အခြား ဓာတ်မတည့်ခြင်းများ

အခြား ဓာတ်မတည့်ခြင်းများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား ဓာတ်မတည့်ခြင်းများ

သုက်ရည်နှင့် ဓာတ်မတည့်ခြင်း

သုက်ရည်ဟာ မျိုးပွားမှုမှာ အဓိကကျတဲ့ ပါဝင်ပစ္စည်းဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ဓာတ်မတည့်မှုဝေဒနာမျိုးဖြစ်စေနိုင်ပါတယ်။ ပုံမှန်ဖြစ်နေကျ ရောဂါအမျိုးအစားမဟုတ်ပဲ ရှားပါးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သုက်ရည်နဲ့ ဓာတ်မတည့်မှုကို Semen Allergy လို့ အလွယ်တကူခေါ်ဆိုကြပြီး ဆေးပညာမှာတော့ Human Seminal Plasma Hypersensitivity (HSP) လို့ ခေါ်ပါတယ်။ သုက်ရည်ဓာတ်မတည့်မှုလို့ အလွယ်တကူပြောဆိုကြပေမယ့် တကယ်တမ်းအားဖြင့် သုက်ရည်နဲ့ သုက်ပိုးတွေမှာ အဓိကပါဝင်ပစ္စည်းအဖြစ်ပါဝင်နေတဲ့ ပရိုတိန်းနဲ့ ဓာတ်မတည့်မှုဖြစ်ပါတယ်။ အဆိုပါဓာတ်မတည့်မှုဟာ အမျိုးသမီးတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပြီးတော့ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းမှာတင် Semen Allergy ဝေဒနာခံစားနေရသူ အမျိုးသမီး ၄၀၀၀၀ ကျော်ရှိပါတယ်။ ဒီရောဂါရဲ့အကြောင်းကို သိရှိလာကြတာက မကြာသေးပါဘူး။ ဒါကြောင့် တချို့အချက်အလက်တွေကို တိတိကျကျ မသိရှိသေးတာတွေရှိနေပါသေးတယ်။ အမျိုးသားတွေအနေနဲ့ သူများကိုယ်ကထွက်တဲ့ သုက်ရည်နဲ့သာမက ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်ရှိတဲ့ သုက်ရည်ကြောင့်ပါ ဓာတ်မတည့်မှုဖြစ်နိုင်တယ်ဆိုတာပါပဲ။   သုက်ရည်နဲ့ဓာတ်မတည့်မှု […]

အခြား ဓာတ်မတည့်ခြင်းများ ကို ရှာဖွေမည်။

အခြား ဓာတ်မတည့်ခြင်းများ

ဓာတ်မတည့်ခြင်းအကြောင်း သိကောင်းစရာများ

၁။ ဓာတ်မတည့်မှုဆိုတာ ဘာလဲ ဓာတ်မတည့်မှုများဟာ ကိုယ်ခံအားစနစ်ကနေ ဘေးမဖြစ်တတ်တဲ့ ပစ္စည်းတွေကို ဟန့်တားရာကနေ ဖြစ်ပေါ်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ဓာတ်မတည့်မှု အမျိုးအစားများ - ဆိုးရွားပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း။ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့အထိ ပြင်းထန်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်း အများအပြားကို ထိခိုက်နိုင်ပြီး လျင်မြန်စွာ ဖြစ်ပေါ်တတ်ပါတယ်။ - ရင်ကျပ်ပန်းနာ။ အဆုတ်ရဲ့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတဲ့အခါမှာ ဖြစ်ပေါ်ပြီး အသက်ရှူမြန်ခြင်း၊ အသက်ရှူ ကြပ်ခြင်း၊ ချောင်းဆိုးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ရင်ကျပ်ပန်းနာဖြစ်သူများမှာ ဓာတ်မတည့် ပစ္စည်းကြောင့် ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ - နှင်းခူဖြစ်ခြင်း။ မကူးစက်နိုင်တဲ့ အရေပြားပေါ် ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အရေပြားဟာ ခြောက်သွေ့ယားယံပြီး ကုတ်လိုက်တဲ့အခါ အရည်တွေထွက်လာတတ်ပါတယ်။ - ပတ်ဝန်းကျင်ဓာတ်မတည့်ခြင်း။ ကိုယ်ခံအားစနစ်ဟာ အန္တရာယ်မရှိတဲ့ ပန်းဝတ်မှုန်၊ တိရစ္ဆာန်အမွေး စတာတွေနဲ့ ထိတွေ့တဲ့အခါ ပုံမှန်မဟုတ်ဘဲ […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်မှုပြသရန် လမ်းညွှန်ချက်

ဓါတ်မတည့်မှုကုသသူ ဆရာဝန်များဟာ ဓါတ်မတည့်မှုဖြစ်ခြင်းများနဲ့ ပတ်သက်တဲ့ ရောဂါရှာဖွေကုသခြင်းတွေမှာ လေ့ကျင့်ထားသူတွေပဲ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ ဓါတ်မတည့်ခြင်း ဖြစ်ပွားတယ်ထင်ရင် ကနဦးကြည့်ရှုတဲ့ ဆရာဝန်ကနေ ဓါတ်မတည့်မှုကုသပေးတဲ့ ဆရာဝန်ဆီ လွှဲပေးပါလိမ့်မယ်။ ယခုဖော်ပြမှကြတော့ ဘယ်လိုပြသရမလဲဆိုတဲ့ လမ်းညွှန်ချက်ပဲ ဖြစ်ပါတယ်။ ၁။ ဘယ်အချိန်မှာ ဆေးဝါးကုသမှု ခံယူမလဲ လူအများက ဓါတ်မတည့်ခြင်းဟာ အရေးမကြီးဘူးလို့ ထင်ကြပါတယ်။ ဓါတ်မတည့်ခြင်းဟာ နှစ်နဲ့ချီပြီး ဖြစ်နေရင်တောင် အမြဲဖစ်နေကြရောဂါလို့တောင် သဘောထားလာကြပါတယ်။ ရာသီအလိုက်ဖြစ်တဲ့ ဓါတ်မတည့်မှုကိုတော့ ဟစ်စတမင်း ဆန့်ကျင်ဆေးတွေ၊ နှာပိတ်ပျောက်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် အန္တရာယ်ရှိတဲ့ ဓါတ်မတည့်ခြင်းမျိုးဆိုရင်တော့ ကုသမှု ခံယူဖို့ လိုပါတယ်။ သင် ဒါမှမဟုတ် သင့်ကလေးမှာ ရင်ကျပ်တဲ့လက္ခဏာ တွေ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ တခါတရံမှာ ရင်ကျပ်ခြင်းဟာ ဓါတ်မတည့်မှုကြောင့် ဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့ ချောင်းအလွန်ဆိုးခြင်း၊ အသက်ရှူသံပြင်းထန်ခြင်း၊ […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်မှု၏ နောက်ဆက်တွဲပြသနာ

ဓါတ်မတည့်ခြင်းဟာ သင့်ကိုယ်ခံအားစနစ်ကနေ အန္တရာယ် မဖြစ်စေလောက်တဲ့ ဝတ်မှုန်၊ တိရစ္ဆာန်အမွေး၊ မှို၊ စားစရာတချို့ စတာတွေကို ပြင်းထန်စွာ တုံ့ပြန်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုတွေဟာ အသက်အန္တရာယ်ရှိပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲပြသနာတွေ ဖြစ်စေပါတယ်။ ၁။ သိပ်မပြင်းထန်သော နောက်ဆက်တွဲပြသနာများ လူအများစုဟာ သိပ်မပြင်းထန်တဲ့ နောက်ဆက်တွဲပြသနာတွေ ကြုံရတတ်ပါတယ်။ နှာစေးခြင်း (နှာခေါင်းအတွင်းပိုင်း ရောင်ရမ်းခြင်း)၊ ထိပ်ကပ်နာဖြစ်ခြင်း (နှာခေါင်းအတွင်း အပေါ်ပိုင်း ရောင်ရမ်းခြင်း) ဟာ အဖြစ်များတဲ့ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်ပါတယ်။ ဓါတ်မတည့်မှုကြောင့် နှာစေးတဲ့လက္ခဏာတွေကတော့ နှာချေခြင်း၊ နှာရည်ကျခြင်း၊ နှာပိတ်ခြင်း၊ မျက်ရည်ကျခြင်း စတာတွေ ဖြစ်ပါတယ်။ နှာခေါင်း၊ လည်ချောင်း၊ မျက်စိနဲ့ နားတွေမှာ ယားယံတာမျိုး ကြုံနိုင်ပါတယ်။ ထိပ်ကပ်နာ လက္ခဏာတွေမှာ နှာပိတ်ခြင်းအပြင် အစိမ်းရောင်နဲ့ အညိုရောင် အချွဲများ၊ နှာရည်များကျခြင်း၊ မျက်နှာမှာ တင်းနေခြင်း […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်မှု ရောဂါရှာဖွေခြင်း။ အရေပြားတွင် စမ်းသပ်ခြင်း

ဓါတ်မတည့်ခြင်းဟာ သင့်ကိုယ်ခံအားစနစ်ကနေ အန္တရာယ်မဖြစ်စေလောက်တဲ့ ဝတ်မှုန်၊ တိရစ္ဆာန်အမွေး၊ စားစရာတချို့ စတာတွေကို ပြင်းထန်စွာ တုံ့ပြန်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုတွေဟာ ဆိုးရွားပြီး တခါတရံ သေသည်အထိ ဖြစ်နိုင်ပါတယ်။ ဓါတ်မတည့်မှုကို ရှောင်ရှားဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဘာတွေနဲ့ ဓါတ်မတည့်သလဲဆိုတာ သိထားဖို့ပါပဲ။ အရေပြားမှာ စမ်းသပ်ခြင်းဟာ ဓါတ်မတည့်ရတဲ့ ပစ္စည်းကို သိနိုင်ဖို့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။ ၁။ အရေပြားမှာ စမ်းသပ်ခြင်းဆိုတာ ဘာလဲ အရေပြားမှာ စမ်းသပ်ခြင်းဆိုတာ ဓါတ်မတည့်မှု အဖြစ်များတတ်တဲ့ အရာတွေကို စုစည်း အသုံးချခြင်းပဲ ဖြစ်ပါတယ်။ ဓါတ်မတည့်တဲ့ ပစ္စည်းတွေကို သင့်ရဲ့ ကိုယ်ခံအားစနစ်က တိုက်ထုတ်တဲ့အခါ ဓါတ်မတည့်မှု ခံစားဖြစ်ပေါ်ပါတယ်။ ဓါတ်မတည့်တဲ့ အရာကို ထိလိုက်တဲ့အခါ၊ စားလိုက် ရှူလိုက်တဲ့အခါ ချက်ချင်းခံစားရတတ်ပါတယ်။ ဓါတ်မတည့်စေတဲ့ ပစ္စည်းကို အရေပြားမှာ ထည့်သွင်းပြီး […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်မှုလက္ခဏာ။ မူးဝေခြင်း

မူးဝေခြင်းဟာ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ ရေဓါတ်ခန်းခြောက်ခြင်းကနေ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေထိ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေတခုကတော့ ဓါတ်မတည့်မှုကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ ဓါတ်မတည့်ခြင်းဟာ သင့်ကိုယ်ခံအားစနစ်ကနေ အန္တရာယ် မဖြစ်စေလောက်တဲ့ ဝတ်မှုန်၊ တိရစ္ဆာန်အမွေး၊ စားစရာတချို့ စတာတွေကို ပြင်းထန်စွာ တုံ့ပြန်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုတွေဟာ ဆိုးရွားပြီး တခါတရံ သေသည်အထိ ဖြစ်နိုင်ပါတယ်။ ၁။ လေမှလာသော ဓါတ်မတည့်မှုကြောင့် မူးဝေခြင်း လေထဲမှာပါလာတဲ့ အမှုန်လေးတွေဟာ ဓါတ်မတည့်မှုကို ဖြစ်ပွားစေပါတယ်။ အဲဒီအမှုန်လေးတွေ ကိုယ်ခန္ဓါထဲရောက်ရင် ကိုယ်ခံအားစနစ်က တိုက်ခိုက်ပြီး ခုခံပစ္စည်းတွေ ထုတ်လွှတ်လိုက်ပါတယ်။ တွေ့နေကြ ဓါတ်မတည့်မှုပုံစံတွေကတော့ နှာပိတ်ခြင်း၊ နှာမကြာခဏချေခြင်း၊ လည်ချောင်းယားခြင်း၊ ချောင်းအလွန်ဆိုးခြင်းတို့ ဖြစ်ပါတယ်။ ဓါတ်မတည့်မှုဟာ နားရဲ့အလယ်ပိုင်းနဲ့ လည်ချောင်းနောက်ပိုင်းကို ဆက်ပေးထားတဲ့ပြွန်ကို ထိခိုက်စေပါတယ်။ အဲဒီပြွန်ဟာ နားအလယ်ပိုင်း ဖိအားနဲ့ ပြင်ပလေဖိအားကို […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်မှု တုံ့ပြန်ခြင်း

ဓါတ်မတည့်မှုများဟာ ကိုယ်ခံအားစနစ်ကနေ ဘေးမဖြစ်တတ်တဲ့ ပစ္စည်းတွေကို ဟန့်တားရာကနေ ဖြစ်ပေါ်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ဒီပစ္စည်းများကို ဓါတ်မတည့်ပစ္စည်းလို့ ခေါ်နိုင်ပါတယ်။ ဓါတ်မတည့် ပစ္စည်းတွေကို ရှူမိ၊ စားမိ၊ ထိကိုင်မိရင် ဓါတ်မတည့်မှု ဖြစ်စေတတ်ပါတယ်။ အတွေ့ရများတာကတော့ နှာစေးခြင်း၊ နှာရည်ကျခြင်း၊ မျက်ရည်ကျခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီလိုပြသနာတွေကြောင့် အနှောင့်အယှက် ဖြစ်ရပါတယ်။ တခါတလေ ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဓါတ်မတည့် တုံ့ပြန်မှုတွေကို သိထားဖို့ အရေးကြီးပါတယ်။ ဘာကြောင့် ဓါတ်မတည့်မှု ဖြစ်သလဲ တချို့အရာတွေကို ရှူရှိုက်မိ၊ မျိုချမိ၊ ထိမိရင် ဓါတ်မတည့်တဲ့ တုံ့ပြန်မှု စတင်တတ်ပါတယ်။ ပြီးရင် ကိုယ်ခံအားစနစ်ကနေ Ig E လို့ခေါ်တဲ့ ခုခံပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီခုခံပစ္စည်းတွေဟာ ဆဲလ်တွေဆီကို ရောက်သွားပြီး ဟစ်စတမင်းနဲ့ တခြားဓါတုပစ္စည်းတွေကို ဖုတ်ပြီး […]


အခြား ဓာတ်မတည့်ခြင်းများ

ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုအကြောင်း

အသက်အန္တရာယ် ထိခိုက်လောက်တဲ့အထိ ဖြစ်ပွားတဲ့ ဓါတ်မတည့်ခြင်း အမျိုးအစားကို ဆိုးရွားပြင်းထန်သော ဓါတ်မတည့်ခြင်းလို့ ခေါ်ပါတယ်။ လျင်မြန်စွာ ဖြစ်ပွားတတ်ပြီး ဓါတ်မတည့်မှုဖြစ်စေတဲ့ အရာနဲ့ ထိတွေ့အပြီး မိနစ်အနည်းငယ်အတွင်း လက္ခဏာ ပြတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ အစာမတည့်ခြင်း၊ အကောင်ကိုက်ခြင်း၊ ဆေးဝါးများမှ ဖြစ်ပွားခြင်း၊ ရာဘာစေး မတည့်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းလို့ အတည်ပြုမိရင် ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။ နီးစပ်ရာ ကျန်းမာရေးဌာနသို့သွားရောက်ပြီး အပီနက်ဖရင်းလို ဆေးမျိုး ထိုးပြီး ကုသဖို့ လိုအပ်ပါတယ်။ ဒီပြသနာကို ချက်ချင်းမကုသမိရင် သေစေနိုင်ပါတယ်။ အကြောင်းအရင်းများ ပြင်ပက ဝင်ရောက်လာတဲ့ အရာဝတ္တုတမျိုးမျိုးနဲ့ ဓါတ်မတည့်တဲ့အခါ ကိုယ်ခံအားစနစ်ဟာ အဲဒီအရာအပေါ် လွန်ကဲစွာတုံ့ပြန်ပြီး ဓါတ်မတည့်တဲ့ လက္ခဏာတွေ ပေါ်ပေါက်လာပါတယ်။ အများစု အနေနဲ့ကတော့ ဓါတ်မတည့်မှု လက္ခဏာတွေဟာ သိပ်ပြိး မပြင်းထန်တတ်ပါဘူး။ […]


အခြား ဓာတ်မတည့်ခြင်းများ

Anaphylactoid Purpura (ဆိုးရွားတဲ့ဓါတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anaphylactoid Purpura (ဆိုးရွားတဲ့ဓါတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း) ကဘာလဲ။ ဟေးနော့ရှော်လိန်းအင်ပျဉ်ထခြင်းဆိုတာ ရှားပါးတဲ့ ပြသနာတခုဖြစ်ပြီး အရေပြား၊ အဆစ်များ၊ အူများနဲ့ ကျောက်ကပ်များထဲက သွေးကြောငယ်များ သွေးယိုခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ သွေးကြောရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ သွေးကြောရောင်ခြင်း ပုံစံတမျိုးစီမှာ သွေးကြောတွေရဲ့ ထူးခြားတဲ့ ဝိသေသတွေ ပါဝင်ပါတယ်။ ဟေးနော့ရှော်လိန်းအင်ပျဉ်ထခြင်းရဲ့ အဓိကပုံစံဟာ ခရမ်းရောင်အပျဉ်တွေဟာ ခြေထောက်နဲ့ တင်ပါးတွေမှာ ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဝမ်းဗိုက်အောင့်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါး ကျောက်ကပ်ထိခိုက်တာ ဖြစ်နိုင်ပါတယ်။ ဒီပြသနာဟာ လေးပတ်ကနေ ၆ပတ်ထိကြာရင် ပျောက်သွားနိုင်ပါတယ်။ တခါတရံ ပြန်ဖြစ်တတ်ပါတယ်။ ရေရှည် အကျိုးဆက်တွေတော့ မရှိတတ်ပါဘူး။ ကျောက်ကပ်၊ အူ စတဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ရင် ကုသမှုတွေ လိုအပ်ပြီး နောက်ဆက်တွဲပြသနာတွေကို […]


အခြား ဓာတ်မတည့်ခြင်းများ

Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု)

Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) ဆိုတာ ဓါတ်မတည့်မှု တစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်ပင်ထိခိုက်နိုင်ပါတယ်။ သင်နဲ့ဓါတ်မတည့်သောအရာ ဥပမာ- မြေပဲ၊ ပျားအဆိပ် တို့ကို မိနစ်ပိုင်း သို့ စက္ကန့်ပိုင်းလောက်ထိမိရုံနဲ့တင် ဓါတ်မတည့်မှုဖြစ်နိုင်တယ်။ ပြင်းထန်သောဓါတ်မတည့်မှု ရှိသူတွေဟာ နောက်ထပ်နောက်ထပ် တုံ့ပြန်မှုတွေရနိုင်ခြေများပါတယ်။ ပထမတုံ့ပြန်မှုက အားနည်းသည်ဆိုစေကာမူ နောက်ထပ်တုံ့ပြန်မှုတွေက ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ ပြင်းထန်ဓါတ်မတည့်ခြင်းရပါက ချက်ခြင်းအရေးပေါ်ဌာနသို့သွားသင့်ပြီး ပြင်းထန်ဓါတ်မတည့်ခြင်းဟာ မကုသပါက အသက်ရှူရပ်ကာ နှလုံးရပ်သည်ထိဖြစ်နိုင်ပါတယ်။ ပြင်းထန်ဓါတ်မတည့်မှုကိုနားလည်ထားပြီး ထိုသို့ဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်တဲ့ အရာတွေကိုသိထားခြင်းက သင့်အခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲသိအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ အလွန်ကိုဖြစ်တတ်ပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ဓါတ်မတည့်ခြင်းဖြစ်စေသော အခြေအနေများကိုရှောင်ခြင်းဖြင့် ထိန်းချုပ်နိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်တွေအတွက်တော့ ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လက္ခဏာများ အဖြစ်များတဲ့လက္ခဏာတွေကတော့- အင်ပြင်ထခြင်း၊ ယားယံခြင်း၊ နီရဲလာခြင်း သို့ ဖြူဖျော့သွားခြင်း ကဲ့သို့ အရေပြားတွင်ဖြစ်သော တုံ့ပြန်မှုများ။ မျက်နှာ၊ မျက်လုံး၊ နှုတ်ခမ်း၊ […]


အခြား ဓာတ်မတည့်ခြင်းများ

ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ

တကယ်လို့ သင်က ခွေးချစ်တတ်သူတစ်ယောက်ဖြစ်ပြီး အဆိုးဆုံး ဓာတ်မတည့်မှု ကလည်း ရှိနေတယ်ဆိုရင် သင့်အတွက်တော့ သိပ်မလွယ်ကူလှပါဘူး။ ခွေးတွေနဲ့ ဓာတ်မတည့်ခြင်းဟာ အသက်ရှူကြပ်ခြင်းနဲ့ နှာချေခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရင်ကြပ်ရောဂါရှိသူတွေဟာ ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ က ဘာတွေဖြစ်နိုင်မလဲဆိုတာကို သင်လေ့လာထားသင့်ပါတယ်။ ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ အကြောင်း မပြောခင် ဒီအချက်လေးကို အရင်ပြောပြပေးချင်ပါတယ်။ ဒါကတော့ ဘာကြောင့် သင့်မှာ တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်မှုဖြစ်နေတာလဲ၊ များသောအားဖြင့်တော့ မိသားစုထဲက လူအားလုံး၊ အိမ်ရှိလူအကုန်ဟာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်မှု ရှိနေတာမျိုး မဟုတ်ပါဘူး။  ဖြစ်နိုင်တာကတော့ ဓာတ်မတည့်တဲ့ မျိုးရိုးက သင့်ဆီရောက်လာတာဖြစ်မှာပါ။ တကယ်လို့သင့်မှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း