brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

သင့်အသားအရေအတွက် မှန်ကန်တဲ့ မျက်နှာသစ်ဆေး ကိုဘယ်လိုရွေးချယ်ရမလဲ

သင့်အသားအရေအတွက် မှန်ကန်တဲ့ မျက်နှာသစ်ဆေးက ိုဘယ်လိုရွေးချယ်ရမလဲ။

မျက်နှာသစ်ဆပ်ပြာ ကောင်းတစ်ခုဟာ ပထမဆုံးအနေနဲ့ သင့်အသားအရည်ကို ဂရုစိုက် ပေးနိုင်ရပါမယ်။ ဖုန်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးရင်း မိတ်ကပ်တွေကို ပျော်ဝင်စေနိုင်ရမယ်။ ပြီးတော့ ချွေးပေါက်တွေကိုလည်းဖွင့်ပေးနိုင်ရပါမယ် (Moisture တွေကို ဖယ်ထုတ်ပစ်တာမျိုး မဟုတ်ဘဲနဲ့) ။ ဒီလို သေချာသန့်စင်ပေးခြင်းဟာ အခြားအရေပြား အလှကုန်တွေ သုံးတဲ့အခါမှာ အကောင်းဆုံးဖြစ်စေပါတယ်။

သင့်အသားအရေအတွက် မှန်ကန်တဲ့ မျက်နှာသစ်ဆေး ကိုဘယ်လိုရွေးချယ်ရမလဲ

မျက်နှာသစ်ဆေးတေ ွအားလုံးဟာ တူညီနေကြတာတော့ မဟုတ်ပါဘူး။ ဈေးကွက်ထဲက ထောင်နဲ့ချီရှိတဲ့ ပစ္စည်းတွေထဲက သင်နဲ့ကိုက်ညီတာကို ဘယ်လိုရွေးချယ်သင့်သလဲ။ ဂျေးချွတ် ဆေးခပ်ပြင်းပြင်းတွေကို မျက်နှာပေါ်ဘယ်တော့မှမတင်ပါနဲ့။

သင့်အဘွားက ဘယ်လိုပဲပြောနေပါစေ။ ဆပ်ပြာဟောင်း ခပ်ကောင်းကောင်းတွေနဲ့ ရေနဲ့ပဲသုံးနေတာက သင့်အသားအရည်အတွက် အကောင်းဆုံးမဖြစ်နိုင်ပါဘူး။ တကယ်လို့ သင့်အသားက တင်းကြပ်တာ ခြောက်သွေ့တာနဲ့ ရေချိုးပြီးတဲ့အခါမှာ ပြောင်ချောချောဖြစ်နေရင် creamier cleanser (ခရင်မ်များသောမျက်နှာသစ်ဆေး) လိုအပ်နေပါပြီ။

တကယ်လို့ သင်ဟာ အဆီပြန်တတ်တယ်ဆိုရင် နူးညံ့တဲ့ foaming cleanser (အမြှုပ်ထသော မျက်နှာသစ်ဆေး)တွေကိုသုံးကြည့်ပါ။

Foaming (အမြှုပ်ထစေသော)နဲ့ Gel (ဂျယ်လ်)ဆိုတဲ့ စကားလုံးတွေ သင်သုံးနေတဲ့ ပစ္စည်းထဲမှာပါနေပြီဆိုရင် အဲ့ဒီပစ္စည်းထဲမှာ sodium lauryl sulfate / sodium laureth sulfate စတဲ့ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေပါနေပြီဆိုတာ သတိထားသင့်ပါတယ်တဲ့။

ဒီ petroleum-based foaming ပစ္စည်းတွေဟာ ဈေးသက်သာပြီး တစ်ကိုယ်ရည်သုံး ပစ္စည်းတွေထဲမှာ ပါဝင်တတ်ပါတယ်။ ဒီပစ္စည်းတွေဟာ endocrine (ကိုယ်တွင်း ဟော်မုန်းထုတ်သော အင်္ဂါတစ်ခု) ကို ပျက်စီးစေပြီး အာရုံကြောစနစ်ကို ထိခိုက်စေကာ ကင်ဆာရောဂါထိ ဖြစ်စေတတ်ပါတယ်။

ကျန်းမာရေးနဲ့ သင့်တော်တဲ့ ရွေးချယ်မှုကတာ့ အုန်းဆီနဲ့ သစ်သီးသကြားဓါတ်တွေမှ ပြန်လည်ပြုပြင် ထုတ်လုပ်ထားတဲ့ ပိုနူးညံ့တဲ့ coco glucoside တွေ အဓိကပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာတွေပါ။

ခြောက်သွေ့တဲ့အသားအရည်နဲ့ ၂၅ပတ်ဝန်းကျင် အသားအရည်တွေအတွက် အဆီ၊ရေနဲ့ emollients(ရေဓါတ်ဆုံးရှူံးမှုကို ကာကွယ်ပြီးအသားအရေကို နူးညံ့ချောမွေ့ စေသောပစ္စည်း) တေ ွပိုပြီးပါဝင်တဲ့ လိုးရှင်းခရင်မ်နဲ့ နို့ရည်တွေကို ရှာဖွေသင့်ပါတယ်။ နှင်းဆီရည်(rose water)ဟာ အရေပြားကိ ုအစိုဓါတ် ပြန်လည်ဖြည့်တင်း ပေးနိုင်ပါတယ်။

glycerin ကတော့ အရေပြားအစိုဓါတ် ထိန်းပေးနိုင်တဲ့ နူးညံ့တဲ့ သဘာဝချောဆီပေါ့။ nတွေ အတွက်လည်း ကောင်းပါတယ်။ သင့် အသားအရည်ဟာ ယားယံတတ်ပြီး နီရဲနေတတ်ရင်တော့ အပေါ်ယံလွှာတွေ ဖယ်ရှားပေးတဲ့ မျက်နှာသစ်ဆေးတွေ ဂျေးချွတ်ဆေးတွေ မသုံးသင့်ပါဘူး။

ပြီးတော့ alcohol ပါသော အလှကုန်ကိုရှောင်ပါ။ ရှားစောင်းလက်ပတ်ဟာ အသားရောင်ယမ်းခြင်း၊လောင်ကျွမ်းခြင်းနဲ့ နီရဲနေတာတွေအတွက် အရမ်းကောင်းတဲ့ ဆေးတစ်လက်ပါ။

တကယ်လို့ သင့်မှာ ပေါင်းစပ်အသားအရည် ရှိခဲ့မယ်ဆိုရင် သင့်မျက်နှာကို တင်းကြပ်နေတာမျိုး မဖြစ်စေဘဲ အရည်ပြားရဲ့ သဘာဝအဆီတွေကို ချန်ထားပေးနိုင်မဲ့ မျက်နှာသစ်ဆေးကို ရှာဖွေတဲ့အခါမှာ အနည်းငယ် ခက်ခဲမှားယွင်းစေနိုင်ပါတယ်။

လက်ဖက်ဆီ၊ ရှားစောင်းလက်ပတ်၊ ရွှံ့စေး၊ witch hazelနဲ့ စမုန်ဖြူတွေဟာ ဝက်ခြံပေါက်တာ သက်သာစေပါတယ်။ အမြှုပ်ထ မျက်နှာသစ်ဆေးတွေဟာ ဝက်ခြံပေါက်တဲ့ အသားအရည်တွေ အတွက်ဆိုရင် ခြောက်သွေ့လွန်းစေပြီး သင့်အရည်ပြားက သဘာဝအဆီတေ ွဆုံးရှုံးသွားတာကို ပြန်ဖြည့်ဖို့ အဆီတွေပိုပြီး ထုတ်လာတဲ့ အခြေအနေကို ဦးတည်သွားစေနိုင်ပါတယ်။

Dr. K Zin Thwe
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။