Rectal Cancer (စအိုကင်ဆာ)
အဓိပ္ပါယ်ဖွင့်ဆိုချက်
Rectal Cancer (စအိုကင်ဆာ) ကဘာလဲ။
စအိုကင်ဆာဆိုသည်မှာ အူမကြီး၏နောက်ဆုံးအပိုင်းတွင်ဖြစ်သော ကင်ဆာဖြစ်သည်။ တခါတရံတွင် အူမကြီးနှင့်တွဲဖြစ်တတ်ပြီး အူမကြီးစအိုကင်ဆာဟုလည်းခေါ်သည်။ စအိုကင်ဆာသည် စအိုရှိ ဆဲလ်များပြောင်းလဲခြင်းမှစတင်သည်။ စအိုကင်ဆာသည် အစပိုင်းတွင် ကင်ဆာမဖြစ်သေးသောအလုံးပုံစံဖြင့်ပြတတ်သည်။
Rectal Cancer (စအိုကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ
ယောကျာ်းလေးများတွင်ပိုဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Rectal Cancer (စအိုကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ
စအိုကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
- ဝမ်းချုပ်ခြင်း
- စအိုမှသွေးကျခြင်း
- ဝမ်းလျောခြင်း
- ဝမ်းတွင်အနက်ရောင်အကွက်များပေါ်ခြင်း
- ခဲတံပုံသဏာန်ဝမ်းသွားခြင်း
- ဗိုက်အတွင်းနေထိုင်မကောင်းခြင်း
- အကြောင်းပြချက်မရှိမောပန်းခြင်း
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- တင်ပါးအတွင်းပိုင်းနာခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Rectal Cancer (စအိုကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ
အဓိကအားဖြင့် အကြောင်းအရင်းနှစ်မျိုးရှိပါသည်။
အူလမ်းကြောင်းယောင်ယမ်းသည့်ရောဂါ။အူလမ်းကြောင်းယောင်ယမ်းသည့်ရောဂါ( နှာတာရှည် အူမကြီးယောင်ခြင်း၊ နှင့် ခရုန်းရောဂါ) သည် စအိုကင်ဆာကိုပို၍ဖြစ်စေသည်။ ရောဂါရှိခြင်းကြာလေလေ ယောင်ယမ်းခြင်းကိုပိုဆိုးလေလေဖြစ်သည်။ ထိုသူများတွင် အက်ပလင်(သွေးကျဲဆေး) နှင့် ပုံမှန် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းတို့ပြုလုပ်သင့်သည်။
မျိုးရိုးဗီဇ။ မိသားစုတွင် နှစ်ယောက်သို့မဟုတ် နှစ်ယောက်ထက်ပိုဖြစ်သူများရှိပါက ရောဂါဖြစ်နှုန်းကို နှစ်ဆသုံးဆပိုများစေနိုင်သည်။ နှစ်ဆယ်ရာခါနှုန်းသောကိစ္စများတွင်တွေ့တတ်သည်။ အခြားဗီဇဆိုင်ရာရောဂါများရှိပါကလည်း စအိုကင်ဆာဖြစ်နှုန်းများစေသည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Rectal Cancer (စအိုကင်ဆာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
စအိုင်ကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းအများကြီးရှိပါတယ်။ ဥပမာအားဖြင့်
- အသက်ကြီးခြင်း
- ယောက်ျားလေးခြစ်ခြင်း
- အရက် အဆီ မကျက်သေးသောအသား များအလွန်အကျွံစားခြင်း
- အဝလွန်ခြင်း
- ဆေးလိပ်သောက်ခြင်း
- လေ့ကျင့်ခန်းမလုပ်ခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Rectal Cancer (စအိုကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ
သုင့်ဆရာဝန်မှလိုအပ်သည့်စမ်းသက်မှုများပြုလုပ်လိမ့်မည်။
အူမကြီးဓါတ်မှန်ရိုက်ရန် စအိုမှတဆင့် ဘယ်ရီယမ်အရည်သွင်း၍စမ်းသက်ခြင်းများဖြစ်လုပ်လိမ့်မည်။
အူမကြီးမှန်ပြောင်းကြည့်ခြင်းများလည်းလုပ်လိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းဖြင့်စအိုကင်ဆာဟုအတည်ပုနိုင်သည့်အပြင် စအိုနှင့်အူမကြီးတွင်အလုံးအကျိတ်များရှိခြင်းကိုလည်းသိနိုင်သည်။
အူလမ်းကြောင်းအောက်ပိုင်းစမ်းသက်မှုများပြီးပါက ရောဂါရှိသောအပိုင်းကိုဓါတ်မှနဖြင့်ကြည့်ပါက ် အနက်ရောင်အရိပ်များဖြင့်ပြတတ်သည်။ ထိုသို့မြင်ရမှုကိုသေချာစေရန် အူမကြီးဓါတ်မှန်ဖြင့်ကြည့်နိုင်သည်။ အူမကြီးဓါတ်မှန်ဖြင့် အလုံးများအားလည်းဖယ်နိုင်သည်။
ရောဂါသေချာပါက အဆင့်ငါးဆင့်ကိုခွဲထားသည်။
- အဆင့်သုံးည
ကင်ဆာဖြစ်ပြီး အစောဆုံးအခြေအနေဖြစ်သည်။ အူမကြီး၏နံရံရင် ပုံသဏာန်မမှန်သောဆဲလ်များရှိနေသည်။ ထိုဆဲလ်များသည် ကင်ဆာပိုဖြစ်စေပြီး သတ်မှတ်ထားသောနေရာထက်ပိုပွားလာနိုင်သည်။
- အဆင့်တစ်
အဆင့်တစ်ကို ဂျု အေ စအိုကင်ဆာဟုလည်းခေါ်သည်။ အူမကြီး အတွင်းနှင့် အူမကြီးကြွက်သားအားပျံ့နေသောကင်ဆာတမျိုးဖြစ်သည်။
- အဆင့်နှစ်
အူမကြီးကြွက်သားအပြင်သို့ (အူမကြီး၏အပြင်လွှာ)သို့ပျံနေသောအဆင့်ဖြစ်သည်။
- အဆင့်သုံး
အူမကြီးအပြင်လွှာသာမက ပြန်ရည်ကျိတ်အတွင်းများသို့ပါပျံနှ့နေခြင်းဖြစ်သည်။ ပြန်ရည်ကျိတ်ဆိုသည်မှာ သေးငယ်သောအလုံးများဖြစ်ပြီး ရောဂါပိုးကာကွယ်နိုင်သောဆဲလ်များကို ထိန်းသိမ်းရာထုတ်လွှတ်ရာနေရာဖြစ်သည်။
- အဆင့်လေး
အဆင့် အမြင့်ဆုံးကင်ဆာအဆင့်ဖြစ်သည်။ ထိုအဆင့်တွင် ကင်ဆာသော အခြားသော အဂါၤများသို့ပျံ့နှ့နေပြီးဖြစ်သည်။ဥပမာ အဆုတ်သို့မဟုတ် ဦးနှောက်
Rectal Cancer (စအိုကင်ဆာ) ကို ဘယ်လိုကုသပါသလဲ
စအိုကင်ဆာဟုသေချာပါက ကုသမှုအကောင်းဆုံးပုံစံကိုရွေးချယ်ရမည်။ သင်စဉ်းစားနိုင်သောနည်းလမ်းအများအပြားရှိပါသည်။ ဆရာဝန်မှအကောင်းဆုံးနည်းလမ်းကို ပြောပေးပါလိမ့်မည်။ ကုသမှုများတွင် တခုတည်းသို့မဟုတ် နည်းလမ်းများပေါင်းစပ်ပြီးလုပ်နိုင်သည်။
- ခွဲစိတ်ခြင်း
- ကင်ဆာဆေးသွင်းခြင်း
- ဓါတ်ရောင်ခြည်ပြခြင်း
- င်္ဇီဝဆိုင်ရာကုထုံးများ
ကင်ဆာအများစုကိုကုသရာတွင် အဖွဲ့ဖြင့် ဆောင်ရွက်တတ်သည်။ ထိုပြင် သူနာပြုများ လူမှုရေးဆိုင်ရာလုပ်ဆောင်သောအဖွဲ့များ အားပေးနှိမ့်သိမ့်အကြံပေးသူများနှင့် အစားအသောက်ပညာရှင်များနှင့် ဖွဲ့စည်းလုပ်ဆောင်ဖို့လိုအပ်သည်။ ထိုသည်သာမက အောက်ပါအထူးကုများတစ်ယောက်သို့မဟုတ် အများနှင့်ပူးပေါင်းကုသမှုခံယူရန်လိုအပ်လိမ့်မည်။
- ခွဲစိတ်ဆရာဝန်
- အူလမ်းကြောင်းဆိုင်ရာကျွမ်းကျင်သူ
- ဆေးနှင့်ဆိုင်သောကင်ဆာအထူးကု
- ဓါတ်ရောင်ခြည်ဆိုင် ရာကင်ဆာအထူးကု
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက စအိုကင်ဆာ ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် စအိုကင်ဆာကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
- အသီးအရွက်များများများစား၍မကျက်သောအသားများအားလျော့စားသင့်သည်။
- လေ့ကျင့်ခန်းပုံမှန်လုပ်သင့်သည်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နှုန်းကိုလျော့ချနိုင်သည်။ စအိုကင်ဆာဖစ်နှုန်းကိုမလျော့ချနီုင်ပါ။ သို့သော် လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်းသည် စအိုကင်ဆာဖြစ်နှုန်းကို နှစ်ဆယ့်တစ်ရာခိုင်နှုန်းထိလျော့ချနီုင်သည်။
- အချိန်ကြာမြင့်စွာထိုင်ခြင်းသည် စအိုကင်ဆာဖြင့်သေနှုန်းကိုများစေသည်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် အလျဉ်းမပျောက်နိုင်သော်လည်း ဖြစ်စေသောနှုန်းကိုလျော့ချနိုင်သည်။
- အမျှင်ပါသောအစာ အသီးအရွက်များကကာကွယ်နိုင်သည်ဆိုသောလည်း ကာကွယ်နိုင်နှုန်းနည်းသည်။
- ခန္ဓါကိုယ်အလေးချိန်လျော့ချခြင်းဖြင့်လည်း စအိုကင်ဆာဖြစ်နှုန်းကိုလျော့ချစေနိုင်သည်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။