brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

Skincare လုပ်တဲ့နေရာမှာ Serum အမျိုးအစားတွေကို ဘာ့ကြောင့် ပိုသုံးသင့်တာလဲ။

အရင်တုန်းကတော့ skincare ဆိုရင် Cream type ( ခရင်ပုံစံ) လိုမျိုးတွေသာ ခေတ်စားခဲ့တာပါ။ ခုနောက်ပိုင်းကျတော့ gel type ( ဂျယ်လ်ပုံစံ) ၊ serum ( အဆီပုံစံ) Milk ( နို့ရည်) ဆိုပြီး အမျိုးအစားတွေ အများကြီးပေါ်လာပါတယ်။ နို့ရည် ဂျယ်လ်ပုံစံ နဲ့ ခရမ်တို့ကတော့ ရှင်းပါတယ်။ serum ကျတော့ အားလုံးနဲ့ မတူတစ်မျိုးလေးကွဲတယ်။ ရေဓာတ်ဖြည့်ပေးပေမယ့် အစိုဓာတ်ထိန်းခရင်မ်လည်း မဟုတ်ပြန်ဘူး။ အဆီတွေပါတယ်ဆိုပေမယ့် အဆီတွေချည်းစုထားတဲ့ skin care လည်းမဟုတ်ပြန်ဘူး။ ရေပါဝင်မှုများတဲ့ essence လည်းမဟုတ်ပြန်ဘူး။ ဒီတော့ serum ဆိုတာ ဘာများပါလိမ့်။ အသားအရေအတွက်ဘယ်လိုကောင်းကျိုးတွေ များရှိတာပါလိမ့်။

Skincare လုပ်တဲ့နေရာမှာ Serum အမျိုးအစားတွေကို ဘာ့ကြောင့် ပိုသုံးသင့်တာလဲ။

Serum ဆိုတာဘာလဲ။

Serum ဆိုတာအားလုံးသိကြတဲ့အတိုင်း skincare အမျိုးအစားတွေထဲ ကတစ်ခုပါ။ မျက်နှာသန့်စင်ပြီးပြီဆိုတာနဲ့ အစိုဓာတ်ထိန်းခရင်မ်မလိမ်းခင်လေးမှာ serum ကို လိမ်းပေးရပါတယ်။ ဒါမှ serum မှာပါဝင်တဲ့ အာနိသင်တွေက မျက်နှာအသားအရေထဲ တိုက်ရိုက်စိမ့်ဝင်မှာပါ။ နောက်ပြီး serum ဟာ သေးငယ်တဲ့မော်လီကျူးလေးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ စိမ့်ဝင်မှုအားကောင်းပြီး အာနိသင်ပါဝင်မှုကလည်း အများဆုံး အနေအထားမှာဖြစ်လို့ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်မှာပါ။

Serum နဲ့ moisturizer အစိုဓာတ်ခရင်မ်နဲ့တူလား။ ။

တူတယ်လို့ ပြောလို့ရသလို မတူဘူးလို့လည်း ပြောလို့ရပါတယ်။ ရှုပ်သွားလားမသိဘူး။ တူတဲ့အချက်ကတော့ Serumက moisturizer တွေလိုပဲ အရေပြားကို အစိုဓာတ်ထိန်းပေးပါတယ်။ မတူတဲ့အချက်ကတော့ အစိုဓာတ်ထိန်းခရင်မ်တွေလိုမျိုး အရေပြားမှာရှိတဲ့ အစိုဓာတ်တွေကို Lock ပေးတာမျိုးတော့ မဟုတ်ပါဘူး။

Serum ကို ဘယ်လောက် အကြိမ်ရေများများ အသုံးပြုပေးရမှာလဲ။ ။

ဒါကတော့ ကိုယ်သုံးတဲ့ တံဆိပ်ပေါ် မူတည်ပြီး ကွဲပြားမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့တစ်ကြိမ်လောက် အသုံးပြုတာနဲ့တင် အသားအရေကို ထိန်းသိမ်းပေးနိုင်မှာပါ။

Serum နဲ့ face oil နဲ့ ဘာကွာလဲ။

Serum နဲ့ face oil နဲ့ ကွာခြားချက်ကတော့ serum က ရေဓာတ်ကို အခြေခံထုတ်ထားတာဖြစ်ပြီး face oil ကတော့ serum ထက် အဆီပါဝင်မှု ရာခိုင်နှုန်းပိုများပါတယ်။

Serum နဲ့ essence နဲ့ကရော ဘာကွာလဲ ။ ။

Serum နဲ့ essence နဲ့က အာနိသင်အရရော သုံးရတဲ့ အချိန်အရရော ကွာခြားမှု မရှိပါဘူး။ တစ်ခုရှိတာက serum က ပိုပျစ်ပြီး essence က အရည်ဘက်ပိုရောက်ပြီး ကျဲပါတယ်။

Serum က ခဏလေးနဲ့ ပျက်စီးတတ်လား။

Serum မှာပါတဲ့ တချို့ ပါဝင်ပစ္စည်းတွေက လေနဲ့ထိတွေ့လိုက်ရင် ခဏလေးနဲ့ ပျက်စီး လွယ်တတ်ပါတယ်။ ဥပမာ ဗီတာမင် စီလိုမျိုးပေါ့။ ဗီတာမင် စီ ရဲ့ Ascorbic acid က လေထုထဲက အောက်ဆီဂျင်နဲ့ ဓာတ်ပြုလွယ်ပြီး oxidize ဖြစ်သွားတတ်လို့ အမြန်ပျက်စီးလွယ်ပါတယ်။ ဒါပေမယ့် ဗီတာမင် စီက ရေထဲ ပျော်ဝင်လွယ်တဲ့ ဗီတာမင်ဖြစ်လို့ ရေဓာတ်အခြေခံထုတ်ထားတဲ့ serum ထဲမှာတော့ ပျက်စီးဖို့ ခဲယဉ်းပါတယ်။ အဓိကက နေရောင်နဲ့ တိုက်ရိုက်မထိဖို့ရယ် ၊ အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားမယ်ဆိုရင် ပုလင်းဖွင့်ပြီး ၆ လကနေ ၁ နှစ်လောက်အထိ ခံပါတယ်။ ။

အသားအရေအလိုက် ဘယ်လိုအမျိုးအစား serum တွေကိုသုံး သင့်သလဲ ။

ဝက်ခြံသမားတွေအတွက်တော့

• ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးတဲ့၊ အရေပြားပြုပြင်မှု အပိုင်းကို အားပေးပြီး ရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့ ဗီတာမင် C အဓိက serum

• ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်လည်းရှိတယ် ရောင်ရမ်းခြင်းတွေကိုလည်း လျှော့ချပေးတဲ့ retinol ပါဝင်မှု များတဲ့ serum

• အရေပြားဓာတ်မတည့်မှုတွေကို ထိန်းညှိပေးပြီး အဆီထွက်ခြင်းကို လျှော့ချတဲ့ zinc ပါဝင်တဲ့ serum

• ချွေးပေါက်ပိတ်ခြင်းကို လျှော့ချပေးတဲ့ salicylic acid ပါဝင်တဲ့ serum အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

အသားအရေခြောက်တဲ့သူတွေကတော့

• ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်လည်းရှိတယ်၊ အရေပြားကိုချောမွတ်စေတဲ့ ဗီတာမင် E အဓိကပါဝင်တဲ့ serum

• အရေပြားရဲ့ ကျုံနိုင်ဆန့်နိုင်အားကိုး ကောင်းစေပြီး အရေပြားတွင်းမှာရှိတဲ့ ceramide levels ကိုတက်စေတဲ့ niacinamide ပါဝင်တဲ့ serum

• အရေပြားရဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရောင်မညီမညာဖြစ်တာကို လျှော့ချပေးတဲ့ glycolic acid နဲ့

• အရေပြားရဲ့အစိုဓာတ်ကို ပြန်ထိန်းပေးတဲ့ hyaluronic acid ပါဝင်တဲ့ serum အမျိုးအစားကိုေ ရွးချယ်ပေးရမှာ ဖြစ်ပါတယ်။

ကိုယ့်အသားအရေ မလင်းဘူး မှောင်နေတယ်လို့ ထင်နေတဲ့သူတွေကတော့

• ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ကြွယ်ဝ၊ ခရမ်းလွန်ရောင်ခြည်

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။