အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေ သက်သာစေဖို့

ရာသီလာချိန်က လေဒီတိုင်းအတွက် ခက်ခဲပါတယ်။ စိတ်ရှုပ်စရာကောင်းသလို ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုလည်း အတော်လေးကျနေတဲ့ အခိုက်အတန့်က လစဉ်ပြဿနာ ကြုံနေရချိန်ပါ။ လစဉ်ပြဿနာ ကြုံတွေ့နေချိန်မှာ ရှုပ်နေတဲ့ စိတ်ကို အပိုထပ်ဆောင်း ရှုပ်စေတဲ့အရာလေး တစ်ခုရှိပါသေးတယ်။ ဒါကတော့ ရာသီလာချိန်မှာ pad ကြောင့် အရေပြား ပွန်းတာပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတိုင်းလိုလို ခံစားရနိုင်တဲ့  ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေ သက်သာစေဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်။ ရာသီလာချိန်မှာ pad ကြောင့် ပွန်းရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ ....... ရာသီလာချိန်မှာ pad ကြောင့် ပွန်းရတဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိပါတယ်။ ဒီအချက်တွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား ...... ရာသီလာချိန်မှာ အသုံးပြုတဲ့ pad နဲ့ […]


သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု

သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOS ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ

သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOS ဆိုတာက ရာသီသွေးဆင်းတဲ့အရွယ် အမျိုးသမီးတွေမှာ ဟော်မုန်း မညီမျှမှုကြောင့်ဖြစ်ရတဲ့ အမျိုးသမီး ကျန်းမာရေးပြဿနာပါ။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲ ကျားဟော်မုန်းတွေ မြင့်တက်မှုက PCOS ဖြစ်စေတဲ့ အခြေခံအကျဆုံး အကြောင်းအရင်း တစ်ရပ်ပါ။ တစ်ချိန်တည်းမှာ ရာသီသွေးမမှန်တာကလည်း PCOS ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ပါ။ မြင်သာအောင် ပြောပြရရင် PCOS ဖြစ်တဲ့အခါ ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်တဲ့အနေအထားကို ဖြစ်ပေါ်ပြီး ဆီးချို၊ အဝလွန်တာ၊ ကင်ဆာနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အမျိုးသမီး ၁၀ ဦးမှာ ၁ ဦးက PCOS ခံစားနေရနိုင်ပါတယ်။ PCOS ဖြစ်စေတဲ့အကြောင်းအရင်းကိုတော့ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် PCOS ဖြစ်တဲ့အခါ အစားအသောက်ကို ကျန်းမာရေးနဲ့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်လန် နေရင် နှိပ်ပြီး ပြင်ဖို့ လိုမလို

တချို့အမျိုးသမီးတွေက သားအိမ်လန် နေတဲ့အခါ ကလေးမရမှာစိုးပြီး ဗိုက်ကို နှိပ်ကြပါတယ်၊၊ တချို့ကျတော့လည်း အတွင်းနှိုက်ထိပြီး ပြန်တည့်ကြတာတွေ လုပ်ကြပါတယ်၊၊ ဒီလိုလုပ်တာက အခန့်မသင့်ရင်  မိန်းမကိုယ် ပိုးဝင်တာတောင် ဖြစ်နိုင်ပါတယ်၊၊ နိုင်ငံတကာမှာလည်း အနှိပ်အထူးပြုတွေနဲ့ နှိပ်ကြတာရှိပါတယ်၊၊ ဒါပေမယ့် ကျွမ်းကျင်တဲ့သူနဲ့ မဟုတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်၊၊ သားအိမ်လန် တယ်ဆိုတာ အမျိုးသမီးတွေရဲ့ ၇၅ရာခိုင်နှုန်းမှာ သားအိမ်က ရှေ့ကို စိုက်နေပါတယ်၊၊ ကျန်တဲ့ ၂၅ရာခိုင်နှုန်းမှာတော့ နောက်ကို လန်နေပါတယ်၊၊ သားအိမ်လန်တာ အများစုက အကြောင်းအရင်းမရှိဘဲ မွေးရာပါ လန်ကြတာပဲ ဖြစ်ပါတယ်၊၊ နောက်ပြီး အသက်ကြီးလာရင်လည်း ဘေးနားက အရွတ်တွေ၊ ကြွက်သားတွေ အားပျော့လာတာကြောင့် သားအိမ်က နောက်ကို လန်လာပါတယ်၊၊ ဒီဖြစ်စဉ်နှစ်ခုလုံးက 'ပုံမှန်' ပဲ ဖြစ်ပါတယ်၊၊ တချို့တွေမှာတော့ ရောဂါကြောင့် လန်ကြပါတယ်၊၊ ဥပမာ -သားအိမ်မှာ […]


ရာသီလာခြင်း

ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။

လေဒီလေးတွေ တစ်လတစ်ခါ ကြုံတွေ့ရတဲ့ ရာသီလာခါနီးမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှုကင်းနေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီလိုပြောလိုက်လို့ လေဒီတွေက ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်လို့လား။ ဘာကြောင့် ကျတာလဲ။ ဘာတွေစားပေးဖို့လိုမလဲလို့ သိချင်သွားပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။ အရင်က ရာသီလာခါနီးမှာ ကိုယ်ခံအားကျတာက သိပ်စိုးရိမ်စရာ မကောင်းပေမယ့် အခုလိုမျိုး ရောဂါပိုးတွေ အနီးဝန်းကျင်မှာ ရှိနေချိန်မှာတော့ ရာသီလာခါနီးမှာ ကိုယ်ခံအားနည်းသွားတာက စိုးရိမ်စရာကောင်းတဲ့ အနေအထား တစ်ရပ်ကို ရောက်လို့ လာပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအားကျတတ်သလား။ ဟုတ်ပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်ပါတယ်။ အကြောင်းကတော့ ရာသီလာတဲ့ကာလအတွင်းမှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက မျိုးဥကြွေဖို့အတွက် ကိုယ်ခံအားကို အားနည်းအောင် လုပ်ဆောင်ထားတာကြောင့်ပါ။ မေမေတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဘေဘီလေးကို ခန္ဓာကိုယ်က လက်ခံအောင် ကိုယ်ခံအားကို […]


ရာသီလာခြင်း

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။

နေ့လယ် အိပ်ငိုက်လေ့ အိပ်ငိုက်ထ မရှိပါဘူး။ ညဘက်လည်း အိပ်ရေးဝရက်နဲ့ လန်းလန်းဆန်းဆန်းကို မရှိဘူး။ တစ်ချိန်လုံးလိုလို အိပ်ငိုက်နေတယ်။ အဲ့ဒါက အခြား အချိန်တွေ မဖြစ်ပေမယ့် ရာသီလာခါနီး ၃ ရက်လောက်နဲ့ ရာသီလာနေစဉ်မှာမှ ဖြစ်တာ။ ဒါဆို ဒီလို ဖြစ်တာက ရာသီလာတာနဲ့ သက်ဆိုင်နေတာလား။ ဘာဖြစ်လို့ ရာသီလာခါနီးနဲ့ ရာသီလာနေချိန်မှာ အရမ်းအိပ်ချင်နေရတာလဲ။ ဆိုပြီး စဉ်းစား အဖြေရှာနေတဲ့ လေဒီလေးတွေ ရှိလား ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။ ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။ ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ ဆိုတော့ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ ပုံမှန်ချိန်တွေမှာ ဘာမှမဖြစ်ပေမယ့် ရာသီလာဖို့ ၃ ရက်အလိုလောက်ကနေစလို့ ရာသီလာနေစဉ် တလျှောက် တစ်ချိန်လုံး လိုလို အိပ်ငိုက်နေရတာက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ အတွက် Hello Sayarwon

အားလုံးပဲ မင်္ဂလာပါ။ Helloဆရာဝန် အဖွဲ့သားတွေကိုယ်စား နှုတ်ခွန်းဆက်သပါတယ်။ Hello Sayarwon (Helloဆရာဝန်)ကို ၂၀၁၇ခုနှစ်မှာ စတင်တည်ထောင်ကတည်းကစပြီး ဝက်ဘ်ဆိုဒ်ရဲ့ အခန်းကဏ္ဍတွေကို ဖွဲ့စည်းရာမှာ အမျိုးသမီးကျန်းမာရေးကဏ္ဍဟာ မပါမဖြစ်အနေနဲ့ ဖွဲ့စည်းတည်ဆောက်ခဲ့ပါတယ်။ စတင်တည်ထောင်တဲ့အချိန်ကနေ ဒီနေ့အထိ အမျိုးသမီးများကဏ္ဍဟာ လူဖတ်အများဆုံးအဖြစ် အမြဲမှတ်တမ်းဝင်ပါတယ်။ အမျိုးသမီးတွေဟာ မိသားစုတစ်ခုရဲ့ အစောင့်အရှောက် နတ်သမီးတွေပါ။ ကျန်းမာရေးဗဟုသုတနဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြုစုဂရုစိုက်ဖို့တွေမှာ အမျိုးသမီးတွေရဲ့ပင်ကိုယ်ဗီဇဟာ နှိုင်းမယှဉ်သာဘူးဆိုတာ မြင်သာထင်သာရှိပါတယ်။ ဒေါက်တာသူရိန်လှိုင်ဝင်း Hello Sayarwon (Helloဆရာဝန်)ဟာ အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုသလို အမြဲတမ်းတိုးတက်ကောင်းမွန်လာဖို့ကိုလည်း အမြဲရှေးရှုပါတယ်။ ရှေးရိုးစွဲဝါဒီတွေများတဲ့ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ဦးဆောင်မှုနဲ့ အခွင့်အရေးတွေကို မြှင့်တင်ဖို့ကြိုးစားရတာဟာ ထင်သလောက်မလွယ်ဘူးဆိုတာ သိကြမှာပါ။ အမျိုးသမီးတွေကိုယ်တိုင်ကတောင်မှ ကိုယ့်အခွင့်အရေးကို နားမလည်နိုင်၊ အဆုံးရှုံးခံနေကြတာမျိုးတွေရှိနေကြတယ်မလား။ ဒီလိုနဲ့ပဲ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ကဏ္ဍပေါင်းများစွာမှာ အမျိုးသမီးတွေဟာ တဆင့်နိမ့်တဲ့နေရာမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ Work-Life balance မျှစေဖို့

ခုခေတ်မှာ အမျိုးသမီးတွေက အိမ်မှုကိစ္စအပြင် ပြင်ပအလုပ်တွေကို တွဲဖက်လုပ်လာရပါပြီ။ ကိုယ်ပိုင်လုပ်ငန်း၊ ကုမ္ပဏီဝန်ထမ်း စတဲ့ ပုံစံအမျိုးမျိုးနဲ့ နယ်ပယ်အသီးသီးမှာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်ကိုင်လာကြပါပြီ။ ဒါပေမယ့် သူတို့ရဲ့ မူရင်းအလုပ်ဖြစ်တဲ့ အိမ်မှုကိစ္စ၊ ကလေးတွေ ကိစ္စစတာတွေကိုလည်း လက်လွှတ်လို့မရသေးပါဘူး။ ဘယ်လောက်ပဲ အမျိုးသားက ကူတယ်ပြောပြော အမျိုးသမီးတွေကပဲ ဦးဆောင်လုပ်ရတာပါ။ တစ်ကိုယ်တော် အမေတွေဆို ပိုပြီးအလုပ်များပါသေးတယ်။ ဒီလိုအမျိုးသမီးတွေအတွက် Work-Life balance ဆိုတာ လိုကို လိုအပ်လာပါပြီ။ Work-Life balanceဆိုတာ အလုပ်ရယ် ကိုယ်ပိုင်ဘဝရယ်လို့ အလွယ်တကူ ပြောလို့ရပေမယ့် တကယ်က ဒီထက် နက်ရှိုင်းပါတယ်။ Balance ဖြစ်ဖို့ဆို ပိုတောင် ခက်ပါသေးတယ်။ အလုပ်မှာဆိုရင် ဝန်ထမ်းဆိုရင် ကိုယ့်လက်အောက်ငယ်သားတွေ၊ ကိုယ်ပိုင်အလုပ်ဆိုရင် ကိုယ့်ဝန်ထမ်းတွေ စသဖြင့် တစ်ကိုယ်ရည်စာ အလုပ်ဆိုတာထက် ပိုပါတယ်။ အိမ်မှာဆိုရင်လည်း ကလေးအလုပ်၊ […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

ဟော်မုန်း မညီမျှမှုက အမျိုးသမီး စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေသလဲ။

စိတ်ကျန်းမာရေးက နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းစေနိုင်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှ စိတ်ခံစားမှု ကောင်းမှာ ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာလည်း ကျန်းမာမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာ သက်ရောက်နေတဲ့ လူတွေ သိပ်မသိတဲ့ အချက်လေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဟော်မုန်းတွေပါ။ ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်စေနိုင်ပါတယ်။ ဒီတော့ ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးအပေါ် တိုက်ရိုက်အားဖြင့်ရော သွယ်ဝိုက်တဲ့ အားဖြင့်ရော ဘယ်လို သက်ရောက်နေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ အဓိက ပြောပြပေးသွားမယ့် အကြောင်းအရာလေးတွေကတော့ ဒီဆောင်းပါးလေးထဲမှာ အဓိက ပြောပြပေးသွားမယ့် အကြောင်းအရာလေးတွေကတော့ ဟော်မုန်းတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေလဲ။ ဘာတွေက ဟော်မုန်း မညီမျှမှုကို ဖြစ်စေတာလဲ။ ဟော်မုန်း […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အိမ်ထောင်ကျပြီးရင် မဖြစ်မနေ ကလေးယူ ရမှာလား။

အိမ်ထောင်ကျပြီးပြီဆိုရင် မကြာခင်မှာ ကြားရမယ့် စကားက ကလေးမယူသေးဘူးလားဆိုတာပါပဲ။ အိမ်ထောင်ပြုပြီးသွားရင် ကလေးယူ ရမယ်ဆိုတာက ပုံသေနည်းတစ်ခုလို ဖြစ်နေခဲ့တာ ကြာပါပြီ။ ကလေးမယူရင် ဒီအိမ်ထောင်ရေးက တည်မြဲဖို့ ခက်တယ်ဆိုတဲ့ ယဉ်ကျေးမှုကလည်း ရှိနေသေးသကိုး။ ဒါပေမယ့် ခုနောက်ပိုင်းမှာ Childless by choice ဆိုတဲ့ ကလေးမယူတဲ့ အလေ့အထကလည်း ခေတ်စားလာပါပြီ။ မျိုးဆက်ကို တန်ဖိုးထားပြီး အစွဲကြီးပါတယ်ဆိုတဲ့ အာရှနိုင်ငံတွေမှာတောင် ဒီအလေ့အထကို စပြီး တွေ့လာရပါပြီ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ အိမ်ထောင်ပြုပြီးရင် ကလေးယူရမယ်ဆိုတာက အလေ့အထတစ်ခုလို ဖြစ်နေတော့ ဒါနဲ့ ပတ်သက်ပြီး ဝေဖန်မှု၊ အပြစ်တင်မှုတွေ ကြုံရတာကို တွေ့ရပါတယ်။ ခေတ်စားလာတဲ့ Childless by choice Childless by choice ကို စပြီး ဦးဆောင်လာကြတာက အမျိုးသမီးတွေပါ။ Childless by […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ

ရှေးယခင်ကာလတွေတုန်းက လေဒီလေး တွေဆိုရင် အိမ်ထောင်မှုကိစ္စတွေ လုပ်တတ်ဖို့ ကလေးတွေ ထိန်းကျောင်းဖို့နဲ့ သေစာရှင်စာရေးတတ်ဖတ်တတ်ရင် တော်ပြီဆိုပြီး သဘောထားခဲ့ကြတာ များပါတယ်။ မြန်မာလူမျိုးအများစု လက်ခံထားတာက မိန်းကလေးဆိုတာ ဘုန်းကံနိမ့်တယ်။ မိန်းကလေးဆိုတာက အမျိုးသားတွေရဲ့ ဦးဆောင်မှု နောက်ကိုပဲ လိုက်ရမယ်ဆိုတဲ့ အယူစွဲပါ။ တကယ်ကတော့ အမျိုးသမီး အထူးသဖြင့် မေမေတွေသာ မရှိရင် မိသားစုတစ်ခုက ပျော်ရွှင်စရာ မကောင်းသလို စည်းစနစ်ကျနမှုလည်း ရှိဖို့ မလွယ်ပါဘူး။ မိသားစုရဲ့ ပဲ့ကိုင်ရှင် မေမေတွေက အမျိုးသမီးတွေပါ။ ဖေဖေတွေက သားသမီးတွေ စားဝတ်နေရေး ပညာရေးအတွက် လိုလေသေးမရှိစေဖို့အတွက် ဝင်ငွေရရှိအောင် ကြိုးစားရှာဖွေရသလို မေမေတို့ကတော့ သားသားမီးမီးလေးတွေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ထက်ထက်မြက်မြက်လေး ကြီးပြင်းလာအောင် ထိန်းကျောင်းပဲ့ပြင်ပေးရပါတယ်။ အစားအသောက်ကို ကျန်းမာအောင် ပြင်ဆင် ချက်ပြုတ်ပေးရသလို တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုစိုက်ရပါတယ်။ ကိုယ်အမူအရာ နှုတ်အမူအရာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း