အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်း ၃ ခု

သင့် နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေ (nipple hair) ကြောင့် ရှက်ရွံတာမျိုး ခံစားဖူးပါသလား။ ဒါဆိုရင် စိတ်မပူပါနဲ့တော့။ ခုဖော်ပြမယ့် ဆောင်းပါးက နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် အကောင်းဆုံး နည်းလမ်း ၃ ခုကို ဖော်ပြသွားမှာပါ။ နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်း ၃ ခု နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်းတွေကတော့ Laser Hair Removal Laser Hair Removal က မည်းမှောင်သော nipple hair ရှိတဲ့သူတွေအတွက် အသင့်တော်ဆုံးပါ။ အမွေးအမျှင်တွေကို အားလုံးဖယ်ရှားမပြီးခင်မှာ ကုသမှုအချို့ကို ခံယူရပါမယ်။ နို့သီးခေါင်းပတ်လည်နေရာတွေက ထိရှလွယ်တာကြောင့် လူတစ်ယောက်ဆီကိုလိုက်ပြီး တခါတလေမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီအလှအပအတွက် ကုသပေးတဲ့သူဆီမှာ ထုံစေတဲ့အဆီမျိုး တောင်းလို့ရနိုင်ပါတယ်။ ဒါက သင့်ကုသမှုကို အတတ်နိုင်ဆုံး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘရာစီယာကို ဘယ်လောက်နေရင် တစ်ခါလျှော်သင့်လဲ

ဘရာစီယာကို ဘယ်လောက်နေရင် တစ်ခါလျှော်သင့်လဲ? တစ်ခါဝတ်ပြီးတိုင်းလား? တစ်ပတ်တစ်ခါလား? ၂ပတ်၃ပတ်နေမှလား? အမှန်တော့ ခဏခဏ လျှော်နေဖို့ သိပ်မလိုပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင် ဘရာစီယာဟာ အကူအညီပေးလား ဒုက္ခပေးလား ဘရာစီယာနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေ ပြဿနာတွေ ရှိပါတယ်။ တချို့ ဘရာစီယာတွေအမျိုးအစားတွေဟာ ကျန်တဲ့ အမျိုးအစားတွေထက် ပိုဆိုးပါတယ်။ မတော်တဲ့ ဘရာစီယာဟာ ပိုပြီး ဒုက္ခပေးပါတယ်။ ဆေးပညာရှင်၂ဦးဖြစ်တဲ့ Sydney Singer နဲ့ Soma Grismaijer တို့ဟာ ရင်သားကင်ဆာနဲ့ ဘရာစီယာတို့ကြားက ဆက်နွယ်မှုကို သိရှိနိုင်ဖို့ အမျိုးသမီးပေါင်း ၄ထောင်ကျော်ကို စမ်းသပ် လေ့လာတဲ့အခါ ဘရာစီယာမဝတ်သူ အမျိုးသမီးများဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့တွေ့ရှိချက်တွေမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။ ဘရာစီယာကို ၂၄နာရီပတ်လုံး ဝတ်သူ အမျိုးသမီးများဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၄ပုံ၃ပုံခန့် ရှိတယ်လို့ ဆိုပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း

ရင်သားရောဂါပိုးဝင်ခြင်း၊ တနည်း ရင်သားရောင်ရမ်းခြင်းဟာ သွေးဆုံးပြီးချိန်မှာတွေ့ရတတ်တဲ့ရောဂါတစ်ခုဖြစ်ပြီး တခါတရံမှာ နို့တိုက်နေတဲ့မိခင်တွေမှာပါတွေ့ရတတ်ပါတယ်။ နို့မတိုက်ရတဲ့အမျိုးသမီးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ရင်သားတစ်သျူးထဲရောဂါပိုးဝင်ခြင်း၊ ရောင်ခြင်းကြောင့်ဖြစ်ပြီး နို့သီးခေါင်းအက်ကွဲခြင်း၊ နာကျင်ခြင်း၊ ရင်သားတွင် အဖုအကျိတ်များပေါ်ခြင်း၊ နီရဲခြင်း၊ ပူနေခြင်းတို့သတိထားမိနိုင်ပါတယ်။ ပြင်းထန်သောအခြေအနေတွေမှာဆိုရင် လိုအပ်တာထက်ပိုစောစော ကလေးကိုနို့ဖြတ်ရတတ်ပါတယ်။ ဒါကြောင့် ထိုဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေအကြောင်းသိပြီး ဘယ်လိုဖြေရှင်းရမလဲသိရဖို့ ကြည့်လိုရအောင်။ အကြောင်းအရင်းများ Staphylococcus aureus လို့ခေါ်တဲ့ သာမန်အရေပြားမှာတွေ့ရတတ်တဲ့ ဘတ်တီးရီးယားတစ်မျိုးကြောင့် ရင်သားရောင်ရမ်းတတ်တယ်။ ထိုဘတ်တီးရီးယားက ထိခိုက်ခြင်းကြောင့်အရေပြားအက်ကွဲခြင်း မှတဆင့် ရင်သားအရေပြား သို့ နို့သီးခေါင်းထဲဝင်လာတတ်ပါတယ်။ ထို့နောက်မှာတော့ အဆီတစ်သျူးတွေထဲမှာနေကာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အရေပြားအက်ကွဲခြင်းတို့ဖြစ်လာစေပါတယ်။ တဖြေးဖြေး ရောင်ရမ်းခြင်းကြီးလာကာ နို့ရည်ပြွန်တွေပါ ပိတ်သွားပါတယ်။ နို့တိုက်မိခင်တွေမှာထိုအခြေအနေတွေခံစားရတတ်တယ်။ များသောအားဖြင့်မိခင်တွေကနို့ရည်တွေမထုတ်တဲ့အခါ နို့ရည်ပြွန်များခဲလာပြီး ရင်သားရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာတော့ နို့တိုက်မိခင်မဟုတ်ဘဲ ရင်သားရောင်ရမ်းပါက ရင်သားကင်ဆာလက္ခဏာဖြစ်တယ်။   ခံစားရနိုင်သောလက္ခဏာများ အောက်ပါပုံမှန်မဟုတ်သောအချက်များတွေ့ပါက ရင်သားရောင်ရမ်းခြင်းဟုထင်ရနိုင်ပါတယ်။ ပုံမှန်မဟုတ်ရောင်ရမ်းခြင်း တုပ်ကွေးမိခြင်းကဲ့သို့လက္ခဏာများ ရင်သားနာကျင်ခြင်း၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကင်ဆာမဟုတ်သည့် ရင်သားအကျိတ်

Breast Fibroadenoma ဆိုတာ ဘာလဲ Breast Fibroadenoma ဆိုတာ ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ အဖြစ်များပြီး ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တစ်မျိုးကို ခေါ်တာဖြစ်ပါတယ်။ အများအားဖြင့် ဒီအကျိတ်မျိုးဟာ လူကို ဒုက္ခမပေးတဲ့အပြင် ကုသမှုခံယူစရာမလိုဘဲ အလိုလို ပျောက်သွားတတ်ပါတယ်။ ကင်ဆာမဟုတ်တဲ့အတွက် အခြားအင်္ဂါအစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ Fibroadenoma ရင်သားအကျိတ်တွေဟာ အရွယ်အစားသေးငယ်တဲ့ ခပ်မာမာအလုံးသဏ္ဍာန် ရှိနေတတ်ပြီး စမ်းသပ်ကြည့်ရင်လည်း သင့်ကို နာကျင်စေမှာ မဟုတ်ပါဘူး။ Fibroadenoma ရင်သားအကျိတ် နှစ်မျိုးရှိပါတယ်။ ရိုးရိုး Fibroadenoma - ၎င်းတို့ကို အဏုမှန်ပြောင်းအောက်မှာ ခွဲခြမ်းစိတ်ဖြာစစ်ဆေးကြည့်ရင် ညီညီညာညာ တွေ့မြင်နိုင်မှာဖြစ်ပြီး ရင်သားကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ချေ မရှိပါဘူး ရှုပ်ထွေးသည့် Fibroadenoma - ဒီအမျိုးအစား ရင်သားအကျိတ်တွေမှာတော့ သာမန်မျက်စိနဲ့မြင်နိုင်တဲ့ အရည်တွေ၊ အနည်ကျထားတဲ့ ကယ်လ်ဆီယမ်တွေ ပြည့်နေတဲ့ အကြီးစားအရည်အိတ်တွေ ပါဝင်ပါတယ်။   ဘာကြောင့် Fibroadenoma […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားအရည်အိတ်တည်ခြင်း

ရင်သားအရည်အိတ်တည်ခြင်းဆိုတာ ဘာလဲ Fibrocystic breast changes ခေါ် ရင်သားအရည်အိတ်တည်ခြင်းဟာ အမျိုးသမီးတွေမှာ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီပြဿနာကြောင့် သင့်ရင်သားမှာ အလုံးအကျိတ်ပေါ်ခြင်း၊ ထိမိကိုင်မိတဲ့အခါ နာကျင်ခြင်း၊ ရံဖန်ရံခါ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်တော့ ရင်သားအရည်အိတ်တည်ခြင်းလို့ ဆိုရာမှာ အောက်ပါအခြေအနေ ၂မျိုး ပါဝင်ပါတယ်။ ရင်သားတစ်ရှူးများ အမာရွတ်ကဲ့သို့ မာသွားခြင်း ကင်ဆာမဟုတ်သည့် အရည်အိတ်များကြောင့် ရင်သားတစ်ရှူးများတင်းပြီး နာကျင်ခြင်း   ရင်သားအရည်အိတ်တည်ခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ ရင်သားအရည်အိတ်တည်ခြင်းက သင့်ရင်သားကို ပုံသဏ္ဍာန်ပြောင်းသွားစေနိုင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေဟာ ရင်သားနှစ်ဘက်စလုံးမှာ အတူတူဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သင့်နို့သီးခေါင်းက အညိုရောင် သို့မဟုတ် အစိမ်းရောင်အရည်တွေ စိမ့်ထွက်လာနိုင်သလို ဓမ္မတာလာချိန်မှာလည်း ရင်သားအကျိတ်တွေရဲ့ အရွယ်အစား ပြောင်းသွားနိုင်ပါတယ်။ ဓမ္မတာမလာမီ အချိန်မှာတော့ နာကျင်မှု ပိုဆိုးလာနိုင်ပြီး သင့်ကို နေရထိုင်ရခက်စေနိုင်ပါတယ်။   ရင်သားအရည်အိတ်တည်စေတဲ့ အကြောင်းအရင်းတွေက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် ရလာနိုင်သည့် ဆိုးကျိုး ၅ခု

ပခုံးဖော်ဝတ်စုံ ရိုးရိုးလေးတစ်စုံ ဝတ်ထားသူတစ်ယောက်ဟာ လေးလက်မအမြင့် ဒေါက်ဖိနပ်စီးလိုက်ရုံနဲ့ နဂိုထက် ဆယ်ဆလောက် ဆွဲဆောင်မှုရှိသွားတယ်ဆိုတာ ဘယ်သူကမှ ငြင်းဆန်လိမ့်မယ် မထင်ပါဘူး။ ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ အမျိုးသမီးတွေကြား အငြင်းအပွားရဆုံး အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးလေ့ရှိသူ အမျိုးသမီးတွေကိုယ်တိုင်က ဒီဖိနပ်တွေစီးထားစဉ်မှာ အလွန်နာကျင်ရပေမယ့် ဒီနာကျင်မှုကို ကျေကျေနပ်နပ်လက်ခံနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ဒေါက်မြင့်ဖိနပ်စီးခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုး ၅ခုကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။   ကျောရိုးမကြီး ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်က ကျောရိုးမကြီးမှာ လမ်းလျှောက်တဲ့အခါ၊ ပြေးတဲ့အခါ ဖြစ်လာတဲ့တုန်ခါမှုတွေကို ထိန်းပေးမယ့် အကွေး ၄နေရာရှိပါတယ်။ ဒေါက်မြင့်ဖိနပ်စီးလိုက်တဲ့အခါ ခန္ဓါကိုယ်ဟာ ပုံမှန်ထက် ရှေ့ကိုယိုင်သွားပြီး နောက်ကျောကို ပိုပြီးကိုင်းသွားစေပါတယ်။ ဒီကိုယ်နေဟန်ထားကြောင့် ခါးအောက်ပိုင်းကျောရိုးမှာရှိတဲ့ အင်္ဂလိပ်အက္ခရာ S ပုံသဏ္ဍာန်အကွေးပေါ် တင်းအားအများကြီး သက်ရောက်စေပါတယ်။ ဒါကြောင့် တနေကုန်ဒေါက်မြင့်ဖိနပ်စီးသူ အမျိုးသမီး အတော်များများဟာ ခါးနာ၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ။

အရွယ်ရောက်ပြီးသူတွေမှာ သဘာဝတရားရဲ့ လိုအပ်ချက်အရ အတူနေဖို့ (လိင်ဆက်ဆံဖို့) ခန္ဓါကိုယ်ဖွဲ့စည်းမှုနဲ့ ဟော်မုန်းတွေရဲ့ အချိုးအစားကို စီစဉ်ထားရှိပါတယ်။ ဒါပေမယ့် လူတွေက တစ်ယောက်နဲ့ တစ်ယောက် အကြောင်းရင်းခံချင်းက တူကြတာ မဟုတ်ဘူးလေ။ ဒီတော့ အတူမနေနိုင်တဲ့ အနေအထားမှာ ရှိနေသူတွေအနေနဲ့က အခက်အခဲ ရှိတာပေါ့။ ပြဿနာကတော့ အတူမနေတာ ကြာလာတဲ့အခါ ယောက်ျားရော မိန်းမမှာပါ ဆိုးကျိုးတွေရှိလာပါတယ်။ ဒီဆောင်းပါးမှာတော့ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ။ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ။ ဆိုတော့ ၁။ စိတ်ဖိစီးမှုများလာမယ်။ အတူနေတာက စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့နည်းလမ်းတွေထဲက အကောင်းဆုံးတစ်ခုပါ။ သွေးလည်ပတ်မှု ကောင်းမွန်သွားတာနဲ့ အတူနေတဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေက စိတ်ဖိစီးမှု လျော့ကျသွားစေဖို့ အကြီးအကျယ် အထောက်အကူပြုပြီး နုပျိုကျန်းမာ စေပါတယ်။ အတူမနေတာ ကြာရင်တော့ စိတ်ဖိစီးမှု လျော့ကျစေတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှာကိုကြောက်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

အစားမတော်တစ်လုတ်၊အသွားမတော်တစ်လှမ်းဆိုသလိုပဲလူငယ်တွေသဘာဝပျော်ကြပါးကြရင်းအကဲမတော်တစ်သက်ဖြစ်ကြရတာတွေ၊ဒုက္ခဖြစ်တာတွေရှိကြပါတယ်။ခေတ်မီပွင့်လင်းလာတဲ့ကနေ့ခေတ်ရဲ့လူငယ်တွေကြားမှာဆိုရှယ်ကျကျပေါင်းသင်းဆက်ဆံရေးတွေ၊အသောက်အစားဖက်လာတာတွေအပြင်အပျော်အပါးကြောင့်မတော်တဆအမှားအယွင်းတွေရှိလာတတ်ပါတယ်။အရာရာပွင့်လင်းလာတဲ့လူငယ်တချို့ကပျော်ပွဲရွှင်ပွဲတွေ၊ပွဲအခမ်းအနားတွေမှာပျော်ကြပါးကြရင်းမထင်မှတ်တဲ့ပြဿနာတွေကြုံတွေ့ရတတ်ပါတယ်။အဲဒီပြဿနာတွေမဖြစ်လာအောင်ဖြေရှင်းနိုင်တဲ့အလွယ်ကူဆုံးနည်းလမ်းရှိပါတယ်။ အရေးပေါ်သေန္ဓတားဆေးပါ အရေးပေါ်သန္ဓေတားဆေး(morning after pills)ဆိုတာအကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါဒါမှမဟုတ်ပုံမှန်သားဆက်ခြားနည်းလမ်းတစ်ခုခုကိုမေ့လျော့ပျက်ကွက်မိတဲ့အခါမျိုးတွေမှာအရေးပေါ်သုံးကြတဲ့သောက်ဆေးဖြစ်ပါတယ်။သန္ဓေတားနည်းတစ်ခုမှမသုံးထားဘဲလိင်ဆက်ဆံပြီးတဲ့အခါ၃ရက်(၇၂နာရီ)အတွင်းသောက်သုံးရင်အာနိသင်အကောင်းဆုံးဖြစ်ပေမယ့် ၅ရက် (နာရီ၁၂၀)အတွင်းသောက်သုံးရင်လည်းကိုယ်ဝန်မရအောင်တားဆီးပေးနိုင်စွမ်းရှိပါသေးတယ်။ဒါပေမဲ့အမြန်ဆုံးသောက်သုံးလေအာနိသင်အထိရောက်ဆုံးဖြစ်လေဆိုတာသတိရထားဖို့လိုပါတယ်။ ဒီဆေးကတစ်ကြိမ်သောက်ရုံနဲ့ဒီလိုကာကွယ်ပေးနိုင်တယ်ဆိုတော့မပျက်မကွက်နေ့တိုင်းအချိန်မှန်သောက်ဖို့လိုတဲ့ပုံမှန်သားဆက်ခြားသောက်ဆေးလို၊ဘယ်နှလခံထိုးဆေးဆိုပြီးမပျက်မကွက်ထိုးရတဲ့ ၃လ/၆လခံထိုးဆေးတွေလိုအလုပ်မရှုပ်တဲ့အတွက်အသုံးများလာကြပါတယ်။အဲဒီထဲမှာအိမ်ထောင်ရှင်တွေအပြင်အရွယ်ရောက်ပြီးတဲ့လူငယ်တွေလည်းပါဝင်နေပါတယ်။သုံးရလွယ်ပြီးထိရောက်မှုရှိတာကြောင့်အသုံးများလာရာကနေပုံမှန်သားဆက်ခြားသောက်ဆေးတွေအစားအလွယ်သုံးစွဲလာတာတွေလည်းရှိပါတယ်။ဒါပေမယ့်သတိထားသင့်တာကအရေးပေါ်သန္ဓေတားဆေးဆိုတာအမြဲတမ်းသောက်သုံးဖို့အတွက်အဆင်မပြေလှပါဘူး။ အရေးပေါ်သန္ဓေတားဆေးဆိုတာအရေးပေါ်အခြေအနေတွေအတွက်သာရည်ရွယ်ထုတ်လုပ်ထားတာဖြစ်လို့ပုံမှန်အသုံးပြုသွားလို့ရမယ့်သန္ဓေတားဆေးလိုနေ့တိုင်းသောက်နေလို့မရပါဘူး။အခုနောက်ပိုင်းမှာလူငယ်တချို့ကလွတ်လွတ်လပ်လပ်အပျော်လွန်ခဲ့ကြပြီးမှဒီဆေးတွေကိုအလွယ်တကူဝယ်ပြီးသုံးစွဲနေကြတာတွေ့လာရပါတယ်။တစ်ပတ်အတွင်းမှာပဲအကြိမ်ပေါင်းများစွာသောက်သုံးမယ်ဆိုရင်မသင့်တော်လို့အကြိမ်ရေများမယ်ဆိုရင်တော့ ပုံမှန်သားဆက်ခြားသောက်ဆေးတွေကိုသုံးသင့်ပါတယ်။ အရေးပေါ်သန္ဓေတားဆေးတွေကဘေးအန္တရြာယ်ဖစ်စေလို့တော့မဟုတ်ပါဘူး။ဒီနည်းကရေရှည်သုံးလို့ကောင်းတဲ့နည်းလမ်းမဟုတ်တာတစ်ခုပါပဲ။ထပ်ကာထပ်ကာသုံးစွဲနေတာမျိုးဆိုရင်ဘေးထွက်ဆိုးကျိုးတွေကယာယီပဲ၊ အန္တရာယ်မရှိဘူးဆိုပေမယ့်ဓမ္မတာမမှန်ခြင်း၊မအီမသာဖြစ်ခြင်း၊ပျို့အန်ခြင်း၊ရင်သားတင်းပြီးနာကျင်ခြင်း၊ဗိုက်အောင့်ခြင်း၊ခေါင်းမူးခေါင်းကိုက်ခြင်း၊ နွမ်းလျခြင်းတို့ ဖြစ်နိုင်တဲ့အတွက်သိပ်တော့သက်သာမှာမဟုတ်ပါဘူး။ ဒါ့အပြင်ကိုယ်ဝန်ရသွားနိုင်ခြေကလည်းတခြားသောသန္ဓေတားနည်းလမ်းတွေထက်မြင့်မားပါတယ်။ ဘာလို့အသုံးများလာသလဲ။ဘာကောင်းကျိုးတွေရှိလဲ။ အရေးပေါ်သန္ဓေတားဆေးတွေက- တစ်ကြိမ်တည်းသောက်လိုက်ရုံပဲ၊ ဝယ်ရလွယ်၊သုံးရလွယ်တယ်၊ ဆရာဝန်ညွှန်ကြားချက်မလိုဘူး၊ လိင်ဆက်ဆံပြီး၅ရက်အတွင်းသုံးလို့ရတယ်၊ ကွန်ဒုံးပေါက်ပြဲတာ၊သောက်ဆေးရက်ကျော်သွားတာ၊ထိုးဆေးရက်ကျော်သွားတာမျိုးမှာအရေးပေါ်သုံးလို့ရတယ်၊ စရိတ်သက်သာပြီးထိရောက်မှုရှိတယ်၊ ဘေးအန္တရာယ်မရှိသလောက်ကင်းတယ်ဆိုတဲ့အချက်တွေကြောင့်လူငယ်တွေအကြားအသုံးများလာတာဖြစ်ပါတယ်။မမျှော်လင့်ဘဲကိုယ်ဝန်ရတဲ့အဖြစ်မျိုးတွေကိုအချိန်မီကာကွယ်နိုင်ဖို့ကအရေးပေါ်သန္ဓေတားဆေးရဲ့အားသာချက်ပါ။ ဘယ်အချိန်မှာအသုံးဝင်ဆုံးလဲဆိုတော့ကွန်ဒုံးသုံးဖို့မေ့သွားတဲ့အခါမျိုးအကာအကွယ်မဲ့လိင်ဆက်ဆံပြီးချိန်မှာကိုယ်ဝန်မရသွားအောင်အရေးပေါ်ကာကွယ်ပေးနိုင်ပါတယ်။တစ်ခုထပ်သတိထားသင့်တာကတချို့တွေဟာကွန်ဒုံးမသုံးပေမယ့်အပြင်မှာထုတ်တဲ့နည်းလမ်းကိုသုံးရင်ကိုယ်ဝန်မရနိုင်ဘူးဆိုပြီးကျင့်သုံးနေတာတွေလည်းရှိပါတယ်။တကယ်ကအပြင်မှာထုတ်ခဲ့တယ်ဆိုရင်တောင်မှကိုယ်ဝန်ရသွားနိုင်ခြေရှိပါသေးတယ်။ဒီအတွက်အဲဒီလိုအချိန်တွေမှာလည်းဒီဆေးကိုသောက်သုံးနိုင်ပါတယ်။ ဒီဆေးသာမကယ်ရင်မတော်တဆကိုယ်ဝန်ကြောင့်ဘဝအတွက်အဆင်သင့်မဖြစ်မီလက်ထပ်လိုက်ရတာ၊အသက်ငယ်ငယ်နဲ့အိမ်ထောင်သည်ဖြစ်သွားရတာ၊မလိုလားတဲ့ကိုယ်ဝန်ကိုဖျက်ချရင်းမိန်းကလေးတွေအသက်အန္တရာယ်ဖြစ်ရတာ၊ကိုယ်ဝန်ကြောင့်ဂုဏ်သိက္ခါကျဆင်းရတာစတဲ့ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေကိုရင်ဆိုင်ရနိုင်ပါတယ်။အခုတော့အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါကူညီပေးမယ့် အရေးပေါ်သန္ဓေတားဆေးကဈေးကွက်မှာရရှိနေပါပြီ။အလွယ်တကူလည်းဝယ်လို့ရနိုင်ပြီမို့လို့စိတ်ချလက်ချရှိနိုင်ပါပြီ။ တစ်ခုပဲသိထားသင့်တာကဆေးသောက်ပြီးအန်ထွက်ရင်တော့ထပ်သောက်ရပါမယ်။ကိုယ်ကပျို့တတ်တယ်ဆိုရင်အအန်ပျောက်ဆေးနဲ့လည်းတွဲသောက်လို့ရပါတယ်။


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာသောအမျိုးသမီးကြီးတို့၏ လျှို့ဝှက်ချက် ၇ သွယ်

ကျန်းမာသောအမျိုးသမီးကြီးတို့၏ လျှို့ဝှက်ချက် ၇ သွယ် အသက်ကြီးလာတာနဲ့ ကိုယ်ရောစိတ်ရော ကျန်းမာရေးရော ပြောင်းလာပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝရဲ့နောက်ပိုင်းရက်တွေမှာ ကိုယ့်ကျန်းမာရေးကို အကောင်းဆုံးမြှင့်တင်ပြီး ပျော်ရွှင်စေဖို့ အောက်ပါနည်း ၇ သွယ်ကို မွေးမြူကြည့်ပါ။ အိုမင်းခြင်းကို အပျက်သဘောလို့မြင်တဲ့သူအများစုထဲမှာ သင်ပါနိုင်ပါတယ်။ မျက်နှာအရေးအကြောင်းတွေ ထလာတာ၊ အင်္ကျီတွေမတော်တော့တာ၊ ခဏခဏ ကိုက်လိုက်နာလိုက်နဲ့ ကျန်းမာရေးမကောင်းတာ စတာတွေကို သင်ကြုံရတော့မယ်လို့ ထင်နေတာမျိုးပေါ့။ ဒါပေမယ့် အိုမင်းလာတယ်ဆိုတာ အဲ့တာတင်တော့မဟုတ်ပါဘူး။ အတွေ့အကြုံများလာမယ်၊ ရင့်ကျက်သွားမယ်၊ ဉာဏ်ပညာပြည့်စုံပြီး ရှု့ထောင့်မျိုးစုံကမြင်တတ်လာမယ်။ သင်ဟာ အသက်ကြီးလာတဲ့အမျှ ဘဝကိုပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ပါတယ်။ ၁။ ပြောင်းလဲမှုတွေကိုကြိုဆိုနိုင်ဖို့လေ့လာပါ။ အသက်ကြီးလာတာနဲ့ ပြောင်းလဲမှုတွေကို သင်သတိထာမိပါလိမ့်မယ်။ သင်ရှု့မြင်တတ်ရင် အရင်ကနဲ့ လုံးဝမတူတော့ဘူးဆိုတာ သဘောပေါက်ပါလိမ့်မယ်။ ဒီလိုဖြစ်လဲ Ok ပါပဲ။ တစ်ချို့က ကိုယ်ဘယ်သူဆိုတာ ပြသဖို့ မလုပ်ပြနိုင်တော့ဘူးဆိုပြီး ယုံကြည်နေတတ်ကြတာမို့ စိတ်ထဲကသိကအောက် ဖြစ်တတ်ကြပါတယ်။ အဲ့တော့ ကိုယ်အသက်ကြီးလာရင် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားကျန်းမာလှပဖို့ စားပေးသင့်တဲ့ အစားအစာများ

ရင်သားကျန်းမာလှပဖို့ စားပေးသင့်တဲ့ အစားအစာများ ရင်သားလေး လှပပြီး ကျန်းမာရေးကောင်းမွန်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုစေမှာပါ။ ရင်သား ကျန်းမာရေး ကောင်းမွန်စေဖို့နဲ့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အစားအစာတွေက ကူညီပေးနိုင်ပါတယ်။ အစားအစာတွေက ခန္ဓါကိုယ် အားအင်ရှိဖို့ အထောက်အကူပြုသလို ရင်သားက ကြွက်သားတွေ သန်မာဖို့အတွက်လည်း ထောက်ပံ့ပေးပါတယ်။ ဘာတွေ စားရမလဲဆိုတာ ဖတ်ကြည့်ဦးနော်။ အဆီပါတဲ့ငါး အဆီပါဝင်တဲ့ ငါးတွေမှာ ရင်သားကျန်းမာရေးကို ကောင်းမွန်စေတဲ့ အိုမီဂါ (၃) နဲ့ ဗီတာမင် ဒီတွေ ပါဝင်ပါတယ်။ ဗီတာမင် ဒီ လုံလုံလောက်လောက် ပါဝင်တာက ရင်သားကင်ဆာ ဖြစ်ပွားခြင်းကိုလည်း လျှော့ကျစေပါတယ်။ မာကျူရီ အများကြီး ပါတဲ့ ပင်လယ်စာတွေကိုတော့ ရှောင်စားရမှာပါနော်။   မုန်လာဥ မုန်လာဥကတော့ ရင်သားပတ်လည်မှာ ရှိတဲ့ တစ်ရှူးတွေဆီ သွေးစီးဆင်းမှု အားကောင်းစေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းတာကြောင့် မုန်လာဥကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း