ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါ၏ သက်ရောက်မှုများ

ဆီးချိုဆိုတာဘာလဲ ။ ဆီးချိုဆိုတာက ရောဂါအုပ်စုတစ်မျိုးဖြစ်ပြီး သူကလူ့ခန္ဓါကိုယ်ရဲ့အင်ဆူလင်ထုတ်လုပ်မှုနဲ့ အသုံးပြုမှုအပေါ်ဆိုးကျိုးပေးတဲ့ ရောဂါဖြစ်ပါတယ်။ အင်ဆူလင်ဆိုတာက ကိုယ်ထဲက glucose (ဂလူးကိုစ့်)တွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးတဲ့ ဟော်မုန်းပါ။ ဆီးချိုကို ထိန်းချုပ်လို့ရတယ်ဆိုပေမယ့် ဆီးချိုကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ကျောက်ကပ်ရောဂါတို့ ဖြစ်လာနိုင်ပါတယ်။ လူခန္ဓါကိုယ်အပေါ်ဆီးချိုရဲ့သက်ရောက်မှုများ ဟော်မုန်းစနစ်၊အညစ်အကြေးစွန့်စနစ်နဲ့အစာချေစနစ် သင့်ရဲ့ မုန့်ချိုအိတ်က အင်ဆူလင်တွေကို ထုတ်ပေးပြီး သကြားဓါတ်တွေကနေ စွမ်းအင်ထုတ်ဖို့ ကူညီပေးပါတယ်။ တကယ်လို့ သင်မုန့်ချိုအိတ်က အင်ဆူလင်ကို နည်းနည်း ဒါမှမဟုတ် လုံးဝမထုတ်ခဲ့ရင်၊ သင့်ရဲ့ခန္ဓါကိုယ်က အသုံးမပြုနိုင်ခဲ့ရင် တခြားဟော်မုန်းတွေက အဆီတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပါလိမ့်မယ်။ ဒါက အဆိပ်အတောက်များစွာကို ဖန်တီးပါလိမ့်မယ်။ ဥပမာ - အက်ဆစ် တွေ၊ ကီတုန်း(ketone) တွေ၊ဒါတွေက ဆီးချိုကြောင့် ကီတုန်းပမာဏများပြားခြင်းဆိုတဲ့ အခြေအနေကို ရောက်သွားစေပါတယ်။ ဒါက လုံးဝရှုပ်ထွေးသွားနိုင်တဲ့ ရောဂါပါ။ ရောဂါလက္ခဏာတွေကတော့ ရေအရမ်းငတ်ခြင်း၊ […]


အမျိုးအစား (၁) ဆီးချို

ဆီးချိုသွေးချိုအမျိုးအစား (၁) အကြောင်း

ဆီးချိုသွေးချို အမျိုးအစား (၁)ဆိုတာဘာလဲ ? ဆီးချိုသွေးချို အမျိုးအစား (၁)က သင့်ရဲ့ကိုယ်ကိုအစားအစာတွေဆီက စွမ်းအင်ယူလို့မရအောင် ဟန့်တားတဲ့နာတာရှည်ရောဂါတစ်မျိုးပါ။ လူရဲ့ခန္ဓါကိုယ်က အင်ဆူလင်အလုံအလောက်မထုတ်တဲ့အခါ ဖြစ်လာပါတယ်။ အင်ဆူလင်က သွေးထဲကရတဲ့သကြားဓါတ်ကို ထိန်းချုပ်တာကြောင့် မရှိမဖြစ်ကို လိုအပ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေက သွေးထဲမှာသကြားဓါတ်အများအပြားရှိပြီး ဆဲလ်တွေဆီ အဲဒီသကြားဓါတ်တွေကို အလုံအလောက် မထောက်ပံ့နိုင်ပါဘူး။ ဆီးချိုသွေးချို အမျိုးအစား (၁)က အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူ လူငယ်တွေမှာ အဖြစ်များပါတယ်။ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုအဖြစ်များပါတယ်။ အများသောအားဖြင့် အသက် ၁၂ နဲ့ ၁၅ ကြားမှာ စဖြစ်လေ့ရှိပြီး အသက်၃၀ အောက်ကစဖြစ်တာ အများဆုံးဖြစ်ပါတယ်။ ဆီးချိုသွေးချို အမျိုးအစား (၁)ရဲ့ ရောဂါလက္ခဏာတွေကဘာလဲ။ • မကြာမဏ ဆီးသွားခြင်း • ရေအရမ်းငတ်ခြင်း • မကြာခဏ ရောဂါပိုးကူးခြင်း • ကိုယ်အလေးချိန် ကျမြန်ခြင်း • ပင်ပန်းပြီး အားနည်းသလိုခံစားရခြင်း ကုသမှုမခံထားတဲ့ဆီးချိုရဲ့လက္ခဏာတွေကတော့ • […]


အမျိုးအစား (၂) ဆီးချို

နံနက်ပိုင်းတွင် သွေးတွင်းသကြားဓါတ် မြင့်တက်ခြင်း ဖြစ်စဉ်

နံနက်ပိုင်းတွင် သွေးတွင်းသကြားဓါတ် မြင့်တက်ခြင်း သင့်အနေနဲ့ ဆီးချိုရောဂါအတွက် အင်ဆူလင်သုံးစွဲနေပေမယ့် မနက်ပိုင်းမှာ သကြားဓါတ်ဟာ များနေပါသလား။ ဆရာဝန်များဟာ ဒီကိစ္စရဲ့ အကြောင်းရင်း ၂ချက်ကို ပြောပြတတ်ပါတယ်။ နံနက်ပိုင်းတွင် သွေးတွင်းသကြားဓါတ် မြင့်တက်ခြင်းဖြစ်စဉ် (Dawn Phenomenon) ဒါဟာအိပ်ပျော်နေစဉ် သဘာ၀ ကိုယ်တွင်းပြောင်းလဲမှုများရဲ့ ပေါင်းစပ်မှုကြောင့် ဖြစ်ရခြင်းပါပဲ။ မနက် ၃နာရီနဲ့ ၈နာရီကြားမှာ အင်ဆူလင်ကိုဆန့်ကျင်တဲ့ တချို့ဟော်မုန်းတွေ ထွက်လာတတ်ပါတယ်။ သူတို့ဟာ ကိုယ်ခန္ဓါစနစ်ထဲ ဝင်ရောက်သွားပြီးချိန်မှာတော့ ညဖက်မှာသုံးခဲ့တဲ့ အင်ဆူလင်ကို ပျက်ပြယ်စေပြီး သကြားဓါတ်ကို တက်လာစေပါတယ်။ Somogyiသက်ရောက်မှု ဒီအကြောင်းကို ပထမဆုံးရေးသားခဲ့တဲ့ ဆရာဝန်အမည်ပေးထားခြင်းဖြစ်ပြီး တန်ပြန်ဂလူးကို့စ်ဓါတ်များခြင်းလို့လည်းေ ခါ်ပါတယ်။ မနက်ပိုင်းမှာ သကြားဓါတ်များနေရခြင်းဟာ သကြားဓါတ် ကျဆင်းခြင်းနောက်ပိုင်းမှာဆက်လက်ဖြစ်ပေါ်တဲ့ အခြေအနေပါ။ ညလယ်ခေါင်မှာ သကြားဓါတ်ဟာ ထိုးကျကောင်းကျနိုင်ပါတယ်။ ဒီအခြေအနေကို တန်ပြန်ဖို့ ကိုယ်ခန္ဓါဟာ ဟော်မုန်းတွေကိုထုတ်ပါတယ်။ အင်ဆူလင်ထုတ်တာများပြီး ညအိပ်ရာဝင်ချိန် အစာသိပ်မရှိတဲ့အခါ ဒီသက်ရောက်မှု […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိနေတဲ့ သူတွေရဲ့ လက်တွဲဖော်တွေအတွက် နည်းလမ်းကောင်း လေးသွယ်

တကယ်လို့ သင့်ရဲ့လက်တွဲဖော်မှာ ဆီးချိုအမျိုးအစား ၂ ရှိနေတယ်ဆိုရင် သင်ပါ ဆီးချိုဖြစ်လာနိုင်သလား။ ဒီမေးခွန်းက လေ့လာမှုတစ်ခုမှာသုတေသနပညာရှင်တွေ ဖြေဖို့ကြိုးစားခဲ့တဲ့ မေးခွန်းတစ်ခုပါ။ လေ့လာချက်တွေအရ ဆီးချိုအမျိုးအစား ၂ ရောဂါသည်တွေရဲ့အိမ်ထောင်ဖက်တွေဟာပုံမှန်လူတွေရဲ့အိမ်ထောင်ဖက်တွေထက် ဆီးချိုဖြစ်လာနိုင်ချေ၂၆ ရာခိုင်နှုန်း ပိုများတယ်လို့ဆိုပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ သင့်လက်တွဲဖော်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေမစား၊ လေ့ကျင့်ခန်းတွေမလုပ်လို့ ဆီးချိုအမျိုးအစား ၂ ဖြစ်ရတာလား။ သင်က သူ့ကိုပြုစုရင်းနဲ့ ဆီးချိုအကြောင်းသိလာပြီး ဆီးချိုလက္ခဏာတွေ သင့်ဆီမှာတွေ့လာရသလား။ လေ့လာချက်အရတော့ ဘာကြောင့်ဆိုတာ မသိသေးပါဘူး။ သေချာတာကတော့ ဆီးချိုရှိနေတဲ့ သင့်ရဲ့လက်တွဲဖော်ကို ဂရုစိုက်တာအပြင် သင့်ကိုယ်သင်လည်း ဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။ သင်ရောသင့်လက်တွဲဖော်ပါ ကျန်းမာစေဖို့နည်းလမ်းများကို အောက်တွင် ဖော်ပြထားပါတယ်။   ဆီးချိုအကြောင်းလေ့လာပါ။ ရောဂါအကြောင်း နားလည်ထားခြင်းက ဆီးချိုခံစားနေရတဲ့ သင့်လက်တွဲဖော်ဖြတ်သန်းနေရတာတွေကို သိစေတဲ့အပြင် သင့်လက်တွဲဖော်ကိုလည်း ကူညီနိုင်ပြီး အရေးပေါ်အခြေအနေကျရင်လည်း အစိုးရိမ်မလွန်ဘဲ ဖြေရှင်းနိုင်ပါလိမ့်မယ်။ Glucagon ဆေးအကြောင်း […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

အမျိုးသားများတွင်တွေ့ရသော ဆီးချိုသွေးချို လက္ခဏာများ

အမျိုးသားများတွင် တွေ့ရသော ဆီးချိုလက္ခဏာများ အောက်ဖော်ပြပါအချက်များသည် သင့်အား ဆီးချိုရောဂါသည် အမျိုးသားများတွင် ဘယ်လိုထူးခြားသောသက်ရောက်မှုရှိလဲဆိုတာပြထားပါတယ်။ ဆီးချိုရောဂါဆိုတာ ဘာလဲ ဆီးချိုရောဂါဆိုတာ သင့်ရဲသွေးမှာ သကြားဓါတ်များတဲ့အခါ ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါက ရိုးရှင်းပေမယ့် သူ့ရဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေက ဆိုးရွားနိုင်ပါတယ်။ ဆီးချိုရောဂါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မျက်လုံး၊ အရေပြား၊ ကျောက်ကပ်၊ အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါတွေလည်း ဖြစ်နိုင်ပါတယ် ။ ယောက်ျားတွေမှာဆိုရင် ပန်းညှိုးရောဂါအပြင် တခြား ဆီးနဲ့ပတ်သက်တဲ့ ရောဂါတွေပါ ဆီးချိုကြောင့် ဖြစ်လာနိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲ အပေါ်ကပြောသွားတဲ့ ရောဂါတွေအားလုံးကို ကြိုတင်ကာကွယ်နိုင်တဲ့အပြင် ကုသနိုင်ပါတယ်။ ဂရုတစိုက်နဲ့ နေထိုင်ဖို့ပဲ လိုပါတယ်။ ဆီးချိုက လိင်ပိုင်းဆိုင်ရာအားလျော့ခြင်းကို ဖြစ်စေပါသလား ? ပန်းညှိုးခြင်းက ကျန်းမာရေးချို့ယွင်းမှု တော်တော်များများရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဥပမာ သွေးတိုး၊ စိတ်ဖိစီးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးလည်ပတ်မှုနဲ့ အာရုံကြောချို့ယွင်းမှုတွေကြောင့်လည်း ပန်းသေပန်းညှိုးဖြစ်နိုင်ပါတယ်။ တကယ်လို့သင်ပန်းညှိုးရောဂါ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါ အမျိုးအစား ၂ ကို ဘယ်လိုရှာဖွေမလဲ

ဆီးချိုရောဂါ အမျိုးအစား ၂ ကို ဘယ်လိုရှာဖွေမလဲ ..... ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ ဆီးချိုရောဂါ အမျိုးအစား၂ ကို ဘယ်လိုရှာဖွေမလဲ ဆီးချိုရောဂါ အမျိုးအစား၂ သင့်မှာရှိနေတယ်လို့ ကြားရတာက ကြောက်ဖို့ကောင်းရင် ကောင်းပါလိမ့်မယ်။ သူက တစ်သက်လုံး ဖြစ်နေမှာ ဖြစ်တဲ့အတွက် ကြောက်ဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် သူ့ကို ထိန်းချုပ်လို့တော့ ရပါတယ်။ သင့်အနေနဲ့ ဆီးချိုရောဂါ အမျိုးအစား၂ ရှိနေတယ် ဆိုတာသိတာနဲ့ ဘယ်လိုပြောင်းလဲပြီး နေထိုင်စားသောက်ရမလဲဆိုတာကို လေ့လာသင်ယူပါ။ ဒီလိုနေထိုင်စားသောက်သွားရင် ကျန်းမာတဲ့ဘဝလေးကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပါ။ တကယ်လို့ မကုသဘဲထားရင်တော့ အောက်ဖော်ပြပါ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ မျက်လုံးကွယ်ခြင်း နှလုံးရောဂါ ကျောက်ကပ်ရောဂါ သွေးကြောထိခိုက်ပြီး ခြေထောက်ဖြတ်ရခြင်း ဆီးချိုရှိတဲ့သူတွေက သက်တူရွယ်တူဆီးချိုမရှိတဲ့သူတွေထက် သေနိုင်ချေ နှစ်ဆပိုများပါတယ်။ ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေကိုတော့ ကုသမှုကြိုတင်ခံယူပြီး ဆင်ခြင်နိုင်ပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကိုယ်ဝန်ကြောင့် ဆီးချိုရောဂါဖြစ်သော အမျိုးသမီးများအတွက်လုပ်ဆောင်ဖွယ်ရာများ

ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသမီးတစ်ယောက်၏ဘဝတွင် ထူးခြားသောအချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် သင့်ခန္ဓါကိုယ်သည် များစွာပြောင်းလဲသွားနိုင်ပြီး ဆီးချိုကဲ့သို့သော ရောဂါများကို ဖြစ်နိုင်ချေများစေသော အချိန်လည်း ဖြစ်သည်။ သုတေသနများတွင် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါဖြစ်သော အမျိုးသမီးများသည် နောင်တွင် ဆီးချိုရောဂါ ဆက်ဖြစ်နိုင်ချေ ၃၅-၆၀ % ရှိသည်ဟု ဖော်ပြထားသည်။ ထိုအမျိုးသမီးမှ မွေးသော ကလေးတွင်လည်း ဘဝတွင် ဆီးချိုရောဂါဖြစ်နိုင်ချေများသည်။ သင့်တွင် ကိုယ်ဝန်ကြောင့် ဆီးချိုရောဂါဖြစ်လျှင်ဆရာဝန်ထံသို့ သွားရောက်ပြသ၍ ကုသမှုခံယူသင့်သည်။ ကုသမှုများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း တို့ပါဝင်သည်။ တခါတရံတွင် ဆေးသောက်ရခြင်း နှင့် ဆေးစစ်ရခြင်းများလည်း ပါဝင်နိုင်သည်။ အောက်ပါတို့သည် သင့်တွင် ကိုယ်ဝန်ကြောင့် ဆီးချိုရောဂါဖြစ်လျှင် လုပ်ဆောင်ရမည့်အရာများဖြစ်ပါသည်။   ကျန်းမာရေးနှင့် ညီညွတ်အောင် စားခြင်း သင်၏ သွေးထဲမှ သကြားဓါတ်ကို ထိန်းညှိရန် ကျန်းမာသော အစားအသောက်များကို စားသင့်သည်။ သင့်တွင် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထဆိုးများ

ဆီးချိုရောဂါသည် မျိုးရိုးဗီဇကြောင့်သာမဟုတ်ပဲ နေထိုင်မှုပုံစံ၊ နှင့် ပတ်ဝန်းကျင်အခြေအနေများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သင်သည်ကျန်းမာရေးကောင်းလိုလျှင် ကောင်းမွန်သော အလေ့အထများကို ပြုလုပ်ပြီး ကျန်းမာရေးကောင်းစေရန် အားထုတ်ရန် လိုအပ်ပါသည်။ အောက်ပါတို့သည် ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထများ၊ အကျင့်များ ဖြစ်ပါသည်။ သကြားပါသောအချိုရည်များကို များစွာသောက်ခြင်း အချိုရည်များကို အထိန်းအကွပ်မရှိပဲသောက်ခြင်းသည် ဆီးချိုရောဂါကို ဖြစ်စေပါသည်။ လူအများစုသည် ဖျော်ရည်များသည် ကျန်းမာရေးအတွက် ကောင်းစေသည်ဟု အထင်မှားနေကြသည်။ လက်တွေ့တွင်မူ အချိုရည်ထဲတွင် သကြားဓါတ်များစွာပါဝင်ပါသည်။ ရေငတ်လျှင် ရေသောက်ခြင်း၊ သကြားမပါဝင်သော လက်ဘက်ရည်၊ ကော်ဖီ သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ အထိုင်များခြင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်အနှစ်နှစ်ဆယ်တွင် အာရှနိုင်ငံများတွင် ဆီးချိုဖြစ်ပွားနှုန်း ၉၀% တက်လာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ဆယ်နှစ်အတွင်းတွင် ဗီယက်နမ်နိုင်ငံတွင် ဆီးချိုဖြစ်နှုန်း ၂ဆ တက်လာပါသည်။ လူများသည် ကိုယ်လက်လှုပ်ရှားမIနည်းလာသောကြောင့် အဝလွန်ခြင်းများဖြစ်လာနိုင်ချေများလာပါသည်။ ညဘက် ညည့်နက်စွာနေခြင်း တစ်နေ့လျှင် ၆နာရီထက်ပို၍မအိပ်လျှင် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုရှိသော သင့်မိဘ အပြေးလေ့ကျင့်နိုင်ရန် ဘယ်လိုကူညီကြမလဲ

ဆီးချိုသွေးချိုရောဂါသည် တစ်ခါတရံတွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပါသည်။ အပြေးကစားခြင်းသည် သွေးတွင်းသကြားဓါတ်နည်းခြင်းကို ဖြစ်စေနိုင်သည်။ ဆီးချိုသွေးချိုရှိသောသင့်မိဘသည် အပြေးအားကစားကို စတင်ချင်သည်ဆိုလျှင် အောက်ပါအချက်များကို ကြည့်၍ သင်သူတို့ကိုကူညီနိုင်ပါသည်။   (၁) ကြိုတင်၍ စဉ်းစားပါ။ ဆီးချိုသွေးချိုရောဂါရှိသူသည် တွေ့ကြုံရင်ဆိုင်ရမည့်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့် အပြေးအားကစားနည်းနှင့်ပတ်သက်၍ သင့်မိဘ၏ စိုးရိမ်ပူပန်မှုများကိုဖြေရှင်းပေးနိုင်အောင် ပြုလုပ်ပါ။ အစားအသောက်ကိုမျှတစွာမစားသူ၊ အားကစားကိုပုံမှန် မလုပ်သူဆိုလျှင်ပြေးသော်လည်း အသုံးဝင်မည် မဟုတ်ပါ။ ဆီးချိုလူနာများသည် တစ်ခါတစ်ရံတွင် သူတို့၏မကောင်းမွန် သောအခြေအနေများကြောင့် စိတ်မပါလက်မပါ ဖြစ်တတ်ကြသည်။   (၂) သင့်မိဘစီစဉ်နိုင်ဖို့ ကူညီပါ။ သင့်မိဘက အပြေးလေ့ကျင့်ဖို့ သဘောတူညီလျှင် သင်စနစ်တကျစီစဉ်ဖို့ အချိန်ရောက်လာပါပြီ။ မိဘများသည် ရှုပ်ထွေးသော အကြောင်းအရာများကို မလိုချင်ကြပါဘူး။ ထို့ကြောင့် အပြေးလေ့ကျင့်ရန် အကြိမ်ရေ၊ အချိန်၊ နေရာနှင့် ပြင်ဆင်သင့်သည်များကို စနစ်တကျစီစဉ်ပေးသင့်သည်။ နောက်အပတ်မနက်ခင်းမှ စတင်၍ပြေးသင့်သည်ဟုဆိုခြင်းထက် တနင်္လာနှင့် ကြာသပတေးမနက်ခင်းတွင် စပြေးနိုင်သည်ဟု […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါနောက်ဆက်တွဲဆိုးကျိုးများ ရှောင်ရှားဖို့ နည်းလမ်းများ

ဆီးချိုရောဂါသည် တစ်သက်တာလုံးဂရုစိုက်ရမည့် ရောဂါဖြစ်သောကြောင့်ဆီးချိုနောက်ဆက်တွဲဆိုးကျိုးများကိုကာကွယ်ရန် နည်းလမ်းများကို စဉ်းစားသင့်ပါတယ်။ ဆီးချို ရောဂါမျိုးသည် အရေးကြီးပါတယ်။ ကုသမှုတွေကိုအမြဲတမ်းစနစ်တကျခံယူရမယ့်အပြင်ကိုယ်တိုင်လည်းဂရုစိုက်ရမှာဖြစ်တယ်။ ဂရုတစိုက်ကုသခြင်းက ဆီးချိုနောက်ဆက်တွဲ ကြောက်စရာကောင်းသော သေသည်အထိဖြစ်စေနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကို လျော့ချပေးနိုင်ပါသည်။ ဆီးချိုရောဂါထိန်းချုပ်နိုင်ပြီးကျန်းမာသောအနာဂတ်ကိုပိုင်ဆိုင်နိုင်ဖို့အောက်ပါ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။   (၁)သင့်ရဲ့ဆီးချိုကိုထိန်းချုပ်ဖို့စီစဉ်ပါ။ သင့်ဆီးချိုရောဂါကိုကုသပေးနေသောအဖွဲ့ဝင်များ( ဥပမာ- ဆရာဝန်၊ ဆီးချိုအထူးသူနာပြု၊ အာဟာရပညာရှင်)တို က သင့်ကိုဆီးချိုအတွက် ဆောင်ရန်ရှောင်ရန်တွေနားလည်အောင်အကူအညီတွေပေးနိုင်ပါတယ်။ ဆီးချိုကိုထိန်းချုပ်ဖို့ကတော့သင်အပိုင်းပါ။ ဆီးချိုနဲ့ပတ်သက်မျှသင်လေ့လာနိုင်သလောက် လေ့လာပါ။ ကျန်းမာစွာစားသောက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့လည်းမမေ့ပါနဲ့။ ကိုယ်အလေးချိန်ကိုလည်းထိန်းပါ။ သင့်သွေးတွင်းသကြားဓါတ်ကိုလည်း ပုံမှန်တိုင်းတာပါ။ သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သွေးတွင်းသကြားဓါတ်ကိုထိန်းပါ။ တကယ်လို့အကူအညီလိုရင်ဆရာဝန်ကိုဆက်သွယ်ဖို့ဝန်မလေးပါနဲ့။   (၂) ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းကသင့်ဆီးချိုကိုအခြေအနေပိုဆိုးစေပါတယ်။ • ခြေထောက်ရဲ့ သွေးလည်ပတ်မှုကို လျော့နည်းစေပြီးရောဂါပိုးကူးစက်ဖို့ပိုလွယ်ကူစေပြီးပြည်တည်နာတွေဖြစ်နိုင်တဲ့အပြင်အခန့်မသင့်ရင် ခြေထောက်ပုပ်ပြီးဖြတ်လိုက်ရတဲ့အထိဖြစ်နိုင်ပါတယ်။ • နှလုံးရောဂါ • လေဖြတ်ခြင်း • မျက်လုံးကွယ်ခြင်း • အာရုံကြောထိခိုက်ခြင်း • ကျောက်ကပ်ထိခိုက်ခြင်းတို့ဖြစ်နိုင်ပါတယ် ဆေးလိပ်သောက်ခြင်း (သို့) ဆေးရွက်ကြီးတခြားအမျိုးအစားများသုံးနေတာကို ဖြတ်ဖို့ အတွက်သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။   (၃)သင့်သွေးတိုးနှုန်းနဲ့ကိုလက်စထရောပါဝင်မှုနှုန်းကိုထိန်းထားပါ။ သွေးတိုးကလည်းဆီးချိုလိုပဲ သွေးကြောတွေကိုပျက်စီးစေပါတယ်။ ကိုလက်စထရောမြင့်တက်ခြင်းကလည်းဂရုစိုက်စရာတစ်ခုပါ။ သင့်မှာဆီးချိုရှိရင်အခြေအနေပိုဆိုးလာစေပါတယ်။ ဒီအခြေအနေတွေအားလုံး ပေါင်းသွားတဲ့အခါနှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့တခြားသေနိုင်လောက်တဲ့အခြေအနေတွေထိဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်သော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း