ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အရေးကြီးအချက်များ

သားဥအိမ်ကင်ဆာ က အဖြစ်များတဲ့ ကင်ဆာပါ။ အထူးသဖြင့် သွေးဆုံးချိန်မှာဆို ပိုသတိထားသင့်ပါတယ်။ နောက်ကျမှသိရရင် အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်တဲ့ ကင်ဆာပဲ ဖြစ်ပါတယ်။ စောစောစီးစီး မသိလိုက်ဘူးဆိုရင် သားဥအိမ်က ကင်ဆာဆဲလ်တွေက တင်ပဆုံကွင်းနဲ့ ဝမ်းခေါင်းထဲကို ပြန့်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သားဥအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိထားဖို့ လိုပါတယ်။ သားဥအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အရေးကြီးအချက်များ မျိုးဗီဇစစ်ဆေးမှုတွေက အရေးကြီးပါတယ်။ သားဥအိမ်ကင်ဆာက သားအိမ်ခေါင်းကင်ဆာလို သားအိမ်ခေါင်းအချွဲ စစ်ဆေးတာတို့၊ HPV ကာကွယ်ဆေးထိုးတာတို့ မရှိပါဘူး။ သူ့မှာရှိတာက မျိုးဗီဇပါ။ ဒီထဲမှာ အရေးကြီးဆုံးက BRCA geneပါ။ ဥပမာ ပြောရရင် မိမိမှာ BRCA 1 gene ပါနေရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၉၀%နဲ့  သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ ၅၀% ရှိပါတယ်။ ခုစစ်လို့ မရှိရင်တောင်  […]


သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း

သားဥအိမ်ကင်ဆာ ဖြစ်တဲ့အခါ ကင်ဆာဆဲလ်တွေက သားဥအိမ်ထဲမှာ အလျင်အမြန်ပဲ ပွားလာပြီး ဘေးနားက တစ်ရှူးတွေဆီကို ပြန့်သွားတတ်ပါတယ်။ အမျိုးသမီး မျိုးပွားအင်္ဂါမှာ သားဥအိမ် ၂ခုရှိပြီး သားအိမ်ရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီမှာ ရှိနေတာပါ။ ဗာဒံစေ့သာသာလောက်ပဲရှိပြီး လစဉ် မျိုးဥလေးတွေကို လွှတ်ထုတ်ပေးပါတယ်။ ဒါ့ပြင် အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေကိုလည်း ထုတ်ပေးနိုင်ပါတယ်။ သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း တွေကို သိထားမယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း သားဥအိမ်ထဲမှာ ရှိတဲ့ ဆဲလ်တွေရဲ့ မျိုးဗီဇ DNAမှာ ပြောင်းလဲမှုတွေဖြစ်ရာက စပြီးတော့ ကင်ဆာဆဲလ်တွေ ဖွံ့ဖြိုးလာပါတယ်။ မျိုးဗီဇပြောင်းလဲနေတဲ့ ဆဲလ်တွေက မြန်မြန်ဆန်ဆန် ပွားလာတဲ့အခါ အကျိတ်တွေ ဖြစ်လာပါတယ်။ ဒီကင်ဆာဆဲလ်တွေ ဆက်ပြီး ပွားလာတာနဲ့အမျှ ကောင်းတဲ့ ဆဲလ်တွေ သေဆုံးပြီး နည်းသွားပါတယ်။ […]


ရင်သားကင်ဆာ

ကင်ဆာရှိနေတာတောင် မျှော်လင့်ချက် မပျောက်ဆုံးခဲ့ပါ။

ရေချိုးခန်းဝင်ရင် ဆပ်ပြာတိုက်တော့ ရင်သားမှာ အဖုလေးလိုလို အကျိတ်လေးလိုလို စမ်းမိတယ်။ အစကတော့ ဘာရယ်လို့မှ ထွေထွေထူးထူး မတွေးဘဲ ထားလိုက်တယ်။ ဒါပေမယ့် တစ်ပတ်လောက်ကြာတော့ အကျိတ်လေးက ပိုကြီးလာသလိုပဲ။ ဒီလိုနဲ့ မေမေ့ကို ပြောပြမိတော့ ကင်ဆာ ဖြစ်နေမှာစိုးလို့ ဆေးခန်းပြကြည့်ဖို့ ပြောတယ်။ ချက်ချင်းတော့ မပြဖြစ်သေးဘူးပေါ့။ အလုပ်တွေများနေတာနဲ့ အချိန်နည်းနည်းကြာလာတော့ အကျိတ်က ကြီးလာတယ်။ ဒီလိုနဲ့ မဖြစ်တော့ဘူးဆိုပြီး မေမေကိုယ်တိုင် လိုက်ပို့မှပဲ ဆေးခန်းရောက်တော့တယ်။ ဆရာဝန်နဲ့ ဖြစ်တဲ့ လက္ခဏာတွေကို သေချာပြောပြပြီး ဆေးစစ်မှုတွေ လုပ်ခိုင်းတယ်။ ဒီအချိန်မှာကတည်းက ဆရာဝန်က သေချာတော့ ပြောလို့မရသေးပေမယ့် ကင်ဆာလို့ သံသယရှိတယ်လို့တော့ပြောတယ်။ မေမေရော ကိုယ်တိုင်ပါ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်းပေါ့။ ဒီလိုနဲ့ ဆေးစစ်ချက် အဖြေတွေထွက်လာတော့ စိတ်တော့ မကောင်းပေမယ့် ရင်သားကင်ဆာဖြစ်နေတာပါလို့ ဆရာဝန်က ပြောလာတယ်။ ခေါင်းကို […]


အခြားကင်ဆာများ

ကင်ဆာကုထုံး ရွေးချယ်တဲ့အခါ စဉ်းစားသင့်တဲ့ အချက်များ

ကင်ဆာကုထုံး တွေက အမျိုးမျိုးရှိပြီး လူနာတစ်ယောက်နဲ့ တစ်ယောက် ကုသရပုံခြင်းလည်း မတူပါဘူး။ ကင်ဆာချင်းတူရင်တောင် ရောဂါအခြေအနေချင်း မတူရင် ကုရတဲ့ ကုထုံးတွေ ကွဲပြားနိုင်ပါတယ်။ ကင်ဆာကုထုံးတွေ ရွေးချယ်တဲ့အခါ ဆရာဝန် ဒါမှမဟုတ် လူနာတစ်ယောက်တည်းက ဦးဆောင်ပြီး ဆုံးဖြတ်သွားတာထက် နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာက ကုသမှုကို ပိုပြီး အကျိုးရှိစေပါတယ်။ ကင်ဆာကုထုံး တွေကို ဒီလိုရွေးချယ်ပါ။ အချိန်ယူစဉ်းစားပါ။ ကင်ဆာတွေက အချိန်ကြာလေ ပြန့်လေဆိုပေမယ့် ကုမယ်ဆိုရင်တော့ အချိန်ယူပြီး စိတ်ရှည်ရှည် စဉ်းစားသင့်ပါတယ်။ ဆရာဝန်ရွေးတာ၊ ဆေးရုံရွေးတာ၊ ကုထုံးရွေးတာစတာတွေကိုတော့ အချိန်လေးပေး၊ သေချာစုံစမ်းပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။ ဘယ်သူဆုံးဖြတ်ချက်ချမှာလဲဆိုတာ စဉ်းစားထားပါ။ ကုထုံးတွေကို ရွေးချယ်ရတဲ့အခါ ဘယ်သူ့ဆုံးဖြတ်ချက်က အတည်လဲဆိုတာက ကြိုစဉ်းစားထားပါ။ တကယ်ဆို အသက်ပြည့်ပြီး လူနာက ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးပါ။ ဒီလိုမဟုတ်ဘဲ အမေကို […]


အခြားကင်ဆာများ

ကင်ဆာရောဂါကို စောစောသိရတာ ကောင်းသလား

WHO ရဲ့ ၂၀၂၀ စာရင်းတွေအရ အာရှတိုက်တစ်ခုတည်းမှာ ကင်ဆာရောဂါကို ခံစားနေရတဲ့ လူနာ ၉.၅ မီလီယမ် ရှိပါသတဲ့။ ဒါက ကမ္ဘာမှာ ရှိရှိသမျှသော ကင်ဆာလူနာတွေရဲ့ တစ်ဝက်နီးနီး ရှိပါတယ်။ ဒီထဲမှာ ၅ မီလီယမ်လောက်က ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ ခံတွင်းကင်ဆာတွေဖြစ်ပြီး ပိုပြီး စိတ်မကောင်းစရာက ဒီကင်ဆာတွေက စောစောသိရင် ကုသလို့ရတဲ့ ကင်ဆာတွေ ဖြစ်နေတာပါပဲ။ ကင်ဆာရောဂါက အသေအပျောက်များတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း တိုးတက်လာတဲ့ ဆေးပညာကြောင့် ကြိုတင်စစ်ဆေးတာ၊ ရောဂါရှာဖွေတာတွေကို တိတိကျကျ လုပ်လာနိုင်တာကြောင့် လူနာတွေရဲ့ အသက်ရှင်နှုန်းလည်း များလာပါတယ်။ ကင်ဆာရောဂါတွေကိုသာ စောစောသိမယ်ဆိုရင် ဆေးကုရတဲ့ စရိတ်စကလည်း သက်သာပြီး ကုသရတာလည်း ပိုလွယ်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါကို စောစောသိရှိဖို့က လူနာတွေရဲ့ အသက်ရှင်နှုန်းနဲ့ နာလန်ထနှုန်းပေါ် အများကြီးသက်ရောက်မှု […]


အခြားကင်ဆာများ

ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

ကမ္ဘာတလွှားမှာ ကင်ဆာဖြစ်ပွားနှုန်းက ဆက်လက်မြင့်တက်လာနေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာရောဂါကြောင့် သေဆုံးသူဦးရေ ၉.၆ သန်းရှိလာခဲ့ပြီး ကင်ဆာက ဒုတိယ သေဆုံးမှု အများဆုံး ရောဂါတစ်ရပ် ဖြစ်လာပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) ကတော့ ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာရောဂါ ခံစားနေသူ ၁၄၁၀၂၁ ဦးရှိခဲ့တယ်လို့ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း အာရှဒေသမှာ ကင်ဆာ ရောဂါဖြစ်ပွားမှုဟာ ၉.၅ သန်းကျော် ရှိလာခဲ့ပါတယ်။  ယနေ့ခေတ်မှာ ကင်ဆာရောဂါဟာ အကြီးမားဆုံးသော ကျန်းမာရေးပြဿနာကြီးတစ်ရပ် ဖြစ်လာနေပါတယ်။ လူတိုင်းလူတိုင်း ဟာ ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေးအကြီးဆုံးက  ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ ကို လူတိုင်းလိုလို သိရှိထားဖို့ပါ။ ကင်ဆာဆိုတာ ဘာလဲ။ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက ပုံမှန် ကြီးထွားကွဲပွားနေပါတယ်။ […]


အခြားကင်ဆာများ

ကင်ဆာလို့ စစ်ဆေးသိရှိပြီဆိုရင် ဘာဆက်လုပ်ကြမလဲ။

ကင်ဆာ . . .  အခုနောက်ပိုင်း ပြောင်းလဲတာတဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် ကင်ဆာဖြစ်ပွားမှုတွေက တော်တော်လေး များလာပါတယ်။ ကင်ဆာဆိုတာကလည်း ဖြစ်ကတည်းက သိတာမဟုတ်ပါဘူး။ အချို့သော ကင်ဆာတွေဆိုရင် ရောဂါက တော်တော်လေး အဆင့်ရောက်လာမှ လက္ခဏာတွေ စပြတာမျိုးပါ။ လူတော်တော်များများ အခုထိ လက်ခံထားတဲ့ အယူအဆ တစ်ရပ်လည်း ရှိပါတယ်။ ဒါကတော့ ကင်ဆာ ဖြစ်ပြီဆိုရင် သေမိန့်ကျသွားတယ်လို့ ယူဆကြတာပါ။ ဒီလို ယူဆမှုကြောင့်ပဲ ကင်ဆာဖြစ်တဲ့အခါ စိတ်ဓာတ်ကျပြီး ကုထုံးတွေ ထိရောက်မှု အားနည်းလာပါတော့တယ်။ ဒီလိုနဲ့ အချိန်မတိုင်ခင်မှာ ကင်ဆာကြောင့် သေဆုံးတာတွေ ဖြစ်လာကြတာပါ။ ဒီတော့ ရှောင်လွှဲမရတဲ့ ကင်ဆာဖြစ်လာပြီဆိုရင် စိတ်ဖိစီးစရာတွေ စိုးထိတ်စရာတွေ များမယ်ဆိုပေမယ့် နေ့စဉ်ဘဝမှာ လွယ်ကူစွာနဲ့ အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ ဘာတွေကိုများ လိုက်နာဖို့ လိုမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ […]


အခြားကင်ဆာများ

ကင်ဆာရောဂါတွေ ကို ဘယ်လိုစစ်ဆေးသိရှိနိုင်သလဲ။

WHO အဆိုအရ ကင်ဆာရောဂါက အသေအပျောက်အများဆုံး ရောဂါတွေထဲမှာ ဒုတိယလိုက်ပါတယ်။ ၂၀၁၈ ဒေတာတွေအရဆိုရင် လူပေါင်း ၉.၆ မီလီယမ်လောက်က ကင်ဆာရောဂါခံစားနေရပါတယ်။ ကင်ဆာရောဂါတွေ ကို စောစောသာ စစ်ဆေးနိုင်မယ်ဆိုရင် အချိန်မီကုသမှု ခံယူနိုင်မှာ ဖြစ်ပါတယ်။ ကင်ဆာရောဂါတွေ ဘယ်လိုဖြစ်လာသလဲ ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ ပွားလာပြီးပြီဆိုရင် ပျက်စီးရပါတယ်။ ဆဲလ်အဟောင်းတွေ ပျက်လိုက်၊ ဆဲလ်အသစ်တွေ ဖြစ်လိုက်နဲ့ ခန္ဓာကိုယ်ထဲမှာ သံသရာလည်နေတာပါ။ ဒါက ပုံမှန်ဖြစ်စဉ်ပါ။ ကင်ဆာဆိုတာကတော့ ဆဲလ်တွေ မတရားပွားလာတာကို ဆိုလိုတာပါ။ ခန္ဓာကိုယ်မှာ ကင်ဆာပေါင်း အမျိုး ၁၀၀လောက် ဖြစ်နိုင်ပါတယ်။ ဆဲလ်တွေ ပွားလွန်းတဲ့အခါမှာ ခန္ဓာကိုယ်မှာ အကျိတ်အနေနဲ့ စမ်းမိတတ်ပါတယ်။ ဒီအကျိတ်တွေက သာမန်အကျိတ်လည်း ဖြစ်နိုင်သလို ကင်ဆာကျိတ်လည်း ဖြစ်နိုင်ပါတယ်။ အမြဲတမ်းတော့ အကျိတ်အနေနဲ့ ရှိနေတာ မဟုတ်ပါဘူး။ ဥပမာ သွေးကင်ဆာဆိုရင် […]


အခြားကင်ဆာများ

ကင်ဆာကုသမှု နဲ့ ပတ်သက်ပြီး အထင်လွဲနေတဲ့ အချက်များ

ကင်ဆာရောဂါ ခံစားရတဲ့အခါ လူအများစုက ကုသမှု မခံလိုကြပါဘူး။ အကြောင်းက ကင်ဆာဆိုတာနဲ့ သေဆုံးနိုင်တယ်၊ လပိုင်းလောက်ပဲ ခံတော့မယ်လို့ ယူဆထားကြလို့ပါ။ နောက်တစ်ခုကတော့ ကင်ဆာကုသမှု တွေကို ကြောက်လို့ပါ။ ကင်ဆာကုထုံးခံယူသူတွေက ဆံပင်တွေ ကျွတ်တာ၊ အစားမဝင်တဲ့ ပိန်သွားတာတွေကို တွေ့မြင်ထားဖူးတဲ့အတွက်  ကုသမှ ပိုဆိုးသွားမလား။ ဒီတိုင်းလေး သက်သောင့်သက်သာ ထွက်သွားလိုက်တာက ပိုကောင်းမလားလို့ ခံစားမိလို့ပါ။ ဒီအကြောင်းတွေကြောင့် အများစုက ကင်ဆာရောဂါခံစားရရင်တောင့် ကုသမှု ခံယူဖို့ နှောင့်နှေးကြတာပါ။ ဒီလိုနဲ့ပဲ ကင်ဆာရောဂါကို စောစောသိရင်တောင် ကုသရမှာ ကြောက်နေတာနဲ့ပဲ အချိန်တွေ နောက်ကျကုန်ပါတယ်။ ကင်ဆာရောဂါ ကုထုံးတွေနဲ့ ပတ်သက်ပြီး ဘာတွေ မှားသိထားကြလဲဆိုတာကို စစ်ဆေးကြည့်ရအောင်။ ကင်ဆာကုသမှု နဲ့ ပတ်သက်ပြီး အထင်လွဲနေတဲ့ အချက်များ ကင်ဆာကုသမယ်ဆိုရင် ဆေးရုံမှာ ရက်ရှည်နေရမယ်။ ကင်ဆာကုသမယ်ဆိုတိုင်း အမြဲဆေးရုံမှာ နေရမှာတော့ […]


အခြားကင်ဆာများ

ကင်ဆာကို ဘယ်လို အဆင့် သတ်မှတ်ကြသလဲ။

ကင်ဆာ အဆင့်ဆိုတာက လူတစ်ဦးမှာ ခံစားနေရတဲ့ ကင်ဆာ အမျိုးအစားကို ရည်ညွှန်းပါတယ်။ ကင်ဆာကို ဘယ်လို အဆင့် သတ်မှတ်ကြသလဲ။ ကင်ဆာအဆင့်ကို ဘယ်လို သတ်မှတ်လဲဆိုတော့ ကင်ဆာကျိတ် အရွယ်အစား၊ ကင်ဆာက ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေကို ပြန့်နှံ့နေပြီလား ဆိုတဲ့အပေါ်ကို မူတည်ပြီး သတ်မှတ်တာပါ။ ကင်ဆာ အဆင့်သတ်မှတ်တာတွေက ကင်ဆာ အမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ကင်ဆာအဆင့်တွေကြားက ကွာခြားချက်လေးတွေကို ပြောပြပေးသွားချင်ပါတယ်။ ကင်ဆာအဆင့်က ဘယ်လို အထောက်အကူပြုပေးနိုင်လဲ။ ကင်ဆာရောဂါ တစ်မျိုးမျိုး ဖြစ်လာပြီဆိုရင် အရင်ဆုံး လုပ်ဆောင်ရတာ တစ်ခုက ကင်ဆာအဆင့်ကို သတ်မှတ်တာပါ။ ဒီလို သတ်မှတ်တာက ဆရာဝန်တွေကို ကင်ဆာ အခြေအနေကို သတ်မှတ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဆရာဝန်တွေက ကင်ဆာ အဆင့်သတ်မှတ်ချက်ကို အသုံးချပြီး ကင်ဆာကျိတ် အရွယ်အစား နဲ့ဘယ်အစိတ်အပိုင်းတွေကို ပြန့်နေပြီလဲဆိုတာကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း