brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

Cosmetic လား - Skincare လား....

အလှကြိုက်တာ မိန်းကလေးတိုင်းရဲ့ သဘာဝပါ။ ဒါပေမယ့် ခဏတာလှပဖို့ထက် အမြဲလှပဖို့ကို ဂရုစိုက်သင့်ပါတယ်။ ဒီတော့ Hello ဆရာဝန်ရဲ့ လေဒီပရိတ်သတ်တွေကရော နေ့စဉ်တိုင်းမှာ လှပနေစေဖို့အတွက် ဘာကိုရွေးမယ် စဉ်းစားလဲ။ Cosmetic လား၊ Skincare လား………..

Cosmetic လား - Skincare လား....

Cosmetic ကပေးတဲ့အလှတရား

အလှကုန်ဆိုရင် အားလုံးက လှအောင်လုပ်ပေးတာပဲ သုံးသင့်ပါတယ်လေလို့ အလွယ်တကူတွေးမိလိုက်နိုင်ပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ အလှကုန်တွေကသင့်ကို လှစေတယ်ဆိုပေမယ့် ရေရှည်မှာ အသားအရေကို ထိခိုက်လာနိုင်ပါတယ်။ အပေါ်ယံအလှကိုပဲ ပေးစွမ်းနိုင်တယ်၊ လို့ပြောချင်ပါတယ်။ အလှကုန်တွေ ၊ မိတ်ကပ်တွေက အပေါ်ယံအရေပြားကို ထိခိုက်စေနိုင်သလို Liquid type မိတ်ကပ်တွေဆိုရင် ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး ဝက်ခြံထွက်တာလိုမျိုး အရေပြားပြဿနာတွေကိုခံစားရစေနိုင်ပါတယ်။ အရေပြားတစ်ထောက်စာအလှကိုပဲ ပေးစွမ်းနိုင်တယ်ပြောရမှာပေါ့။ အလှကုန်တွေက တာရှည်မခံတဲ့ အလှတရားကိုပဲပေးစွမ်းနိုင်တာပါ။ အသက်ကြီးတဲ့အထိ အများကငေးအောင်လှချင်ရင်တော့ အဆင်မပြေလှဘူးပေါ့။ ပွဲနေပွဲထိုင်အနေအထားမျိုးအတွက်ပဲ မိတ်ကပ်က အဆင်ပြေစေမှာပါ။

Skincare ကပေးတဲ့အလှတရား

အသားအရေတကယ် လှချင်တယ်ဆိုရင်တော့ Cosmetic ထက် Skincare ကပိုကောင်းပါတယ်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ မိတ်ကပ်တွေ၊ အလှကုန်တွေကို အသုံးပြုတိုင်းမှာ အသားအရေက ထိခိုက်ပျက်စီးသွားနိုင်ပေမယ့် Skincare သုံးတိုင်းမှာတော့ အသားအရေကို အာဟာရတွေဖြည့်ပေးနိုင်မှုကြောင့် တစ်ရက်ထက်တစ်ရက်မှာ သိသာတဲ့ ကောင်းမွန်မှုရလဒ်တွေကို ခံစားရမှာပါ။ သဘာဝပစ္စည်းတွေကနေထုတ်ထားတဲ့ Skincare တွေထဲအထိအားဖြည့်ပေးနိုင်တာကြောင့် အသားအရေကို ကြည်လင်လှပလာစေမှာပါ။ အရေပြားတစ်ထောက်စာတင်မဟုတ်ဘဲ အသားအရေကိုအလုံးစုံကျန်းမာစေနိုင်မှာပါ။ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာလည်း နုပျိုတင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။

Skincare ခဏတာအတွင်းမှာ လှမလာစေပေမယ့် တာရှည်ခံတဲ့အလှတရားကိုပေးစွမ်းနိုင်ပါတယ်။ အသားအရေကောင်းမွန်မှုက သင့်ကို အောက်ခံမိတ်ကပ်သုံးစရာတောင် မလိုအောင် ကြည်လင်လှပမှုပေးစွမ်းနိုင်ပါတယ်။ မိတ်ကပ်ကြောင့် အသားအရေထိခိုက်တာ၊ ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံထွက်တာ၊ နေရောင်ကြောင့် တင်းတိပ်မှဲ့ခြောက်ဖြစ်တာတွေဖြစ်နိုင်ပေမယ့် Skincare တွေကတော့ အရေပြားကို နေဒဏ်၊လေဒဏ်နဲ့ ပတ်ဝန်းကျင်ကညစ်ညမ်းမှုတွေကြောင့် ထိခိုက်ပျက်စီးတာတွေကနေတောင် ကာကွယ်ပေးဦးမှာပါ။

ဒီလောက်ဆိုရင်တော့ လေဒီလေး စိတ်ကြိုက်သာ ရွေးလိုက်တော့နော်။ ခဏတာ လှပမှုအတွက် Cosmetic လား…… တာရှည်ခံတဲ့ လှပမှုအတွက် Skincare လား…………

Hello Sayarwon Panel
Hello Sayarwon Panel
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Aye Thi Mon · Tanggal diperbarui 30/06/2022