ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါ မဖြစ်စေဖို့ ဘယ်လို ကာကွယ်မလဲ

ဆီးချိုရောဂါနဲ့ နှလုံးရောဂါတို့က တော်တော်လေး ဆက်စပ်မှုရှိနေပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေက အခြားသူတွေထက် ပိုများပါတယ်။  အထူးသဖြင့် အမျိုးသမီးတွေမှာပါ။ ဒါ့အပြင် ဆီးချိုရောဂါရှိတဲ့သူတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေက ပုံမှန်သူတွေထက် နှလုံးကျန်းမာရေး ထိခိုက်နိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါ ရှိသူတွေမှာ သွေးလည်ပတ်မှု မကောင်းတာကြောင့် ခြေထောက်တွေမှာ အနာဖြစ်ရင်အနာကျက်ခဲပြီး ခြေလက်ဖြတ်ရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတဲ့ အကြောင်းအရင်း အချိန်ကြာမြင့်စွာ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာက နှလုံးကို ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေ အာရုံကြောတွေကို ပျက်စီးစေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတဲ့ အခြားသော အကြောင်းအရင်းတွေက သွေးပေါင်မြင့်တက်တာ - တစ်နည်းအားဖြင့်ပြောရရင် သွေးတိုးတာပေါ့။ သွေးတိုးတဲ့အခါ သွေးဖိအားကြောင့် သွေးကြောလေးတွေနဲ့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများ

ဆီးချိုက ကမ္ဘာတလွှားမှာ အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ အရင်က အသက် ၄၀ နောက်ပိုင်းလောက်မှ ဆီးချိုရောဂါ အဖြစ်များတာ ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အသက် ၃၀ ဝန်းကျင် သက်လတ်ပိုင်းတွေမှာပါ ဆီးချိုအဖြစ်များလာတာကို  တွေ့လာရပါတယ်။ ဆီးချိုဆိုတဲ့နေရာမှာ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားရတာ ရှိသလို ဒီအခြေအနေကို သတိမထားလိုက်မိရင်းက အမျိုးအစား - ၂ ဆီးချိုဖြစ်သွားကြတာတွေလည်း ရှိပါတယ်။  ဒီတစ်ခေါက်တော့ လေ့လာချက်တွေရဲ့ ရလဒ်ဖြစ်တဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများတယ်ဆိုတဲ့ အကြောင်းလေးကို ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချိုကို ဆီးချိုသွေးချိုရောဂါလို့လည်း ခေါ်ပါတယ်။ ဆီးချိုသွေးချိုရောဂါဆိုတာက နာတာရှည်ရောဂါတစ်မျိုးပါ။ သွေးတွင်းမှာ ဂလူးကို့စ်ပမာဏတွေ (သွေးတွင်းသကြားဓာတ်) အလွန်အကျွံ များနေတာကို ဆိုလိုတာပါ။ သွေးချိုဆီးချိုမှာ အမျိုးအစားတွေက ၅ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်

ဆီးချိုရှိသူတွေက အရေပြားကို အခြားသူတွေထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ ဆီးချိုရှိသူတွေမှာ အနာကျက်ဖို့ ခက်ခဲတာ၊ အရေပြား ထိခိုက်လွယ်တာကြောင့်ပါ။ ဆီးချိုသမားတွေအနေနဲ့ အချိန်တိုင်းမှာ အရေပြားကို သေချာလေး ဂရုစိုက်ဖို့ လိုတယ်ဆိုပေမယ့် နွေရာသီလို ပူပြင်းတဲ့ရာသီမျိုးမှာတော့ သေချာလေး ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန် လေးကို ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ နာတာရှည် ရောဂါတစ်မျိုးပါ ဒါကိုတော့ လူတော်တော်များများ သိထားပြီး ဖြစ်မှာပါ။ ဆီးချိုရောဂါက တစ်သက်တာလုံး ခံစားနေရမယ့် နာတာရှည် ကျန်းမာရေးပြဿနာပါ။ ဒီတော့ အကောင်းဆုံး နည်းလမ်းက ဆီးချိုကို ပိုဆိုးမလာအောင် ထိန်းသိမ်းတာပါ။ သွေးတွင်းသကြားဓာတ်ကို သေချာ ထိန်းညှိထားတာက ဆီးချိုရှိသူတွေမှာ အရေပြားပြဿနာ ကင်းစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ သွေးချို ထိန်းညှိတာနဲ့အတူ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါရှိပြီး ဘယ်လောက်ကြာရင် ကျောက်ကပ်ထိ မှာလဲ၊၊

ဆီးချိုရောဂါရှင်တွေ အများစုက ကျောက်ကပ်ထိ မှာကို စိုးရိမ်ကြပါတယ်၊၊ တကယ်လည်း ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးစေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပါ၊၊ ဆီးချိုရောဂါရှိသူ ၃ယောက်မှာ ၁ယောက်က ကျောက်ကပ်ထိခိုက်တတ်တာကိုလည်း တွေ့ရပါတယ်၊၊ [1] ဆီးချိုလူနာအများစုက သူတို့ဆီးချို ရှိပြီဆို ကျောက်ကပ်ထိ နေပြီလား၊၊ ဘယ်တော့ ကျောက်ကပ်ပျက်စီးမှာလဲဆိုတာကို သိချင်ကြပါတယ်၊၊ ဒါကလည်း ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ၊၊ ကျောက်ကပ်ထိခိုက်ပြီးသားဆိုရင် ကုစရာရှိတာ စောစောကုနိုင်သလို တကယ်လို့ ကောင်းနေသေးတယ်ဆိုရင်လည်း ဆီးချိုကြောင့် ကျောက်ကပ်မထိခိုက်အောင် ဂရုစိုက်နိုင်မှာပါ၊၊ ဆီးချိုရောဂါရှိပြီး ဘယ်လောက်ကြာရင် ကျောက်ကပ်ထိ မှာလဲ၊၊ အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေတော်တော်များများက ရောဂါရှိပြီး ၂-၅နှစ်အတွင်းမှာ ကျောက်ကပ်အဖြေတွေ ပုံမှန်မဟုတ်တော့တာကို တွေ့ရပါတယ်လို့ တချို့လေ့လာချက်တွေက ဖော်ပြထားပါတယ်၊၊ ဆိုလိုတာက လူနာက အပြင်ပန်းမှာ ဘာလက္ခဏာမှ မရှိတာ ဖြစ်နိုင်ပေမယ့် သွေးစစ်၊ ဆီးစစ်ရင် အဖြေတွေက ပုံမှန်မဟုတ်တော့ပါဘူး၊၊ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဆေး မက်ဖော်မင် သောက်ရင် ကျောက်ကပ်ထိမှာလား

ဆီးချိုရောဂါရှင်တိုင်း မက်ဖော်မင် လို့ ပြောလိုက်ရင် မသိသူ မရှိပါဘူး၊၊ တချို့များဆို ဆရာဝန် မညွှန်ဘဲနဲ့တောင် သွေးချိုလေးတက်ပြီဆိုတာနဲ့ မက်ဖော်မင်လေး ဝယ်သောက်ကြတာတောင် ရှိပါတယ်၊၊ မက်ဖော်မင်က အမျိုးအစား ၂ ဆီးချိုရောဂါမှာ ထိပ်တန်းဆေး တစ်လက်ဖြစ်တာကြောင့် စကုပြီဆိုရင် မက်ဖော်မင်နဲ့ စလေ့ရှိပါတယ်၊၊ ဒါပေမယ့် တချို့လူနာတွေက ကိုယ့်ဟာကိုယ်ဆီးချိုရှိနေတာ အကောင်းသား၊ မက်ဖော်မင်လေး ဆွဲသောက်လိုက်တာ ဘယ်လောက်မှ မကြာဘူး၊၊ ကျောက်ကပ်ပျက်ပါရောလားဆိုပြီး ပြောလေ့ရှိပါတယ်၊၊ ဒါက တကယ်ပဲလား၊၊ မက်ဖော်မင် နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ အမျိုးအစား ၂ ဆီးချိုရောဂါမှာ မက်ဖော်မင်က ထိပ်တန်းဆေး ဖြစ်တဲ့အတွက် ဆီးချိုလူနာတော်တော်များများမှာ တခြားသော ခြွင်းချက်မရှိရင် မက်ဖော်မင် စပေးလေ့ရှိပါတယ်၊၊ ဒီကြားထဲမှာလည်း မက်ဖော်မင်နဲ့ ဆီးချိုထိန်းထားနိုင်တယ်ဆိုရင် ဒီဆေးပဲ ဆက်ပေးလေ့ရှိပါတယ်၊၊ ဒီတော့ ဆီးချိုလူနာတွေက […]


အမျိုးအစား (၂) ဆီးချို

ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်လို့ စိတ်ညစ်နေရင်

ဆီးချို ရှိလားဆိုတော့လည်း မရှိဘူး။ ဒါပေမယ့် မိဘမျိုးရိုးမှာတော့ ဆီးချို ဖြစ်ဖူးတာရှိတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု သိပ်မလုပ်ဖြစ်တဲ့အတွက် သွေးချိုလေး သိရအောင်ဆိုပြီး စစ်ကြည့်လိုက်မှ သွေးချိုတွေ တက်နေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင် သွေးချိုပမာဏကို ကျန်းမာတဲ့ ပမာဏ ဖြစ်အောင် ဘယ်လို ထိန်းမလဲ။ မြင့်တက်နေတဲ့ သွေးချို ပမာဏကို ပုံမှန်အတိုင်းဖြစ်အောင် ဘယ်လို ထိန်းရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ သွေးချို ပမာဏ ဘယ်လောက်ဆို မြင့်တယ်လို့ ဆိုနိုင်လဲ။ မနက်အိပ်ရာနိုးချိန်မှာ တိုင်းလိုက်လို့ သွေးချိုပမာဏက 70-99 mg/dL ထက်နည်းနေမယ်ဆိုရင် ဒါက ပုံမှန်ပါပဲ။ တကယ်လို့ မနက်အစောပိုင်းမှာ သွေးချိုပမာဏက 100 ကနေ 126 mg/dL ကြားဖြစ်နေမယ်ဆိုရင် ဆီးချို အကြိုလက္ခဏာရှိနေတာပါ။ သွေးချိုပမာဏက 126 mg/dL နဲ့ […]


အမျိုးအစား (၂) ဆီးချို

အစ္စလာမ်ဘာသာဝင် ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော်

အစ္စလာမ်ဥပုသ်လက တစ်လနီးပါး ကြာမြင့်ပြီး မနက်အာရုဏ်တက်ချိန်မှ နေဝင်မိုးချုပ်သည်အထိ အစာစားတာ၊ ရေသောက်တာ၊ ဆေးသောက်တာ စတာတွေကို ရှောင်ကြဉ်ရပါတယ်။ ဥပုသ်ထွက်တဲ့ ညစတစ်ကြိမ်၊ ဥပုသ်မဝင်ခင် မနက်စာ တစ်ကြိမ် ၂ကြိမ်ပဲ စားရပါတယ်။ ဒါကြောင့် ဆီးချိုလူနာတွေအနေနဲ့ ဥပုသ်စောင့် ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒီလိုဆိုပေမယ့် ဥပုသ်လုံးဝမစောင့်ရတာတော့ မဟုတ်ပါဘူး။ ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော် အောက်ပါအချက်တွေကို နားလည်လိုက်နာဖို့ လိုပါတယ်။ သင်က ဥပုသ်စောင့် ဖို့ သင့်တော်တဲ့သူလား။ ဆီးချိုလူနာတိုင်းက ဥပုသ်စောင့်လို့ မရတာမဟုတ်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး အန္တရာယ်အလွန်များတဲ့ အုပ်စု၊ အန္တရာယ်များတဲ့ အုပ်စု၊ အသင့်အတင့် ဒါမှမဟုတ် အန္တရာယ်နည်းတဲ့ အုပ်စု ဘယ်အုပ်စုထဲမှာ ရှိနေလဲဆိုတာကို သိဖို့ လိုပါတယ်။ ဒါကြောင့် တတ်နိုင်ရင်တော့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

အင်ဆူလင်ရဲ့ ထိရောက်မှု ကောင်းစေဖို့

အင်ဆူလင်ရဲ့ ထိရောက်မှု ကောင်းစေဖို့ သတ်မှတ်ထားတဲ့ အပူချိန်မှာ သိမ်းဆည်းဖို့ လိုပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်က ဘာလဲဆိုတာ မပြောခင်မှာ အင်ဆူလင်ကို ဘယ်သူတွေ လိုအပ်လဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ အင်ဆူလင် ဆိုတဲ့ စကားလုံးက ရင်းနှီးကျွမ်းဝင် မရှိပေမယ့် ဆီးချိုသွေးချိုရောဂါဆိုတာကိုတော့ ကြားဖူးကြမယ် ထင်ပါတယ်။ အရင်ကဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက မြန်မာလူမျိုးတွေနဲ့ အတော်လေး အလှမ်းဝေးခဲ့တာပါ။ အခုတော့ မြန်မာနိုင်ငံမှာလည်း ဆီးချိုသွေးချိုရောဂါ ဖြစ်သူ အရေအတွက်က များလာတာကြောင့် ဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက နေ့စဉ်ဘဝရဲ့ စကားလုံး တစ်လုံးလိုတောင် ဖြစ်လာပါပြီ။  အင်ဆူလင်ဆိုတာကို အရင်မပြောခင် ဆီးချိုသွေးချိုရောဂါ အမျိုးအစားလေး ခွဲပြချင်ပါတယ်။  အမျိုးအစားတွေက ဘာတွေလဲ.... ဆီးချိုသွေးချိုရောဂါဆိုတဲ့နေရာမှာ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ၊ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုပြီး အဓိကအနေနဲ့ နှစ်မျိုးခွဲထားပါတယ်။ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ အမျိုးအစား […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် ဗီတာမင်တွေ

ဆီးချိုရောဂါ ရှိသူတွေမှာ ရောဂါ ရှိတာခြင်း တူကြပေမယ့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အသုံးပြုကြတဲ့ ကုထုံးတွေကတော့ အမျိုးမျိုး ရှိပါတယ်။ ကုထုံးကို လိုက်ပြီး သက်ရောက်မှုတွေလည်း ကွာခြားနိုင်ပါတယ်။ ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ဖို့အတွက် ကုထုံးတွေကိုပဲ အားကိုးရမှာလား ဆိုတော့ မဟုတ်ပါဘူး။ ကုထုံးအပြင် အားကိုးလို့ရတာလေး ရှိပါသေးတယ်။ ဒါကတော့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေကို ကျန်းမာစေဖို့ ထောက်ကူပေးမယ့် ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီနေရာမှာ တစ်ခု ကြိုတင် သတိပေးချင်တာက ဆီးချိုရှိလို့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက် ဗီတာမင်တွေ နဲ့ သတ္တုဓာတ်တွေကို အသုံးမပြုခင်မှာ သောက်သုံးနေကျ ဆေးဝါးတွေနဲ့ တည့်ရဲ့လားဆိုတာကို သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ပါ။ ဆီးချိုရှိသူတွေအတွက် ဗီတာမင်တွေ ဆီးချိုရှိသူတွေကို ကျန်းမာစေနိုင်မယ့် ဗီတာမင်တွေကတော့ ALA […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေ ဖောလစ်အက်ဆစ် သောက်တဲ့အခါ

ဆီးချို တစ်နေ့တစ်ခြား ဖြစ်ပွားမှု မြင့်တက်လာပါတယ်။ ဆီးချို အမျိုးအစား (၂) က လူ ၁၀၀ မှာ ၅၀ နဲ့အထက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာပါ။ ဆီးချိုက ဖြစ်ပြီဆိုရင် သူ တစ်မျိုးတည်း ဖြစ်တာ မဟုတ်ပါဘူး။ သူနဲ့အတူ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ယူဆောင်လာတတ်ပါသေးတယ်။ ဒါကြောင့် ဆီးချိုကို ခံစားရပြီး နှစ်အတော်ကြာလာတဲ့အခါ ကျောက်ကပ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးရောဂါတွေကို ခံစားလာရတာပါ။ တစ်ခါတလေမှာ သွေးတိုးကြောင့် ဆီးချို နောက်ဆက်တွဲဖြစ်တာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် B9 (ဖောလစ်အက်ဆစ်) ကဆီးချိုရှိသူတွေမှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဖောလစ်အက်ဆစ် ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ ....... ဖောလစ်အက်ဆစ်ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း