သုက်ရည်နှင့် ဓာတ်မတည့်ခြင်း
သုက်ရည်ဟာ မျိုးပွားမှုမှာ အဓိကကျတဲ့ ပါဝင်ပစ္စည်းဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ဓာတ်မတည့်မှုဝေဒနာမျိုးဖြစ်စေနိုင်ပါတယ်။ ပုံမှန်ဖြစ်နေကျ ရောဂါအမျိုးအစားမဟုတ်ပဲ ရှားပါးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သုက်ရည်နဲ့ ဓာတ်မတည့်မှုကို Semen Allergy လို့ အလွယ်တကူခေါ်ဆိုကြပြီး ဆေးပညာမှာတော့ Human Seminal Plasma Hypersensitivity (HSP) လို့ ခေါ်ပါတယ်။ သုက်ရည်ဓာတ်မတည့်မှုလို့ အလွယ်တကူပြောဆိုကြပေမယ့် တကယ်တမ်းအားဖြင့် သုက်ရည်နဲ့ သုက်ပိုးတွေမှာ အဓိကပါဝင်ပစ္စည်းအဖြစ်ပါဝင်နေတဲ့ ပရိုတိန်းနဲ့ ဓာတ်မတည့်မှုဖြစ်ပါတယ်။ အဆိုပါဓာတ်မတည့်မှုဟာ အမျိုးသမီးတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပြီးတော့ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းမှာတင် Semen Allergy ဝေဒနာခံစားနေရသူ အမျိုးသမီး ၄၀၀၀၀ ကျော်ရှိပါတယ်။ ဒီရောဂါရဲ့အကြောင်းကို သိရှိလာကြတာက မကြာသေးပါဘူး။ ဒါကြောင့် တချို့အချက်အလက်တွေကို တိတိကျကျ မသိရှိသေးတာတွေရှိနေပါသေးတယ်။ အမျိုးသားတွေအနေနဲ့ သူများကိုယ်ကထွက်တဲ့ သုက်ရည်နဲ့သာမက ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်ရှိတဲ့ သုက်ရည်ကြောင့်ပါ ဓာတ်မတည့်မှုဖြစ်နိုင်တယ်ဆိုတာပါပဲ။ သုက်ရည်နဲ့ဓာတ်မတည့်မှု […]
































