brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

သားအိမ်ကင်ဆာဆိုတာ ဘာလဲ

သားအိမ်ကင်ဆာဆိုတာ အမျိုးသမီးတွေရဲ့ သားလောင်းဖွံ့ဖြိုးရာ အင်္ဂါဖြစ်တဲ့ သားအိမ်မှာ ဖြစ်တဲ့ကင်ဆာပါ။ သားအိမ်ကင်ဆာက သာအိမ်ရဲ့မျက်နှာပြင်အနားကွပ် ဆဲလ်တွေမှာဖြစ်တာပါ။ သားအိမ်ထဲမှာဖြစ်တဲ့ နောက်ထပ် uterine sarcoma(သားအိမ်ကြွက်သားကင်ဆာ) ဆိုတဲ့ ကင်ဆာတစ်မျိုးလည်းရှိပါသေးတယ်။ ဒါပေမယ့်သူက သားအိမ်ကင်ဆာလောက် လူသိမများပါဘူး။ သားအိမ်ကင်ဆာကို ပုံပန်းသွင်ပြင်ပြောင်းလဲမှုကြောင့် ရှာဖွေတွေ့ရှိမှာဖြစ်ပြီး သူ့ကြောင့် မိန်းမကို ပုံမှန်မဟုတ်ဘဲသွေးယိုခြင်းဖြစ်လာတတ်ပါတယ်။ အဲဒီအခါမှာ ဆရာဝန်ဆီချက်ချင်းသွားဖို့လိုပါတယ်။ တကယ်လို့ သားအိမ်ကင်ဆာရှိတာစောစောသိခဲ့ရင် သားအိမ်ကိုဖြတ်ထုတ်ခြင်းနည်းဖြင့် ကာကွယ်နိုင်ပါလိမ့်မယ်။

သားအိမ်ကင်ဆာဆိုတာ ဘာလဲ

ဖြစ်ရသောအကြောင်းအရင်းများ

သားအိမ်ကင်ဆာက သားအိမ်ထဲမှာဖြစ်တတ်တဲ့ ကင်ဆာတွေထဲမှာ လူသိအများဆုံးဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ တိတိကျကျအကြောင်းပြချက်တော့မရှိပါဘူး။ အမဟော်မုန်းဓါတ်လွန်ကဲခြင်းက ဒီလိုဖြစ်စေတာဖြစ်နိုင်ပါတယ်။ အမဟော်မုန်းတွေကသားအိမ်မျက်နှာပြင် အနားကွပ်တွေကိုတည်ဆောက်ဖို့အားပေးပါတယ်။ ဒါက သားအိမ်မျက်နှာပြင်သားတွေကို ကြီးထွားမှုလွန်ကဲပြီး ကင်ဆာဖြစ်လာစေနိင်ပါတယ်။

သားအိမ်ကင်ဆာအဖြစ်အများဆုံးက အသက် ၆၀ နဲ့ ၇၀ ကြားမှာပါ။ တချို့အခြေအနေတွေမှာတော့ အသက် ၄၀ မတိုင်ခင်ဖြစ်နိုင်ပါတယ်

အောက်ဖော်ပြပါအချက်တွေက မဟော်မုန်းကိုတိုးစေပြီး ကင်ဆာဖြစ်နိုင်ချေကိုမြင့်စေပါတယ်။

• progesterone မသုံးဘဲ မဟော်မုန်းအစားထိုးခြင်း

• သားအိမ်မျက်နှာပြင်သားများ မူမမှန်ကြီးထွားဖူးခြင်း

• ရာသီမမှန်ခြင်း

• ကိုယ်ဝန်မဆောင်ဖူးခြင်း

• အဝလွန်ခြင်း

• Polycystic ovary syndrome (PCOS)ဆိုတဲ့ မမျိုးဥဟော်မုန်းရောဂါတစ်မျိုး ရှိခြင်း

• အသက် ၁၂ နှစ်မတိုင်ခင် ရာသီစလာခဲ့ခြင်း

• အသက် ၅၀ ကျော် သွေးဆုံးခြင်း

• ရင်သားကင်ဆာအတွက်သုံးတဲ့ဆေး Tamoxifen သုံးဖူးခြင်း

အောက်ပါအခြေအနေတွေရှိတဲ့အမျိုးသမီးတွေလည်း သားအိမ်ကင်ဆာဖြစ်နိုင်ချေများပါတယ်။

• အူမကြီးကင်ဆာ ဒါမှမဟုတ် ရင်သားကင်ဆာရှိခြင်း

• ဆီးချိုရှိခြင်း

• သည်းခြေရောဂါရှိခြင်း

• သွေးတိုးရှိခြင်း

ရောဂါရှာဖွေခြင်း

သားအိမ်ကင်ဆာက အများသောအားဖြင့် အစပိုင်းအဆင့်တွေမှာဘဲတွေ့ရတတ်ပါတယ်။

တကယ်လို့ကင်ဆာကမပြန့်သေးရင် ၉၅ ရာခိုင်နှုန်းသော အမျိုးသမီးတွေက ငါးနှစ်နောက်ပိုင်းမှာ အသက်ရှင်ပါတယ်။ တကယ်လို့ကင်ဆာက တခြားအစိတ်အပိုင်းတွေဆီပြန့်သွားရင်တော့ ငါးနှစ်နောက်ပိုင်းမှာ ၂၅ ရာခိုင်နှုန်းသောအမျိုးသမီးတွေဘဲ အသက်ရှင်နိုင်ပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲရောဂါများ။

• သွေးဆုံးရှုံးမှုကြောင့် သွေးအားနည်းခြင်း (ကင်ဆာမှန်းစမသိခင်)

• သားအိမ်မှာအပေါက်ဖြစ်ခြင်း၊ ဒါက အဆင့် D နဲ့ C ဒါမှမဟုတ် endometrial biopsy မှာဖြစ်နိုင်ပါတယ်

• ခွဲစိတ်မှု၊ ဓါတ်ကင်မှုနဲ့ ဓါတုကုထုံးတို့ကြောင့် ပြဿနာဖြစ်ခြင်း

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Kyaw Thura Htun · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။