အသည်းရောဂါများ

ကျန်းမာနေစေဖို့အတွက် အရေးကြီးတဲ့ အသည်းကို ကျန်းမာစေဖို့ လိုက်နာရမယ့် အလေ့အထတွေနဲ့ အသည်းကျန်းမာရေးရဲ့ လက္ခဏာတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အသည်းရောဂါများ

အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ

အသည်းရောင် အသားဝါရောဂါက အတော်လေး အဖြစ်များလာပါတယ်။ ကိုယ်တိုင်တောင် ရောဂါပိုး ရှိနေမှန်း မသိဘဲ အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံထားရသူတွေ အများကြီးပါ။ ဒီတစ်ခေါက်တော့ အဖြစ်များလာတဲ့ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အကြောင်းကို ဒေါက်တာ သူရိန်လှိုင်ဝင်းက အခုလို ဖြေကြားပေးပါတယ်။ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းများကတော့ Q1. အသည်းရောင် အသားဝါပိုး မရှိဘဲ အသည်းရောင်နိုင်သလား။ " အများအားဖြင့်တော့ အသည်းရောင်တာက အသည်းရောင် အသားဝါ ရောဂါပိုးတွေကြောင့် ဖြစ်တတ်ပေမယ့် အရက်သောက်တာ၊ ဆေးသုံးတာ၊ အဆိပ်သင့်တာနဲ့ ကိုယ်ခံအား ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ " Q2. အသည်းရောင် အသားဝါပိုးတွေက ဘယ်လိုကူးစက်တတ်သလဲ။ " အသည်းရောင် အသားဝါ ရောဂါပိုး အမျိုးမျိုးရှိတဲ့အထဲ အများဆုံး […]

အသည်းရောဂါများ ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းရောင်အသားဝါ ပိုးကြောင့်မဟုတ်လည်း အသည်းရောင် နိုင်ပါတယ်။

အသည်းရောင်တယ်၊ အသားဝါတယ်ဆိုရင် စိတ်ထဲမှာ အသည်းရောင် အသားဝါဗိုင်းရပ်စ်ပိုးကြောင့်လို့ပဲ ထင်ကြပါတယ်။ တကယ်တော့ ပိုးကြောင့် မဟုတ်လည်း အသည်းက ရောင်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေ ဖယ်ပေးရတဲ့ အသည်းအဖို့ ဒီအဆိပ်အတောက်တွေ လွန်သွားတဲ့အခါ အသည်းထိခိုက်ပြီး ပျက်စီးတတ်ပါတယ်။ လူတွေ သတိမထားမိတဲ့ ပိုးကြောင့်မဟုတ်လည်း အသည်းရောင် ခြင်း အကြောင်းရင်းတွေက ဘာများဖြစ်မလဲ။ ပိုးကြောင့်မဟုတ်တဲ့ အသည်းရောင်ခြင်းဆိုတာ အသည်းကို ထိခိုက်စေတဲ့ ပြင်ပက ပစ္စည်းတစ်ခုခုက ဝင်လာတဲ့အခါ အသည်းက ပြန်လည်တိုက်ထုတ်တာကြောင့် ထိခိုက်ဒဏ်ရာရပြီး အသည်းရောင်တယ်ဆိုတာ ဖြစ်လာပါတယ်။ ဒီပြင်ပ ပစ္စည်းဆိုတာ အသည်းရောင်အသားဝါပိုးတွေ ဖြစ်နိုင်သလို တခြား အကြောင်းရင်းတွေလည်း ဖြစ်နိုင်ပါတယ်။ အသည်းရောင်အသားဝါ ပိုးတွေ (ဘီပိုး၊ စီပိုး၊ အေပိုး စသဖြင့်) ကြောင့် ဖြစ်တဲ့ အသည်းရောင်ခြင်းကတော့ ကူးစက်နိုင်တဲ့ အသည်းရောင်ခြင်းပေါ့။ ဒီပိုးတွေက […]


အသည်းရောဂါများ

အသည်းရောင်ခြင်း အမျိုးမျိုး

အသည်းရောင်ရောဂါ အမျိုးမျိုးအကြောင်းနဲ့ တစ်ခုချင်းစီရဲ့ ကူးစက်ပုံနည်းလမ်းတွေကို ပြောပြပေးသွားပါ့မယ်။ အသည်းရောင်ရောဂါလို့ကြားရင် အတော်များများက အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးကူးစက်ခံရတော့မှ ဖြစ်တယ်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်ကအသည်းရောင်ရောဂါဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေ ရှိပါသေးတယ်။ ဘီပိုး၊စီပိုးလို ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရပြီးဖြစ်တဲ့ ကူးစက်အသည်းရောင်ရောဂါတွေနဲ့ အရက်၊ ဆေးနဲ့ ရောဂါတွေကြောင့်ဖြစ်တဲ့ မကူးစက်နိုင်တဲ့ အသည်းရောင်ရောဂါတွေဆိုပြီး အဓိကအုပ်စု(၂) မျိုးခွဲနိုင် ပါတယ်။ ကူးစက်အသည်းရောင်ရောဂါတွေအကြောင်း အရင်ပြောပြပါ့မယ်။ လူအချင်းချင်းကူးစက်ဖြစ်ပွားနိုင်တဲ့ အသည်းရောင်အသားဝါပိုးတွေကတော့ အမျိုးအစား A,B,C,D,E နဲ့ နောက်ဆုံးတွေ့ရှိထားတဲ့ အသည်းရောင်အသားဝါ G ပိုးအမျိုးအစား ဆိုပြီး ၆ မျိုးရှိပါတယ်။ အသည်းရောင်အသားဝါ A - ရောဂါပိုးရှိသူရဲ့ အညစ်အကြေးနဲ့ အစားအသောက်တွေကနေတစ်ဆင့် ကူးစက်ပါတယ်။ လိင်ဆက်ဆံမိရာကနေလည်း ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ အသည်းရောင်အသားဝါ A ပိုးက သိပ်တော့မပြင်းထန်ပါဘူး၊ ကူးစက်ခံရသူအတော်များများက ရောဂါတောင်သိသိသာသာမခံစားလိုက်ရဘဲ ပြန်ကောင်းသွားတတ်ပါတယ်။ […]


အသည်းရောဂါများ

အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ

အသည်းကင်ဆာအဖြစ်နိုင်ဆုံး အကြောင်းရင်းဖြစ်တဲ့ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင်ကုသလို့ရလဲဆိုတာ ပြောပြပေးသွားပါ့မယ်။ အသည်းရောင်အသားဝါ စီပိုးက ရောဂါပိုးရှိသူရဲ့ သွေးကနေတဆင့် အဓိက ကူးစက်ပါတယ်။ နောက်ပြီး ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံမိရာကနေလည်း ကူးစက်ခံရနိုင်ပါသေးတယ်။ အသည်းရောင် အသားဝါ စီပိုးက ကြောက်စရာကောင်းပေမယ့် ကူးစက်ခံရတဲ့လူတိုင်းလည်း ကုသမှုခံယူစရာ မလိုအပ်တာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့ကိုယ်ခံအားကောင်းတဲ့သူတွေမှာ စီပိုးကို ခန္ဓာကိုယ်က သူ့ဖာသာရှင်းထုတ်ပစ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဒါမျိုးက ရှားတော့ ရှားပေမယ့် ရှိတတ်ပါတယ်။ တကယ်လို့ ခုခံအားက မရှင်းပစ်ရင်ရော။ မရှင်းပစ်ရင်လည်း သိပ်မစိုးရိမ်ပါနဲ့။ ကံကောင်းတဲ့ အချက်က စီပိုးကို ပျောက်ကင်းအောင် ကုသလို့ရနေပါပြီ။ အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ ဆိုတော့ အဓိကနည်းလမ်း (၂) ခုသုံးပြီး ကုသလို့ရပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကို နှိမ်နင်းပစ်ပြီး […]


အသည်းရောဂါများ

အရက်မသောက်ပဲအသည်းအဆီဖုံးတာကို ဘယ်လိုတိုက်ထုတ်မလဲ

အသည်းအဆီဖုံးတယ်ဆိုတဲ့ရောဂါဟာ အရက်ကြောင့်ဖြစ်တာလို့ လူသိများပါတယ်။ ဒါပေမယ့် အရက်တစ်ခုတည်းက အသည်းအဆီဖုံးစေတာမဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အသည်းအဆီဖုံးတဲ့ ပြဿနာက လူတိုင်းနီးပါးမှာ ရှိနေတတ်ပြီး လက္ခဏာသိပ်မပြတတ်တဲ့ ရောဂါတစ်ခုပါ။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း (Non-alcoholic Fatty Liver Disease - NAFLD) ဆိုတာကတော့ အရက်ကြောင့်မဟုတ်ပဲ အခြားအကြောင်းအရာတွေကြောင့် ဖြစ်ရတဲ့ အသည်းအဆီဖုံးခြင်းပါ။ တကယ်တမ်း အသည်းအဆီဖုံးတယ်ဆိုတာက အသည်းဆဲလ်တွေကြားထဲမှာ အဆီဆဲလ်တွေ အများကြီးရောက်နေတဲ့ ပြဿနာပါ။ သူ့ကြောင့် အသည်းရောင်လာပြီး သေချာမကုသတဲ့အခါ နောက်ပိုင်း တဖြည်းဖြည်း ကုသလို့မရတဲ့ ထိခိုက်မှုမျိုး အသည်းမှာ ဖြစ်သွားတတ်ပါတယ်။ အသည်းအဆီဖုံးတာကို သေချာမကုသရင် နောက်ပိုင်း အသည်းခြောက်တာနဲ့ အသည်းပျက်စီးတာတွေ ဆက်ဖြစ်သွားနိုင်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အောက်ပါလူတွေမှာ အသည်းအဆီဖုံးနိုင်ပါတယ်။ အသက် ၄၀-၅၀ ကျော်အရွယ် လူကြီးတွေ အဝလွန် နေတဲ့သူတွေ အမျိုးအစား-၂ ဆီးချို […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

အသည်း ရောဂါ ရှိသူတွေ စားဖို့ သင့်တဲ့ အသီးတချို့

အသည်း နဲ့ ပတ်သက်တဲ့ ရောဂါ တစ်ခုခု ရှိနေတာဖြစ်ဖြစ်၊ အသည်းမကျန်းမာတဲ့သူတွေ အတွက် မကြာခဏ စားသုံးဖို့ လိုတဲ့ အသီးအနှံတွေကို အကြံပြုပေးချင်ပါတယ်။ သံပရာသီး အသည်း အဆီဖုံးနေတာတွေ လျော့ပါးစေဖို့က သံပရာသီးက အကောင်းဆုံးဓာတ်စာ ပါပဲ။ ရေ တစ်ဖန်ခွက်ထဲ သံပရာရည်ညှစ်ထည့်ပြီး နေ့တိုင်း သောက်ပေးတာက အသည်းမှာ စုနေတဲ့အဆီတွေ ကို အမြန်ဆုံး ကျဆင်းစေပါတယ်။ သံပရာသီးက အဆိပ်အတောက် ဖယ်ရှားရာမှာ အစွမ်းထက်သလို ဗီတာမင် စီ လည်း ကြွယ်ဝပါတယ်။ သံပရာသီး ကြောင့် အစာခြေစနစ် ပိုကောင်းစေတဲ့အပြင် အသည်းကိုလည်း အကာအကွယ် ပေးနိုင်ပါတယ်။ မန်ကျည်းသီး ဟင်းချက်တဲ့အခါ ထည့်ချက်နေကျ မန်ကျည်းသီး မှာ အစွမ်းသတ္တိတွေ ရှိနေတယ် ဆိုတာ သင် သိပါသလား။ မန်ကျည်းသီး ဟာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေပါဝင်မှု မြင့်မားလို့ […]


အသည်းရောဂါများ

အသည်းရောင်အသားဝါ ရောဂါကိုဖြစ်စေတဲ့ရောဂါပိုးများနဲ့ဘယ်လိုကာကွယ်ကြမလဲ။

အသည်းရောင်အသားဝါ ရောဂါဆိုတာ အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပြီး အသည်းခြောက်၊ အသည်းကင်ဆာ အထိ ဖြစ်စေနိုင်တဲ့အတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ဒီရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိက အားဖြင့်တော့ အသည်းရောင် အသားဝါ ပိုး ၅ မျိုး ( A,B,C,D,E ) ကြောင့် ဖြစ်နိုင်ပါတယ်။ ၁။ အသည်းရောင်အသားဝါ A ပိုး။ အသည်းရောင်အသားဝါ A ပိုးဟာ ပိုးပါတဲ့ အစားအစာ၊ ရေတွေကို စားသောက်မိခြင်း၊ လိင်မှတဆင့် ကူးစက်ခြင်း၊ ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့ခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ A ပိုးကြောင့် ဖြစ်တဲ့ ရောဂါဟာ များသောအားဖြင့် သိပ်မပြင်းထန်ပဲ ပြန်လည်ကောင်းမွန်နိုင်ခြေ များပါတယ်။ ၂။ အသည်းရောင် အသားဝါ B ပိုး။ အသည်းရောင်အသားဝါ Bပိုး ဟာ […]


အသည်းရောဂါများ

အသည်းရောင်အသားဝါ Bပိုး မကူးအောင်ဘယ်လိုကာကွယ်ကြမလဲ။

ဒီနေ့ဆောင်းပါးလေးမှာကတော့ Bပိုး မဖြစ်အောင်၊ အထူးသဖြင့် အတူနေ အိမ်သားတစ်ယောက်ယောက်မှာ Bပိုး ရှိနေတဲ့အခါ မကူးအောင် ဘယ်လို ဂရုစိုက်နေထိုင်ကြမလဲ ဆိုတာလေးကို အဓိက မျှဝေပေးချင်ပါတယ်။ အသည်းရောင် အသားဝါ B ပိုးဆိုတာ အသည်းကိုထိခိုက်စေနိုင်တဲ့ အသည်းရောင်ရောဂါကို ဖြစ်စေတဲ့ ပိုးတစ်မျိုးဖြစ်ပြီး Bပိုး ကြောင့် ဖြစ်တဲ့ အသည်းရောင်ရောဂါဟာ ကုသလို့ပျောက်နိုင်သေးပါဘူး။ နောက်ဆက်တွဲ အနေနဲ့ အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။ မပြန့်ပွားအောင် ကူးစက်မခံရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ မပြောပြခင်မှာ အရင်ဆုံး ဘယ်လို လူတွေမှာ Bပိုး ကူးစက်ခံရနိုင်ခြေများတယ် ဆိုတာလေး နည်းနည်း မျှဝေပေးချင်ပါတယ်။ ၁။ မကြာခဏ သွေးသွင်းကုသမှုခံယူရသူများ။ ၂။ လိင်ဆက်ဆံဖော်များသူများ၊ ရောဂါရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမှု ရှိသူများ။ ၃။ […]


အသည်းရောဂါများ

သင့်အသည်းကို တိတ်တိတ်လေး ဖျက်ဆီးနေတဲ့ အရာ ၉ ခု

အသည်းဆိုတာ လူ့ခန္တာကိုယ်မှာ အရေးပါအရာရောက်တဲ့ ကိုယ်တွင်း အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အသည်းဟာ စားလိုက်သမျှ အစားအစာတွေ၊ သောက်လိုက်သမျှ အရည်တွေကို ဓာတ်ပြုဖြိုခဲ့ပြီး အာဟာရဓာတ်တွေကို သွေးကြောထဲပို့ပေးတဲ့အလုပ်ကို လုပ်ဆောင်ပေးပါတယ်။ ကိုယ်တွင်းထဲက မကောင်းတဲ့ အကျိုးမပြုတဲ့ ဓာတ်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကိုလည်း အသည်းကပဲ လုပ်ဆောင်ပေးတာပါ။ ဒီလောက် အရေးပါအရာရောက်တဲ့အသည်းဟာ လူတွေရဲ့ မဆင်မချင်ပြုမှုနေထိုင်မှုတွေကြောင့် အမြဲတစေ ထိခိုက်ပျက်စီးရတတ်ပါတယ်။ တစ်ချို့သေ အပြုအမူတွေနဲ့ စားသောက်နေထိုင်မှုပုံစံတွေဟာ အသည်းကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်စေနိုင်တယ်ဆိုတာကို လူအတော်များများက သတိမူမိခြင်းမရှိတတ်ပါဘူး။ အရက်သောက်ခြင်းဟာ အသည်းကိုထိခိုက်စေနိုင်တယ်လို့ လူအတော်များများက သိထားကြပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အသည်းကို ထိခိုက်စေနိုင်တဲ့ တခြားအချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒီအချက်တွေကို ပြောပြချင်ပါတယ်။ သင့်အသည်းကို ထိခိုက်စေမယ့် အရာ ၉ ခု သကြား - သကြားအလွန်အမင်း စားတာဟာ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

အသည်း ရောဂါ ရှိရင် မဖြစ်မ‌နေ ရှောင်သင့်တဲ့ (၅) ချက်

အသည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိသလို အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကလည်း အမျိုးကို စုံလို့ပါပဲ။ အသည်း နဲ့ ပတ်သက်ပြီး မကျန်းမာတဲ့သူတွေ အနေနဲ့ ရှောင်ရမယ့် အရာက အရက်တစ်မျိုးတည်း မဟုတ်ပါဘူးနော်။ မဖြစ်မနေ ရှောင်သင့်တဲ့ အရာလေး (၅) ခုအကြောင်း Hello ဆရာဝန် ပရိသတ်တွေကို ဒီဆောင်းပါးလေးနဲ့ သတိပေးလိုက်ပါတယ်။ (၁) ဆေးလိပ်သောက်တာ အသည်းရောင် စီ ပိုး ရှိသူ တွေမှာ ဆေးလိပ်သောက်တဲ့ အလေ့အကျင့်က အသည်းကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ အဆုတ်ကိုလည်း ထိခိုက်စေပါတယ်။ အသည်းအစားထိုးကုသနိုင်ဖို့လည်း အောင်မြင်ဖို့ အခွင့်အလမ်းနည်းစေပါတယ်နော်။ အဲဒီကနေ အသည်းခြောက်ခြင်း၊ နောက်ဆုံး အသည်း အလုပ်မလုပ်ခြင်းတို့အထိ ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ်  ဖြတ်ဖို့ ဆိုတာ မလွယ်ကူတဲ့ ကိစ္စ ဖြစ်ပေမယ့် ဆရာဝန်၊ […]


အသည်းရောဂါများ

ဒီအချက်တွေကြောင့် အသည်းရောဂါဖြစ်နိုင်တယ်ဆိုတာ သိပါသလား

အသည်းရဲ့အဓိကအလုပ်ကတော့ အစာခြေလမ်းကြောင်းထဲကထွက်လာတဲ့သွေးတွေကို သန့်စင်ပေးဖို့ပဲဖြစ်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ဓာတုဓာတ်အမျိုးမျိုးနဲ့ သောက်သုံးလိုက်တဲ့ ဆေးဝါးတွေကို ချေဖျက်ပေးတာ၊ သွေးခဲတဲ့လုပ်ငန်းစဉ်မှာလိုအပ်တဲ့ ပရိုတင်းဓာတ်ထုတ်လုပ်ပေးတာတွေလည်း လုပ်ဆောင်ပေးနေပါတယ်။ ပြောရရင်တော့ အသည်းဆိုတာ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုတွေပုံမှန်ဖြစ်နေဖို့အတွက် အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမဲ့ အခုပြောမယ့် အလေ့အကျင့်တွေလုပ်နေမိပြီဆိုရင် အသည်းကိုတဖြည်းဖြည်းပျက်စီးစေနိုင်တယ်နော်။ ဘာတွေကိုဂရုစိုက်ရမလဲဆိုတာ တစ်ချက်လောက် လေ့လာကြည့်လိုက်ပါဦး။ ၁. အချိုတွေအရမ်းစားတာ အချိုတွေအစားများရင် သွားပျက်စီးတတ်တယ်ဆိုတာ အတော်များများသိပေမဲ့ အသည်းကိုပါ ထိခိုက်နိုင်တယ်ဆိုတာ သိပါသလား။ အသည်းကအဆီပြုလုပ်ဖို့အတွက် fructose ဆိုတဲ့သကြားဓာတ်လိုအပ်ပါတယ်။ ပြုပြင်ထားတဲ့သကြားနဲ့လုပ်ထားတဲ့အချိုမုန့်တွေအစားများရင် အသည်းမှာအဆီတွေလိုတာထက်ပိုများလာပြီးအသည်းရောဂါဖြစ်လာစေမှာပါ။ ဒါ့ကြောင့် အမြဲတမ်းလျှာအလိုမလိုက်မိဖို့လိုမယ်နော်။ ၂. ဖြည့်စွက်စာတွေ အကုန်လျှောက်သောက်တာ အခုခေတ်မှာ ဖြည့်စွက်စာတွေမှီဝဲတာအတော်လေးကျယ်ပြန့်လာတာတွေ့ရပါတယ်။ “ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သက်စောင့်ဓာတ်တွေပါဝင်တယ်၊ သဘာဝအတိုင်းထုတ်လုပ်ထားလို့စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်” စသည်ဖြင့် အမျိုးမျိုး ကြော်ငြာနေကြပေမဲ့ တကယ်တမ်းကျတော့ ဖြည့်စွက်စာအချို့မှာပါတဲ့ဓာတ်တွေက အသည်းရဲ့ပုံမှန်လုပ်ငန်းဆောင်တာကို ထိခိုက်စေတတ်ပါတယ်။ ဥပမာပြောရရင် ဗီတာမင် အေ ဓာတ်ကိုကျွန်တော်တို့ခန္ဓာကိုယ်က လိုအပ်တာမှန်ပေမဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း