ဆီးချိုရှိသူတွေအတွက်အရေပြားကိုဘယ်လိုဂရုစိုက်ရမလဲ။
ဆီးချိုကသင့်ရဲ့အရေပြားကိုခြောက်စေနိုင်ပါတယ်။ ဒါကသင့်ကို ဒဏ်ရာရပိုလွယ်စေတယ်၊ ရောဂါပိုးဝင်တာပိုလွယ်စေမယ်၊အနာကျက်နှေးမယ်လို့ိုဆိုလိုတာပါ။ အောက်မှာ ဖော်ပြထားတဲ့အချက်တွေကသင့်အရေပြားကိုဘယ်လိုဂရုစိုက်ထိန်းသိမ်းရမလဲ ပြောပြပါလိမ့်မယ်။
အအေးဓါတ်ကနေကာကွယ်ပါ
သင့်အရေပြားကိုအအေးနဲ့ လေကနေကာကွယ်ဖို့အတွက်မျက်နှာနဲ့နားရွက်တွေကိုဖုံးအုပ်ထားပါ။ နှာခေါင်းကိုပါဖုံးအုပ်စေပြီးဦးထုပ်လည်းဆောင်းပါ။ နွေးထွေးစေတဲ့လက်အိတ်တေ၊ွဖိနပ်တွေလည်းဝတ်ပါ။
အောက်ကပေးထားတာတွေကိုလည်းလိုက်နာပါ။
- နှုတ်ခမ်းခြောက်ခြင်း ကွာခြင်းက ကာကွယ်ဖို့ နှုတ်ခမ်းအဆီသုံးပါ။
- အပူချိန်ကျသွားတဲ့အခါ အသားတွေမခြောက်စေဖို့အတွက် အခန်းထဲမှာအနွေးစက်/လေပူပေးစက်တပ်ထားပါ။
- သင်ရေချိုးတဲ့အခါ ရေနွေး၊အလှဆီဆပ်ပြာသုံးပါ။
- ရေအကြာကြီးမချိုးပါနဲ့။
- အရေပြားခြောက်ရင်လည်း အလိုလိုကွာပါစေ၊မပွတ်မကုတ်လိုက်ပါနဲ့။
- ရေချိုးပြီးလို့အခြောက်ခံပြီးတဲ့အခါ အရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ဖို့လိုးရှင်းလိမ်းပါ။
- အရေပြားခြောက်ရင်မကုတ်ပါနဲ့၊အဲဒီအစားအလှဆီလိမ်းပါ။
- လက်ဆေးစင်နားမှာလိုးရှင်းဘူးကိုထားထားပါ။ ဒါမှသာသင်လက်ဆေးပြီးတဲ့အခါလိမ်းလို့ရမှာပါ။
- သင့်အရေပြားအတွက်အသုံးပြုတဲ့ ထုတ်ကုန်တွေကိုကန့်သတ်ထားပါ။ ဒါမှသာမတည့်တာတွေမဖြစ်မှာပါ။
- သင်ကဝက်ခြံဖြစ်လွယ်တယ်ဆိုရင် သင်မျက်နှာဘာလိမ်းသင့်လဲဆိုတာ အရေပြားအထူးကုဆီဆီမှာ အကြံတောင်းပါ။ တချို့ထုတ်ကုန်တွေကသင့်ကိုပိုဆိုးစေပါတယ်။
- “ဝက်ခြံမဖြစ်စေပါဘူး”လို့ အညွှန်းမှာပါတဲ့ထုတ်ကုန်တွေကိုသာသုံးပါ။
သင့်အရေပြားအတွက်အရေးပေါ်သေတ္တာကိုဆောင်ထားပါ။
အရေးပေါ်သေတ္တာထဲမှာပါဝင်တာတွေက
- ပိုးသတ်ဆေးလိမ်းဆေး
- ဂွမ်းလုံး
- ပတ်တီးတိပ်
- ရေနဲ့ဆပ်ပြာမရနိုင်တဲ့အခြေအနေအတွက်အသင်လက်ဆေးဆီ၊ပဝါများ
အရေပြားဖောင်းကြွအနာတွေကိုဘယ်လိုကုသမလဲ။
- အနာတွေကိုမခွာပါနဲ့။ သူ့ကိုဖုံးအုပ်ထားတဲ့အရေပြားက ရောဂါပိုးတွေကနေကာကွယ်ပေးပါတယ်။ အနာတစ်ဝိုက်ကို ရေနွေးရယ်ဆပ်ပြာပျော့ရယ်နဲ့ သေချာဆေးပါ။
- အနာကိုပိုးသတ်ဆေး လိမ်းဆေးလိမ်းပြီးဂွမ်းနဲ့အုပ်ထားပါ။ ဂွမ်းကိုတိပ်နဲ့ကပ်ပြီးမြဲပါစေ။ ဂွမ်းကိုအနည်းဆုံးတစ်ရက်တစ်ကြိမ်လဲပါ။ တကယ်လို့အဲဒီအနာတွေကသင့်ဖိနပ်ကြောင့်ဖြစ်တာဆိုရင်အနာမကျက်မချင်းတခြားဖိနပ်စီးပါ။
ခြစ်ရာ၊ရှရာတွေကိုဘယ်လိုဂရုစိုက်မလဲ။
- ခြစ်ရာ၊ရှရာနေရာတစ်ဝိုက်ကိုရေနွေးရယ်၊ဆပ်ပြာပျော့ရယ်နဲ့ ဆေးပါ။
- ပိုးသတ်ဆေး လိမ်းဆေးလိမ်းပါ။
- အနာနေရာကိုဂွမ်းနဲ့ဖုံးပါ။
- ဂွမ်းကိုတိပ်နဲ့ကပ်ပြီးမကွာပါစေနဲ့။
- ဂွမ်းကိုအနည်းဆုံးတစ်ရက်တစ်ကြိမ်လဲပါ။