ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

ဆေးဖက်ဝင် ပရဆေးပင် များနှင့် ကင်ဆာရောဂါ ကုသခြင်း

ဆေးဖက်ဝင် ပရဆေးပင် များသည် အစွမ်းသတ္တိရှိကြသည်။ လွန်ခဲ့သော အချိန်ကာလကတည်းက ဆေးဖက်ဝင်အပင်များကို ရောဂါ အမျိုးမျိုးကုသရာ၌ အသုံးပြုခဲ့ကြသည်။ အပင်များ၏ အာနိသင်နှင့် ပတ်သက်သော သိပ္ပံနည်းကျသုတေသနများသည် အားနည်းနေသေးသော်လည်း အလားအလာကောင်းသော တွေ့ရှိချက်များက ထိုအပင်များ၏ကင်ဆာရောဂါကို ကုသနိုင်သော အာနိသင်ကို ဖော်ထုတ်ပြသလျက်ရှိသည်။ ဆေးဖက်ဝင် ပရဆေးပင် တွေထဲမှာ အသုံးများတဲ့ အရာတွေက ဘာတွေလဲ ဆေးပြောင်းပန်းပင်(Echinacea) ဆေးပြောင်းပန်းသည်Asteraceae မျိုးနွယ်ဝင်ဖြစ်ပြီး ရနံ့ရှိသော အပင်ဖြစ်သည်။ မြေပြန့်လွင်ပြင်ကျယ် ဒေသများ၊မြောက်အမေရိကတိုက် ၏ အရှေ့ဘက်ပိုင်းနှင့် ဥရောပ တိုက်တို့တွင် ပေါက်ရောက်သည်။Echinacea purpuea၊Echinaceaangustifolia နှင့် Echinacea pallida ဟူသော မျိုးစိတ် ၃ ခုကို ဆေးဝါးအဖြစ်အသုံးပြုကြသည်။ Echinacea purpurea သည် သုတေသနနှင့် ဆေးဝါးကုသရာ၌ အသုံးအများဆုံးဖြစ်သည်။ ဆေးပြောင်းပန်းပင် ကို ခရမ်းရောင်ကုံးပန်းပင်၊Kanas snakeroot နှင့် Black […]


အခြားကင်ဆာများ

ကျွန်ုပ်တို့အားလုံးအတွက်စိုးရိမ်ဖွယ် ဆိုးရွားလာသောလေထုအရည်အသွေး

ကျွန်ုပ်တို့အားလုံးအတွက်စိုးရိမ်ဖွယ် ဆိုးရွားလာသောလေထုအရည်အသွေး၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကမ္ဘာပေါ်တွင်လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေမှုကိုတိုင်းတာတွက်ချက်ရန် လေထုအရည်အသွေးပုံစံတစ်ခု ထုတ်ဝေခဲ့သည်။ ထိုပုံစံသည် ကျေးလက်နှင့် မြို့ပြနေရာပေါင်း ၃၀၀ ကျော်တွင် မြေပြင်လေထု တိုင်းတာစက်များ၊ဂြိုလ်တုမှတစ်ဆင့်တိုင်းတာချက်များနှင့် လေ၏သွားရာလမ်းကြောင်းပုံစံများမှ ရရှိသော အချက်အလက်များပေါ်တွင် အခြေခံထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အင်္ဂလန်နိုင်ငံ Bath တက္ကသိုလ်တု့ိ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာ Flavia Bustreo ကထိုလေထုပုံစံတွင် လေထုညစ်ညမ်းသောနိုင်ငံများ၏ နေရာများနှင့်တကွ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အရည်အသွေး တိုးတက်မှုလေ့လာချက်တို့ကိုဖော်ပြထားကြောင်း ပြောပါသည်။ ထိုပုံစံမှရရှိသောအဖြေတွင် လူသား တို့နေထိုင်သော ကမ္ဘာပေါ်ရှိနေရာများ၏ ၉၂ ရာခိုင်နှုန်းတွင် လေထုအရည်အသွေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခွင့်ပြုသောပမာဏထက် ဆိုးရွားနေကြောင်း ဖော်ပြထားရာ စိုးရိမ်ဖွယ်ဖြစ်ပါသည်။ လေထုညစ်ညမ်းမှုကြောင့်လူသားတို့၏ကျန်းမာရေးထိခိုက်မှုလေထုညစ်ညမ်းမှုသည် ကမ္ဘာပေါ်တွင် လူအသေအပျောက်အများဆုံး အကြောင်းအရင်းတစ်ခုဖြစ်သည်။ တိုးတက်လာသော […]


အခြားကင်ဆာများ

ဝှေးစေ့ကင်ဆာ

အတွေ့ရများတဲ့ အန္တရာယ်အရှိဆုံးကင်ဆာတစ်ခုကတော့ ဝှေးစေ့ကင်ဆာပါပဲ။ ဒီကင်ဆာဟာ အမျိုးသားငယ်တွေရဲ့ ဝှေးစေ့မှာ ဖြစ်တတ်ပါတယ်။ အချက်အလက်တွေအရ လူဖြူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အဲဒီအပြင် အသက် ၁၅နှစ်နဲ့ ၃၅နှစ်ကြား အမျိုးသားတွေမှာ ပိုတွေ့ရပါတယ်။ ထူးထူးခြားခြားအနေနဲ့သာ ၁၅နှစ်အောက် ယောကျာ်းလေးတွေနဲ့ လူကြီးပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ ဝှေးစေ့ကင်ဆာ ဆိုတာဘာလဲ ဝှေးစေ့ဆိုတာ သင့်လိင်တံဘေးက ကပ္ပါယ်အိတ်ထဲမှာ ရှိနေတဲ့ အရာကိုခေါ်တာပါ။ သုက်ကောင်နဲ့ ဖိုဟော်မုန်းထွက်ဖို့ တာဝန်ယူပေးပါတယ်။ ဝှေးစေ့ကင်ဆာဆဲလ်တွေဟာ ၂မျိုး၂စားရှိပြီး အမျိုးအစားနဲ့ ကင်ဆာအဆင့်ပေါ် မူတည်ပြီး ဆရာဝန်က သင့်အတွက် အကောင်းဆုံးဖြစ်မယ့် ကုသမှုမျိုးကို ဆုံးဖြတ်ပေးပါလိမ့်မယ်။   ဘာကြောင့်ဖြစ်ရသလဲ ဝှေးစေ့ကင်ဆာ ဖြစ်ရတဲ့အကြောင်းကို ခုထိ မသိသေးပါဘူး။ သုတေသနတွေ့ရှိချက်တွေအရ ဆဲလ်တစ်ချို့ ပုံမမှန်ပွားလာတဲ့အခါမှာ ကင်ဆာဖြစ်လာပါတယ်။ ကျန်တဲ့ ကောင်းမွန်တဲ့ဆဲလ်တွေပါ ပြောင်းလဲကုန်ပြီး ဝှေးစေ့ထဲမှာ အကြိတ်ပုံစံ ဖြစ်လာပါတယ်။ ဒါပေမယ့် ခုဖော်ပြမယ့် အကြောင်းအရင်းတွေကတော့ […]


အခြားကင်ဆာများ

Eye Cancer (မျက်စိကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eye Cancer (မျက်စိကင်ဆာ) ကဘာလဲ။ မျက်လုံးတစ်ရှူးထဲမှာ ဖြစ်တဲ့ကင်ဆာကို မျက်စိကင်ဆာလို့ခေါ်ပါတယ်။ အဆုတ်နဲ့ ရင်သားကင်ဆာတွေကြောင့် မျက်လုံးကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ မျက်စိကင်ဆာဖြစ်စေတဲ့ ကင်ဆာအမျိုးမျိုးရှိပါတယ်။ • ရောင်ခြယ်ဆဲလ် ကင်ဆာ (အဖြစ်အများဆုံးဖြစ်သည်) • အရေပြားကင်ဆာ( squamous ဆဲလ်တွေအဖြစ်များပါတယ်) • ပြန်ရေကျိတ်ကင်ဆာ • မျက်စိအတွင်းလွှာကင်ဆာ (ငယ်စဉ်မှာအဖြစ်များတတ်) Eye Cancer (မျက်စိကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ မျက်စိကင်ဆာဟာရှားပါးပါတယ်။ အမျိုးသမီးရော အမျိုးသားပါဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေပြားနဲ့ ရောင်ခြယ်ဆဲလ်ကင်ဆာ အချို့အမျိုးအစားကတော့ ယောက်ျားတွေမှာပိုဖြစ်ပါတယ်။ ဖြစ်နိုင်ချေတွေကိုလျော့ချလို့ရပါတယ်။ သင့်ဆရာဝန်နဲ့ ဆွေးနွေးပြီးအချက်အလက်ရယူပါ။ လက္ခဏာများEye Cancer (မျက်စိကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ ယေဘုယျ လက္ခဏာတွေကတော့ – • အမြင်ချို့ယွင်းခြင်း • အမြင်အာရုံဝေဝါးခြင်း • အရိပ၊် အလင်းပြောက် ၊အစက်အကွက် တွေ တွေ့မြင်ခြင်း • မျက်လုံး(သို့) မျက်ခွံရောင်ခြင်း စာရင်းထဲမပါဝင်တဲ့ […]


အရေပြားကင်ဆာ

Kaposi Sarcoma (ကာပိုးစီးဆာကိုးမား အရေပြားကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kaposi Sarcoma (ကာပိုးစီးဆာကိုးမား အရေပြားကင်ဆာ) ကဘာလဲ။ Kaposi’s sarcoma သည် အရေပြားကင်ဆာတစ်မျိုးဖြစ်ပြီးအရေပြားအောက်၊ ပါးစပ်အနားသတ်တစ်လျှောက်၊ နှာခေါင်း၊ လည်ပင်းနှင့် တခြားအင်္ဂါများတွင် ပုံမှန်မဟုတ်သည့် တစ်ရှူးအချပ်များကြီးထွားစေပါသည်။ ဒီအချပ်ပြားများသည် နာကျင်မှုကို ဖြစ်စေပြီး လူနာကို မသက်မသာခံစားရစေနိုင်ပါသည်။ ကုသမှုမခံယူပါကအချပ်ပြားများသည် အစာချေစနစ်ထဲ၊ အဆုတ်ထဲထိပြန့်ပွားသွားကာသွေးယိုခြင်း၊ အသက်ရှူရခက်ခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါသည်။ Kaposi Sarcoma (ကာပိုးစီးဆာကိုးမား အရေပြားကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ ၎င်းသည် အတွေ့ရများသောရောဂါမဟုတ်ပါ။ လူဦးရေ၏ ၁ရာခိုင်နှုန်းလောက်သာ Kaposi’s sarcoma ရှိနေခြင်း ဖြစ်သည်။ Kaposi’s sarcoma သည် အမျိုးသားများတွင် ပိုတွေ့ရ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများKaposi Sarcoma (ကာပိုးစီးဆာကိုးမား အရေပြားကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ Kaposi’s sarcoma ၏ ယေဘုယျအကျဆုံးလက္ခဏာသည် အရေပြားတွင် […]


အခြားကင်ဆာများ

Vulvar Cancer (မိန်းမကိုယ်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ကဘာလဲ။ မအင်္ဂါကင်ဆာသည် အမျိုးသမီး၏မျိုးပွားအင်္ဂါအပြင်ဖက ်Vulva ပိုင်းတွင်ဖြစ်ပွားသော ကင်ဆာဖြစ်သည်။ ဖြစ်ပွားသောဧရိယာတွင် မအင်္ဂါခေါင်း၊ မအင်္ဂါနှုတ်ခမ်း၊ မအင်္ဂါစေ့နှင့် ဆီးစအရိုးနေရာရှိ အရေပြားနှင့်တစ်ရှူးများ ပါဝင်ပါသည်။ Vulvar ကင်ဆာသည် မအင်္ဂါနှုတ်ခမ်းအပြင်ဖက်ပိုင်းတွင် အဖြစ်များဆုံးဖြစ်သည်။ အတွင်နှုတ်ခမ်းသားနှင့် မအင်္ဂါစေ့တို့တွင် သိပ်မဖြစ်တတ်ပါ။ ဒီကင်ဆာသည် တခြားသောလိင်ကင်ဆာများဖြစ်သော သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာတို့နှင့်ယှဉ်ကြည့်ပါက အဖြစ်နည်းပါသည်။ Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ Vulvar cancer သည် ရှားပါးသောကင်ဆာမျိုးဖြစ်သည်။ အမျိုးသမီးကင်ဆာများတွင် ၁% လောက်သာရှိသည်။ အသက် ၅၀ ကျော်မှသာ အများဆုံးတွေ့ရသည်။ ဖြစ်ပွားမှုကိုမြင့်စေသည့်အချက်များကိုလျော့ချခြင်းဖြင့် စီမံနိုင်၏။ ပိုမိုသိလိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ လက္ခဏာများVulvar Cancer (မိန်းမကိုယ်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများသည့် လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။ • မအင်္ဂါတစ်ဝိုက်တွင် နာခြင်း၊ လိင်ဆက်ဆံစဉ်နာခြင်း၊ ဆီးသွားစဉ်နာခြင်း • မအင်္ဂါတစ်ဝိုက်တွင် […]


သားဥအိမ်ကင်ဆာ

Ovarian Cancer (မမျိုးဥအိမ်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ovarian Cancer (မမျိုးဥအိမ်ကင်ဆာ) ကဘာလဲ။ ovarian cancer ဆိုတာ မ မျိုးဥ နှင့် ဟော်မုန်း estrogen နှင့် progestogen ထုတ်ပေးတဲ့ အင်္ဂါတွေမှာ ကင်ဆာဖြစ်ခြင်းကို ခေါ်ပါတယ်။ အစောပိုင်းမှာကြိုသိရတဲ့ မျိုးဥကင်ဆာရောဂါကိုတော့ ကုသရလွယ်ကူနိုင်ပါတယ်။ သို့သော်လဲ အစောပိုင်းအခြေအနေမှာ ရောဂါကိုတွေ့ရဖိုက ခဲယဉ်းပါတယ်။ Ovarian Cancer (မမျိုးဥအိမ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ မမျိုးဥကင်ဆာက အမျိုးသမီး သက်လတ်ပိုင်းတွေနဲ့ သက်ကြီးပိုင်းတွေမှာ အဖြစ်များပါတယ်။ အများဆုံး သေစေနိုင်တဲ့ မမျိုးဥကင်ဆာတွေကို အသက် ၅၅ နှစ်ကျော်တဲ့ အမျိုးသမီးတွေမှာ တွေ့ ရနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများOvarian Cancer (မမျိုးဥအိမ်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ ovarian cancer ရဲ့ ရောဂါလက္ခဏာတွေက […]


ဦးနှောက်ကင်ဆာကျိတ်များ

Brain Cancer (ဦးနှောက် ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brain Cancer (ဦးနှောက် ကင်ဆာ) ကဘာလဲ။ ဦးနှောက်ကင်ဆာဆိုတာ ဦးနှောက်ထဲမှာ ပုံမှန်မဟုတ်တဲ့ ကင်ဆာ ( malignant tumors ) ဆဲလ်တွေ ပေါက်ဖွားလာတာကို ဆိုလိုပါတယ်။ ဦးနှောက်ကင်ဆာ နှစ်မျိုး ရှိပါတယ်။ ၎င်းတို့ မှာ ပင်မ ဦးနှောက်ကင်ဆာ – အဖြစ်နည်းပြီး ဦးနှောက်မှာ အစပျိုးဖြစ်ပေါ်သည်။ နောက်လိုက် ဦးနှောက်ကင်ဆာ – တနည်းအားဖြင့် ပြန့်ပွား ဦးနှောက်ကင်ဆာဟုလည်း ခေါ်ပါတယ်။ တခြားခန္ဓါအစိတ်အပိုင်းတွေ မှာ စဖြစ်ပြီး ဦးနှောက်ကို ပြန့်ပြီး ဖြစ်ခြင်း ဖြစ်ပါတယ်။ ဒီအမျိုးအစားက ပိုအဖြစ်များပါတယ်။ ဦးနှောက်ကင်ဆာဟာ ကုလို့မရတဲ့ ရောဂါဖြစ်ပြီး စောစော သိခြင်းက အသက်ရှင်နှုန်းကို မြှင့်တင်ပေးပါတယ်။ ဘယ်လို စစ်ဆေးရမလဲ ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Brain Cancer (ဦးနှောက် ကင်ဆာ) က […]


အခြားကင်ဆာများ

Anal Cancer (စအိုကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anal Cancer (စအိုကင်ဆာ) ကဘာလဲ။ PasteTextHere Anal Cancer (စအိုကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ PasteTextHere လက္ခဏာများAnal Cancer (စအိုကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ PasteTextHere ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ PasteTextHere အကြောင်းရင်းများAnal Cancer (စအိုကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ Risk factorsငါ့ဆီမှာ Anal Cancer (စအိုကင်ဆာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ PasteTextHere ရောဂါအဖြေရှာခြင်းနှင့် ကုသမှုယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ. Anal Cancer (စအိုကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ PasteTextHere Anal Cancer (စအိုကင်ဆာ) ကို ဘယ်လိုကုသပါသလဲ PasteTextHere


အစာအိမ်ကင်ဆာ

Stomach Cancer (အစာအိမ် ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Stomach Cancer (အစာအိမ် ကင်ဆာ) ကဘာလဲ။ အစာအိမ်ကင်ဆာ ဆိုတာ အစာအိမ်မှာ ကင်ဆာဆဲလ် ပေါက်ဖွားလာခြင်း ဖြစ်ပါတယ်။ အစာအိမ်ထဲက ဆဲလ်တွေ ကင်ဆာအဖြစ် ကြီးထွားမှုများလာတဲ့ အချိန်မှာ ဖြစ်လာပါတယ်။ အစာအိမ်ကင်ဆာဟာ အဖြစ်များတဲ့ ရောဂါဖြစ်ပြီး တခြားအင်္ဂါတွေကို ပျံ့နှံ့နိုင်ပါတယ်။ သေချာကူသမှု မပြုလျှင် အသက်ဆုံးရှူံးနိုင်စေပါတယ်။ Stomach Cancer (အစာအိမ် ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ် မရွေး ကင်ဆာဖြစ်နိုင်ပါတယ်။ သို့သော်လည်း အသက် ၄၀ အထက် အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများStomach Cancer (အစာအိမ် ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အစာအိမ်ကင်ဆာအဆင့်နုသေးတဲ့ လူနာတွေမှာ ရောဂါလက္ခဏာတွေ ပြခင်မှ ပြဦးမှာပါ။ ကင်ဆာရင့်လာတာနဲ့ အမျှ ဗိုက်အောင့်ခြင်း၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း