်း လည်ချောင်းတွေကွဲထွက်တော့မလိုဘဲ နာနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက helloဆရာဝန်ပရိသတ်ကြီးရဲ့ လည်ချောင်းနာတဲ့ပြဿနာကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။ လည်ချောင်းနာပြီး အသံဝင်နေတယ် လည်ချောင်းနာပြီး အသံဝင်တာက အသံအိုးရောင်နေတာကြောင့်ဖြစ်နိုင်သလို အသက်ရှုလမ်းကြောင်းမှာပိုးဝင်ကူးစက်တာ ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ စကားပြောရတာခက်ခဲသလို အစားစားရတာလည်း ခက်ခဲပါတယ်။ ဒီအခက်အခဲကို သက်သာစေဖို့ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ ဒါတွေကြောင့် အသံဝင်ပြီး လည်ချောင်းနာနိုင်ပါတယ် အသံကုန်ဟစ်ထားလို့ဖြစ်ဖြစ် ပိုးဝင်ကူးစက်လို့ဖြစ်ဖြစ် အသံဝင်ပြီးလည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင် ဆေးလိပ်သောက်တာ ဓာတ်မတည့်တဲ့ အရာတစ်ခုခုကိုရှုရှိုက်မိတာ စားချဉ့်ရည်ပြန်ဆန်တက်တာ စတီးရွိုက်ရှုမိတာ အအေးမိ၊ဖျားနာဖြစ်တာတွေကြောင့် အသံဝင်ပြီး လည်ချောင်းနာစေနိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ……….. အသံဝင်ပြီး လည်ချောင်းနာတဲ့အခါ အသံကပုံမှန်မဟုတ်ဘဲ အက်နေမယ် အသံတိုးနေမယ် လည်ချောင်းနာမယ် လည်ချောင်းထဲမှာ ယားသလိုလို နာသလိုလိုခံစားရမယ် လည်ချောင်းခြောက်မယ် ချောင်းဆိုးမယ် အဖျားငွေ့ငွေ့ရှိမယ် မျိုချရခက်မယ် တစ်ချိန်လုံးလည်ချောင်းရှင်းနေရမယ် နှာစေးမယ် […]


လည်ချောင်းပြဿနာများ

သင့်ကိုလည်ချောင်းနာစေရတဲ့ အကြောင်းအရင်းများနဲ့ကာကွယ်နည်းများ

နေလေးပူလိုက်၊ မိုးလေးရွာလိုက်။ နေပူထဲထွက်လိုက်၊ အဲယားကွန်းခန်းထဲဝင်လိုက်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အထိ ဘာမှမဖြစ်ပေမယ့် မနက်ခင်းလည်းနိုးရော လည်ချောင်းက တံထွေးတောင်မျိုချမရအောင် နာနေတာမျိုးဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက လည်ချောင်းနာနေတာကို အမြန်သက်သာစေဖို့ရော မဖြစ်သေးရင်လည်း ကာကွယ်ဖို့ပါအသုံးတည့်စေမှာပါနော်။ ဘာတွေကများ လည်ချောင်းနာစေရတာလဲ.............. လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်းက အများကြီးပါ။ သင့်ကိုလည်ချောင်းနာစေတဲ့ အဓိကအချက်တွေကတော့ – တုပ်ကွေးြဖစ်တာ အအေးမိဖျားနာဖြစ်တာ ရေကျောက်ပေါက်တာ ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ အသံကုန်ဟစ်ထားခဲ့တာ ဆေးလိပ်သောက်တာ Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။ ဘယ်လိုများကာကွယ်မလဲ..... ကုသမှုထက် ကာကွယ်မှုကပိုကောင်းပါတယ်။ အကြောင်းကတော့ အချိန်ကုန်လူပန်းသက်သာမှုပါပဲ။ ဒါကြောင့် လည်ချောင်းနာပြဿနာ ကိုယ့်ဆီ အလည်မလာစေဖို့ဆိုရင် အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ လက်ကို သန့်စင်ဆေးကြောတာပါ။ လက်ကိုရေသန့်သန့်နဲ့ဆပ်ပြာကိုအသုံးပြုပြီးသေချာသန့်စင်သွားအောင်ဆေးကြောပေးပါ။ ရေအလွယ်ကူမရနိုင်ဘူးဆိုရင်ရေမလိုလက်သန့်ဆေးရည်သုံးပြီး လက်ကို သန့်စင်ဆေးကြောပေးပါ။ ဖျားနေတဲ့လူနဲ့ နီးနီးကပ်ကပ်နေတာကိုရှောင်ကြဉ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ အိပ်ရေးဝဝအိပ်ပါ။ […]


လည်ချောင်းပြဿနာများ

ရာသီအကူးအပြောင်းကြောင့် လည်ချောင်းနာနေပြီဟုတ်.....

မိုးလေးကုန်လို့ ဆောင်းကိုကူးဖို့ ရာသီဥတုကူးပြောင်းမှုလေးက အစချီနေချိန်မှာ ပြောင်းလဲမှုကိုမခံစားနိုင်တဲ့ ခန္ဓါကိုယ်က လည်ချောင်းနာတာကိုခံစားနေရပြီဟုတ်။ ညအိပ်တုန်းက အကောင်းကြီးပါ။ မနက်နိုးမှဘဲ လည်ချောင်းထဲက နာချင်သလိုလိုဖြစ်လာတယ်ဆိုတဲ့ ခံစားချက်များခံစားနေရပြီလား Helloဆရာဝန်ပရိသတ်ကြီးရေ.... ဒီခံစားမှုကို သက်သာစေဖို့ပဲဖြစ်ဖြစ် ခပ်ဝေးဝေးနေဖို့ပဲဖြစ်ဖြစ် စိတ်ကူးထားတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ရာသီအကူးအပြောင်းမှာ ခံစားရတဲ့ လည်ချောင်းနာတာကို သက်သာစေဖို့ ဘာတွေဂရုစိုက်ရမလဲ.......... ရာသီအကူးအပြောင်းကြောင့်ဖြစ်လာတဲ့ လည်ချောင်းနာတာကို သက်သာစေဖို့နဲ့ မခံစားရစေဖို့ဆိုရင်တော့ အိပ်ရေးဝဝအိပ်ပါ အိပ်ရေးဝတာကလည်း ခန္ဓါကိုယ်ကို ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးတွေကို အကောင်းဆုံးကာကွယ်တိုက်ထုတ်နိုင်မှာပါ။ ဒါကြောင့် ရုပ်ရှင်ကြည့်ချိန်၊ ဖုန်းသုံးချိန်နဲ့ ဂိမ်းဆော့ချိန်တွေကိုလျှော့လို့ ညတိုင်း အိပ်ချိန် ၈ နာရီပြည့်ဝအောင်ထားပေးပါ။ အာဟာရပြည့်ဝအောင်စားပါ ခန္ဓါကိုယ်ကျန်းမာစေဖို့ မေ့ထားလို့မဖြစ်တဲ့အခက်တစ်ခုပေါ့။ ဒါကြောင့် တစ်နေ့တာမှာ ခန္ဓါကိုယ်အတွက်လိုအပ်မယ့် အာဟာရတွေကို ပြည့်ဝအောင်စားပေးပါ။ တစ်နေ့ကို အနည်းဆုံး ၂ နပ်တော့ ပြည့်ပြည့်ဝဝစားပေးပါ။ အသား၊ငါး၊ ဟင်းသီးဟင်းရွက်တွေကို ပြည့်ပြည့်ဝဝစားပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေသူတွေက ဖျားနာခဲကြပါတယ်။ […]


လည်ချောင်းပြဿနာများ

လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

တစ်ခါတလေ လည်ချောင်းက ခြောက်ကပ်ကပ်နဲ့ ယားသလိုဖြစ်နေရင် သိပ်နေရခက်တာနော်။ အထူးသဖြင့် ရာသီအကူးအပြောင်းကာလတွေ၊ အေးတဲ့ ဆောင်းရာသီတွေဆိုရင် ဒီလိုလက္ခဏာတွေက မကြာခဏဆိုသလို တွေ့ရတတ်တယ်နော်။ ခုဆောင်းပါးမှာတော့ လည်ချောင်းခြောက်ပြီး ယားစေတဲ့ အကြောင်းရင်းတွေနဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ၁။ ရေသောက်နည်းတာ တစ်နေ့ကို ရေအနည်းဆုံး ၂လီတာလောက်မှ မသောက်တဲ့သူတွေဆိုရင် အမြဲလိုလို ခံတွင်းက ခြောက်တတ်တယ်နော်။ ရေဓါတ်ခမ်းခြောက်နေတယ်ဆိုတာ ခန္ဓါကိုယ်က အချက်ပြတဲ့အနေနဲ့ လည်ချောင်းယားလာတာအပြင် ရေငတ်တာ၊ ဆီးအရောင်နောက်လာတာ၊ မောပန်းလာတာ၊ ခေါင်းမူးပြီး ရင်ထဲမောနေသလို ဖြစ်တာ အစရှိတဲ့ လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်နေ့ကို ရေလုံလောက်စွာ သောက်ပေးပါ။ အမျိုးသားတွေဆိုရင် ရေ၃လီတာခန့် အနည်းဆုံးသောက်ပါ။ အမျိုးသမီးတွေဆိုရင်လည်း ရေကို ၂လီတာခွဲလောက် အနည်းဆုံးသောက်ပေးပါ။ ပူလွန်းတဲ့နေ့တွေ၊ အားကစားလုပ်ပြီး ချွေးအထွက်များတဲ့နေ့တွေဆိုရင် ရေပိုသောက်ပါ။ ကော်ဖီ၊ […]


လည်ချောင်းပြဿနာများ

အာသီးဖြတ်ခြင်းနဲ့ ပက်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။

အာသီးခဏခဏရောင်တယ်၊ လည်ချောင်းနာတာ ခဏခဏဖြစ်တယ်ဈ၊ အာသီးက ကြီးကြီးလာလို့ အသက်ရှူ မရတော့ဘူးစတဲ့ ပြဿနာတွေအတွက် အဓိက ဖြေရှင်းနည်းကတော့ အာသီးဖြတ်ထုတ်တာပဲဖြစ်ပါတယ်။ အာသီးဖြတ်ရတော့မယ်ဆိုရင် လူတိုင်းက ကြောက်သွားတတ်ကြပါတယ်။ အာသီးကြီးဘာ့ကြောင့်ဖြတ်ရမှာလဲ၊ မဖြတ်ဘဲနေလို့ရော မရဘူးလား။ ဖြတ်လိုက်ရင်ရော ဘာတွေ ဖြစ်သွားမှာလဲဆိုတဲ့မေးခွန်းတွေ တစ်သီတစ်တန်းကြီး ဝင်လာမှာပါ။ ဒီတော့ အာသီးဆိုတာဘာလဲ။ အာသီးဖြတ်တယ်ဆိုတာ လျှာအနောက်နားက အာခေါင်မှာရှိတဲ့ အာသီးနှစ်ဘက်ကိုဖြတ်ထုတ်လိုက်တာဖြစ်ပါတယ် ။ ဒီနေရာမှာ လျှာခင်နဲ့ အာသီးကို ရောနေတတ်ကြပါတယ်။ ပါးစပ်ဟပြီးကြည့်လိုက်လို့ တွဲလွဲကျနေတာက လျှာခင်ပါ။ အာသီးကတော့ ဘေးတစ်ဘက်တစ်ချက်စီမှာရှိတဲ့ ဖုသီးနီနီလေးတွေပါ။ ကလေးအသက် ပထမနှစ်တွေမှာ လည်ချောင်းတွင်းကို ဝင်လာတဲ့ ပိုးမွှားတွေကို ဖမ်းယူတဲ့နေရာမှာ အာသီးက ကူညီပေးပါတယ်။ အာသီးဖြတ်ရတာ ဘာ့ကြောင့်လဲ ။ ဒီ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖမ်းယူပေးနေတဲ့ အာသီးလေး ခဏခဏရောင်တာ၊ အာသီးပြည်တည်နေတာ အာသီးပိုးဝင်ပြီး ကိုယ်တွေပူတာ အာသီးကြီးလွန်းတော့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း