အခြားကင်ဆာများ

ကင်ဆာရောဂါများရဲ့ အစောပိုင်းလက္ခဏာများ၊ ကုထုံးများ၊ ကြိုတင်ကာကွယ်နည်းများနှင့် လိုက်နာရမယ့် နေထိုင်စားသောက်မှုပုံစံများကို ဒီကဏ္ဍမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားကင်ဆာများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

အခြားကင်ဆာများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

Kidney Cancer (ကျောက်ကပ်ကင်ဆာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Kidney Cancer (ကျောက်ကပ်ကင်ဆာ ) ကဘာလဲ။ ကျောက်ကပ်ကင်ဆာဆိုသည်မှာ ကျောက်ကပ်နှစ်ခုတွင်ဖြစ်ပွား သောကင်ဆာဖြစ်သည်။ သင့်ကျောက်ကပ်များသည် ပဲစေ့ပုံစံရှိကြပြီး သင့်လက်သီးဆုပ်၏တစ်ခုစာလောက်ရှိကြ သည်။ သင့်ဝမ်းဗိုက်တွင်းရှိကလီစာများ၏အနောက်တွင်တည်ရှိကြ ပြီး သင့်ကျောရိုး၏တဘက်တချက်တွင် ရှိကြသည်။ ကျောက်ကပ်ကင်ဆာဖြစ်ပွားမှုသည်ပိုမိုများပြားလာဖွယ် ရှိနေသည်။ ဖြစ်နိုင်သောအကြောင်းအရင်းတစ်ခုမှာ ကွန်ပြူတာဓါတ်မှန်များအသုံးများလာ၍ဖြစ်နိုင်သည်။ ထိုဓါတ်မှန် များကြောင့်လည်း ကျောက်ကပ်ကင်ဆာဖြစ်နေကြောင်းကိုအမှတ် တမဲ့တွေ့ရှိသွားနိုင်သေးသည်။ Kidney Cancer (ကျောက်ကပ်ကင်ဆာ ) က ဘယ်လောက်အဖြစ်များသလဲ အမေရိကန်နိုင်ငံရှိအမျိုးသားကင်ဆာတက္ကသိုလ်၏ခန့်မှန်းလေ့လာ ချက်များအရ 2015ခုနှစ်တွင် ကျောက်ကပ်ကင်ဆာအသစ် ဖြစ်ပွားသူပေါင်း61000ကျော်ရှိနေသည်။ အရွယ်ရောက်ပြီးသူများ တွင်အဖြစ်အများဆုံးကျောက်ကပ်ကင်ဆာမှာ Renal cell carcinomaပင်ဖြစ်သည်။ အခြားသောအဖြစ်နည်းသည့် ကျောက်ကပ်ကင်ဆာအမျိုးအစားများလည်း ဖြစ်ပွားနိုင်ပါသေးသည်။ ကလေးငယ်များသည် Wilms’ tumour ဟုခေါ်သော ကျောက်ကပ်ကင်ဆာတစ်မျိုးပို၍ဖြစ်ပွားနိုင်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများKidney Cancer (ကျောက်ကပ်ကင်ဆာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ ကျောက်ကပ်ကင်ဆာ၏လက္ခဏာများသည် ဖြစ်ပွားနေသောရောဂါ အဆင့်ပေါ်မူတည်၍ကွဲပြားပါသည်။ ကျောက်ကပ်ကင်ဆာသည် ကနဦးအဆင့်များတွင် မည်သည့်လက္ခဏာကိုမျှမဖြစ်ပွားစေနိုင်ပါ။ ကင်ဆာဖြစ်ပွားမှုအဆင့်မြင့်လာသောအခါအောက်ပါလက္ခဏာများ ဖြစ်ပွားလာတတ်ပါသည်။ ကျောတောက်လျှောက်အောင့်နေခြင်း အထူးသဖြင့်နံရိုးအောက်နားတွင်ဖြစ်သည် ဆီးထဲတွင်သွေးပါခြင်း ဗိုက်အောင့်ခြင်း ဗိုက်ပူခြင်း၊ဖောင်းခြင်း ဗိုက်တွင် အသားလုံးတခု၊အကျိတ်တခုထွက်လာခြင်း ပင်ပန်းနွမ်းနယ်ခြင်း ဗိုက်သားများနာကျင်ကိုက်ခဲခြင်း အဖျားခဏဏတက်ခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်း ဝမ်းချုပ်ခြင်း အသားရောင်ဖြူဖပ်ဖြူရော်ဖြစ်ခြင်း အအေးဓါတ်မခံနိုင်ခြင်း အမြင်ပိုင်းဆိုင်ရာပြဿနာများဖြစ်ပွားလာခြင်း အမျိုးသမီးများတွင်အလွန်အမင်းအမွှေးထူလာခြင် ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် […]


အခြားကင်ဆာများ

ကင်ဆာနာကျင်မှုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းများ

ကင်ဆာရောဂါကြောင့် နာကျင်ခြင်းက အလွန်အမင်း ဆိုးရွားတဲ့အတွက် တချို့ အခြေအနေတွေမှာ သတိလစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ အဲဒီနာကျင်မှုက သင့်ကိုကောင်းကောင်း မလှုပ်ရှားနိုင်အောင် တားဆီးထားပြီး သင့်ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ တကယ့်လို့ ကင်ဆာကြောင့် ဖြစ်လာတဲ့ နာကျင်မှုကို တောင့်ခံဖို့ လိုနေတယ်ဆိုရင် အခုပြောပြမယ့် အချက် ၇ ချက်က သင့်အတွက်ပါ။ နာကျင်မှု အဆင့်ကို တိုင်းတာပါ။ နာကျင်မှု စလာတာနဲ့ အဲဒီ နာကျင်မှုကို သတိပြုပြီး အဆင့် ၀ ကနေ ၁၀ အကြား သတ်မှတ်ကြည့်ပါ။ အဆင့် ၀ က နာကျင်မှု မရှိဘူးဆိုတဲ့ အဆင့်ဖြစ်ပြီး အဆင့် ၁၀ ကတော့ နာကျင်မှု အဆိုးဆုံးအဆင့် ဖြစ်ပါတယ်။ သင့်အနေနဲ့ ဘာက နာကျင်မှုကို စစေသလဲ၊ […]


အခြားကင်ဆာများ

Testicular Cancer (ဝှေးစေ့ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Testicular Cancer (ဝှေးစေ့ကင်ဆာ) ကဘာလဲ။ ဝှေးစေ့ကင်ဆာဆိုသည်မှာ အမျိုးသားများတွင် ဖြစ်ပွားသည့် ကင်ဆာရောဂါဖြစ်ပြီး ဝှေးစေ့များတွင် သာဖြစ်ပွားသည်။ ကပ်ပယ်အိတ်နှင့် လိင်တံအချာင်း၏အပေါ်ရှိ လျော့ရဲသော အရေပြားအတွင်းတွင် ဖြစ်ပွားတတ်သည်။ ဝှေးစေ့သည် သုက်များနှင့် မျိုးပွားမှုဆိုင်ရာ ဟော်မုန်းများကို ထုတ်လုပ်သည်။ သုက်အားဝှေးစေ့အတွင်းတွင်ဖန်တီးထုတ်လုပ်ပေးနိုင်သော ဆဲလ်တစ်မျိုးကို ဂျားမ်ဆဲလ်ဟုခေါ်ပြီး ထိုဆဲလ်မှစ၍ကင်ဆာဖြစ်ပွားလာခြင်းဖြစ်သည်။ အဓိက ဂျားမ်ဆဲလ်ကင်ဆာနှစ်မျိုးမှာ ဆီမင်နိုးမား နှင့် နန်းဆီမင်နိုးမားတို့ဖြစ်သည်။ ဆီမင်နိုးမားသည် နှေးကွေးစွာ ကြီးထွားခြင်းပြန့်နှံ့ခြင်းတို့ဖြစ်ပွားတတ်ပြီး ဓါတ်ရောင်ခြည်ကုသမှုနှင့် သက်သာလာတတ်သည်။ နန်းဆီမင်နိုးမားမှာ ဆီမင်နိုးမားထက် လျင်မြန်စွာကြီးထွားလာတတ်ပြီး ပြန့်သွားတတ်သည်။ ထို့အပြင် နန်းဆီမင်နိုးမားသည်ပုံစံကွဲပေါင်းများစွာလည်းရှိသည်။ ဝှေးစေ့ကင်ဆာသည် ဝှေးစေ့ နေရာမှ အခြား နေရာများသို့ပျံ့နှံ့သွားသည့်တိုင်အောင် အများအားဖြင့် ကောင်းမွန်စွာ ကုသ၍ရနိုင်သည်။ ဖြစ်ပွားသည့် ကင်ဆာအမျိုးအစားနှင့် အဆင့်အပေါ်မူတည်၍ များပြားသောကုသနည်းများထဲမှ တနည်းနည်းဖြင့်ဖြစ်စေ နည်းလမ်းများ တွဲဖက်၍ဖြစ်စေ ကုသခံရနိုင်ပါသည်။   လက္ခဏာများTesticular […]


အခြားကင်ဆာများ

Rectal Cancer (စအိုကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rectal Cancer (စအိုကင်ဆာ) ကဘာလဲ။ စအိုကင်ဆာဆိုသည်မှာ အူမကြီး၏နောက်ဆုံးအပိုင်းတွင်ဖြစ်သော ကင်ဆာဖြစ်သည်။ တခါတရံတွင် အူမကြီးနှင့်တွဲဖြစ်တတ်ပြီး အူမကြီးစအိုကင်ဆာဟုလည်းခေါ်သည်။ စအိုကင်ဆာသည် စအိုရှိ ဆဲလ်များပြောင်းလဲခြင်းမှစတင်သည်။ စအိုကင်ဆာသည် အစပိုင်းတွင် ကင်ဆာမဖြစ်သေးသောအလုံးပုံစံဖြင့်ပြတတ်သည်။ Rectal Cancer (စအိုကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ ယောကျာ်းလေးများတွင်ပိုဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများRectal Cancer (စအိုကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ စအိုကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဝမ်းချုပ်ခြင်း စအိုမှသွေးကျခြင်း ဝမ်းလျောခြင်း ဝမ်းတွင်အနက်ရောင်အကွက်များပေါ်ခြင်း ခဲတံပုံသဏာန်ဝမ်းသွားခြင်း ဗိုက်အတွင်းနေထိုင်မကောင်းခြင်း အကြောင်းပြချက်မရှိမောပန်းခြင်း အစားအသောက်ပျက်ခြင်း ကိုယ်အလေးချိန်ကျခြင်း တင်ပါးအတွင်းပိုင်းနာခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများRectal Cancer (စအိုကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ အဓိကအားဖြင့် အကြောင်းအရင်းနှစ်မျိုးရှိပါသည်။ အူလမ်းကြောင်းယောင်ယမ်းသည့်ရောဂါ။အူလမ်းကြောင်းယောင်ယမ်းသည့်ရောဂါ( နှာတာရှည် အူမကြီးယောင်ခြင်း၊ နှင့် ခရုန်းရောဂါ) သည် စအိုကင်ဆာကိုပို၍ဖြစ်စေသည်။ ရောဂါရှိခြင်းကြာလေလေ ယောင်ယမ်းခြင်းကိုပိုဆိုးလေလေဖြစ်သည်။ ထိုသူများတွင် အက်ပလင်(သွေးကျဲဆေး) […]


အခြားကင်ဆာများ

Endometrial cancer (သားအိမ်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endometrial cancer (သားအိမ်ကင်ဆာ) ကဘာလဲ။ သားအိမ်ကင်ဆာသည် သားအိမ်တွင်းနံရံမှဖြစ်သော ကင်ဆာဖြစ်ပါသည်။ သားအိမ်သည် အခေါင်းပါ သစ်တော်သီးပုံရှိ ဆီးခုံတွင်းအင်္ဂါဖြစ်ပြီး သန္ဓေသားကြီးထွားသောနေရာလည်း ဖြစ်သည်။ သားအိမ်ကင်ဆာမှာ သားအိမ်နံရံ (Endometrium) အလွှာမှ ဆဲလများတွင်ဖြစ်သော ကင်ဆာဖြစ်သည်။ သားအိမ်ကင်ဆာကို Endometrial ကင်ဆာဟုလည်းခေါ်သည်။ သားအိမ်တွင် Uterine Sarcoma ကဲ့သို့ တခြားသော ကင်ဆာအမျိုအစားများကိုလည်း တွေ့နိုင်ပါသည်။ သို့သော် သားအိမ်ကင်ဆာလောက် အဖြစ်မများကြပါ။ Endometrial cancer (သားအိမ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ နှစ်စဉ် US ၌ သားအိမ်ကင်ဆာ ၃၀၀၀၀၀ ကျော် ဖြစ်ပွားနေပါသည်။ ထို့အတူ ဤရောဂါသည် US တွင်သာမဟုတ်ပဲ တစ်ခြားသော ဖွံဖြိုးပြီးနိုင်ငံများတွင်ပါ အဖြစ်များဆုံးသော မီးယပ်ကင်ဆာအမျိုးအစားတွင် ပါဝင်နေသည်။ သားအိမ်ကင်ဆာအများစုမှာ အသက် ၆၀ နှင့် ၇၀ ကြားတွင် အဖြစ်များပြီး […]


အခြားကင်ဆာများ

Esophageal Cancer (အစာမျိုပြွန်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophageal Cancer (အစာမျိုပြွန်ကင်ဆာ) ကဘာလဲ။ အစာမျိုပြွန်ကင်ဆာသည် လည်ချောင်းမှ အစာအိမ်ထိ ဆင်းသက်သွားသော ပြွန်ချောင်းပုံသဏ္ဍာန်ရှိသည့် အစာမျိုပြွန်တွင် ကင်ဆာဆဲလ်များ စုဝေးရာမှ ဖြစ်ပေါ်သည်။ အစာများသည် ပါးစပ်မှ အစာအိမ်သို့ အစာမျိုပြွန်မှတစ်ဆင့် ဆင်းသွားသည်။ ကင်ဆာသည် အစာမျိုပြွန်အတွင်းလွှာတွင် စတင်ဖြစ်ပေါ်ပြီး အခြားအလွှာများ နှင့် ခန္ဓါကိုယ် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည်။ Esophageal Cancer (အစာမျိုပြွန်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ အာရှနှင့် အာဖရိက ကဲ့သို့သော ကမ္ဘာ့နေရာအချို့တွင် အစာမျိုပြွန်ကင်ဆာသည် ပိုအဖြစ်များပါသည်။ အမျိုးသားနှင့် သက်ကြီးရွယ်အိုများတွင် ပိုဖြစ်ပါသည်။ သို့သော် အစာမျိုပြွန်ကင်ဆာ ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် ရောဂါကို စီမံနိုင်ပါသည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများအတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါသည်။ လက္ခဏာများEsophageal Cancer (အစာမျိုပြွန်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အစာမျိုပြွန်ကင်ဆာ အစောပိုင်းအဆင့်များတွင် မည့်သည့်လက္ခဏာမှ မခံစားရသည်လည်း […]


အခြားကင်ဆာများ

Gallbladder Polyps (သည်းခြေအဖုအကျိတ်များ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) ကဘာလဲ။ သည်းခြေအိတ်အတွင်းထိုးထွက်ပေါက်သော အဖုအကျိတ်များဖြစ်တယ်။ ပုံမှန်အားဖြင့် အယ်လ်ထရာဆောင်းနဲ့ ရှာဖွေသိရှိရပါတယ်။ သည်းခြေအိတ်အဖုအကျိတ်များမှာ များသောအားဖြင့်တော့ ကိုလက်စ်ထရောနဲ့ဖွဲ့စည်းထားပြီး ကင်ဆာကျိတ်မဟုတ်သလို အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ကင်ဆာမဟုတ်တာတွေရှိသလို ကင်ဆာဖြစ်လာနိုင်တာတွေလည်းရှိပါတယ်။ သည်းခြေအိတ်အဖုအကျိတ်တွေနဲ့ပတ်သတ်လို့ပြောရရင် အရွယ်အစားဟာသိပ်အရေးကြီးပါတယ်။ အရွယ်ကြီးလေလေ ကင်ဆာဖြစ်နိုင်ချေများလေလေဖြစ်တယ်။ ၁ စင်တီမီတာထက် ပိုကြီးပါက ကင်ဆာဖြစ်နိုင်ချေများတာကြောင့် ဆရာဝန်တွေက ထိုအရွယ် သို့ ထိုထက်ပိုကြီးရင် သည်းခြေအိတ်ကိုဖယ်ပစ်ဖို့ အကြံပေးတတ်ကြပါတယ်။ ထိုအရွယ်ထက်သေးပါက ကင်ဆာဖြစ်နိုင်ချေနည်းပါတယ်။ Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေးဖြစ်နိုင်ပြီး အဖုအကျိတ်ဖြစ်စေတဲ့အချက်တွေကို ရှောင်ရှားလျှော့ချခြင်းဖြင့်ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက်ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများGallbladder Polyps (သည်းခြေအဖုအကျိတ်များ) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာလုံးဝမပြတာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် သည်းခြေအိတ်ကြောင့် ဗိုက်အောင့်၊ ဗိုက်နာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့နာကျင်မှုမျိုးက များသောအားဖြင့် သည်းခြေကျောက်ကြောင့်ဖြစ်တတ်ပေမယ့် သည်းခြေကျောက်မရှိပါက သည်းခြေအိတ်အတွင်း အဖုအကျိတ်တွေရှိနေတာကြောင့်ဖြစ်နိုင်တယ်။ ဖေြာ်ပထားတဲ့လက္ခဏာတွေအပြင် နောက်ထပ်လက္ခဏာတွေလည်းရှိနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေကြုံရတယ်၊ […]


အခြားကင်ဆာများ

Rhabdomyosarcoma (ရာဘ်ဒိုမိုင်ရိုဆာကိုးမား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rhabdomyosarcoma (ရာဘ်ဒိုမိုင်ရိုဆာကိုးမား) ကဘာလဲ။ Rhabdomyosarcoma ဆိုသည်မှာ အလျင်အမြန် ကြီးထွားလွယ်သော ကင်ဆာတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ် အနှံ့အပြားမှ တစ်ရှူးပျော့များ (ဥပမာ ကြွက်သား)တွင် ဖြစ်ပေါ်နိုင်ပါသည်။ စိတ်ဖြင့်ထိန်းချုပ်နိုင်သော ကြွက်သား (လက်မောင်း၊ ခြေထောက်)တို့တွင် ဖြစ်တတ်၏။ ထိုကြွက်သားများကို အရိုးမှီကြွက်သား သို့မဟုတ် အစင်းပါကြွက်သားများဟုခေါ်ပါသည်။ Rhabdomyosarcoma အဖြစ်များသောနေရာများမှ ခေါင်း၊ လည်ပင်း၊ ဆီးအိမ်၊ မိန်းမကိုယ်၊ လက်၊ ခြေ နှင့် ခန္ဓါကိုယ်ထည်ပိုင်းတို့ဖြစ်သည်။ Rhabdomyosarcoma တွင် ကင်ဆာဆဲလ်များမှာ မရင့်ကျက်သေးသည့် ကြွက်သားဆဲလ်များနှင့်တူ၏။   Rhabdomyosarcoma အမျိုးအစား နှစ်မျိုးရှိပါသည်။ သန္ဓေသားဆိုင်ရာ Rhabdomyosarcoma – ၎င်းသည် အသက် ၆ နှစ်အောက် ကလေးများတွင် အဖြစ်များ၏။ ဦးခေါင်း၊ လည်ပင်းနှင့် အထူးသဖြင့် မျက်လုံးတစ်ဝိုက်မှ တစ်ရှူးပျော့များ (မျက်လုံးဆိုင်ရာ Rhabdomyosarcoma) တွင် […]


အခြားကင်ဆာများ

ကင်ဆာနှင့် ပတ်သက်ပြီး မိသားစုအနာဂတ်အတွက် ဘယ်လိုပြင်ဆင်မလဲ

သင့်မှာ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာရောဂါ ရှိမှန်းသိပြီးနောက်မှာ သင်သာမက သင့်မိသားစုတစ်ခုလုံးပါ တုန်လှုပ်ထိခိုက်ရမည်ဖြစ်သည်။ သင့်မိသားစုသည် သင့်အတွက် စိတ်သက်သာရာရမှုနှင့် ခွန်အားများကို ပေးနိုင်သလို စိတ်ဖိစီးမှု နှင့် စိုးရိမ်ပူပန်မှုတွေကိုလည်း ပေးနိုင်ပါတယ်။ ထို့ကြောင့် သင်ရော သင့်မိသားစုပါ နောင်အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ရှောင်လွှဲဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ ကင်ဆာကသင့်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်သလဲ ကင်ဆာရှိမှန်းသိပြီးနောက်မှာ သင်ဟာ ကုသမှုတွေခံယူရမယ်။ အဲဒီကနေ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကိုလည်း ခံစားရမယ်။ ကုသမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက ခဏတာ (သို့) တစ်သက်လုံးဖြစ်နိုင်ပါတယ်။ ဥပမာ-ဆံပင်ကျွတ်ခြင်း၊ ခွဲစိတ်မှုကြောင့် အမာရွတ်ဖြစ်ခြင်း၊ အနီကွက်၊အနာ ကဲ့သို့သော အရေပြား ပြောင်းလဲမှု ။ အားကစားလှုပ်ရှားမှုပိုင်းဆိုင်ရာ စွမ်းရည်ကျဆင်းခြင်း၊ လျှင်မြန်သွက်လွက်ခြင်းနှင့် ဟန်ချက်ထိန်းနိုင်စွမ်း ကျဆင်းခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း (သို့) ကျခြင်း ကဲ့သို့သော […]


အခြားကင်ဆာများ

Gallbladder Cancer (သည်းခြေကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gallbladder Cancer (သည်းခြေကင်ဆာ) ကဘာလဲ။ သည်းခြေတစ်ရှူးတွေမှာ ကင်ဆာဆဲလ်များဖြစ်ခြင်းရောဂါဖြစ်ပါတယ်။ သည်းခြေဆိုတာက ဗီုက်အထက်ပိုင်း အသည်းရဲ့အောက်ခြေလေးမှာ ကပ်ပြိးတည်ရှိနေတဲ့အစိတ်အပိုင်းလေးဖြစ်ပါတယ်။ သည်းခြေက အဆီတွေူကိုချေဖျက်ဖို့ အသည်းကနေထုတ်တဲ့သည်းခြေရည်ကိုသိုလှောင်ပါတယ်။ အစာအိမ်နဲပအူအတွင်း အစာတွေကိုချေဖျက်ရာမျာ သည်းခြေရည်တွေက အသည်းနဲ့သည်းခြေကနေ အူသိမ်ပထမပိုင်းကို ဆက်ပေးတဲ့ သည်းခြေရည်ပို့ပြွန်ကနေတစ်ဆင့် သည်းခြေထဲကထွက်လာပါတယ်။ သည်းခြေကင်ဆာကို အစောပိုင်းအဆင့်မှာတည်းက သတိထားမိရင် ပျေက်ကင်ေးဆာင်ကုသနိုင်ချေ များပါတယ်။ ဒါပေမဲ့ ရောဂါရဲ့ရှေ့အလားအလာကညံ့ဖျင်းတာကြောင့် သည်ေးခြကင်ဆာအများစုကို နောက်ကျမှသိရတတ်ပါတယ်။ Gallbladder Cancer (သည်းခြေကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများGallbladder Cancer (သည်းခြေကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ သည်းခြေကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဗိုက်အောင့်ခြင်း အထူးသဖြင့် ဗီုက်ညာဘက်အထက်ပိုင်း လေပွခြင်း ယားခြင်း ဖျားခြင်း အစားစားလိုစိတ်မရှိခြင်း ဝိတ်မချဘဲ ကိုယ်အလေးချိန်ကျသွားခြင်း မူးဝေခြင်း အသားမျက်လုံးဝါခြင်း သည်းခြေကင်ဆာက စောစောရောဂါအမည်တပ်နိုင်ဖို့ ခက်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ စောစောသိစောစောကုခြင်းက သည်းခြေကင်ဆာကိုပိုမဆိုေးအေင်နဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း