ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ သည် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တာကြောင့် လက္ခဏာတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါ မဖြစ်စေဖို့ ဘယ်လို ကာကွယ်မလဲ

ဆီးချိုရောဂါနဲ့ နှလုံးရောဂါတို့က တော်တော်လေး ဆက်စပ်မှုရှိနေပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေက အခြားသူတွေထက် ပိုများပါတယ်။  အထူးသဖြင့် အမျိုးသမီးတွေမှာပါ။ ဒါ့အပြင် ဆီးချိုရောဂါရှိတဲ့သူတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေက ပုံမှန်သူတွေထက် နှလုံးကျန်းမာရေး ထိခိုက်နိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါ ရှိသူတွေမှာ သွေးလည်ပတ်မှု မကောင်းတာကြောင့် ခြေထောက်တွေမှာ အနာဖြစ်ရင်အနာကျက်ခဲပြီး ခြေလက်ဖြတ်ရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတဲ့ အကြောင်းအရင်း အချိန်ကြာမြင့်စွာ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာက နှလုံးကို ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေ အာရုံကြောတွေကို ပျက်စီးစေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတဲ့ အခြားသော အကြောင်းအရင်းတွေက သွေးပေါင်မြင့်တက်တာ - တစ်နည်းအားဖြင့်ပြောရရင် သွေးတိုးတာပေါ့။ သွေးတိုးတဲ့အခါ သွေးဖိအားကြောင့် သွေးကြောလေးတွေနဲ့ […]

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ ကို ရှာဖွေမည်။

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနှင့် နောက်ဆက်တွဲပြဿနာများ - အစွန်အဖျား သွေးလွှတ်ကြောများထိခိုက်ခြင်း

ဆီးချို၏ နောက်ဆက်တွဲပြဿနာ အစွန်အဖျား သွေးလွှတ်ကြော ရောဂါ PAD (အစွန်အဖျား သွေးလွှတ်ကြော ရောဂါ) ဆိုတာဟာ ခြေထောက်မှာရှိတဲ့ သွေးကြောတွေ ကျဉ်းလာပြီးဖြစ်တဲ့ ရောဂါပါ။ အမျိုးအစား (၂)ဆီးချိုမှာ အဖြစ်များပြီး ကိုလက်စထရော တက်သူတွေ နှလုံးရောဂါရှိသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အမေရိကန်ဆီးချိုအဖွဲ့ကတော့ ဆီးချိုရှိသူလူကြီးတွေဟာ နှလုံးရောဂါနဲ့ ပတ်သက်တဲ့သေဆုံးမှုမှာ ဆီးချိုမရှိသူတွေထက် ၂ဆကနေ ၄ဆအထိများတယ်လို့ ဆိုပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဟာ PAD ရဲ့ လက္ခဏာတွေက စပါတယ်။   PAD ဖြစ်စေတဲ့အကြောင်းတွေက ဘာတွေလဲ PAD ဖြစ်နေသူတွေမှာ သွေးကြောထဲမှာ အဆီတွေ များလာပြီး သွေးနဲ့ အောက်ဆီဂျင်စီးဆင်းမှုကို လျော့နည်းသွားစေပါတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အခြေအနေပေါ်မူတည်ပြီး လမ်းလျှောက်တဲ့အါ ခြေထောက်တွေ နာလာတာ၊ ထုံတာကျင်တာ၊ ငြိမ်နေစဉ်မှာ အေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပိုပြီးဆိုးတဲ့အခြေအနေကတော့ PAD ရှိနေသူအချို့မှာ လက္ခဏာမပြတတ်တာပါပဲ။ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုသွေးချိုရောဂါ - အမျိုးသားများတွင်ဖြစ်သောလက္ခဏာများ

ဆီးချိုရောဂါဆိုတာသင့်ခန္ဓါကိုယ်ကလုံလောက်တဲ့ အင်ဆူလင်ကိုမထုတ်နိုင်တာ၊ အင်ဆူလင်ကိုအသုံးမပြုနိုင်တာ၊ ဒီနှစ်မျိုးစလုံးဖြစ်တာစတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ သွေးထဲကသကြားဓါတ်ဟာအမြဲတက်နေတတ်ပြီးမထိန်းချုပ်ဘဲနေရင် နောက်ဆက်တွဲတွေ ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲဖြစ်နိုင်ခြေတွေဟာဆိုးရွားတတ်ပါတယ်။ ကောင်းတဲ့အချက်ကဒီပြသနာတွေကို ကြိုတင်ကာကွယ်ပြီးသတိထားဂရုပြုပြီးကုသနိုင်ပါတယ်။   ဆီးချိုရောဂါ၏ အစောပိုင်းလက္ခဏာများ အစောပိုင်းလက္ခဏာတွေဟာသိပ်မပြင်းထန်တာမို့ သတိမထားမိတတ်ပါဘူး။ အောက်ပါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ကိုယ်အလးချိန်ကျခြင်း (ပုံမှန်စားနေလျက်) မကြာခဏဆီးသွားခြင်း အမြင်မကြည်လင်ခြင်း ပုံမှန်မဟုတ်ဘဲမောပန်းနွမ်းနယ်ခြင်း လက်နှင့်ခြေထောက်ထုံကျင်ခြင်း ဒီအဆင့်မှာဆီးချိုကိုမကုဘဲထားရင် နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။ လိင်အင်္ဂါတောင့်တင်းမှုမရှိခြင်း။ လိင်အင်္ဂါ တောင့်တင်းလာမှုမရှိဘဲ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာဟာသွေးတိုးခြင်း၊ စိတ်ဖိအားများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးဝါးများသောက်သုံးနေရခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးလည်ပတ်မှုနဲ့ အာရုံကြောရောဂါစတဲ့ ကျန်းမာရေးအခြေအနေမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးချိုရှိသူအမျိုးသားများဟာဒိပြသနာရှိနိုင်ခြေများပါတယ်။ ဆီးချိုရှိသူ ၂၀ ကနေ ၇၅ ရာခိုင်နှုန်းလောက်အထိ ဖြစ်တတ်ပါတယ်။ တကယ်လို့သင့်မှာဒီပြသနာရှိနေရင် ဆီးချိုကို ဖြစ်နိုင်ခြေအနေနဲ့ စဉ်းစားရပါမယ်။ အလိုအလျောက်အာရုံကြောစနစ် ပျက်စီးခြင်းဒီပျက်စီးမှုကနေလိင်ပိုင်းဆိုင်ရာ ပြသနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ အမျိုးသားလိင်အင်္ဂါထဲကသွေးကြောနဲ့ အာရုံကြောတွေကိုပျက်စီးစေရင်လိင်အင်္ဂါတောင့်တင်းမှု မရှိတဲ့ပြသနာ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချို နောက်ဆက်တွဲပြသနာများ - အာရုံကြောနာကျင်ခြင်း

ဆီးချိုကြောင့်ဖြစ်သောနောက်ဆက်တွဲပြသနာများ ဆီးချိုကြောင့် အာရုံကြောနာကျင်ခြင်း အော်ဖော်ပြပါအချက်အလက်တွေဟာဆီးချီုကြောင့် အာရုံကြောထိခိုက်ခြင်းနဲ့ အာရုံကြောနာကျင်ခြင်းကိုသက်သာအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဆီးချီုကြောင့် အာရုံကြောရောဂါဖြစ်ခြင်းဆိုတာဘာလဲ ဆီးချိုဟာသင့်ကိုယ်ခန္ဓါတခုလုံးကိုကာလတာရှည် ပြဿနာတွေ ပေးတတ်ပါတယ်။ ဒီအချက်ဟာအထူးသဖြင့် သင့်အနေနဲ့ သွေးထဲကသကြားဓါတ်ကိုမထိန်းချုပ်ဘဲ နှစ်ပေါင်းများစွာ မြင့်တက်လာတဲ့အခါ ပိုမှန်ကန်ပါတယ်။ သကြားဓါတ်မြင့်ခြင်းဟာလက်တွေခြေတွေကလာတဲ့ အာရုံကြောတွေကိုထိခိုက်နိုင်ပါတယ်။ ဒါကိုဆီးချိုကြောင့် အာရုံကြောရောဂါဖြစ်ခြင်းလို့ ခေါ်ပါတယ်။ ဆီးချီုကြောင့် အာရုံကြောထိခိုက်တဲ့အခါ လက်ချောင်း၊ ခြေမ၊ လက်၊ ခြေဖဝါးတို့မှာ ထုံတာကျဉ်တာတွေ ဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာတွေကတော့ ပူခြင်း၊ စူးခြင်းနဲ့ နာခြင်းတွေပဲ ဖြစ်ပါတယ်။ အစပိုင်းမှာနာကျင်မှုဟာသိပ်မပြင်းပေမယ့် နောက်ပိုင်းဆိုးလာတာနဲ့အမျှ ခြေထောက်တွေ၊ လက်မောင်းတွေကို ပြန့်သွားနိုင်ပါတယ်။ လမ်းလျှောက်ရာမှာနာနေပြီး နူးနူးညံ့ညံ့အရာထိရင်တောင် မခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အမေရိကန်မိသားစုသမားတော်များအကယ်ဒမီရဲ့ အဆိုအရဆီးချိုရှိသူ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းခန့်ဟာအာရုံကြောတွေ နာတတ်ပါတယ်။ အာရုံကြောနာခြင်းဟာသင့်ရဲ့အိပ်စက်ခြင်းအပြင် တခြားလုပ်ကိုင်နိုင်စွမ်းတွေကိုပါ ထိခိုက်စေပါတယ်။ ကာလအတန်ကြာနာနေခြင်းကြောင့် စိတ်ဓါတ်ကျလာနိုင်ပါတယ်။   ဆီးချိုကြောင့် အာရုံကြောနာကျင်ခြင်းအားဘယ်လိုကုသနိုင်လဲ ပျက်စီးသွားတဲ့ အာရုံကြောတွေကိုအစားမထိုးနိုင်ပေမယ့် နောက်ထပ်မပျက်စီးအောင်၊ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနောက်ဆက်တွဲ အာရုံကြောဆိုင်ရာပြဿနာများ-အာရုံကြောရောဂါ

ဆီးချိုကြောင့်ဖြစ်သောအာရုံကြောဆိုင်ရာပြသနာများ ဆီးချိုကြောင့် အာရုံကြောရောဂါဖြစ်ခြင်း အာရုံကြောရောဂါဖြစ်ခြင်းသို့ အာရုံကြောထိခိုက်ခြင်းဟာဆီးချိုရဲ့ ဆိုးရွားပြီးပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရဆီးချိုရောဂါရှိသူ ၅၀ ရာခိုင်နှုန်းဟာအာရုံကြောရောဂါ ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာမပြရင်တောင် ဆီးချိုရောဂါရှိတာသေချာပြီဆိုရင် ဆယ်နှစ် ဒါမှမဟုတ် အနှစ် ၂၀ မှာအာရုံကြောထိခိုက်ခြင်း ဖြစ်လာတတ်ပါတယ်။ သင့်အနေနဲ့ အာရုံကြောထိခိုက်မှုတွေ နည်းနိုင်သမျှနည်းအောင် သွေးထဲကသကြားဓါတ်ကိုသေချာထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ လေ့လာချက်များအရဂလူးကို့စ်ဓါတ်ကိုကျန်းမာစေတဲ့ အတိုင်းအတာထဲမှာထိန်းထားတဲ့အပြင် ဆီးချိုနောက်ဆက်တွဲတွေ ထပ်မလာအောင် သွေးပေါင်ချိန်ကိုထိန်းထားနိုင်ခြင်းဟာလည်းအရေးကြီးလှပါတယ်။ ၂၀၁၀ ခုနှစ်ထုတ် ဗြိတိန်ဆေးပညာဂျာနယ်မှာအမျိုးအစား (၂) ဆီးချိုရောဂါဟာသွေးတိုးခြင်းနဲ့ ခိုင်မာစွာဆက်စပ်မှုရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ သွေးပေါင်ချိန်ကိုနိမ့်စေခြင်းမှန်ရင်နောက်ဆက်တွဲဖြစ်လာနိုင်ခြေတွေကို ထိန်းပေးခြင်းပဲဖြစ်ပြီး အပေါ်သွေး ၁၂၀ အောက်လျော့နည်းတဲ့အေခြေအနေဟာ အန္တရာယ်အနည်းဆုံးပါပဲ။   အာရုံကြောရောဂါဘာကြောင့်ဖြစ်လဲ ဆီးချိုကြောင့်အာရုံကြောရောဂါဖြစ်ခြင်းဟာပုံမှန်မဟုတ်ဘဲ မြင့်တက်နေတဲ့ သွေးတွင်းဂလူးကို့စ်ဓါတ်ကိုသတိမထားဘဲနေခဲ့ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ သွေးတွင်းသကြားဓါတ်မြင့်တက်တာ ကြာလာရင် အာရုံကြောတွေဆီအာဟာရဓါတ်နဲ့ အောက်ဆီဂျင်တွေ ပို့ပေးနေတဲ့ သွေးကြောတွေကိုထိခိုက်ပျက်စီးစေပါတယ်။ သွေးထောက်ပံ့မှုမလုံလောက်တာ နှစ်များစွာကြာလာတဲ့အခါ အာရုံကြောတွေထုံလာပါတယ်။ အာရုံကြောရောဂါရလာသူတွေဟာနာကျင်ခြင်းကိုခံစားလာရပါတယ်။ ဒါပေမယ့် ပိုဆိုးလာခဲ့ရင် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနောက်ဆက်တွဲ မျက်စိပြသနာများ-အမြင်အာရုံချို့ယွင်းခြင်း

ဆီးချိုကြောင့်ဖြစ်သော မျက်စိပြသနာများ အမြင်အာရုံချို့ယွင်းခြင်း ဆီးချိုရောဂါဟာ အမြင်အာရုံချို့ယွင်းစေတဲ့ အခြေအနေတွေ အထူးသဖြင့် အမြင်လွှာပျက်စီးခြင်းနဲ့ နီးစပ်စွာ ဆက်စပ်မှု ရှိပါတယ်။ သတင်းကောင်းကတော့ ၄င်းမျက်စိပြဿနာများကို သိရှိခြင်းနဲ့ ကုသခြင်းနေရာတွေမှာ တိုးတက်နေပါတယ်။ အမြင်အာရုံချို့ယွင်းခြင်းဆိုတာ ဘာလဲ အမြင်အာရုံချို့ယွင်းခြင်းဆိုတာ မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ခြင်းများနဲ့ အပြည့်အ၀ ပြန်မကောင်းလာနိုင်တဲ့ အမြင်ချို့ယွင်းမှုပဲ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ လူပေါင်း ၂၈၅ သန်းဟာ အမြင်အာရုံချို့ယွင်းတယ်လို့ ခန့်မှန်းထားပြီး ဒီအထဲမှာမှ ၃၉ သန်းဟာ လုံးဝကွယ်နေပြီး ၂၄၆ သန်းဟာ အမြင်အာရုံ အားနည်းပါတယ်။ ဘယ်သူတွေ ဒီပြသနာရှိနိုင်လဲ အမြင်အာရုံချို့ယွင်းသူတွေရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဟာ အသက် ၅၀နဲ့ အထက်မှာဖြစ်ပြီး ဒီအသက်အရွယ်တွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။ နိုင်ငံပေါင်းများစွာမှာ အသက်အရွယ်ကြီးသူတွေ များလာတာနဲ့အမျှ နာတာရှည်မျက်စိရောဂါနဲ့ အိုမင်းခြင်းကြောင့်ဖြစ်ရတဲ့ အမြင်အာရုံချို့ယွင်းခြင်းတွေ အဖြစ်များလာကြပါတယ်။ ဆီးချိုဖြစ်သူတွေရဲ့ အမြင်အာရုံဆုံးရှုံးမှုဖြစ်နိုင်ခြေဟာ ဆီးချိုမရှိသူတွေထက် ၂၅ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုကြောင့်ဖြစ်သော မျက်စိနောက်ဆက်တွဲပြဿနာများ - အမြင်လွှာကွာကျခြင်း

ဆီးချိုကြောင့်ဖြစ်သောမျက်စိပြဿနာများ အမြင်လွှာကွာကျခြင်း အမြင်လွှာကွာကျခြင်းဆိုတာအသက်အရွယ်နဲ့ဆိုင်တဲ့ ရှားပါးတဲ့အခြေအနေဖြစ်ပြီးမျက်လုံးအိမ်အနောက်ပိုင်းကဆဲလ်အလွှာတွေ(အမြင်လွှာ)ကိုအောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေပို့ဆောင်ပေးတဲ့ သွေးကြောတွေ နဲ့အမြင်လွှာကို ဝေးကွာအောင်တွန်းထုတ်ခံရလို့ဖြစ်လာတာပါပဲ။ အမြင်လွှာကွာကျခြင်းဟာဆိုးရွားတဲ့ပြသနာဖြစ်ပြီး ဖြစ်ပွားတဲ့မျက်လုံးကို လုံးဝကွယ်သွားစေပါတယ်။ ဘယ်သူတွေမှာဒီပြဿနာဖြစ်နိုင်လဲ အမြင်လွှာကွာထွက်ခြင်းဟာအောက်ပါပုဂ္ဂိုလ်တွေမှာပိုအဖြစ်များပါတယ်။ အသက် ၅၀ မှ ၇၅ နှစ်ကြားအရွယ် ဆီးချိုေကြာင့် အမြင်လွှာပျက်စီးခြင်းဖြစ်သူ အဝေးမှုန်လွန်းသူ သင်ဟာ အဝေးမှုန်ဖြစ်ရင် ပုံမှန်ထက်ပါးလွှာတဲ့ အမြင်လွှာနဲ့ မွေးဖွားလာတာဖြစ်လို့ အမြင်လွှာကွာထွက်နိုင်ခြေအမြင့်ဆုံးရှိတတ်ပါတယ်။ အမြင်လွှာကွာကျခြင်းဆိုတာဘာလဲ အမြင်လွှာဆိုတာမျက်လုံးအနောက်ဖက်မှာရှိတဲ့ တစ်သျှူးအလွှာဖြစ်ပြီးအာရုံကြောဆဲလ်တွေ သန်းပေါင်းများစွာ ပါဝင်ပါတယ်။ အဲဒီဆဲလ်တွေဟာမျက်လုံးဆီရောက်လာတဲ့ အလင်းရောင်ကိုလက်ခံရယူပြီးဦးနှောက်ကိုအချက်ပြချက်တွေ ပို့ပေးပြီးအမြင်အာရုံကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အမြင်လွှာကိုသွေးမလျှောက်တာကြာရင် ဒီဆဲလ်တွေဟာပျက်စီးသွားပါတယ်။ အမြင်လွှာကွာသွားရင် ပုံမှန်အနေအထားကနေအဆွဲခံရပြီးကြွတက်လာပါတယ်။ အချိန်နဲ့တပြေးညီမကုသရင် မျက်လုံးဟာအမြဲကွယ်သွားနိုင်ပါတယ်။ တချို့ဖြစ်ရပ်တွေမှာအမြင်လွှာနေရာအချို့ဟာစုတ်ပြဲသွားတတ်ပါတယ်။ အဲဒီနေရာတွေကိုအမြင်လွှာစုတ်ပြဲခြင်း၊ အမြင်လွှာပျက်စီးခြင်းလို့ခေါ်ပြီးအမြင်လွှာကွာကျတဲ့အခြေအနေ ဖြစ်ပေါ်စေပါတယ်။ အမြင်လွှာကွာတဲ့လက္ခဏာတွေကဘာတွေလဲ အမြင်လွှာကွာရုံသက်သက်ဟာဘာမှမခံစားရပါဘူး။ ဒါပေမယ့် လက္ခဏာတွေဟာ ဖြစ်မလာခင် ကတည်းက ကြိုပေါ်လာတတ်ပါတယ်။ လက္ခဏာတွေကတော့ - တောက်ပသောအလင်းများ မြင်နေရခြင်း (အထူးသဖြင့် မြင်ကွင်း၏ ဘေးပတ်လည်) အမြင်မကြည်ခြင်း မျက်လုံးတွင်းအစက်အပြောက်များပေါလောမျောနေခြင်း မျက်လုံးတဖက်၏ မြင်ကွင်းတွင် အရိပ်များမြင်ခြင်း၊ ကွယ်ခြင်း များသောအားဖြင့် လက္ခဏာတွေဟာထင်ထင်ရှားရှား […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုကြောင့်ဖြစ်သော မျက်စိ နောက်ဆက်တွဲပြဿနာများ- ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်း

ဆီးချိုကြောင့်ဖြစ်သောမျက်လုံး၏ နောက်ဆက်တွဲပြဿနာများ ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်း ဆီးချိုဟာမျက်စိကိုအန္တရာယ်ပေးပါတယ်။ သူဟာမျက်စိရဲ့နောက်ပိုင်းမှာရှိတဲ့ အတွင်းမြင်လွှာ (retina)ကသွေးကြောငယ်လေးတွေကိုထိခိုက်စေပြီးဒီလိုဖြစ်ခြင်းကိုဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းလို့ ခေါ်ပါတယ်။ ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းဆိုတာဘာလဲ ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းဆိုတာဆီးချိုရောဂါကြောင့် မျက်စိအတွင်းမြင်လွှာမှာဖြစ်တဲ့ ပြသနာအားလုံးကို ခြုံငုံခေါ်ဆိုတာ ဖြစ်ပါတယ်။ သိပ်ပြီးမမြန်ဆန်ဘူးဆိုရင် မျက်လုံးနောက်ပိုင်းကသွေးကြောငယ်လေးတွဟာ ကြီးလာပြီးအိတ်ကလေးတွေလိုဖောင်းလာပါတယ်။ အဲဒီကနေတဆင့် ရောင်ပြီးသွေးထွက်တာ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာလျင်မြန်စွာ ကြီးထွားလာတတ်ပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် မျက်စိအတွင်းမြင်လွှာကသွေးကြောတွေပျက်စီးပြီးသွေးကြောသစ်တွေ ဖြစ်ပေါ်လာပါတယ်။ သွေးကြောသစ်တွေဟာအားပျော့ပြီးသွေးထွက်တတ်ပါတယ်။ ဘယ်သူတွေ ဒီပြဿနာဖြစ်နိုင်လဲ ဆီးချိုကြောင့် မျက်စိအမြင်လွှာထိခိုက်ခြင်းဟာအသက် ၂၀ မှ ၇၄ နှစ်အရွယ်အတွင်းဆီးချိုဝေဒနာသည်တွေ မျက်စိကွယ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတရပ် ဖြစ်ပါတယ်။ ဒီအခြေအနေဟာဆီးချိုအမျိုးအစား (၁) ရော (၂) မှာပါဖြစ်နိုင်ပါတယ်။ ဆီးချိုဖြစ်တာအချိန်ကြာလာလေလေသွေးတွင်းသကြားဓါတ်ကိုမထိန်းချုပ်နိုင်လေလေ၊ မျက်စိရောဂါဖြစ်လာနိုင်လေလေ ဖြစ်ပါတယ်။ ဆီးချိုရောဂါသည်ရဲ့ ၄၀ မှ ၄၅ ရာခိုင်နှုန်းလောက်မှာအမြင်လွှာပျက်စီးခြင်းဟာအတိုင်းအတာတခုအထိရှိပါတယ်။ ဆီးချိုကြောင့် မျက်စိအမြင်လွှာပျက်စီးခြင်းလက္ခဏာတွေကဘာတွေလဲ ဖြစ်ခါစမှာတော့ လက္ခဏာတွေ မရှိနိုင်ပါဘူး။ အခြေအနေတဖြည်းဖြည်းဆိုးလာရင်တော့ အောက်ပါလက္ခဏာတွေ ပါဝင်လာပါတယ်။ မြင်ကွင်းထဲတွင် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချို၏နောက်ဆက်တွဲပြဿနာများ- အမြင်အာရုံဝေဝါးခြင်း

ဆီးချို၏နောက်ဆက်တွဲပြဿနာများ အမြင်အာရုံဝေဝါးခြင်း ဆီးချိုဆိုတာဘာလဲ ဆီးချိုဆိုတာ သင့်ခန္ဓါကိုယ်မှာ အင်ဆူလင်ဓါတ် မထုတ်နိုင်တော့ခြင်း၊ အင်ဆူလင်အထွက်နည်းခြင်း၊ ဒါမှမဟုတ် အင်ဆူလင်ကိုထိရောက်စွာအသုံးမပြုနိုင်တော့တဲ့အခါ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးတဲ့ ဇီဝဖြစ်ပျက်မှုရောဂါတစ်ခုကိုဆိုလိုပါတယ်။ သင့်ရဲ့ ခန္ဓါကိုယ်ကဆဲလ်တိုင်းဟာသကြား (ဂလူးကို့စ်) ကိုစွမ်းအင်အတွက် လိုအပ်ပါတယ်။ အင်ဆူလင်ဟာ သကြားဓါတ်ကို ဖြိုခွဲဖို့နဲ့ ခန္ဓါကိုယ်တလျှောက်က ဆဲလ်တွေဆီကို ပို့ဆောင်ပေးဖို့ လုပ်ဆောင်ပါတယ်။ သင့်မှာအင်ဆူလင်အလုံအလောက်မရှိရင် သကြားဓါတ်တွေ များလာပါတယ်။ အဲ့ဒီအခြေအနေကို hyperglycemia လို့ ခေါ်ပါတယ်။ Hyperglycemia ဟာ မျက်လုံးအပါအဝင် သင့်ကိုယ်ခန္ဓါ အစိတ်အပိုင်းအားလုံးအတွက် အဖျက်သဘောဆောင်ပြီးဆိုးကျိုးသက်ရောက်ပါတယ်။ အမြင်ေဝဝါးခြင်းဟာ ဆီးချိုရောဂါရဲ့ ရှေးဦးသတိပေးချက် သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ သင့်မျက်လုံး ကြည့်ရတာ ဝါးလာခြင်းဟာ မျက်လုံးအိမ်ထဲကမှန်ဘီလူးထဲကိုအရည်တွေ စိမ့်ဝင်လာလို့ပဲဖြစ်ပါတယ်။ အဲ့ဒီအခါ မှန်ဘီလူးရောင်လာပြီးပုံစံပြောင်းလာပါတယ်။ မျက်လုံးဟာပုံရိပ်တွေကို စူးစိုက်ရခက်လာပြီးမသဲမကွဲမြင်လာရပါတယ်။ အင်ဆူလင်ကုသမှုကို စတင်ခံယူချိန်မှာလည်း အမြင်အာရုံဝါးတတ်ပါတယ်။ အဲ့ဒါဟာအရည်ဓါတ်တွေ ပြောင်းလဲသွားလို့ဖြစ်ပြီးများသောအားဖြင့် ရက်သတ္တပတ်အနည်းငယ်ကြာရင် ပြန်ကောင်းသွားတတ်ပါတယ်။ လူအတော်များများမှာတော့ သွေးတွင်းသကြားဓါတ် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ခြေဖနောင့်ကွဲခြင်း နှင့် ဆီးချိုသွေးချိုရောဂါ

ခြေဖနောင့်ကွဲခြင်းနဲ့ဆီးချိုသွေးချို ဆီးချိုရှိသူတွေကဆရာဝန်နဲ့သွားတွေ့တဲ့အခါတိုင်းပထမဆုံးကြားနေရတာလေးရှိပါတယ်။ “ဖိနပ်ချွတ်ပြပါ”ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကိုဘာကြောင့်ပြောလဲဆိုတော့ဆီးချိုက ခြေထောက်သွေးလည်ပတ်မှုကိုထိခိုက်စေပြီး ခြေထောက်အာရုံခံစားမှုပျောက်သွားစေနိုင်လို့ဖြစ်ပါတယ်။ လူနာတွေက ရေကြည်ဖုတွေအနာတွေရှိနေတာကိုခံစားမိမှခံစားရပါလိမ့်မယ်။ အသားမာတွေနဲ့ပြည်တည်နာတွေကိုလည်းသတိမပြုမိနိုင်တဲ့အတွက်မကုသဘဲထားခဲ့ရင်ပိုးဝင်သွားနိုင်ပါတယ်။ အခုအချိန်မှာတော့ Naterra ဆိုတဲ့အကူအညီပေးတဲ့ကုမ္ပဏီတစ်ခုပေါ်လာပါပြီ။ သိပ်မကြာခင်ကဘဲ Phase+ လို့ခေါ်တဲ့ဆီးချိုဝေဒနာရှင်တွေအတွက်သီးသန့်အရေပြားအလှကုန်တစ်ခုကိုထုတ်ခဲ့ပါတယ်။ ခြေဖဝါး လိမ်းခရင်မ်တွေ၊မျက်နှာနဲ့ကိုယ်တိုက်ဆပ်ပြာတွေကိုသဘာဝပိုးသတ်ဆေးတွေ၊ပူဆီနံအဆီနဲ့စပျစ်သီးစေ့အဆီလိုမျိုးလိုမျိုးစိုစွတ်မှုကိုထိန်းပေးတာတွေနဲ့ပြုလုပ်ထားပါတယ်။ ဒီထုတ်ကုန်တွေကအရေပြားခြောက်သွေ့ခြင်းနဲ့ခြေဖနောင့်ကွဲအက်ခြင်းတို့ကိုသက်သာစေဖို့ရည်ရွယ်ချက်နဲ့အဓိကထုတ်ထားတာပါ။ ဒီအလှကုန်တွေ လိမ်းပေးခြင်းဖြင့်အရေပြားခြောက်တွေကိုဖယ်ရှားပေးပြီးဆီးချိုကြောင့်အရေပြားထူထဲခြင်းကိုလည်းကာကွယ်ပေးပါတယ်။Natterra ကထုတ်ကုန်မဟုတ်ရင်တောင်တခြားစိုစွတ်မှုထိန်းတဲ့လိုးရှင်းတွေနဲ့လည်းအဆင်ပြေပါတယ်။ ကံမကောင်းစွာနဲ့ပဲ ခြေဖနောင့်ကွဲအက်တာနဲ့အရေပြားခြောက်သွေ့တာတွေကပဲဆီးချိုရဲ့ဆိုးကျိုးတွေမဟုတ်သေးပါဘူး။ အခြားသော ဆိုးကျိုးများအတွက်လည်း နည်းလမ်းကောင်းတွေ ဖော်ပြပေးထားပါသေးတယ်။   သင့်ကိုယ်သင် ရှန်ပူနဲ့နှိပ်နယ်ပေးပါ။ ဆီးချိုက သွေးလည်ပတ်မှုစနစ်တစ်ခုလုံးကိုဆိုးရွားစေပါတယ်။ ဒါ့အပြင်ဦးရေပြားမှာပါဆံပင်ပါးကုန်ပြီးမွဲခြောက်ခြောက်ဖြစ်စေပါတယ်။ဦးရည်ပြားသွေးလှည့်ပတ်မှုနဲ့ဆံပင်ကျွတ်ခြင်းကိုပြန်ကုသဖို့က ခေါင်းမလျှော်ခင်သင့်ဦးရေပြားကိုရို့စ်မယ်ရီနဲ့ယူကလစ်ဆီပါတဲ့ခေါင်းလိမ့်ဆီနဲ့မိနစ်အနည်းငယ်ပွတ်ပေးပါ။   သွားသန့်ရှင်းရေးကိုလည်းမမေ့ပါနဲ့။ ဆီးချိုကဝင်ရောက်လာသော ဘက်တီးရီးယားများကိုသင်ခန္ဓါကိုယ်မှပြန်လည်တိုက်ခိုက်နိုင်စွမ်း အားလျော့စေပါတယ်။ ဒါကဆိုးရွားတဲ့ကျန်းမာရေးအခြေအနေတွေဖြစ်လာနိုင်စေတယ်လို့ Pankaj P. Singh ကပြောပါတယ်။ သူကသွားတွေကိုတစ်နှစ်နှစ်ခါဆေးပေးသင့်ကြောင့်သွားဆေးတာကိုလည်းမနက်ပိုင်းသွားလုပ်သင့်ကြောင်းအကြံပြုပါတယ်။ အကြောင်းကဒီလိုသွားဆေးဖို့ဆရာဝန်နဲ့တွေ့ဆုံခြင်းက သင့်ကို စိတ်လှုပ်ရှားစေလို့ သွေးတွင်းသကြားဓါတ်ကိုမြင့်တက်စေတဲ့အတွက်မနက်ဘက်မနက်စာစားပြီးကလူးကိုစ့်ကျစေတဲ့ ဆေးသောက်ပြီးမှလုပ်သင့်ပါတယ်လို့ရှင်းပြပါတယ်။   သင့်ရဲ့အလှကုန်တွေကိုစစ်ဆေးပါ။ အမျိုးသမီးကျန်းမာရေးဆေးရုံရဲ့ လေ့လာမှုအရသူတို့တွေကသင့်ဆီးချိုကိုပိုဆိုးလာနိုင်စေတာတွေလည်းဖြစ်နိုင်ပါတယ်။ လေ့လာမှုတွေအရ phthalates ဆိုတဲ့ဓါတု ပစ္စည်းပါတဲ့လက်သည်းဆိုးဆေး၊ဆံပင်ဖြန်းဆေး၊ဆပ်ပြာနဲ့တချို့ရေမွှေးတွေကသွေးတွင်းသကြားဓါတ်မြင့်ခြင်းနဲ့အင်ဆူလင်ဆေးမတိုးခြင်းတို့ဖြစ်စေနိုင်ပါတယ်။


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုသွေးချိုရောဂါအတွက် အရေပြားထိန်းသိမ်းနည်း လမ်းညွှန်များ

ဆီးချိုရှိသူတွေအတွက်အရေပြားကိုဘယ်လိုဂရုစိုက်ရမလဲ။ ဆီးချိုကသင့်ရဲ့အရေပြားကိုခြောက်စေနိုင်ပါတယ်။ ဒါကသင့်ကို ဒဏ်ရာရပိုလွယ်စေတယ်၊ ရောဂါပိုးဝင်တာပိုလွယ်စေမယ်၊အနာကျက်နှေးမယ်လို့ိုဆိုလိုတာပါ။ အောက်မှာ ဖော်ပြထားတဲ့အချက်တွေကသင့်အရေပြားကိုဘယ်လိုဂရုစိုက်ထိန်းသိမ်းရမလဲ ပြောပြပါလိမ့်မယ်။   အအေးဓါတ်ကနေကာကွယ်ပါ သင့်အရေပြားကိုအအေးနဲ့ လေကနေကာကွယ်ဖို့အတွက်မျက်နှာနဲ့နားရွက်တွေကိုဖုံးအုပ်ထားပါ။ နှာခေါင်းကိုပါဖုံးအုပ်စေပြီးဦးထုပ်လည်းဆောင်းပါ။ နွေးထွေးစေတဲ့လက်အိတ်တေ၊ွဖိနပ်တွေလည်းဝတ်ပါ။   အောက်ကပေးထားတာတွေကိုလည်းလိုက်နာပါ။ နှုတ်ခမ်းခြောက်ခြင်း ကွာခြင်းက ကာကွယ်ဖို့ နှုတ်ခမ်းအဆီသုံးပါ။ အပူချိန်ကျသွားတဲ့အခါ အသားတွေမခြောက်စေဖို့အတွက် အခန်းထဲမှာအနွေးစက်/လေပူပေးစက်တပ်ထားပါ။ သင်ရေချိုးတဲ့အခါ ရေနွေး၊အလှဆီဆပ်ပြာသုံးပါ။ ရေအကြာကြီးမချိုးပါနဲ့။ အရေပြားခြောက်ရင်လည်း အလိုလိုကွာပါစေ၊မပွတ်မကုတ်လိုက်ပါနဲ့။ ရေချိုးပြီးလို့အခြောက်ခံပြီးတဲ့အခါ အရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ဖို့လိုးရှင်းလိမ်းပါ။ အရေပြားခြောက်ရင်မကုတ်ပါနဲ့၊အဲဒီအစားအလှဆီလိမ်းပါ။ လက်ဆေးစင်နားမှာလိုးရှင်းဘူးကိုထားထားပါ။ ဒါမှသာသင်လက်ဆေးပြီးတဲ့အခါလိမ်းလို့ရမှာပါ။ သင့်အရေပြားအတွက်အသုံးပြုတဲ့ ထုတ်ကုန်တွေကိုကန့်သတ်ထားပါ။ ဒါမှသာမတည့်တာတွေမဖြစ်မှာပါ။ သင်ကဝက်ခြံဖြစ်လွယ်တယ်ဆိုရင် သင်မျက်နှာဘာလိမ်းသင့်လဲဆိုတာ အရေပြားအထူးကုဆီဆီမှာ အကြံတောင်းပါ။ တချို့ထုတ်ကုန်တွေကသင့်ကိုပိုဆိုးစေပါတယ်။ “ဝက်ခြံမဖြစ်စေပါဘူး”လို့ အညွှန်းမှာပါတဲ့ထုတ်ကုန်တွေကိုသာသုံးပါ။   သင့်အရေပြားအတွက်အရေးပေါ်သေတ္တာကိုဆောင်ထားပါ။ အရေးပေါ်သေတ္တာထဲမှာပါဝင်တာတွေက ပိုးသတ်ဆေးလိမ်းဆေး ဂွမ်းလုံး ပတ်တီးတိပ် ရေနဲ့ဆပ်ပြာမရနိုင်တဲ့အခြေအနေအတွက်အသင်လက်ဆေးဆီ၊ပဝါများ   အရေပြားဖောင်းကြွအနာတွေကိုဘယ်လိုကုသမလဲ။ အနာတွေကိုမခွာပါနဲ့။ သူ့ကိုဖုံးအုပ်ထားတဲ့အရေပြားက ရောဂါပိုးတွေကနေကာကွယ်ပေးပါတယ်။ အနာတစ်ဝိုက်ကို ရေနွေးရယ်ဆပ်ပြာပျော့ရယ်နဲ့ သေချာဆေးပါ။ အနာကိုပိုးသတ်ဆေး လိမ်းဆေးလိမ်းပြီးဂွမ်းနဲ့အုပ်ထားပါ။ ဂွမ်းကိုတိပ်နဲ့ကပ်ပြီးမြဲပါစေ။ ဂွမ်းကိုအနည်းဆုံးတစ်ရက်တစ်ကြိမ်လဲပါ။ တကယ်လို့အဲဒီအနာတွေကသင့်ဖိနပ်ကြောင့်ဖြစ်တာဆိုရင်အနာမကျက်မချင်းတခြားဖိနပ်စီးပါ။   ခြစ်ရာ၊ရှရာတွေကိုဘယ်လိုဂရုစိုက်မလဲ။ ခြစ်ရာ၊ရှရာနေရာတစ်ဝိုက်ကိုရေနွေးရယ်၊ဆပ်ပြာပျော့ရယ်နဲ့ ဆေးပါ။ ပိုးသတ်ဆေး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း