ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုကြောင့် ကိုယ်ဝန်ဆောင်စဉ် ကြုံရသော ပြဿနာများ

ဆီးချိုကြောင့် ကိုယ်ဝန်ဆောင်စဉ် ကြုံရသော ပြဿနာများ အမျိုးအစား (၁) သို့ (၂) ဆီးချိုရောဂါရှိသူ ကိုယ်ဝန်ဆောင်တွေမှာ သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းမထိန်းချုပ်နိုင်ရင် အမေအတွက်ရော ကလေးအတွက်ပါ ပြဿနာရှိပါတယ်။   မွေးရာပါချို့ယွင်းချက်များ ကလေးရဲ့ အင်္ဂါအစိတ်အပိုင်းများဟာ အမျိုးသမီးအနေနဲ့ ကိုယ်ဝန်ရှိမှန်းတောင် မသိနိုင်သေးခင် ကိုယ်ဝန်ပထမဆုံး၂လမှာမှာ စတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မိခင်ရဲ့ သွေးတွင်းသကြားပမာဏကို မထိန်းနိုင်ရင် ကလေးရဲ့အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေပြီး ဖွံ့ဖြိုးဆဲကလေးမှာ ဦးနှောက်၊ ကျောရိုးနဲ့ နှလုံးမှာ ချို့ယွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်။   ကလေးအလွန်ထွားခြင်း ဆီးချိုကို ကောင်းစွာမထိန်းနိုင်တဲ့အခါ ကလေးရဲ့သွေးတွင်း သကြားဓာတ်ကိုပါ မြင့်တက်စေပါတယ်။ အဲ့ဒီအခါ ကလေးဟာ အလွန်ကြီးထွားလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလတွေမှာ မိခင်အနေနဲ့ သက်တောင့်သက်သာမရှိ ဖြစ်တတ်ပါတယ်။ မီးဖွားချိန်မှာလည်း ကလေးကိုရော မိခင်ကိုပါ အခက်အခဲဖြစ်စေပါတယ်။ မိခင်အနေနဲ့ ခွဲစိတ်မွေးဖွားမှု လိုအပ်လာနိုင်ပါတယ်။ ရိုးရိုးမွေးဖွားစဉ်မှာ ကလေး ပုခုံးဟာ အဖိခံရတာကြောင့် အာရုံကြောထိခိုက်မှု ဖြစ်တတ်ပါတယ်။   ခွဲစိတ်မွေးဖွားခြင်း C-Section […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုစစ်ဆေးခြင်း - ကီတုန်း (ketone) စစ်ဆေးခြင်း

ဆီးချိုရောဂါဆိုတာသင့်ခန္ဓါကိုယ်ကလုံလောက်တဲ့ အင်ဆူလင်ကိုမထုတ်နိုင်တာ၊ အင်ဆူလင်ကိုအသုံးမပြုနိုင်တာ၊ ဒီနှစ်မျိုးစလုံးဖြစ်တာစတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ ပန်ခရိယကနေထုတ်တဲ့ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းဟာဆဲလ်တွေ ဂလူးကို့စ်ကိုသွေးထဲကစုပ်ယူပြီးစွမ်းအင် ရရှိစေဖို့ ကူညီပေးပါတယ်။ ဆီးစစ်တာကိုဆီးချိုရောဂါ နာမည်တပ်ဖို့ အသုံးမပြုပေမယ့် လူတယောက်ရဲ့ ဆီးထဲမှာကီတုန်းဓါတ် (ketones) ဘယ်လောက်ရှိလဲတိုင်းတာပြီးဆီးချိုအခြေအနေကိုစောင့်ကြည့်လေ့ရှိပါတယ်။   ဆီးချိုအကြောင်း အမျိုးအစား (၁) နဲ့ အမျိုးအစား (၂) ဆီးချိုဆိုပြီးအဓိက နှစ်မျိုးရှိပါတယ်။ အမျိုးအစား (၁) ဆီးချိုကတော့ ကိုယ်ခံအားစနစ်ဟာအင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ ဆဲလ်တွေကိုဖျက်ဆီးတာကြောင့် ကိုယ်ခန္ဓါကနေအင်ဆူလင်ထွက်တာနည်းပြီး ဖြစ်ရခြင်းပါပဲ။ ဒီအမျိုးအစားဟာကလေးအရွယ်တွေမှာ ဖြစ်တတ်ပါတယ်။ အမျိုးအစား (၂) ကတော့ ကိုယ်ခန္ဓါဟာအင်ဆူလင်ကိုထိရောက်စွာမသုံးနိုင်လို့ ဖြစ်ရတာပါ။ ဒီအခြေအနေကိုအင်ဆူလင်ခုခံခြင်းလို့ ခေါ်ပါတယ်။ ဆဲလ်တွေဟာသွေးထဲကနေဂလူးကို့စ်ဓါတ်ကိုမယူနိုင်တော့ပါဘူး။ ဒီအမျိုးအစားဟာပခရိယကနေအင်ဆူလင်ကိုလုံလုံလောက်လောက် မထုတ်နိုင်တော့တဲ့အခါ တဖြည်းဖြည်းပိုဆိုးလာတတ်ပါတယ်။ အမျိုးအစား (၂) ဆီးချိုဟာကိုယ်အလေးချိန်များတာ၊ အထိုင်အထ လှုပ်ရှားမှုနည်းတာတွေနဲ့ ဆက်စပ်နေပါတယ်။ ကီတုန်းဆိုတာဘာလဲ အမျိုးအစား (၁) ဆီးချိုမှာကိုယ်ခန္ဓါဟာစွမ်းအင်အနေနဲ့ ဂလူးကို့စ်ဓါတ်ကိုလုံလောက်စွာမရတဲ့အခါ အဆီတွေကိုလောင်ကျွမ်းစေပါတယ်။ အင်ဆူလင် […]


အမျိုးအစား (၁) ဆီးချို

ဆီးချိုအမျိုးအစား (၁) အတွက် မျှတသော အစားအသောက်ပုံစံ

ကစီဓါတ်စားသုံးမှုနဲ့ အင်ဆူလင်နဲ့ မျှတတဲ့ စားသောက်မှုကို ပြုခြင်းဟာ အမျိုးအစား (၁) ဆီးချို ရောဂါသည်တွေအတွက် မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။ ဆီးချိုစာ။ ကစီဓါတ်ဟာ အဓိကဖြစ်ပါတယ်။ ကစီဓါတ်ဟာ ပရိုတိန်းနဲ့ အဆီဓါတ်တွေနဲ့စာရင် ဆီးချိုရောဂါကို ပိုပြိး အကျိုးသက်ရောက်ပါတယ်။ အမျိုးအစား (၁) ရောဂါမှာ ခန္ဓါကိုယ်ဟာ သွေးထဲကသကြားဓါတ်ကို မယူနိုင်တော့ပါဘူး။ အဲဒီအခါ သွေးထဲက သကြားဓါတ်ဟာ မြင့်တက်လာပါတယ်။ ဒါကို မကုသရင်၊ ကစီဓါတ်ပါတာတွေ စားနေရင် သကြားဓါတ်ဟာ ပိုပြီး မြင့်တက်လာနိုင်ပါတယ်။ အမျိုးအစား (၁) ဆီးချိုရောဂါသည်ဟာ သွေးထဲက သကြားဓါတ်ကို ထိန်းပေးတဲ့ အင်ဆူလင်ဟော်မုန်းကို နေ့စဉ် လိုအပ်ပါတယ်။ ဆီးချိုရောဂါကုသတဲ့ အဓိကရည်မှန်းချက်တခုကတော့ သွေးတွင်းသကြားဓါတ်ကို ပုံမှန်အနေအထားနဲ့ အနီးစပ်ဆုံး ထိန်းထားနိုင်ဖို့ပါပဲ။ ဘယ်လိုလုပ်ရမလဲဆိုရင် သင်စားနေတဲ့ ကစီဓါတ်ကို ဂရုစိုက်ပြီး တွက်ဆပေးဖို့ပါပဲ။ ကစီဓါတ်တွက်ဆဖို့ ၂ခု […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါစစ်ဆေးခြင်း- Autoantibodies စစ်ဆေးခြင်း အမေးအဖြေများ

ဘယ်အချိန်မှာစစ်ဆေးရမလဲ သင့်အနေနဲ့ ဆီးချိုရှိနေကြောင်းပထမဆုံးသိလိုက်ရတဲ့အခါ သင့်ဆီးချိုရောဂါဟာမိမိခန္ဓါကိုယ်ကဆဲလ်များကို ပြန်တိုက်တဲ့ ကိုယ်ခံအားစနစ်ချို့ယွင်းမှုရောဂါနဲ့ ဆက်စပ်နေသလားသိလိုတဲ့အခါ၊ သင်ဟာဆီးချိုရောဂါသည်ဖြစ်ပြီးအစားအစာ၊ ဆေးဝါးများနဲ့ ကုသနေပေမယ့် သွေးတွင်းသကြားဓါတ်ကိုပုံမှန် (သို့) ပုံမှန်နားရောက်အောင် မထိန်းနိုင်တဲ့အခါ၊ အမျိုးအစား (၂) ဆီးချို အစားအမျိုးအစား (၁) ဆီးချိုဖြစ်နေတယ်လို့ သံသယရှိတဲ့အခါ စစ်ဆေးရပါမယ်။   ဆီးချိုနဲ့ဆက်စပ်တဲ့ autoantibodies စစ်ဆေးနည်းတွေထဲကအသုံးများတဲ့စစ်ဆေးနည်း ၄မျိုးကတော့ အောက်ပါအတိုင်း ပါဝင်ပါတယ်။ Islet Cell Cytoplasmic Autoantibodies စစ်ဆေးနည်း (ICA) Glutamic Acid Decarboxylase Autoantibodies စစ်ဆေးနည်း (GADA) Insulinoma-Associated-2 Autoantibodies စစ်ဆေးနည်း (IA-2A) Insulin Autoantibodies စစ်ဆေးနည်း (IAA) ဆီးချိုရောဂါအားလုံးရဲ့ ၅ရာခိုင်နှုန်းဟာအမျိုးအစား (၁) ဆီးချိုဖြစ်ပြီးအများစုဟာအသက် ၂၀ အောက် အရွယ်တွေမှာတွေ့ရတတ်ပါတယ်။ ဆီးချိုရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါစစ်ဆေးခြင်း -သွေးတွင်းဂလူးကို့စ်ဓါတ်စစ်ဆေးခြင်း

သွေးတွင်းဂလူးကို့စ်ဓါတ် စစ်ဆေးခြင်းကို ဆီးချိုရောဂါ နဲ့အကြိုဆီးချိုရောဂါ ရှိမရှိ သိအောင် စစ်ဆေးပါတယ်။     သွေးတွင်းဂလူးကို့စ်ဓါတ် စစ်ဆေးခြင်း သင့်သွေးထဲမှာရှိတဲ့ ဂလူးကို့စ်ပမာဏကို စစ်ဆေးတာဖြစ်ပါတယ်။ သကြားလို့ခေါ်တဲ့ ဂလူးကို့စ်ဓါတ်ဟာ သင့်ကိုယ်ခန္ဓါရဲ့ အဓိကစွမ်းအင်ရင်းမြစ်ပါပဲ။ သင့်ရဲ့ ကိုယ်ခန္ဓါဟာ သင်စားလိုက်တဲ့ ကစီဓါတ်တွေကို ဂလူးကို့စ်အနေနဲ့ ပြောင်းလဲပေးပါတယ်။ ဂလူးကို့စ်စစ်ဆေးခြင်းကို အမျိုးအစား (၁)၊ (၂) ဆီးချိုရောဂါနဲ့ ကိုယ်ဝန်ဆောင်ကာလ ဆီးချိုရောဂါတွေအတွက် ကနဦး စစ်ဆေးဖို့ သုံးပါတယ်။ ဆီးချိုရောဂါဆိုတာ သင်ရဲ့ သွေးထဲကဂလူးကို့စ်ဓါတ်ကို မြင့်တက်စေပါတယ်။ ကျန်းမာသူတွေမှာတော့ သူတို့ရဲ့ ဂလူးကို့စ်ပမာဏကို အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးနဲ့ ထိန်းသိမ်းထားပါတယ်။   ဒါပေမယ့် ဆီးချိုဖြစ်လာရင်တော့ သင့်ကိုယ်ခန္ဓါဟာ အင်ဆူလင်လုံလောက်အောင် မထုတ်နိုင်တာ ဒါမှမဟုတ် အင်ဆူလင်ဟာ ကောင်းစွာ အလုပ်မလုပ်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် သင့်သွေးထဲမှာ ဂလူးကို့စ်ဓါတ် မြင့်တက်လာနိုင်ပါတယ်။ ဒါကို မကုဘဲနေရင် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တစ်ခါတလေမှာ ဂလူးကို့စ်ဓါတ်စစ်ဆေးတာကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ချေမြင့်စေသော အရာများ

ဆီးချိုဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ သင့်ဆီမှာ ဖြစ်နိုင်ခြေရှိမရှိ သိရအောင် အောက်ပါအချက်တွေကို မှတ်သားဖတ်ရှုနိုင်ပါတယ်။   အမျိုးအစား (၁) ဆီးချိုရောဂါ သုတေသနပြုချက်များအရ အမျိုးအစား (၁) ဆီးချိုရောဂါ အကြောင်းကို တိကျစွာမသိရပေမယ့် ဖြစ်နိုင်ခြေမြင့်တက်စေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ မိသားစုရာဇဝင်။ သင့်ရဲ့ မိဘနဲ့ မွေးချင်းတွေမှာရှိရင် သင့်မှာ ဖြစ်နိုင်ခြေမြင့်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေ ကိုယ်ခံအားဆဲလ်များ ပျက်စီးခြင်း။ မိမိကိုယ်ကို တိုက်ထုတ်တဲ့ ခုခံပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာတော့ သူတို့ကြောင့် ဆီးချို မဖြစ်တတ်ပါဘူး။ စားသောက်မှုပုံစံ။ နွားနို့ကို စောစီးစွာ စသောက်ဖူးခြင်း၊ ဗီတာမင်ဒီ စားသုံးမှု နည်းခြင်း၊ အသက်လေးလမတိုင်မီ အစေ့အဆန်များ ကျွေးခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာတွေဟာ အမျိုးအစား (၁) ဆီးချိုနဲ့ တိုက်ရိုက် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုသွေးချိုရောဂါ - အမျိုးသားများတွင်ဖြစ်သောလက္ခဏာများ

ဆီးချိုရောဂါဆိုတာသင့်ခန္ဓါကိုယ်ကလုံလောက်တဲ့ အင်ဆူလင်ကိုမထုတ်နိုင်တာ၊ အင်ဆူလင်ကိုအသုံးမပြုနိုင်တာ၊ ဒီနှစ်မျိုးစလုံးဖြစ်တာစတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ သွေးထဲကသကြားဓါတ်ဟာအမြဲတက်နေတတ်ပြီးမထိန်းချုပ်ဘဲနေရင် နောက်ဆက်တွဲတွေ ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲဖြစ်နိုင်ခြေတွေဟာဆိုးရွားတတ်ပါတယ်။ ကောင်းတဲ့အချက်ကဒီပြသနာတွေကို ကြိုတင်ကာကွယ်ပြီးသတိထားဂရုပြုပြီးကုသနိုင်ပါတယ်။   ဆီးချိုရောဂါ၏ အစောပိုင်းလက္ခဏာများ အစောပိုင်းလက္ခဏာတွေဟာသိပ်မပြင်းထန်တာမို့ သတိမထားမိတတ်ပါဘူး။ အောက်ပါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ကိုယ်အလးချိန်ကျခြင်း (ပုံမှန်စားနေလျက်) မကြာခဏဆီးသွားခြင်း အမြင်မကြည်လင်ခြင်း ပုံမှန်မဟုတ်ဘဲမောပန်းနွမ်းနယ်ခြင်း လက်နှင့်ခြေထောက်ထုံကျင်ခြင်း ဒီအဆင့်မှာဆီးချိုကိုမကုဘဲထားရင် နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။ လိင်အင်္ဂါတောင့်တင်းမှုမရှိခြင်း။ လိင်အင်္ဂါ တောင့်တင်းလာမှုမရှိဘဲ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာဟာသွေးတိုးခြင်း၊ စိတ်ဖိအားများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးဝါးများသောက်သုံးနေရခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးလည်ပတ်မှုနဲ့ အာရုံကြောရောဂါစတဲ့ ကျန်းမာရေးအခြေအနေမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးချိုရှိသူအမျိုးသားများဟာဒိပြသနာရှိနိုင်ခြေများပါတယ်။ ဆီးချိုရှိသူ ၂၀ ကနေ ၇၅ ရာခိုင်နှုန်းလောက်အထိ ဖြစ်တတ်ပါတယ်။ တကယ်လို့သင့်မှာဒီပြသနာရှိနေရင် ဆီးချိုကို ဖြစ်နိုင်ခြေအနေနဲ့ စဉ်းစားရပါမယ်။ အလိုအလျောက်အာရုံကြောစနစ် ပျက်စီးခြင်းဒီပျက်စီးမှုကနေလိင်ပိုင်းဆိုင်ရာ ပြသနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ အမျိုးသားလိင်အင်္ဂါထဲကသွေးကြောနဲ့ အာရုံကြောတွေကိုပျက်စီးစေရင်လိင်အင်္ဂါတောင့်တင်းမှု မရှိတဲ့ပြသနာ […]


အမျိုးအစား (၂) ဆီးချို

ဘယ်သူတွေက ကျွန်တော့်ဆီးချိုသွေးချိုရောဂါကို စစ်ဆေးဖို့သင့်တော်တဲ့ကျွမ်းကျင်သူတွေလဲ

ဘယ်သူတွေက ကျွန်တော့်ဆီးချိုကို စစ်ဆေးဖို့သင့်တော်တဲ့ ကျွမ်းကျင်သူတွေလဲ ? ဆီးချိုကိုပြုစုကုသပေးတဲ့ကျန်းမာရေးကျွမ်းကျင်သူတွေအများကြီးရှိပါတယ်။ တော်တော်များများကတော့သူတို့ရဲ့ပင်တိုင်ဆရာဝန်နဲ့ပဲ ပြုစုကုသ စောင့်ကြည့်ကြပေမယ့် တချို့ကတော့ ဆရာဝန်များစွာဆီမှာ သူတို့အခြေအနေကို စောင့်ကြည့်စေပါတယ်။ သင်ဟာဆီးချိုကိုစဖြစ်နေပြီ၊လကဏာတွေခံစားနေရပြီဆိုရင် သင့်ရဲ့ဆရာဝန်ကို စစ်ဆေးမှုတွေလုပ်ဖို့ပြောပါ။ အောက်မှာပြောပြသွားမှာကတော့ကွဲပြားခြားနားတဲ့ဆရာဝန်တွေ ကျွမ်းကျင်သူတွေက ဆီးချိုကို ဘယ်လိုပြုစုကုသနိုင်လဲ ဆိုတာပါပဲ။ Primary Care Physician သင်အသက်ကြီးလာတာနဲ့အမျှ သင့်ဆရာဝန်ဆီမှာ ပုံမှန်ဆေးစစ်ခြင်းက သင့်ဆီးချိုကို စောင့်ကြည့်နိုင်ပါတယ်။ သင့်ရဲ့ ရောဂါလကဏာတွေအပေါ် မူတည်ပြီးသင့်ဆရာဝန်က သင့်ကိုဆီးစစ်ခြင်း သွေးစစ်ခြင်းတွေလုပ်စေနိုင်ပါတယ်။ သင့်မှာဆီးချိုရှိနေပြီဆိုရင်တော့ သင့်ဆရာဝန်က သင့်ကိုကုသမှုတွေပေပြီးသင့်ရဲ့အခြေအနေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားမှာပါ။ သင့်အနေနဲ့အထူးကုဆရာဝန်နဲ့ ပိုပြီးကုသချင်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒါကြောင့်သင့်ရဲ့ပင်တိုင်ဆရာဝန်ကလည်းသင့်ရဲ့ရောဂါအခြေအနေကိုပြုစုကုသတဲ့အထဲမှာ တစ်စိတ်တစ်ဒေသပါဝင်ပါတယ်။ ဟော်မုန်းဗေဒဆရာဝန် ဆီးချိုအမျိုးအစား (၁) ကသရက်ရွက်ရဲ့ရောဂါဖြစ်ပြီး အဲဒီသရက်ရွက်က ဟော်မုန်းစနစ်ထဲမှာပါဝင်ပါတယ် ။ ဟော်မုန်းဗေဒဆရာဝန်ဆိုတာကတော့ အဲဒီသရက်ရွက်နဲ့ဆိုင်တဲ့ရောဂါတွေကို အဖြေရှာပြုစုကုသပေးတဲ့ဆရာဝန် ဖြစ်ပါတယ်။ တစ်ခါတစ်လေဆီးချိုအမျိုးအစား (၂)က ထိန်းချုပ်ရခက်နေရင်လည်းဟော်မုန်းဗေဒဆရာဝန်ကိုလိုကောင်းလိုလာပါလိမ့်မယ်။ မျက်စိဆရာဝန် မျက်စိအတွင်းတိမ်၊ရေတိမ်၊ မျက်ကြည်လွှာထိခိုက်ခြင်းစတဲ့အခြေအနေတွေကဆီးချိုကြောင့်ဖြစ်တာများပါတယ်။ သင့်အနေနဲ့ ဒီလိုဖြစ်နိုင်ခြေရှိတဲ့ ဆိုးရွားတဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုကျဆေးတွေက မုန့်ချိုအိတ်ကင်ဆာ ဖြစ်စေနိုင်သလား

ဆီးချိုရောဂါဟာ မုန့်ချိုအိတ်ကင်ဆာကို ဖြစ်စေနိုင်သလား မုန့်ချိုအိတ်ဆိုတာဘာလဲ မုန့်ချိုအိတ်ဆိုတာ အစာအိမ်ရဲ့နောက်ပိုင်း၊ နံရိုးအိမ်ထဲမှာ ရှိတဲ့ သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ သူ့မှာ တာဝန်၂ခု ရှိပါတယ်။ အစာခြေဖို့ အစာခြေပစ္စည်းတွေထုတ်ပေးခြင်းနဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိဖို့ ဟော်မုန်းထုတ်ခြင်းပဲ ဖြစ်ပါတယ်။   မုန့်ချိုအိတ်ကင်ဆာဆိုတာဘာလဲ မုန့်ချိုအိတ်ထဲမှာ ပုံမမှန်တဲ့ တစ်သျှူးတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ လျင်မြန်စွာဖြစ်ပေါ်တတ်ပြီး ဖြစ်ခါစမှာ သိတာရှားပါတယ်။ မုန့်ချိုအိတ်ကင်ဆာ လက္ခဏာဟာ အဆင့်သိပ်မကြီးလာခင် မပြတတ်ပါဘူး။   ဆီးချိုဆေးတွေဟာ မုန့်ချိုအိတ်ကင်ဆာဖြစ်စေသလား အမျိုးအစား (၂) ဆီးချိုရောဂါကုတဲ့ နေရာမှာသုံးတဲ့ incretin mimetics အုပ်စုဝင် ဆေးအသစ် ၂မျိုးကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Glucagon-like peptide – 1 (GLP – 1) agonist (exenatide ကဲ့သို့) နဲ့ dipeptidyl peptidase – 4 inihibitors […]


အမျိုးအစား (၂) ဆီးချို

Metformin (မက်ဖော်မင်) ဆေးဟာ သိုက်းရွိုက်ဂလင်းကို ဒုက္ခပေးသလား

Metformin ဆေးဟာ သိုက်းရွိုက်ဂလင်းကို ဒုက္ခပေးလား Metformin ဆိုတာဘာလဲ Metformin ဆိုတာ အမျိုးအစား (၂) ဆီးချိုရောဂါကိုသဖို့ တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ ဆေးပဲဖြစ်ပါတယ်။ အင်ဆူလင်နဲ့ဖြစ်စေ၊ အခြား အမျိုးအစားနဲ့ဖြစ်စေ တွဲသုံးနိုင်ပေမယ့် အမိုးအစား (၁) အတွက်ကိုတော့ မသုံးနိုင်ပါဘူး။ Metformin ဟာ အသည်းကနေ ဂလူးကို့စ်ထုတ်တာကို ကျစေပြီး သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးနိုင်ပါတယ်။   သိပ်အလုပ်မလုပ်တဲ့ သိုင်းရွိုက်ဆိုတာ ဘာလဲ သိုင်းရွိုက်ဂလင်းဟာ သင့်လည်ပင်းရဲ့ လေပြွန်ရှေ့ပိုင်းမှာ လိပ်ပြာပုံစံ တည်ရှိပြီး ဟော်မုန်းအချို့ကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းတွေဟာ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုတွေ (အစာကို စွမ်းအင်အဖြစ်ပြောင်းခြင်း) ကို ပုံမှန်ဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။ Triiodothyronine (T3) နဲ့ Thyroxine (T4) လို့ ခေါ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ ဒီဟော်မုန်းတွေကို အလုံအလောက် မထုတ်နိုင်တော့ရင် ကိုယ်ခန္ဓါရဲ့ လုပ်ငန်းတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း