brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

အသားဖြူချင်တယ် ဘာတွေစားရမလဲ....

အသားဖြူအောင်ဆိုရင် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေသုံးမှဖြစ်တာလား။ ဒါမှမဟုတ် အသားဖြူပါတယ်ဆိုတဲ့ ကုထုံးတွေကို ခံယူမှဖြစ်မှာလား။ ဆေးသောက်မှဖြစ်မှာလား။ မဟုတ်ပါဘူး။ အစားအသောက်တွေကို အာဟာရမျှတအောင်စားသုံးမှုကလည်း သင့်ကို အသားဖြူစေနိုင်ပါတယ်။ အစားအသောက်တွေလည်းစားရ အသားကလည်းဖြူသေးဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတော့ ဘယ်လောက်များ အဆင်ပြေလိုက်လဲ။

အသားဖြူချင်တယ် ဘာတွေစားရမလဲ....

အသားဖြူအောင်ဘာတွေစားရမလဲ……

အသားဖြူစေဖို့ဆိုရင်တော့ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဒါတွေပါအောင်စားသုံးပေးသင့်ပါတယ်။

ခရမ်းချဉ်သီး

အသားအရေအတွက် အထောက်အကူပြုပေးနိုင်တယ်ဆိုတာကို တော်တော်များများသိထားပြီးဖြစ်မှာပါ။ သဘာဝနေလောင်ကာခရင်မ်တစ်မျိုးဖြစ်ပြီး အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးသလို ကြည်လင်လှပစေပါတယ်။

ဖရဲသီး

နွေရာသီမှာပဲ ရေငတ်ပြေအောင်စားလို့ရတာမဟုတ်ပါဘူး။ အသားဖြူစေဖို့လည်းစားပေးလို့ရပါတယ်။ အသားအရေကို ကြည်လင်စေမှာပါ။ ရေဓါတ်ဖြည့်ပေးသလို အဆိပ်အတောက်တွေကိုပါဖယ်ရှားပေးနိုင်ပါသေးတယ်။

သံပရိုသီး

ဗီတာမင် C ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေပြီး ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ တစ်နေ့ကို သံပရိုရည် တစ်ခွက်သောက်သုံးပေးတာက အသားအရေကိုကြည်လင်စေဖို့ အလွယ်ကူဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။

လိမ္မော်သီး

လိမ္မော်သီးမှာ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေတာက အသားအရေကို အကောင်းဆုံးအားဖြည့်ပေးနိုင်တာပါ။ လိမ္မော်သီးက ကော်လာဂျင်ထွက်လာအောင် လှုံ့ဆော်ပေးပြီး အသားအရေကို ကြည်လင်စေမှာပါ။ လိမ္မော်သီးအပြင် ကီဝီသီး၊ ဂရိတ်ဖရုတို့ကလည်း အသားအရေကို ကြည်လင်စေပါတယ်။

သလဲသီး

သလဲသီးက အရွယ်တင်နုပျိုစေနိုင်ပါတယ်။ အသားအရေကြည်လင်စေဖို့ အကောင်းဆုံးထောက်ကူပေးနိုင်ပါတယ်။ သွေးသန့်စေပြီး အသားအရေကို သဘာဝအတိုင်း ဖြူဝင်းစေမှာပါ။

သခွားသီး

ဗီတာမင် B နဲ့ အသားအရေအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်နေသလို ရေဓါတ်လည်း အကောင်းဆုံးဖြည့်ပေးပါတယ်။ ကြည်လင်စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာသေချာပါတယ်။

အသားဖြူချင်ရင် ဒါတွေရှောင်ပါ

အသားဖြူချင်တဲ့သူတွေအနေနဲ့ အသားအရေကို ထိခိုက်စေနိုင်တဲ့ ဒီလိုအစားအစာတွေကိုရှောင်ပါ။

  • ကော်ဖီ
  • ကိုလာ
  • ဆိုဒါ
  • အချိုရည်
  • ဆီကြော်တွေ
  • အငန်ကဲ၊ အချိုကဲတဲ့ အစားအစာတွေ
  • ဆီသွတ်ဗူးတွေကို ရှောင်ပါ။

Hello Health Groupသည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Aye Thi Mon · Tanggal diperbarui 07/04/2022