အခြားကင်ဆာများ

ကင်ဆာရောဂါများရဲ့ အစောပိုင်းလက္ခဏာများ၊ ကုထုံးများ၊ ကြိုတင်ကာကွယ်နည်းများနှင့် လိုက်နာရမယ့် နေထိုင်စားသောက်မှုပုံစံများကို ဒီကဏ္ဍမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားကင်ဆာများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

အခြားကင်ဆာများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

ကင်ဆာဆေးများနှင့် ပက်သက်သည့် စိုးရိမ်ပူပန်မှုများကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

လူတို့သည် မိမိတို့ရောဂါအတွက် ကုသမှုများခံယူရတော့မည်ဆိုလျှင် ထိုကုသမှုများသည် အကျိုးရှိမရှိ၊ ဘေးထွက်ဆိုးကျိုးများရှိလာနိုင်ချေ စသည်တို့ကို စိုးရိမ်တတ်ကြပါသည်။ အဆုတ်ကင်ဆာဖြစ်နေသူများလည်း ကင်ဆာဆေးများဖြင့် မကုသမီ ထိုနည်းတူစွာပင် ခံစားရပါသည်။ အောက်ပါနည်းများသည် ကင်ဆာဆေးများမသွင်းမီ စိုးရိမ်မှုများလျော့နည်းစေရန် အကြံပေးထားသော နည်းလမ်းများဖြစ်ပါသည်။   ဘာကြောင့် စိုးရိမ်စိတ်များရသလဲ။ စိုးရိမ်စိတ် ခေါ် ကြောက်စိတ် သည် ကင်ဆာဆေးမပေးမီ ဖြစ်သော ထိတ်လန့်ခြင်း၊ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းကြောင့် ဖြစ်တတ်သောစိတ်ဖြစ်သည်။ ထို့ပြင် အောက်ပါ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်လာနိုင်ပါသည်။ · အိပ်မပျော်ခြင်း · အစားအသောက်ပျက်ခြင်း · နှလုံးခုန်မြန်ခြင်း · မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ နီလာခြင်း · အသက်ရှုမြန်ခြင်း · မူးဝေခြင်း · ချွေးထွက်ခြင်း · လက်တုန်ခြင်း၊ တကိုယ်လုံး ပင်အပ်နှင့် ထိုးသလိုစူးခြင်း၊ နာကျင်ခြင်း · ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း · ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း · နားထဲတွင် အသံများကြားရခြင်း · လူမှုပတ်ဝန်းကျင်နှင့် ဆက်ဆံရေးအဆင်မပြေခြင်း · ဒေါသထွက်လွယ်ခြင်း စိုးရိမ်စိတ်များကြောင့် သင်သည် အာရုံစူးစိုက်ရခက်ခဲခြင်း၊ နေ့စဉ်အလုပ်များကို […]


အခြားကင်ဆာများ

Penile Cancer (ဖိုအင်္ဂါကင်ဆာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Penile Cancer (ဖိုအင်္ဂါကင်ဆာ ) ကဘာလဲ။ ဖိုအင်္ဂါကင်ဆာသည် ရောဂါဆိုးနိုင်ချေနှင့် အသက်အန္တရာယ်မြင့်သော လိင်တံကင်ဆာဖြစ်ပြီး ဖွံဖြိုးမှုနောက်ကျသော တိုင်းပြည်များတွင် အသက်အရွယ်ကြီးရင့်သူ အမျိုးသားများ၌ အဖြစ်များ၏။ ဖိုအင်္ဂါကင်ဆာသည် လိင်တံအရေးပြားထိပ် ကြပ်ခြင်း (Phimosis) အား မကုသပဲထားခြင်း သို့မဟုတ် အသက်ကြီးမှ ထိပ်ဖြတ်ခြင်း ပြုလုပ်သူများ (၃၈-၂၀ ကြား)တွင် ဖြစ်တတ်ပါသည်။ ထိပ်ဖြတ်ခြင်းဆိုသည်မှာ လိင်တံမှထိပ်ဖျားအရေပြားအား ဖယ်ရှာပစ်ခြင်း ဖြစ်သည်။ ထိပ်ဖြတ်ခြင်းအခမ်းအနား (brit milah) သည် ဂျူးဘာသာ၏ ရှေးကျသော အလေ့အကျင့်တစ်ခု ဖြစ်ပြီး မွေးကင်စ ကင်းပွန်းတပ်ခြင်းနှင့် တွဲလုပ်လေ့ ရှိသည်။ ထို့ကြောင့် အစ္စရေးလူမျိုးများတွင် ကမ္ဘာပေါ်၌ ဖိုအင်္ဂါကင်ဆာဖြစ်ပွားမှု အနည်းဆုံး (ဝ.၁/၁၀၀,၀၀၀) ဖြစ်သည်။ ဖိုအင်္ဂါကင်ဆာအား အောက်ပါအတိုင်း အမျိုးအစားခွဲ၏။ စကွေးမတ်ဆဲလ်ကင်ဆာ (SCC) သည် အဖြစ်များဆုံးသော ဖိုအင်္ဂါကင်ဆာအမျိုးအစား ဖြစ်ပြီး […]


အခြားကင်ဆာများ

Rectal Polyps ( အစာဟောင်းအိမ်အသားပို )

အဓိပ္ပါယ်ဖွင့်ဆိုချက်Rectal Polyps ( အစာဟောင်းအိမ်အသားပို ) ကဘာလဲ။ အစာဟောင်းအိမ်အသားပိုဆိုသည်မှာ အူမကြီးနံရံများတွင် ဖြစ်ပေါ်တတ်သည့် ဆဲလ်အစုအဝေးလေးများကို ဆိုလိုသည်။ အူမကြီးအသားပိုအများစုမှာ အန္တရာယ်မရှိပါ။ သို့သော် အချိန်ကြာလာသည်နှင့် တစ်ချို့သော အူမကြီးအသားပိုများသည် အူမကြီးကင်ဆာအဖြစ် ပြောင်းသွားနိုင်ပြီး နောက်ပိုင်းအဆင့်များတွင် အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်၏။ အသားပိုများသည် အချောင်းလိုက် သို့မဟုတ် ချိန်သီးပုံစံနှင့်ရှိတတ်ပြီး အရွယ်အစားအမျိုးမျိုး ရှိနိုင်သည်။ အသားပိုများတွေ့ရနိုင်ချေသည် ၇%မှ ၅၀% ထိရှိပြီး အများဆုံးမှာ ရင်ခွဲစစ်ဆေးစဉ် အလွန်သေးငယ်သည့်အသားပိုများ (များသောအားဖြင့် hyperplastic polys သို့ adenoma)ဖြစ်သည်။ အသားပိုများသည် များသောအားဖြင့် အများကြီးရှိတတ်ပြီး အတွေ့ရဆုံးမှာ အစာဟောင်းအိမ်တွင်ဖြစ်သည်။ Rectal Polyps ( အစာဟောင်းအိမ်အသားပို ) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်း အူမကြီးအသားပိုပေါက်နိုင်၏။ အသက် ၅၀ ကျော်လာလျှင် သို့မဟုတ် အဝလွန်လျှင် သို့မဟုတ် […]


အခြားကင်ဆာများ

လက်ကိုင်ဖုန်းသုံးတာက ကင်ဆာဖြစ်စေနိုင်သလား

လက်ကိုင်ဖုန်းတွေသုံးရင် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာက ယနေ့ခေတ်မှာ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုဖြစ်နေပါတယ်။ လက်ကိုင်ဖုန်းသုံးတာက ကင်ဆာ ဒါမှမဟုတ် တခြားကျန်းမာရေးအတွက် ထိခိုက်စေနိုင်သလား။ အဓိကအချက်သုံးခုရှိပါတယ်။ (၁) လက်ကိုင်ဖုန်းတွေက ရေဒီယိုလှိုင်းတွေ ထုတ်လွှတ်ပါတယ်။ ဒါက သံလိုက်ပါတဲ့ လှိုင်းတွေဖြစ်တဲ့အတွက် ခန္ဓါကိုယ်မှာ ရှိတဲ့ အနီးဆုံး တစ်သျှူးကနေ ဒီစွမ်းအင်ကို စုပ်ယူနိုင်ပါတယ်။ (၂) လက်ကိုင်ဖုန်းသုံးတဲ့ဦးရေက တစ်မဟုန်ချင်း တိုးပွားလာနေပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင် သန်းငါးဆယ် ဝန်းကျင်ရှိပါတယ်။ (၃) တနေ့ချင်းဆီခေါ်ဆိုမှုနဲ့ သုံးစွဲသူတွေက များလာပါတယ်။ နှစ်နှစ်ဆယ်အတွင်း အသုံးပြုသူဦးရေ ၄၂၀,၀၀၀ တိုးပွားလာပါတယ်။   လက်ကိုင်ဖုန်းသုံးတာက ကင်ဆာဖြစ်စေသလား သုတေသနအများစုကတော့ လက်ကိုင်ဖုန်းသုံးတာက ကင်ဆာမဖြစ်စေဘူးလို့ ဆိုပါတယ်။ လက်ကိုင်ဖုန်းကနေထွက်တဲ့ ရေဒီယိုလှိုင်းတွေက ခန္ဓါကိုယ်မှာရှိတဲ့ မျိုးဗီဇ (DNA) ကို သက်ရောက်မှု မရှိနိုင်ဘူလို့ ဆိုတာပါ။ ဒါနဲ့ပတ်သက်လို့ The National Institute of Environmental Health Sciences […]


အခြားကင်ဆာများ

ကင်ဆာနှင့် အိပ်စက်ခြင်း ပြသနာများ

ကင်ဆာရောဂါဖြစ်နေတဲ့ လူနာတွေရဲ့ ၅၀ ရာခိုင်နှုန်းက အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အခက်အခဲရှိနေတယ်လို့ National Cancer Institute ကဆိုပါတယ်။ တကယ်လို့ သင်က အိပ်စက်ရတာ ခက်ခဲနေမယ်ဆိုရင်တော့ သင်ဟာတစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ ကင်ဆာနဲ့အိပ်စက်ခြင်းဆက်နွယ်နေပုံကို ရှင်းပြသွားမှာပါ။ အိပ်စက်ခြင်းပြသနာတွေက ဘာတွေလဲ ? အိပ်စက်ရခက်ခဲခြင်းနဲ့ အိပ်စက်ရတာအနှောင့်အယှက်ဖြစ်ခြင်းက သင့်မှာ insomnia(အိပ်မပျော်ခြင်း)၊ restless legs syndrome(ခြေထောက်ဂနာမငြိမ်ရောဂါ)နဲ့ fragmented sleep(အအိပ်စက်ခြင်း)ရှိနေပြီလို့ ဆိုလိုတာပါ။ Insomnia(အိပ်မပျော်ခြင်း)ကတော့ အဖြစ်အများဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ကင်ဆာလူနာတွေရဲ့၈၀ ရာခိုင်နှုန်းလောက်က အိပ်စက်ရခက်ခဲနေလို့ပါ။ ကင်ဆာလူနာတွေက သာမန်လိုတွေထက် insomnia(အိပ်မပျော်ခြင်း)ဖြစ်နိုင်ချေ နှစ်ဆပိုများပါတယ်။ ရောဂါလက္ခဏာတွေက ဘာတွေလဲ ? ကင်ဆာဝေဒနာရှင်တစ်ယောက်ဟာ အိပ်ရခက်ခြင်း၊ ညဘက်ခဏခဏနိုးခြင်း၊ မနက်အစောကြီးနိုးပြီး ပြန်အိပ်မရခြင်းတွေဖြစ်ကြပါတယ်။ သင်ဟာ ဒီအခြေအနေတွေကို အနည်းဆုံးတစ်ပတ် ၃ ရက်တော့ကြုံရပါလိမ့်မယ်။ ပြီးတော့ ဆက်တိုက်ဆိုသလို နေ့ခင်းဘက်မှာလည်း သင့်ကိုယ်လုပ်ငန်းစဉ်တွေကို ယိုယွင်းစေခြင်း […]


အခြားကင်ဆာများ

ကင်ဆာကြောင့် နာကျင်မှုအား သက်သာအောင် ဘယ်လိုလုပ်မလဲ

ကင်ဆာဝေဒနာရှင်တစ်ဝက်လောက်က နာကျင်မှုကိုခံစားရပြီး ကင်ဆာကုသမှုခံယူနေတဲ့လူနာ ၃ ယောက်မှာ ၁ ယောက်က နာကျင်မှုကိုခံစားရပါတယ်။ ဒါကြောင့် ကင်ဆာရောဂါရှိတဲ့သူ အများစုက ကင်ဆာကြောင့် နာကျင်မှုခံစားရတယ်ဆိုတာ အမှန်ပါဘဲ။ တကယ်လို့ သင်က အဲဒီလူအများစုထဲမှာပါနေရင်လည်း စိတ်မပူပါနဲ့။ ဒီနာကျင်မှုတွေကို ထိန်းချုပ်ဖို့နည်းလမ်း အများကြီးရှိပါတယ်။ ဘာက နာကျင်မှုကိုဖြစ်စေတာလဲ ? အကြောင်းအရင်း သုံးမျိုး ရှိပါတယ်။ အကျိတ်ကြောင့်နာကျင်ခြင်း၊ ကုသမှုကြောင့်နာကျင်ခြင်း၊ ခွဲစိတ်ပြီးနာကျင်ခြင်း တို့ဖြစ်ပါတယ်။ ကင်ဆာကြောင့်နာကျင်မှုအများစုက အကျိတ်ဟာအရိုးပေါ်၊ အာရုံကြောပေါ် ဒါမှမဟုတ် တခြားကိုယ်တွင်းအင်္ဂါပေါ်ကို သွားဖိတဲ့အခါဖြစ်ပါတယ်။ နာကျင်မှုအဆင့်က နေရာကိုလိုက်ပြီးကွဲပြားပါတယ်။ ဥပမာ - အာရုံကြောနား သို့မဟုတ် ကျောရိုးနာ့ဗ်ကြောနားမှာ အကျိတ်သေးသေးလေးရှိနေရင် အရမ်းနာကျင်နိုင်ပါတယ်။ တခြားနေရာတွေမှာ အကျိတ်ကြီးကြီးဖြစ်လည်း သိပ်အနေမခက်စေပါဘူး။ နာကျင်မှုက ကင်ဆာကိုယ်တိုင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာနားက တစ်ရှူးတွေပျက်စီးမှုကြောင့်ပါ။ လူနာအနေနဲ့ chemotherapy၊ ဓါတ်ကင်ခြင်းနဲ့ […]


အခြားကင်ဆာများ

Tumor (အကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tumor (အကျိတ်) ကဘာလဲ။ အထဲမှာအရည် သို့မဟုတ်အစိုင်အခဲတွေရှိနေနိုင်တဲ့ပုံမှန်မဟုတ်တဲ့တစ်ရှူးအစိုင်အခဲကြီးကိုအကျိတ်လို့ ခေါ်ပါတယ်။ အကျိတ်ဆိုသည်မှာ ပျောက်ကင်းအောင်ကုသနိုင်တဲ့ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ၊်ကင်ဆာဖြစ်သွားနိုင်တဲ့အကျိတ၊်ကင်ဆာအကျိတ်စတာတွေကိုရည်ညွှန်းပါတယ်။အကျိတ်အမျိုးအစားအများကြီးရှိပါတယ်။ ပုံစံနဲ့သူတို့ ဖြစ်နေတဲ့တစ်ရှူးအမျိုးအစားပေါ်မူတည်ပြီးအမည်ပေးပါတယ်။ Tumor (အကျိတ်) က ဘယ်လောက်အဖြစ်များသလဲ နှစ်တစ်နှစ်တိုင်းမှာအကျိတ်ပုံစံအမျိုးမျိုးကို သန်းနဲ့ချီတဲ့လူတွေမှာတွေ့နေရပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းတွေက်ုရှောင်ကြဉ်ခြင်းဖြင့်မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ ထပ်ပြီးသိလိုတယ်ဆိုရင်ဆရာဝနိနဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။   လက္ခဏာများTumor (အကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ဲ့လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း စိတ်ကြွခြင်း အထိအတွေ့ကို မသိတော့ခြင်း၊ကိုယ်လက်လှုပ်ရှားမှုကိုမထိန်းချုပ်နိုင်ခြင်း သွေးပြန်ကြောအတွင်းသွေးခဲခြင်း အမြင်အာရုံဆုံးရှူံးသွားခြင်း အမူအရာအတွေးအခေါ်များပြောင်းလဲသွားခြင်း ဟော်မုန်းဆိုင်ရာပြောင်းလဲမှုများရှိခြင်း လက္ခဏာတွေဟာအကျိတ်အမျိုးအစား၊အရွယ်အစား၊နေရာနဲ့ကုသမှူုတွေပေါ်မူတည်နေပါတယ်။ ခွဲစိတ်ကုသခြင်း၊ဓါတ်ရောင်ခြည်ကုထုံး၊ ဓါတုကုထုံးတွေနဲ့ အခြားသောကုထုံးတွေကြောင့် လက္ခဏာအသစ်တွေလည်း ပေါ်လာနိုင်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့အထဲမှာမပါတဲ့အခြားလက္ခဏာတွေလည်းရှိနေနိုင်ပါသေးတယ်။ သင့်မှာရောဂါလက္ခဏာတစ်ခုခုများရှိနေလားဆိုပြီးစိုးရိမ်နေတယ်ဆိုရင်ဆရာဝန်နဲ့သွားပြဆွေးနွေးသင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်မှာဖော်ပြခဲ့တဲ့လက္ခဏာတစ်ခုခုရှိခဲ့မယ်ဆိုရင်သို့မပါုတ်မေးခွန်းတွေရှိမယ်ဆိုရင်သွားပြသင့်ပါတယ်။ လူတစ်ဦးချင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုချင်းမတူနိုင်ပါဘူး။ သင့်အခြေအနေအတွက်ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာအကောင်းဆုံးပါပဲ။ အကြောင်းရင်းများTumor (အကျိတ်) ကိုဘာတွေကဖြစ်စေသလဲ များသောအားဖြင့်တော့တစ်ရှူးတွေ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲပွားများခြင်းကြောင့်ဖြစ်ပါတယ်။ သာမန်မှာဆိုရငခန္ဓါကိုယ်ဟာဆဲလ်ကြီးထွားမှုတွေကွဲပွားမှုတွေကိထိန်းညှိပေးနိုင်ပါတယ်။ အိုမင်းပျက်စီးသွားတဲ့ဆဲလ်တွေဟာသေသွားရပါတယ်။ သေသွားတဲ့ဆဲလ်တွေနေရာမှာကောင်းမွန်တဲ့ဆဲလ်အသစ်တွေ အစားထိုးရပါတယ်။ အိုမင်းသွားတဲ့ဆဲလ်တွေကမသေဘဲ ဆဲလ်အသစ်တွေထပ်ထပ်ပွားနေခြင်းကြောင့်အကျိတ်ဖြစ်ရပါတယ်။ ကင်ဆာဆဲလ်တွေဟာလည်းအလားတူပဲကြီးထွားပွားများလာပါတယ်။ သာမန်အကျိတ်တွေနဲ့ မတူတာကတော့ကင်ဆာကျိတ်တွေဟာအနီးအနားမှာရှိတဲ့တစ်ရှူးတွေ၊အခြားအစိတ်အပိုင်းတွေကိုပျံ့နှံ့ သွားနိုင်ခြင်း ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများငါ့ဆီမှာ Tumor (အကျိတ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ ဖစ်ပွားနိုင်ချေ မြင့်မားစေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ပတ်ဝန်းကျင် ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့နေရခြင်းကြောင့် ဦးနှောက်အကျိတ်ဖြစ်နိုင်ခြေများပါတယ်ကိုယ်ဝန်ဆောင်မိခင်တွေအသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ စားသုံးခြင်း၊ကလေးတွေအသီးအနှံ ၊ ဟင်းသီးဟင်းရွက်တွေ […]


အခြားကင်ဆာများ

သားသမီး ကင်ဆာဝေဒနာခံစားနေရတာကို သိရှိလိုက်ချိန်မှာ မိဘတွေအနေနဲ့ ဘယ်လိုတုန့်ပြန်လေ့ရှိကြသလဲ

ကင်ဆာရောဂါဖြစ်နေတယ်လို့ သိရှိခြင်းဟာ မိသားစု တစ်ခုလုံးကို ထိခိုက်မှု ရှိနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အသည်းကင်ဆာ ဖြစ်နေတဲ့ ကလေးရဲ့ မိဘဆိုရင် သင်ဟာခံစားရလွန်းလို့ ဘယ်လိုဖြေသိမ့်ရမှန်းတောင်မသိ ဖြစ်နေနိုင်ပါတယ်။ သင် ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သင်နဲ့ အခြေအနေတူ မိဘ ဘယ်နှစ်ယောက်ရှိလဲ ဆိုတာပဲ ဖြစ်ပါတယ်။   ရှောခ့် ရှောခ့်ရတယ် ဆိုတာ မိဘတွေ အပြောများတဲ့ အရာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဘာတွေ ဘယ်လို ခံစားနေရမှန်းကို မသိနိုင်ကြပါဘူး။ ခံစားမှုတွေနဲ့ မေးခွန်းတွေဟာ ခေါင်းထဲမှာ များပြားနေတာကြောင့် အစပိုင်းမှာ ထုံထိုင်းမှုကို ခံစားရနိုင်ပါတယ်။ ဆရာဝန်က သူတို့ကလေးရဲ့ အခြေအနေကို ရှင်းပြတဲ့အခါမှာ မိဘတွေဟာ စိတ်ရှုပ်ထွေးခြင်း ဖြစ်သွားကြပါတယ်။ မိဘတွေဟာ ဆရာဝန်က ပြောပြတဲ့ ရောဂါအခြေအနေ (သို့) […]


အခြားကင်ဆာများ

ဒီလက္ခဏာတွေက ကင်ဆာ ကြောင့် ဖြစ်နိုင်ပါတယ်နော်

ကင်ဆာ ရောဂါဆိုတာ ထူးခြားတဲ့ လက္ခဏာတွေ ရှိနေတဲ့ ရောဂါမဟုတ်ပါဘူး။ အများစုက လက္ခဏာ မပြတတ်ကြတဲ့အတွက် စောစောစီးစီး သိဖို့ ခဲယဉ်းပါတယ်။ လက္ခဏာပြခဲ့ရင်တောင် ဟိုရောဂါလား၊ ဒီရောဂါလားဆိုပြီး လွဲမှားနိုင်ပါသေးတယ်။ ကင်ဆာဟာ ဒီလောက်ထိကို မျက်လှည့်ဆန်တဲ့ ရောဂါပါ။ ဒါပေမယ့် အောက်ကလက္ခဏာတွေ ရှိနေရင်တော့ မပေါ့ပါနဲ့။ ဒါဟာ လေ့လာချက်တွေအရ ကင်ဆာရောဂါမှာ အတွေ့ရအများဆုံး လက္ခဏာတွေ မို့လို့ပါပဲ။ အတွေ့ရများတဲ့ ကင်ဆာ လက္ခဏာများ အသက်ရှူမဝခြင်း။ ချက်ချင်းဆိုသလို အသက်ရှူမဝနေတာက ပုံမှန်မဟုတ်ပါဘူး။ ဒီတစ်ခုတည်းနဲ့တော့ ကင်ဆာဖြစ်နေပြီလို့ ပြောလို့မရပါဘူး။ ဒါက သင့်ကျန်းမာရေး အခြေအနေဆိုးလာကြောင်း အချက်ပြနေတာပါ။ တကယ်လို့ သင်ဟာမကြာခဏဆိုသလို အသက်ရှူမဝဖြစ်နေရင် ဆရာဝန်နဲ့ ပြသပါ။ ရင်ပူခြင်း၊ အစာမကြေခြင်း အဆီပါတဲ့အစာတွေ၊ စပ်တဲ့အစာတွေ အများကြီးစားမိတဲ့အခါ သက်သောင့်သက်သာမဖြစ်ဘဲ ရင်ပူတာက ပုံမှန်ဆိုပေမယ့် တကယ်လို့မကြာခဏ […]


အခြားကင်ဆာများ

Uterine Cancer (သားအိမ်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Uterine Cancer (သားအိမ်ကင်ဆာ) ကဘာလဲ။ သားအိမ်ကင်ဆာဆိုသည်မှာ သားအိမ်၏ အတွင်းနံရံ တွင်ဖြစ်ပွားသော ကင်ဆာ အမျိုးအစားတစ်ခု ဖြစ်သည်။ ထို အတွင်းနံရံသည် သားအိမ်နှင့် သားအိမ်ခေါင်း အတွင်းရှိ အပေါ်ယံအလွှာ ဖြစ်သည်။ သားအိမ်သည် ဆီးအိမ်နှင့် အူမကြီး အနှောင်းပိုင်းကြားတွင်ရှိသည်။ သားအိမ်ခေါင်းနှင့် သားအိမ်ဟူ၍ ပါဝင်သည်။ သားအိမ်ခေါင်းသည် မွေးလမ်း ကြောင်းနှင့် ဆက်စပ်နေပြီး သားအိမ်ကိုယ်ထည်သည် သား ဥပြွန်နှင့် ဆက်ထားပါသည်။ ကင်ဆာသည် သားအိမ် တစ်ရှူးအလွှာများတွင် ဖြစ်ပွားနိုင်သည်။ ကင်ဆာသည် သားအိမ်၏ တွယ်ဆက်မှု ကြွက်သားများတွင် ဖြစ်ပွား ပါသည်။ Uterine Cancer (သားအိမ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ။ လက်ရှိတွင် သားအိမ်ကင်ဆာ ဖြစ်ပွားမှု အရေအတွက် သည်မြင့်တက်နေပါသည်။ သားအိမ်ကင်ဆာအများစုသည် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။ သိပ္ပံ ပညာရှင်များက အဝလွန်သောသူများသည်လည်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း