ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

ကင်ဆာရောဂါများ

ဆီးကျိတ်ကင်ဆာမှာ သတိပေးလက္ခဏာတွေ ရှိသလား။

ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်တဲ့နှုန်းကတော့ ခုနစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်ပါတယ်။ သူဟာ သင့်ဘဝတစ်လျှောက်မှာ ဖြစ်ချင်တဲ့အချိန် ဖြစ်လာတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ ကုလို့ရသော်လည်း သူ့ရဲ့ ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရခြင်းကနေ ကာကွယ်ဖို့ ရောဂါကို စောနိုင်သမျှ စောစော သိရှိဖို့ လိုအပ်ပါတယ်။ စိတ်မကောင်းစွာပဲ ဆီးကျိတ်ကင်ဆာမှာ စောစောပြတဲ့ သတိပေးလက္ခဏာတွေ မရှိပါဘူး။ ဒါပေမယ့် အမျိုးသားတွေမှာ ဆီးကျိတ်နဲ့ ပတ်သက်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဘာကိုစောင့်ကြည့်ပြီး ဘယ်အချိန် ဆရာဝန်ခေါ်မလဲဆိုတာတွေကို လေ့လာထားသင့်ပါတယ်။ ဆီးကျိတ်ကင်ဆာ လက္ခဏာများ ဆီးကျိတ်ကင်ဆာအတော်များများမှာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်သော်လည်း ရာခိုင်နှုန်းအနည်းငယ်ကတော့ ပြင်းထန်နိုင်ပါတယ်။ ပြင်းထန်တဲ့ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေကိုတော့ ဆီးသွားချိန်မှာ ပြသပါတယ်။ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေကို ကအခြားရောဂါအခြေအနေတွေကြောင့်လဲ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးဖို့ […]


ရင်သားကင်ဆာ

အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ ဘာလဲ။

အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ ဘာလဲ။ ရင်သားကင်ဆာဆိုတာ ရင်သားမှာရှိတဲ့ ဆဲလ်တွေကနေ ကင်ဆာအကျိတ်အဖြစ် ပြောင်းလဲသွားတာဖြစ်တယ်။ အမျိုးသားတွေမှာ အမျိုးသမီးတွေလောက် ရင်သားမဖွံ့ဖြိုးပေမယ့် သူတို့တွင်လည်း ရင်သားတစ်ရှူးအနည်းငယ်ရှိပါတယ်။ အရွယ်မရောက်သေးတဲ့ အမျိုးသားနှင့်အမျိုးသမီးရဲ့ ရင်သားကအတူတူပဲ ဖြစ်တယ်။ အမျိုးသမီးတွေက အရွယ်ရောက်ရင် ရင်သားကြီးထွားဖွံ့ဖြိုးလာပေမယ့် အမျိုးသားတွေကတော့ မဖွံ့ဖြိုးတတ်ကြပါဘူး။ ဒါပေမယ့် အမျိုးသား တွေမှာလည်း ရင်သားတစ်ရှူးရှိနေတဲ့အတွက် သူတို့ဟာလည်း ရင်သားကင်ဆာဖြစ်တတ်ကြပါတယ်။ အမျိုးသားတွေမှာ အမျိုးသမီးတွေနဲ့ အမျိုးအစားတူရင်သားကင်ဆာဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေကတော့ နည်းပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာ ဘယ်လောက်အဖြစ်များလဲ။ အမျိုးသားတွေမှာ ရင်သားကင်ဆာဟာ အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပါတယ်။ ဖြစ်စေနိုင်တဲ့အရာတွေကို လျှော့ချခြင်းဖြင့် ရင်သားကင်ဆာကို ထိန်းချုပ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များအတွက် ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။ ရင်သားကင်ဆာရဲ့ လက္ခဏာတွေက ဘာလဲ။ ရင်သားကင်ဆာရဲ့ အဓိကလက္ခဏာတွေကတော့ သင့်ရင်သားတစ်ဖက်မှာ မာကျောတဲ့အလုံးပေါ်လာတာ ဖြစ်ပါတယ်။ အလုံးက မနာကျင်တတ်ဘူး။ ထိုအလုံးက များသောအားဖြင့် နို့သီးခေါင်းနောက်နားနှင့် […]


ကင်ဆာရောဂါများ

ဆီးကျိတ်ကင်ဆာကို ဘယ်လိုကုသမလဲ။

ခေတ်သစ်လူနေမှုဘဝကြောင့် ယောက်ျားတွေကော မိန်းမတွေမှာပါ ကင်ဆာရောဂါ များစွာ ဖြစ်တတ်ကြပါတယ်။ အဖြစ်များဆုံး ကင်ဆာတစ်ခုကတော့ ဆီးကျိတ်ကင်ဆာပါ။ ယင်းရောဂါကို စစ်ဆေးတွေ့ရှိပါက သင်ဟာ ဘယ်လိုကုသမှုမျိုး ခံယူမယ်ဆိုတာ သေချာစဉ်းစားရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရွေးချယ်မှုတစ်ချင်းစီက သင့်ကျန်းမာရေး အတွက် အရမ်း အရေးကြီးနေလို့ပါ။ ၁။ ဆီးကျိတ်ကင်ဆာ အမျိုးစားပေါင်းစုံ ရှိပါတယ်။ ဥပမာအားဖြင့် • Prostatic adenocarcinoma • Small cell carcinoma • Squamous cell carcinoma • Prostatic sarcomas • Transitional cell carcinomas တို့ဖြစ်ပါတယ်။ ၂။ ကုသမှု ရွေးချယ်ခြင်း ဘယ်လိုကုမှုမျိုး ခံယူမလဲဆိုတာ တိုင်ပင်ခြင်းက အရမ်းအရေးကြီးပါတယ်။ အဲဒါက ရောဂါရှင်ကိုယ်တိုင် သူ့ရောဂါအခြေအနေ ဘယ်လိုရှိလဲဆိုနဲ့ ဘယ်လိုသက်သာအောင် လုပရမလဲဆိုတာ သိအောင် ကူညီပေးပါတယ်။ လူနာနဲ့ဆရာဝန် နှစ်ယောက်လုံး အတွက် တွေးတောကြံဆ နိုင်စရာ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုသိရှိနိုင်မလဲ

သားအိမ်ခေါင်းကင်ဆာဟာ သားအိမ်ခေါင်းပေါ်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ဖန်တီးပေးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းဟာ သားအိမ်ရဲ့ အောက်ဖက်ပိုင်းမှာ ရှိပြီး မိန်းမကိုယ်နဲ့ ဆက်ထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကို စောစီးစွာ သိရှိမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာကို အောင်မြင်စွာ ကုသနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားရခြင်း အကြောင်းရင်း သားအိမ်ခေါင်းကင်ဆာဟာ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်တဲ့ human papillomavirus (HPV) ကြောင့်ဖြစ်ပွားတာပဲဖြစ်ပါတယ်။ ဒီပိုးရှိသူနဲ့ လိင်ဆက်ဆံခဲ့ရင် သင့်မှာ ကူးစက်ခံရနိုင်ပါတယ်။ HPV ပိုး အမျိုးမျိုးရှိပြီး အကုန်က သားအိမ်ခေါင်းကင်ဆာကို ဖြစ်ပွားစေခြင်း မရှိပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေဟာ Pap test ကို ပုံမှန်လုပ်သင့်ပြီး Pap test ဟာ ဆဲလ်တွေ ကင်ဆာအဖြစ် ပြောင်းလဲခြင်း မဖြစ်ခင် ပြောင်းလဲမှုတွေကို ကြိုတင်တွေ့ရှိနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာများ ပုံမှန်မဟုတ်တဲ့ မိန်းမကိုယ်သွေးဆင်းခြင်း […]


ရင်သားကင်ဆာ

ရင်သားကင်ဆာဖြစ်ပွားစေနိုင်တဲ့ အလေ့အထများ

ရင်သားကင်ဆာဟာ အခုခေတ်မှာ အမျိုးသမီးသေဆုံးမှုကို ဖြစ်စေတဲ့ ရောဂါတွေထဲက အဓိက တစ်ခုဖြစ်ပါတယ်။ သင်လုပ်နေကျ အကျင့်အချို့ဟာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်း မြင့်တက်စေတယ်ဆိုတာ သင်သိပါသလား။ ဒီဆောင်းပါးမှာ လူနေမှုပုံစံနဲ့ ဆက်စပ်တဲ့ အချက်တွေကို သေချာစွာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ဒီတော့ ရင်သားကင်ဆာဖြစ်ပွားစေနိုင်တဲ့ အလေ့အထများ က ဘာတွေများလဲဆိုတာ ကြည့်လိုက်ရအောင်လား ..... ရင်သားကင်ဆာဖြစ်ပွားစေနိုင်တဲ့ အလေ့အထများ ရင်သားကင်ဆာဖြစ်ပွားစေနိုင်တဲ့ အလေ့အထများ ကတော့ အရက်သောက်ခြင်း Data of epidemiology အရ အရက်သောက်ခြင်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရင်သားကင်ဆာကို ၄ရာခိုင်နှုန်းထိ ဖြစ်ပွားစေပါတယ်။ အရက်ကိုနေ့တိုင်းသောက်ခဲ့ရင် အရက်မှာ ပါဝင်တဲ့ ၁၀ ဂရမ် ethanol တိုင်းဟာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို ၁၀% မြင့်တက်စေတယ်လို့လည်း ဖေါ်ပြကြပါတယ်။ အရက်သောက်ခြင်းနဲ့ ရင်သားကင်ဆာဖြစ်ပွားမှုရဲ့ ဆက်နွယ်မှုကတော့ ရှင်းလင်းပါတယ်။ အရက်ပိုများများသောက်ရင် […]


ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာမှာ ရှေ့ပြေးလက္ခဏာတွေရှိသလား

ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနှုန်းဟာ ခုနစ်ယောက်မှာ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ သက်တမ်းတစ်လျှောက် ဘယ်အသက်အရွယ်မှာမဆို ဖြစ်ပွားနိုင်ပါတယ်။ ကုသနိုင်ပေမယ့် တတ်နိုင်သမျှ စောစော ရောဂါသိရှိဖို့လိုအပ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဆီးကျိတ်ကင်ဆာမှာ စောတဲ့ ရောဂါလက္ခဏာတွေ မရှိပါဘူး။ ဒါပေမယ့် အမျိုးသားအတော်များများမှာ ဆီးကျိတ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိတတ်ပါတယ်။ ဘယ်အရာတွေကို သတိထားရမလဲဆိုတာနဲ့ ဘယ်အချိန်မှာ ဆရာဝန်ကို ခေါ်ရမလဲဆိုတာကို သိထားသင့်ပါတယ်။ ဆီးကျိတ်ကင်ဆာ လက္ခဏာများ ဆီးကျိတ်ကင်ဆာ အတော်များများဟာ ပြင်းထန်တဲ့ ပြဿနာတွေ မဖြစ်တတ်ပဲ ရာခိုင်နှုန်းအနည်းငယ်ကသာ ပြင်းထန်မှု ရှိပါတယ်။ ပြင်းထန်တဲ့ ဆီးကျိတ်ကင်ဆာမှာ အတွေ့များတဲ့ လက္ခဏာတွေကို ဆီးသွားတဲ့အခါမှာ တွေ့ရတတ်ပါတယ်။ ဒီလက္ခဏာတွေဟာ အခြား ရောဂါတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ရှိရင် ဆရာဝန်နဲ့ ပြဖို့ အရေးကြီးပါတယ်။ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေကတော့ […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်အကျိတ် (အန္တရာယ်မပေးနိုင်သည့် ရိုးရိုးအကျိတ်မှ အန္တရာယ်ပေးနိုင်သည့်ကင်ဆာအထိ)

ဦးနှောက်အကျိတ်ဦးနှောက်အကျိတ် ပုံစံပေါင်း ၁၃၀ လောက်အထိ ရှိပါတယ်။ ယေဘုယျအားဖြင့် သူတို့ကို စတင်ဖြစ်ပေါ်လာတဲ့ ဆဲလ်ပုံစံကို အစွဲပြုပြီး နာမည်ပေးထားကြပါတယ်။ ဦးနှောက်အကျိတ် အတော်များများဟာ Glial cells လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အာရုံကြော ဆဲလ်တွေကနေ ဖြစ်လာတတ်ပါတယ်။ ဒီအကျိတ်တွေကို Glioma လို့ခေါ်ပါတယ်။ ဦးနှောက်အကျိတ်တွေကို သူတို့ ကြီးပြင်းလာတဲ့ ဦးနှောက်နေရာကိုတွေ အစွဲပြုပြီးတော့လည်း အမည်ပေးလေ့ ရှိပါတယ်။ Pituitary gland မှာ ဖြစ်တဲ့ အကျိတ်ကို pituitary adenoma လို့ ခေါ်ပါတယ်။ ဦးနှောက်မြှေးကဖြစ်လာတဲ့ အကျိတ်ကိုတော့ meningioma လို့ခေါ်ပါတယ်။ ဦးနှောက်ထဲကို ဝင်သွားတဲ့ အာရုံကြောတွေမှာ ပွားလာရင် Neuroma လို့ ခေါ်ကြပါတယ်။ ဟန်ချက်ညီမျှမှုနဲ့ အကြားအာရုံတို့ကို ထိန်းချုပ်တဲ့ အာရုံကြောတွေ ပေါ်မှာ ပွားများရင်တော့ […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်ကင်ဆာ ကုသနည်းတွေ အကြောင်း

ကင်ဆာဆိုတာ ကမ္ဘာပေါ်မှာ အန္တရာယ်အကြီးမားဆုံး ရောဂါဖြစ်ပါတယ်။ ဆေးပညာဆိုင်ရာ တိုးတက်မှုတွေကတောင်မှ ကင်ဆာအတွက် ကုသဆေးကို မဖော်ထုတ်နိုင်သေးပါဘူး။ လူတွေမှာ အဖြစ်မများ ရှားပါးတဲ့ ကင်ဆာအမျိုးအစား တစ်ခုကတော့ ဦးနှောက် ကင်ဆာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကို ဦးနှောက်ကင်ဆာဆေးကုသမှု နည်းလမ်း အချို့ကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ဦးနှောက်ကင်ဆာဆိုတာ ဦးနှောက်အတွင်းဘက်မှာ ဆဲလ်များအပွားလွန်ပြီး ဖြစ်လာတဲ့ အကျိတ်လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ ကင်ဆာကျိတ်တွေဟာ ကြီးလာနိုင်ပြီးတော့ အလွန်လျင်မြန်စွာ ပွားတတ်ကြပါတယ်။ အခြား ကင်ဆာတွေလိုပဲ အကျိတ်တွေဟာ ခန္ဓါကိုယ်ရဲ့ အခြားနေရာတွေကို ပြန့်ပွားဖို့အတွက် သွေးနဲ့ အာဟာရကိုလိုအပ်ပါတယ်။ ဒါ့ပြင် သူတို့ဟာ ခန္ဓါကိုယ်လုပ်ငန်းဆောင်တာတွေကို ကောင်းစွာမလုပ်နိုင်အောင် တားဆီးပြီး အဆိုးဝါးဆုံးအခြေအနေတွေမှာ အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်ပါတယ်။ ဦးနှောက်ကို ပြန့်လာနိုင်တဲ့ ကင်ဆာတွေကတော့ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာတို့ပဲ ဖြစ်ပါတယ်။ အခြားအရာတွေဟာလည်း […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်အကျိတ် ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဦးနှောက်အကျိတ်ဆိုတာဟာ ဦးနှောက်အတွင်းမှာ လုပ်ငန်းပိုင်းဆိုင်ရာသော်လည်းကောင်း ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပွားများခြင်း ဖြစ်ပါတယ်။ ဦးနှောက်အကျိတ်မှာ ကင်ဆာဆဲလ်တွေရော ကင်ဆာဆဲလ်မဟုတ်တာတွေရော ပါဝင်နိုင်ပါတယ်။ သူတို့ဟာ ဦးနှောက်အတွင်းမှာ အစပြုနိုင်သလို တခြားနေရာတွေမှာဖြစ်ပွားပြီး ဦးနှောက်ကို ပြန့်ပွားရောက်ရတာမျိုး လည်းဖြစ်နိုင်ပါတယ်။ ဦးနှောက်အကျိတ်ဖြစ်ခြင်းရဲ့ အဓိက အကြောင်းရင်းက မသဲကွဲပေမယ့် ဦးနှောက်အကျိတ်ဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ အချက်တွေ ရှိပါတယ်။ အသက်ကြီးခြင်း၊ ဓါတ်ရောင်ခြည်နဲ့ ထိတွေ့ခြင်း (သို့) သင့်မိသားစုမှာ ဒီလိုသေစေနိုင်တဲ့ ရောဂါရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ဦးနှောက်အကျိတ်ရှိတဲ့ လူနာတွေမှာ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။   (၁) ခေါင်းကိုက်ခြင်း ဒီခေါင်းကိုက်ခြင်းဟာ ပုံမှန်ခေါင်းကိုက်ခြင်းတွေထက် ပိုဆိုးပါလိမ့်မယ်။ ဦးနှောက်အကျိတ်ရှိသူတွေရဲ့ ငါးဆယ်ရာနှုန်းကျော်ဟာ ခေါင်းကိုက်ခြင်းနဲ့ အခြား လက္ခဏာတွေကို ခံစားရကြပါတယ်။ ခေါင်းကိုက်ခြင်းဟာ နာကျင်မှုကို သိလွယ်တဲ့ သွေးကြောတွေ၊ (သို့) အာရုံကြောတွေကို အကျိတ်က ဖိမိတာကြောင့် […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်အကျိတ်ကို ကုသကာကွယ်ရန် နည်းလမ်းများ

အခြားကင်ဆာအမျိုးအစားတွေလိုပဲ သေချာပေါက် အန္တရာယ်များတယ်လို့မဆိုလိုပေမယ့်လည်း ဦးနှောက် အကျိတ်ကတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်နေပါသေးတယ်။ လူတွေဟာ သိပ်မနောက်ကျခင်ကတည်းက ဒီရောဂါကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိရှိထားသင့်ပါတယ်။ ဒါ့ပြင် ကံမကောင်းစွာပဲ ဦးနှောက် အကျိတ်ဖြစ်လာခဲ့မယ်ဆိုရင် ဒါကို ကုသဖို့ သင့်တော်တဲ့ နည်းလမ်းတွေဟာလည်း အရေးကြီးပါတယ်။ ဦးနှောက်အကျိတ်ဆိုတာ ဘာတွေလဲ။ ဦးနှောက်အကျိတ်ဆိုတာ အကြောင်းမပြောခင် အကျိတ်ဆိုတာ ဘာလဲဆိုတာ သိသင့်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ကိုယ်ခန္ဓါအတွင်းက ဆဲလ်တွေဟာ ပွားများတယ်၊ အိုလာတယ်၊ ပြီးတော့ သေဆုံးကြပြီး ဆဲလ်အသင့်တွေက သူတို့နေရာကို ယူကြပါတယ်။ ကင်ဆာဆဲလ်တွေကတော့ ဘယ်တော့မှ မသေကြပါဘူး။ သူတို့ဟာ စုပြုံပြီး ပွားလာကာ ပုံမှန်မဟုတ်တဲ့ တစ်ရှူး အစုအဝေးကြီး ဖြစ်လာကြပါတယ်။ ဒါကို အကျိတ်လို့ ခေါ်ပါတယ်။ ဦးနှောက်အကျိတ်တွေဟာ ဦးနှောက်ထဲမှာ တည်ရှိပါတယ်။ ဦးနှောက်အကျိတ်တွေဟာ ဦးနှောက်နဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း