brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

အိမ်မှာနေရင်း peeling လုပ်ကြစို့

မေလေးတို့ရေ….. ရှေ့တစ်ပတ်က chemical peeling အကြောင်း နှင်းရှင်းပြခဲ့သလို သဘာဝ ပစ္စည်းတွေကိုပဲ အသုံးပြုပြီး အိမ်မှာတင်လုပ်လို့ရမယ့် natural peeling နည်းလေးတွေအကြောင်းပြောပြပါ့မယ်လို့ ကတိပေးထားတယ်နော်။

အိမ်မှာနေရင်း peeling လုပ်ကြစို့

ကဲ.. အခု.. သဘာဝ အတိုင်းမျက်နှာပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး မွေးညှင်းပေါက်လေးတွေ ပွင့်သွားစေမယ့် နည်းလေးတွေထဲက နှင်း အကြိုက်ဆုံးနည်းလေး ၃ မျိုး ကိုပြောပြပေးမယ်နော်။ တစ်ခုသတိထားစေချင်တာက ဒီနည်းလေးတွေဟာ ဘာ ဓာတုဆေးဝါးပစ္စည်းမှမပါတဲ့ သဘာဝနည်းလေးတွေ ဖြစ်တာကြောင့် chemical peeling လိုမျိုး အရေပြား အဟောင်းတွေကွာကြပြီး အရေပြားအသစ် ပြန်ဖြစ်လာစေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မျက်နှာလေးကို နဂိုထက် စင်ကြယ်ဝင်းမွတ်နေစေမှာတော့ အသေအချာပါပဲ။ ကြည့်လိုက်ရအောင်။

၁။ ဒီနည်းလေးရဲ့ ဇာတ်လိုက်ကျော်ကတော့ ကြက်ဥ ပါ။ ကြက်ဥကို အကာပဲရွေးသုံးတာမျိုး နှင်းက မကြိုက်ပါဘူး။ ၁ လုံးလုံး သုံးပါတယ်။ အရင်ဆုံး tissue တွေကို mask ပုံစံ ရအောင် ကတ်ကြေးနဲ့ ညှပ်ထားပါ။ ဖန်ပန်းကန်အသန့်ထဲ ကြက်ဥ ၊ သံပုရာရည် လက်ဖက်ရည်ဇွန်းနဲ့ ဇွန်းတစ်ဝက်၊ ပျားရည် ၃-၄ စက် နဲ့ သံလွင်ဆီ ၃-၄ စက်ထည့်… သမ ပြီး ကြေနေအောင်မွှေပါ။

ပြီးရင် makeup brush အပြားလေးနဲ့ မျက်နှာ အနှံ့လိုက်သုတ်ပေးပါ။ အဲဒီ့အပေါ်ကမှ အခုန က ညှပ်ထားတဲ့ tissue လွှာကို mask ကပ်သလို ကပ်ပါ။ (mask ပုံစံ မညှပ်တတ်ရင် မျက်လုံးတစ်ဝိုက်နဲ့ ပါးစပ်နားကိုချန်ပြီး ဒီတိုင်း ကပ်လိုက်လို့လည်း ရတယ်နော်။ ) ပြီးရင် အဲဒီ tissue ကပ်ထားတဲ့ အပေါ်ကနေ ပိုနေတဲ့ ကြက်ဥအရော ကို အထူအပါး ညီညီ လိုက်သုတ်ပေးပါ။ မိနစ် ၃၀ လောက်ဆိုကောင်းကောင်းခြောက်ပြီး ဆွဲခွာလို့ရပါပြီ။

မေလေးတို့ ဈေးကြီးပေးပြီးဝယ်သုံးနေကျ skincare တချို့မှာပါတဲ့ hyaluronic acid ဆိုတာ ကြက်ဥကလာတာပါပဲ။ ပျားရည်နဲ့ သံပုရာရည်ကတော့ ဝက်ခြံနဲ့ အမာရွတ်အတွက်ဆေးဖြစ်ပြီး အသားအရည်ကို ကြည်လင်စေပါတယ်။ သံလွင်ဆီ ကတော့ mask ခြောက်သွားတဲ့ အချိန် အစိုဓာတ်ကိုထိန်းပေးဖို့ ပါပဲ။

၂။ ဒုတိယနည်းလေးမှာတော့ ဆန်မှုန့်က အသက်ပါပဲ။ ဒီနေရာမှာတော့ နှင်းက ကြက်ဥကို အကာပဲသုံးမှာပါ။ ဆန်မှုန့် ၁ဇွန်း၊ ကြက်ဥ အကာ နဲ့ သံလွင်ဆီ ၃-၄ စက်ကိုရောမွှေပါ။ ပြီးရင်တော့ အပေါ်ကနည်းအတိုင်း လုပ်ရုံပါပဲ။ ဆန်မှုန့်ဟာ အသားအရည်ကို ဖြူဝင်းတင်းရင်းစေတဲ့နေရာမှာ ဆရာကြီးပါ။ မေလေးတို့ကြား ရေပန်းစားနေတဲ့ နာမည်ကြီး ဂျပန် skincare တမျိုးဟာဆိုရင် ဆန်ကို အချဉ်ဖောက်ပြီး ရတဲ့ pitera ကိုထည့်သုံးထားတာနော်။

၃။ ဒါကတော့ဆားဝက်ခြံသမားတွေအတွက် special နည်းပါ။ gelatin powder (ကျောက်ကျောမှုန့်) နဲ့ activated charcoal (မီးသွေးမှုန့်) ကို ၄:၁ နဲ့ရော…သံလွင်ဆီလေး ၃-၄ စက်ရော… ရေနဲ့ ပြစ်ပြစ်လေး ဖျော်ပြီး mask လိုမျိုး လိမ်းပေးရမှာပါ။ tissue ကပ်စရာမလိုပါဘူး။ ခြောက်ဖို့ မိနစ် ၃၀ လောက်စောင့်ပေးရပါတယ်။ ပြီးရင် ဆွဲခွာလို့ရပါပြီ။ ဟာ…နှင်းရယ်..ဒါတွေဘယ်ကသွားရှာရပါ့မလဲ မေးရင် gelatin powder ကို city mart (သို့) မုန့်ဖုတ်ပစ္စည်းအရောင်းဆိုင်တွေမှာရနိုင်ပြီး activated charcoal ကိုက ဆေးဆိုင်ကြီးတွေမှာ capsule type နဲ့ရပါတယ်နော်။ အဆင်သင့်ဝယ်သုံးရတဲ့ charcoal mask တွေနဲ့ မတူတာကို ကိုယ်တိုင် စမ်းလုပ်ကြည့်ရင် သိမှာပါနော်။

အလှဆိုတာလက်တကမ်းတင်ပါ။ သဘာဝကြောင့် ပိုလှနိုင်ကြပါစေ မေလေးတို့ရေ။

ရေးသားသူ – နှင်းရိပ်မှုန်

Hello Sayarwon Panel
Hello Sayarwon Panel
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Dr. Thiha Phyo Myint · Tanggal diperbarui 21/09/2020