brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေသက်သာစေဖို့

မျက်နှာက လူတစ်ယောက်အတွက် အရေးပါတဲ့ သွင်ပြင်လက္ခဏာပါနော်။ လူအများစုပြောကြတာက စိတ်ဓာတ်ကိုကြည့်ပေါင်းတာဆိုပေမယ့် တကယ်တော့ စတွေ့စမှာ ရုပ်ရည်သွင်ပြင်ကိုကြည့်ကြတာပါ။ လှပကြော့ရှင်းတဲ့သွင်ပြင်က ယုံကြည်မှုကိုပါတိုးစေတာပါနော်။ ဒီလိုအရေးပါတဲ့ မျက်နှာလေးမှာ နေလောင်ကွက်တွေ အမည်းစက်တွေဖြစ်နေမယ်ဆိုရင် တော်တော်လေးစိတ်ပျက်မိမှာအမှန်ပဲနော်။ ဒီအရေးပါတဲ့ မျက်နှာ သွင်ပြင်လေးကို နေလောင်ဒဏ်နဲ့ အမည်းစက်တွေကြောင့် အလှမပျက်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ကူညီပေးပါရစေ။

မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေသက်သာစေဖို့

 အမည်းစက်နဲ့ နေလောင်ကွက်တွေအတွက် ထိရောက်တဲ့ ကုထုံးတွေကဘာတွေများလဲ……….

မျက်နှာပေါ်ကနေလောင်ကွက်နဲ့ အမည်းစက်တွေကို သက်သာစေဖို့ဆိုရင် ဒီနည်းလေးတွေက အဆင်ပြေစေမှာပါ။

Beta-carotene သောက်မယ်

လေ့လာသုတေသနပြုချက်တွေအရ Beta-carotene ကဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး အသားအရေကို လိုအပ်တဲ့အာဟာရဖြည့်တင်းပေးနိုင်သလို နေရောင်ကြောင့်ဖြစ်တဲ့ အသားအရေထိခိုက်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ မုန်လာဥနီ၊ ဟင်းနုနွယ်နဲ့ သခွားမွှေးတို့မှာ Beta-carotene ပါတယ်ဆိုပေမယ့် လုံလောက်တဲ့ ပမာဏရရှိဖို့ဆိုရင်တော့ Beta-carotene ဖြည့်စွက်ဆေးတစ်ခုခုသောက်ပေးပါ။

Retinoids ပါဝင်တဲ့ လိမ်းဆေးတစ်ခုခုလိမ်းမယ်

ဒီဒြပ်ပေါင်းက အရေပြားက ကော်လာဂျင်ပမာဏကိုတိုးစေနိုင်ပါတယ်။ ခရင်မ်ရှိသလို Serum အနေနဲ့လည်း အသုံးပြုနိုင် ပါတယ်။ ဒီနည်းလမ်းကလည်း နေလောင်ကွက်နဲ့ အမည်းစက်တွေလျှော့ပါးသက်သာစေနိုင်ပါတယ်။

Chemical peeling လုပ်မယ်

ဒီကုထုံးကတော့ အပေါ်ယံအရေပြားက ဆဲလ်သေတွေ၊ ပျက်စီးနေတဲ့ဆဲလ်တွေကို ဖယ်ရှားတဲ့ကုထုံးပါ။ ဆရာဝန်က ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ရုံပါနော်။ alpha-hydroxy acid cream ဒါမှမဟုတ် salicylic acid cream ကိုအသုံးပြုပြီးဆဲလ်သေတွေကိုဖယ်ရှားလို့ အရေပြားကိုပြန်ပြုပြင်တဲ့နည်းပါ။

Microdermabrasion ကုထုံး

ဒီကုထုံးကတော့ ဆန်စေ့လိုမျိုး အစေ့အဆန်တွေ၊ ပုံဆောင်ခဲလေးတွေ ဒါမှမဟုတ် စိန်တုံးရဲ့ ထိပ်ကလိုမျိုး အချွန်သေးသေးလေးတွေကို အသုံးပြုပြီး အပေါ်ယံအရေပြားကို ဖယ်ရှားတဲ့ကုထုံးပေါ့။ ဒီနည်းလမ်းက ကော်လာဂျင်တွေဖြစ်ပေါ်လာအောင်လှုံ့ဆော်ပေးပြီး အရေပြားကိုကြည်လင်လှပစေနိုင်ပါတယ်။

လေဆာကုထုံး

ကုန်ကျစရိတ်အများဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းပါ။ အခြားကုထုံးတွေထက်ပိုမိုကုန်ကျနိုင်ပါတယ်။ အရေပြားကို ထွင်းဖောက်နိုင်တဲ့ လေဆာရောင်ခြည်ကို အသုံးပြုပြီး ပျက်စီးနေတဲ့အရေပြားအလွှာကိုဖယ်ရှားပြီး အရေပြားကိုအသစ်ဖြစ်ပေါ်စေတဲ့ကုထုံးပါ။

ကဲ မျက်နှာပေါ်က နေလောင်ကွက်တွေနဲ့ အမဲစက်တွေကြောင့် စိတ်ညစ်နေတာလား။ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကိုသုံးလို့ နေ့ရက်တိုင်း ကိုယုံကြည်မှုရှိရှိဖြတ်သန်းလိုက်ကြစို့လား………..

Hello Sayarwon Panel
Hello Sayarwon Panel
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Aye Thi Mon · Tanggal diperbarui 29/06/2022