ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

အင်ဆူလင် သိုလှောင်နည်းများ

အင်ဆူလင်ကိုသိုလှောင်ဖို့ နည်းလမ်းများ အသုံးပြုလက်စအင်ဆူလင် တွေကိုအခန်းအပူချိန်မှာထားခြင်းကသူကိုအသုံးပြုတဲ့အခါပိုအဆင်ပြေပါတယ်။ လက်ရှိမသုံးနေတဲ့အင်ဆူလင် တွေကိုတော့ ရေခဲသေတ္တာထဲမှာသိမ်းတာအကောင်းဆုံးပါ။ သတိထားရမှာက အခဲခန်းထဲမထည့်ဖို့၊ ရေခဲခန်းအနားမထားဖို့ပဲဖြစ်ပါတယ်။ တချို့အင်ဆူလင် တွေကမတူညီတဲ့သိုလှောင်နည်းတွေလိုပါတယ်။ ဒါကြောင့်အသုံးမပြုခင်သင့်ရဲ့လူနာစာရွက်ထဲကအချက်အလက်တွေကိုအရင်သေချာဖတ်ပါ။   အိမ်မှာ အင်ဆူလင် ကိုသိုလှောင်ဖို့ နည်းလမ်းများ အင်ဆူလင် တွေကိုအပူနဲ့အလင်းရောင်ဝေးရာမှာထားပါ။ ရေခဲသေတ္တာထဲမှာ မထည့်ထားတဲ့ အင်ဆူလင် တွေကိုတတ်နိုင်ငမျှ အေးအောင်ထားပေးပါ။ အင်ဆူလင် တွေကိုဘယ်တော့မှမခဲသွားစေပါနဲ့။ တကယ်လို့ခဲသွားရင်မသုံးဘဲလွှင့်ပစ်လိုက်ပါ။ အရည်ပြန်ပျော်သွားချိန်မှာ လည်း ပြန်မသုံးပါနဲ့။ အသုံးမပြုရသေးတဲ့ အင်ဆူလင် ပုလင်းတွေ၊ အင်ဆူလင် ဆေးထိုးအပ်တွေကို ရေခဲသေတ္တာထဲသိမ်းထားပါ။ သူတို့ကိုသေချာသိုလှောင်ထားရင်အာမခံထားတဲ့ရက်အထိကြာကြာခံမှာပါ။ သင်လက်ရှိသုံးနေတဲ့ အင်ဆူလင် ဆေးထိုးအပ်တွေကိုအခန်း အပူချိန်မှာပဲထားပါ။ အင်ဆူလင် ဆေးထိုးအပ်အပိုနဲ့တခြားဆက်စပ်တာတွေကိုသူ့သက်ဆိုင်ရာထည့်စရာတွေနဲ့ ရေခဲသေတ္တာထဲမှာပဲထည့်ထားပါ။ ဒါမှသာကုန်ဆုံးမယ့်ရက်ကိုသိနိုင်မှာပါ။ ကုန်ဆုံးမယ့်ရက်ကိုကြည့်ပါ။ ရက်လွန်နေရင်မသုံးပါနဲ့။ အင်ဆူလင် တွေကိုအရမ်း မပူသွားစေပါနဲ့။ ပူတတ်တဲ့အရာတွေနားမထားပါနဲ့။ နေရောင်တိုက်ရိုက်မပေးထိပါနဲ့။ တီဗွီ တို့ ကွန်ပျူတာတို့လို လျှပ်စစ်ကိရိယာတွေ ပေါ်မှာမတင်ပါနဲ့။ […]


အမျိုးအစား (၂) ဆီးချို

အင်ဆူလင်စက် အသုံးပြုပုံနည်းလမ်းများ

အင်ဆူလင်စက် အသုံးပြုပုံနည်းလမ်းများ အင်ဆူလင်စက် ဆိုတာဘာလဲ။ အင်ဆူလင်ကို တစ်ခါသုံးဆေးထိုးအပ်နဲ့ထိုးပြီး အင်ဆူလင်အလုပ်လုပ်ပုံအတိုင်း သင့်နေထိုင်မှုပုံစံကို လိုက်ဖက်ညီအောင်လိုက်နေခြင်းထက် အင်ဆူလင်စက်ကိုအသုံးပြုပြီး သင့်နေထိုင်မှုပုံစံနဲ့ လိုက်ဖက်ညီအောင် အင်ဆူလင်ကိုပြုလုပ်စေခြင်းက ပိုကောင်းပါတယ်။ အင်ဆူလင်စက်ဆိုတာ ဖုန်းအရွယ်လောက်ပဲရှိတဲ့ လျှပ်စစ်ကိရိယာတစ်မျိုးဖြစ်ပါတယ်။ ဒီအင်ဆူလင်စက်ကို ခါးပတ်မှာပဲဖြစ်ဖြစ်အိတ်ထဲမှာပဲဖြစ်ဖြစ် အလွယ်တကူ သယ်ဆောင်သွားလို့ရပါတယ်။ အင်ဆူလင်စက်က သင့်ဗိုက်အရေပြားအောက်ထဲကို ပျော့ပြောင်းတဲ့ပြွန်လေးထည့်ထားပြီး အဲဒီပြွန်ကနေမှတစ်ဆင့် အင်ဆူလင်တွေကို လိုအပ်သလောက် ဆက်တိုက်ထုတ်ပေးပါတယ်။ အင်ဆူလင်စက်က ပုံမှန်မုန့်ချိုအိတ်လိုပဲ အင်ဆူလင်တွေကို တဖြည်းဖြည်းထုတ်ပေးပါတယ်။ အင်ဆူလင်စက်နဲ့ဆိုရင်သင်အင်ဆူလင်သွင်းတဲ့အခါတိုင်း ပမာဏကို တိုင်းတာဖို့မလိုပါဘူး။ အင်ဆူလင်စက်က အင်ဆူလင်ကို အောက်ပါနည်း များနဲ့သွင်းပေးပါတယ်။ အခြေခံအင်ဆူလင်ပမာဏ (basal insulin)လို့ခေါ်တဲ့ တောက်လျှောက်မှန်မှန်တိုင်းတာပြီး ဆက်တိုက်သွင်းနေတဲ့ နည်း ထပ်လောင်းအင်ဆူလင်ပမာဏ (bolus insulin) လို့ခေါ်တဲ့အစာစားချိန်တစ်ဝိုက်သွင်းတဲ့နည်း ပြုပြင်ခြင်း နဲ့အထောက်အကူပြုပမာဏများ   အင်ဆူလင်စက်ကဘယ်လို အလုပ်လုပ်သလဲ။ အခြေခံအင်ဆူလင်ပမာဏ ကသင်ကိုယ်ထဲကို၂၄နာရီလုံးသွင်းပေးနေပြီးအစားစားချိန်နဲ့ညအိပ်ချိန်ကြားကသင့်သွေးတွင်းသကြားပမာဏကို ပုံမှန်ရှိအောင် ထိန်းထားပေးပါတယ်။ မကြာခဏဆိုသလိုပဲသင့်ကိုယ်ထဲကိုသွင်းတဲ့အင်ဆူလင်ပမာဏက နေ့နဲ့ညမတူညီတဲ့အချိန်တွေမှာကွဲပြားပါတယ်။ သင်အစာစားတဲ့အခါစက်ကတစ်ဆင့် ထပ်လောင်းပမာဏလို့ခေါ်တဲ့ အင်ဆူလင်ကို ပမာဏပိုများများသွင်းနိုင်ပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

မျိုးရိုးဗီဇ နဲ့ ဆီးချို

ဆီးချို type 2 က မျိုးရိုးကြောင့်ဖြစ်နိုင်လား? ဆီးချို type 2 ဖြစ်ဖို့က အကြောင်းအရင်းများစွာရှိပါတယ်။ အာဟာရနဲ့လေ့ကျင့်ခန်းကလည်း အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့်ဆီးချို type 2 ဟာမျိုးရိုးကြောင့်လည်းတစ်စိတ်တစ်ပိုင်းဖြစ်တယ်။ တကယ်လို့သင့်မှာ ဆီးချို type 2 ရှိနေပြီဆိုရင် မိသားစုထဲကိုကြည့်လိုက်ပါ။ သင်တစ်ယောက်တည်းဆီးချိုရှိတာမဟုတ်ပါဘူး။ လေ့လာချက်တွေအရ သင့်မိဘတွေကအသက်၅၀မတိုင်ခင်ဆီးချိုရှိရင်သင်လည်း ခုနှစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်နိုင်ခြေရှိပါတယ်။ သင့်မိဘတွေ အသက်၅၀ကျော်မှဆီးချိုရှိရင် သင်ဖြစ်နိုင်ခြေ ၁၃ယောက်မှာ တစ်ယောက်နှုန်း သင့်မိဘနှစ်ယောက်လုံးဆီးချိုရှိနေရင် သင်လည်းဖြစ်နိုင်ခြေ နှစ်ယောက်မှာတစ်ယောက်နှုန်း ဒါပေမယ့် ဆီးချို type 2 တိုင်းကမျိုးရိုးကြောင့်မဟုတ်ပါဘူး။ အဓိက ဖြစ်စေတဲ့အကြောင်းတွေထဲမှာ အဝလွန်ခြင်း နဲ့လှုပ်ရှားမှုနည်းခြင်းတို့လည်း ပါဝင်ပါတယ်။ မျိုးရိုးဗီဇကလည်း ဆီးချို type 2 နဲ့ဆက်စပ်နေပါတယ်။ ဒါပေမယ့် သူတို့ချည်းကဘဲဆီးချိုမဖြစ်စေပါဘူး။ ဒါပေမယ့်သူတိုကပတ်ဝန်းကျင်က factorsတွေနဲ့ဆက်နွယ်ပြီး သင့်ရဲ့ ဆီးချိုဖြစ်လာစေနှုန်းများလာပါတယ်။ Type 2 ဆီးချိုဖြစ်နိုင်ခြေမှာ မျိုးရိုးဗီဇအများအပြားပါဝင်ပတ်သက်နေကြပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသော အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိသောအမျိုးသမီးများသိသင့်သောအချက်(၇)ချက် အမျိုးသမီးတစ်ဦးကကိုယ်ဝန်မဆောင်ခင်နဲ့ကိုယ်ဝန်ဆောင်နေစဉ်သွေးတွင်းသကြားဓါတ်ကိုထိန်းထားနိုင်ရင်မွေးရာပါချို့ယွင်းချက်ပါသော ကလေးမွေးနိုင်ချေကိုကျဆင်းစေပါတယ်။ သွေးတွင်းသကြားဓါတ်ကိုထိန်းထားခြင်းကဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုလျော့စေတဲ့အပြင်အဲဒီပြဿနာတွေပိုဆိုးမသွားအောင်လည်းကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေအနေနဲ့ကိုယ်ဝန်မဆောင်ခင်နဲ့ကိုယ်ဝန်ဆောင်နေစဉ်မလိုလားအပ်တဲ့ပြဿနာတွေကိုရှောင်နိုင်ဖို့အချက်လေးတွေပြောပြထားပါတယ်။ (၁) ကိုယ်ဝန်အတွက်ပြင်ဆင်ပါ ကိုယ်ဝန်မဆောင်ခင်ဆရာဝန်ကိုအရင်သွားတွေ့ပါ။ ဆရာဝန်ကသင့်မှာရှိတဲ့ဆီးချိုသွေးချိုအခြေအနေကိုအရင်ကြည့်ပြီးကိုယ်ဝန်ဆောင်သင့်မဆောင်သင့်နဲ့ သွေးတွင်းသကြားဓါတ် ဘယ်လိုထိန်းမလဲဆိုတာတွေဆွေးနွေးပြီးလိုအပ်ရင် ဆေးနည်းပြောင်းပါလိမ့်မယ်။ တကယ်လို့သင်ကအဝလွန်နေရင်ဆရာဝန်ကသင့်သွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ဖို့အဆင့်တစ်ခုအနေနဲ့ဝိတ်ချခိုင်းပါလိမ့်မယ်။   (၂) သင့်ဆရာဝန်ကို စောစောနဲ့မကြာခဏသွားတွေ့ပါ။ ကိုယ်ဝန်ဆောင်နေစဉ်ဆီးချိုသွေးချိုရှိတဲ့အမျိုးသမီးတစ်ဦးဟာသာမန်အမျိုးသမီးတွေထက်ဆရာဝန်ကိုမကြာခဏတွေ့ဖို့လိုပါတယ်။ သင်နဲ့သင့်ဆရာဝန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်မလိုလားအပ်တဲ့ပြသနာတွေကိုကာကွယ်နိုင်မှာပါ။   (၃) ကျန်းမာတဲ့အစားအစာတွေကိုစားပါ။ ဆီးချိုရှိသူတွေအတွက်စီစဉ်ထားတဲ့ကျန်းမာတဲ့အစားအသောက်တွေကိုသာစားပါ။ အာဟာရကျွမ်းကျင်ပညာရှင်ကသင့်ကိုကျန်းမာတဲ့အစားအစာတွေ ရွေးချယ်နိုင်ဖို့ကူညီပေးပါတယ်။ သူတို့ကသင်ကိုယ်ဝန်ဆောင်နေစဉ်သွေးတွင်းသကြားဓါတ်ကို ထိန်းနိုင်ဖို့လည်းကူညီပေးနိုင်ပါတယ်။   (၄) လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာကလည်းသင့်သွေးတွင်းသကြားဓါတ်ကိုထိန်းနိုင်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကအစာစားခြင်းကိုဟန်ချက်ညီစေပါတယ်။ သင့်ဆရာဝန်နဲ့ ဆွေးနွေးပြီး သင့်တော်တဲ့ လေ့ကျင့်ခန်းကိုကိုယ်ဝန်မဆောင်ခင် ၊ဆောင်နေစဉ်၊ဆောင်ပြီးလေ့ကျင့်ခန်းမှန်မှန်လုပ်နိုင်ပါမယ်။ တစ်ပတ်ကိုငါးရက်တစ်ရက်အနည်းဆုံးမိနစ်၃၀ လောက်လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းတွေကလမ်းအမြန်လျှောက်ခြင်း၊ ရေကူးခြင်း၊ကလေးတွေနဲ့ကစားခြင်းတွေပါဝင်ပါတယ်။   (၅) ဆေးနဲ့အင်ဆူလင် တွေကိုညွှန်ကြားထားတဲ့အတိုင်းသုံးပါ။ သင့်ဆရာဝန်ကဘသင့်ကိုဆေးနဲ့ အင်ဆူလင် တွေပေးထားတယ်ဆိုရင် သွေးတွင်းသကြားဓါတ်ထိန်းနိုင်ဖို့ညွှန်ကြားထားတဲ့အတိုင်းသုံးပါ။   (၆) သွေးတွင်းသကြားဓါတ်ကျခြင်းကိုလည်းထိန်းချုပ်ပြီးမြန်မြန်ကုပါ။ ဆီးချိုသွေးချိုကိုထိန်းရင်းကနေတစ်ခါတစ်လေသွေးတွင်းသကြားဓါတ် ကျသွားတတ်ပါတယ်။ သင်က ဆီးချိုကျဆေးနဲ့အင်ဆူလင်သုံးနေရသူဆိုရင်သကြားဓါတ်ပါဝင်တဲ့သကြားလုံး၊ကလူးကိုစ့် ဆေးပြားစတာတွေကိုဆောင်ထားသင့်ပါတယ်။ သင့်မိသားစုဝင်တွေနဲ့လုပ်ဖော်ကိုင်ဖက်တွေကိုတကယ်လို့သင် သွေးတွင်းသကြားဓါတ် အဆမတန်ကျသွားခဲ့ရင်ဘာလုပ်ပေးရမလဲဆိုတာပြောပြထားတာကလည်းအကြံကောင်းပါ။   (၇) သင့်သွေးတွင်းသကြားဓါတ်ကိုစောင့်ကြည့်တိုင်းတာပါ။ ကိုယ်ဝန်ဆောင်ခြင်းကလူခန္ဓါကိုယ်ရဲ့စွမ်းအင်လိုအပ်မှုကိုပြောင်းလဲစေတဲ့အတွက်သင့်သွေးတွင်းသကြားဓါတ်ကိုလည်းလျင်မြန်စွာပြောင်းလဲစေပါတယ်။ သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သွေးတွင်းသကြားဓါတ်ကိုမကြာခဏစစ်သင့်ပါတယ်။ ထိုရလဒ် အပေါ်မူတည်ပြီးသင်အစားဘယ်လိုစားရမလဲ ၊အင်ဆူလင်ဘယ်လိုသုံးရမလဲဆိုတာသိထားဖိုလည်းအရေးကြီးပါတယ်။ သင့်သွေးတွင်းသကြားဓါတ်ကတက်လိုက်ကျလိုက်လျင်မြန်စွာပြောင်းလဲနိုင်တာသိထားပါ။ သင်ဘာစားလဲ၊ လေ့ကျင့်ခန်းဘယ်လောက်လုပ်လဲစတာတွေအပြင်သင့်ဗိုက်ထဲကကလေးကပါသင့်သွေးတွင်းသကြားဓါတ်ကိုတစ်နေ့အကြိမ်များစွာပြောင်းလဲစေပါတယ်။


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ

ဆီးချိုရှိတဲ့သူဆိုရင်တော့ ဒီရောဂါအတွက် အမြဲသတိရှိသင့်ပါတယ်။ ခရီးတစ်ခု သွားရတော့မယ်ဆိုရင် ကျန်းမာအောင်နေထိုင်ဖို့နဲ့ ဆီးချိုကို ထိန်းချုပ်ဖို့အတွက် အစီအစဉ်တွေကို ကြိုတင် ပြုလုပ်သင့်ပါတယ်။ အစာစားချိန်တွေ ပြောင်းလဲတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အချိန်ကွာခြားမှုတွေဟာ ရောဂါထိန်းချုပ်မှုမှာ အရေးပါပါတယ်။ ဒါ့ကြောင့် ခရီးမသွားခင် အောက်ပါ အချက်တွေကို သိထားသင့်ပါတယ်။ ခရီးမသွားခင် ဆရာဝန်နဲ့ ပြပါ။ ခရီးမသွားခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။ ဆီးချိုထိန်းချုပ်ဖို့အတွက် အစီအစဉ် ဆွဲဖို့ အချိန်အလုံအလောက် ပေးဖို့လဲ လိုပါတယ်။ တကယ်လို့ လိုအပ်မယ်ဆိုရင် ခရီးမသွားခင် တစ်လလောက် အနည်းဆုံးကြိုပြီး ကာကွယ်ဆေးတွေ ထိုးသွားသင့်ပါတယ်။ ဒီကာကွယ်ဆေးတွေက သင့်ကို ဖျားနာစေတယ်ဆိုရင် ခရီးမစခင် ပြန်ကောင်းဖို့အတွက် အချိန်လိုအပ်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီးတဲ့အခါမှာ သင့်မှာ စာရွက်တစ်ရွက်နဲ့ အညွှန်းစာရွက်တစ်ရွက် ရလာပါလိမ့်မယ်။ စာကတော့ ဆီးချိုကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ အကြံဉာဏ်တွေ […]


အမျိုးအစား (၂) ဆီးချို

မျက်ကွင်းညိုခြင်းကို သက်သာစေဖို့ အသုံးပြုနိုင်သော အစားအစာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်မျက်လုံးအောက်မှာ ရှိတဲ့ အညိုရောင် နေရာကို “dark circles” (မျက်ကွင်းညိုခြင်း) လို့ခေါ်ပါတယ်။ ယောက်ျားရော မိန်းမရောမှာ မျက်ကွင်းညိုခြင်းဟာ သူတို့ရဲ့ ရုပ်ပန်းသွင်ပြင်ကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ အိပ်ရာထ နောက်ကျခြင်း၊ မျိုးရိုး၊ နေရောင်ခြည် ထိတွေ့ခြင်းနဲ့ ကွန်ပျူတာနဲ့ အလုပ်လုပ်ခြင်းအပါအဝင် မျက်ကွင်းညိုခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းရာများစွာရှိပါတယ်။ မျက်ကွင်းညိုခြင်းကို ကုသဖို့အတွက် အလှပြင်ပစ္စည်းတွေ၊ ဓါတုပစ္စည်းတွေနဲ့ သဘာဝ ကုသမှုတွေကို အသုံးပြုနိုင်ပါတယ်။ အခြေခံအစားအစာများမျက်ကွင်းညိုခြင်းကို ကုသဖို့အတွက် ဈေးကြီးတဲ့ ကုသမှုတွေသာမက အခြေခံကျတဲ့ အစားအစာတွေကိုလဲ သုံးစွဲနိုင်ပါတယ်။ ထိုအစားအစာတွေကို မီးဖိုချောင်မှာ အလွယ်တကူတွေ့ရှိနိုင်ပြီးတော့ ဈေးလည်း သက်သာပါတယ်။ ၁။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးမှာ မျက်ကွင်းညိုခြင်းကို ကုသဖို့ အရေးကြီးတဲ့ အာဟာရဓါတ်တစ်ခုဖြစ်တဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ ဗီတာမင်အေဟာ မျက်ကွင်းညိုခြင်းကိုဖြစ်စေတဲ့ မျက်စိရောဂါတွေဖြစ်တဲ့ မျက်လုံးခြောက်သွေ့ခြင်း […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါဖြစ်နိုင်ချေကို လျော့ချပေးသော အစားအစာများ

ဆီးချိုရောဂါကိုထိန်းချုပ်ခြင်း ဆီးချိုရောဂါကိုကာကွယ်ထိန်းချုပ်နိုင်ရန် အရေးပါဆုံးမှာကိုယ်အလေးချိန်လျော့ချရ်ဖြစ်သည်။ ရှိပြီး ခန္ဓါကိုယ်အလေးချိန် ၅% မှ ၁၀% တို့ကိုလျော့ချနိုင်ပါကသွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ရာတွင် အထောက်အကူပြုပြီးသွေးပေါင်ချိန်နှင့် သွေးတွင်းအဆီဓါတ်ကိုလည်းလျော့ကျစေပါသည်။ ကိုယ်အလေးချိန် လျော့ချခြင်းနှင့် ကျန်းမာစွာစားသုံးခြင်းသည် သင်၏စိတ်၊ စွမ်းဆောင်ရည်နှင့် နေထိုင်ကောင်းမှုအပေါ် အကျိုးသက်ရောက်မှု ရှိပါသည်။ သင့်တွင် ဆီးချိုရောဂါဖြစ်နေစေဦးတော့ ကောင်းသောပြောင်းလဲခြင်းပြုလုပ်ရန် နောက်မကျသေးပါ။ သင့်ကျန်းမာရေးအတွက် သင်ပြုလုပ်ရမည့်အရာသည် သင်တွေးထင်ထားသလောက် မခက်ခဲပါ။ ဝမ်းဗိုက်အဆီကို စောင့်ကြည့်ခြင်း ခန္ဓါကိုယ်ရှိအဆီသည် နေရာလိုက်၍ ကွဲပြားမှုရှိသည်။ ဝမ်းဗိုက်ရှိအဆီများလျှင် ထိုအဆီက ဝမ်းဗိုက်အတွင်း ကလီစာများနှင့် အသည်းတို့ကိုဖုံးအုပ်ထားသည့်အတွက် အခြားပေါင်၊ တင်ပါးတို့မှ အဆီနှင့်မတူပဲဆီးချိုရောဂါဖြစ်နိုင်ခြေကိုတိုးမြင့်စေသည်။ ထိုမှတစ်ဆင့် အင်ဆူလင်ဟော်မုန်းကိုတုန့်ပြန်မှုလျော့ကျလာပြီးဆီးချိုရောဂါကို ဖြစ်စေနိုင်သည်။ အမျိုးသမီးတစ်ဦးအတွက် ခါး( လုံးပတ် ) ၃၅ လက်မနှင့်အထက်ရှိလျှင်၊ အမျိုးသားတစ်ဦးအတွက် ခါး ( လုံးပတ် ) ၄၀ လက်မနှင့် အထက်ရှိလျှင် ရောဂါဖြစ်နိုင်ခြေရှိပါသည်။ ဆိုဒါပါသောအချိုရည်များ၊ အားဖြည့်အချိုရည်များ၊ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုကြောင့် သွေးအတွင်းသကြားဓါတ်နည်းခြင်း

သွေးအတွင်းသကြားဓါတ်နည်းခြင်းဆိုတာဟာကိုယ်ခန္ဓါထဲကသကြားဓါတ်ဟာ 70mg/dl အောက်ကိုအများကြီးလျော့နည်းသွားတာပါ။ အဲဒီအတိုင်းအတာ သို့မဟုတ် အဲဒီအောက်ထက် လျော့နည်းမယ်ဆိုရင် ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဆေးပညာမှာတော့ သွေးတွင်းသကြားဓါတ်လျော့နည်းခြင်းကို hypoglycemia လို့ ခေါ်ပါတယ်။     Hypoglycemia ဆိုတာဘာလဲ Hypoglycemia ဆိုတာသွေးထဲမှာရှိတဲ့ ဂလူးကို့စ် ဓါတ်ဟာပုံမှန်ထက်လျော့ကျသွားတဲ့အခါ ဖြစ်လာတတ်တဲ့ သွေးတွင်းသကြားဓါတ်နည်းခြင်းသို့မဟုတ် သွေးတွင်းဂလူးကို့စ်ဓါတ်နည်းခြင်းပါပဲ။ Hypoglycemia ဟာရုတ်တရက် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် မစိုးရိမ်ရပါဘူး။ သကြားဓါတ် ကြွယ်ဝသော အစားအသောက်တစ်ခုခုကို မြန်မြန်စားခြင်း ဖြင့် အလွယ်တကူကုသနိုင်ပါတယ်။ မကုဘဲနေရင်တော့ hypoglycemia ဟာပိုဆိုးလာပြီးသတိလွတ်တတ်ခြင်း၊ လှုပ်ရှားသွားလာခက်ခဲခြင်း၊ သတိလစ်သွားခြင်းစတဲ့ အခြေအနေတွေ ဖြစ်စေတတ်ပါတယ်။ Hypoglycemia အရမ်းဆိုးသွားရင် တက်ခြင်း၊ ကြာမြင့်စွာသတိမေ့မျောသွားခြင်းအပြင် အသက်အန္တရာယ်နဲ့ပါ ရင်ဆိုင်နိုင်ပါတယ်။     Hypoglycemia ဘာကြောင့်ရတတ်သလဲ Hypoglycemia ဘာကြောင့်ရတတ်သလဲသိမထားခင် ကိုယ်တွင်းမှာဂလူးကို့စ်ရဲ့ ဇီဝဖြစ်ပျက်မှု ပြုလုပ်ပုံကိုသိသင့်ပါတယ်။     ဂလူးကို့စ်၏ ဇီဝဖြစ်ပျက်မှု ဂလူးကို့စ်ဟာကိုယ်ခန္ဓါအတွက် အရေးကြီးတဲ့ စွမ်းအင်ရင်းမြစ်ဖြစ်ပြီးအစားအစာကနေရရှိပါတယ်။ ကစီဓါတ်ဟာဂလူးကို့စ်အတွက် အဓိကရင်းမြစ်ပါပဲ။ ကစီဓါတ်များတဲ့ အစားအစာတွေကတော့ ဆန်၊ အာလူး၊ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ) ကဘာလဲ။ ဆီးချိုရှိသူတွေဟာ အမျိုးမျိုးသော ခြေထောက်အနာနဲ့ ပတ်သက်တဲ့ ပြသနာပေါင်းစုံ ဖြစ်လာနိုင်ပါတယ်။ ရိုးရိုးထိခိုက်ဒဏ်ရာ သေးသေးကနေ ပိုဆိုးလာကာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြသနာတွေဆီကို ဦးတည်နိုင်ပါတယ်။ ခြေထောက်အနာတွေဟာ ဆီးချိုကြောင့်ဖြစ်တဲ့ neuropathy လို့ခေါ်တဲ့ အာရုံကြောထိခိုက်မှုခံစားရတဲ့အခါ အများဆုံး ဖြစ်တတ်ပါတယ်။ အမှန်မှာတော့ ဒီအနာတွေဟာ နာကျင်ပေမယ့် အာရုံကြောတွေ ထိခိုက်ထားတဲ့အတွက်ကြောင့် သင့်ရဲ့နာမှု၊အေးမှု၊ ပူမှုစတာတွေကို ခံစားနိုင်စွမ်းလျော့နည်းလာတာ ဖြစ်ပါတယ်။ ခံစားမှုမသိတော့ခြင်းဆိုတာ သင့်ခြေထောက်မှာ ဒဏ်ရာရနေတာကို မသိတာဖြစ်ပါတယ်။ သင်ဟာ သင့်ဖိနပ်မှာဝင်နေတဲ့ ခဲလုံး၊ သံမှိုစတာတွေကို မခံစားမိပဲ ဒီဖိနပ်နဲ့ပဲ တစ်နေ့လုံး လျှောက်သွားနေမိနိုင်ပါတယ်။ သင့်ခြေထောက်မှာ အရည်ကြည်ဖုဖြစ်လာရင်တောင် သင်ခံစားမိမှာမဟုတ်ပါဘူး။ သင့်ခြေထောက်အရေပြား ပေါက်ပြဲပြီး ပိုးဝင်သည်ထိ သင်သတိမထားမိတာ ဖြစ်နိုင်ပါတယ်။ အာရုံကြောပျက်စီးခြင်းဟာ သင့်ရဲ့ ခြေဖဝါးတွေ ခြေချောင်းတွေ ပုံစံပြောင်းသွားတဲ့ထိလည်း […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု) ကဘာလဲ။ ဒီရောဂါဟာ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆီးချိုရောဂါကြောင့် ခန္ဓါကိုယ်ကနေ ketone လို့ခေါ်တဲ့ အက်ဆစ်ဓါတ်တွေ သွေးထဲမှာ အများအပြားထုတ်တဲ့အခါ diabetic ketoacidosis လက္ခဏာတွေကို ခံစားရပါတယ်။ သင့်ခန္ဓါကိုယ်က ဆဲလ်တွေစွမ်းအင်ရဖို့အတွက် ဂလူးကို့စ်သကြားဓါတ်ကို စုပ်ယူဖို့ လိုအပ်ပါတယ်။ ဒီလိုစုပ်ယူဖို့ရာ လုံလောက်တဲ့ အင်ဆူလင်ကို သင့်ခန္ဓါကိုယ်က ထုတ်ဖို့လိုအပ်ပြီး ဆီးချိုရောဂါကြောင့် မထုတ်နိုင်တဲ့အခါ ဒီရောဂါကို ခံစားရပါတယ်။ Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ဆီးချိုရောဂါ အမျိုးအစား(၁) ရှိသူမှာရော အမျိုးအစား(၂)ရှိသူမှာပါ အဖြစ်များပါတယ်။ မိမိကိုယ်ကို ဆီးချိုရောဂါရှိမှန်း သတိမထားမိသူတွေမှာလည်း တစ်ခါတစ်ရံ ခံစားရတတ်ပါတယ်။ လူငယ်တွေနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း