brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

မျက်ခွံတွေမို့အစ်တာ အလှမပျက်အောင် ဘယ်လိုဖြေရှင်းမလဲ

မျက်ခွံတွေမို့အစ်တာ အလှမပျက်အောင် ဘယ်လိုဖြေရှင်းမလဲ

မျက်ခွံတွေမို့အစ်တာ အလှမပျက်အောင် ဘယ်လိုဖြေရှင်းမလဲ

ခုတလော ဘယ်ချိန်ကြည့်ကြည့်မျက်ခွံတွေကဖောင်းအစ်နေတော့ သွေးတိုးနေတာလားလို့မေးကြတယ်။ လူကနေမကောင်းနေတာလည်းမဟုတ်ဘဲ မျက်နှာက မို့အစ်နေတဲ့အတွက် စိတ်ညစ်နေရတဲ့ ပျိုမေတို့ကို နည်းနည်းပြောပြချင်ပါတယ်။ မျက်ခွံမို့နေတာ၊ အစ်နေတာတွေ သက်သာသွားအောင် လုပ်လို့ရတဲ့နည်းတွေရှိတယ်လေ။ ဘာတွေလဲဆိုတာ ဆက်ပြီးဖတ်ကြည့်နော်။

(၁) အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးဝအောင် ပုံမှန်အိပ်မယ်ဆိုရင် မျက်ခွံမို့အစ်တာ သက်သာမှာပါနော်။ တချို့က မျက်တွင်းကျ တတ်ပေမယ့် အိပ်ချိန်နည်းလွန်း၊ အိပ်ချိန်များလွန်းရင်လည်း မျက်ခွံအစ်နေတတ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေဟာ တစ်ညကို ၇ နာရီကနေ ၈ နာရီအတွင်း အိပ်ချိန်ရှိဖို့လိုအပ်ပါတယ်။

(၂) ခေါင်းအုံးမြှင့်ပါ

မျက်လုံးမှာ အရည်တွေမစုစေဖို့ အိပ်တဲ့အခါခေါင်းအုံးလေးမြှင့်ပြီး၊ ခုပြီး အိပ်ပါ။

(၃)ရေသောက်ပါ

မျက်လုံးမို့အစ်နေတာ ရေဓာတ်ခမ်းခြောက်လို့ ဖြစ်နိုင်ပါတယ်။ နေ့တိုင်း ရေအလုံအလောက်သောက်ပေးမှ အသားအရေနဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ထိန်းသိမ်းနိုင်မှာပါ။ အကြံပြုချက်တွေအရတော့ တစ်နေ့ကိုရေ ၈ ဖန်ခွက်သောက်သင့်ပါတယ်။

(၄) အယ်လ်ကိုဟော ရှောင်ပါ

အယ်လ်ကိုဟောအပြင် ကိုယ့်ကိုရေဓာတ်ခမ်းခြောက်စေနိုင်တဲ့ တခြားသောက်စရာတွေကိုရှောင်ပါ။

(၅) အငန်လျှော့စားပါ

အငန်များများစားရင် ခန္ဓာကိုယ်ထဲ အရည်ပိုတွေ စုမိခြင်းဖြစ်စေနိုင်ပါတယ်။ ဒါတင်မကသေးဘဲ နှလုံးရောဂါ ပြဿနာနဲ့ လေဖြတ်ခြင်း အန္တရာယ်တွေပါရှိတယ်။ အရသာပေါ့တာတွေချည်းပဲ စားတယ်ဆိုပေမယ့် ပြုပြင်စီမံထားတဲ့အစားအစာ၊ အသင့်စားအစားအစာ၊ အပြင်ဆိုင်အစားအစာတွေစားရင်လည်း အငန်ဓာတ်ကို မသိမသာနဲ့ များများစားမိနိုင်ပါတယ်။

(၆) ပိုတက်စီယမ် ပိုစားပါ

ပိုတက်စီယမ်က ခန္ဓာကိုယ်ထဲက အရည်ပိုတွေကို လျော့နည်းစေနိုင်တာကြောင့် ပိုတက်စီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ပဲ၊ ဒိန်ချဉ်နဲ့ အစိမ်းရောင်အသီးအရွက်တွေစားပေးပါ။

(၇) ရေအေးဝတ် ကပ်ပေးပါ

မျက်ခွံမှာ ရေအေးဝတ်လေး ၁၀ မိနစ်လောက် ကပ်ပေးထားပါ။ သခွားသီးလေးတွေ ပါးပါးလှီးပြီးကပ်ထားလည်းရပါတယ်။ ဒီလိုအအေးဓါတ်ပေးခြင်းကြောင့် မျက်လုံးမို့အစ်တာတွေ သက်သာစေနိုင်ပါတယ်။ သုံးပြီးသား လက်ဖက်ခြောက်အိတ်လေးတွေ ကပ်ပေးလို့လည်းရပါတယ်။

အများအားဖြင့်တော့ အိပ်ချိန်မမှန်တာကြောင့်၊ အငန်တွေစားထားတာကြောင့် နောက်တစ်နေ့မှာ မျက်နှာအစ်နေတတ်တာပါ။ ဓာတ်မတည့်မှုရှိရင်လည်း အခုလိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီနည်းလေးတွေနဲ့ အမြန်သက်သာသွားလည်းနောက်ကို ဂရုစိုက်ဆင်ခြင်ပြီး ကျန်းမာရေးနဲ့ညီအောင်နေထိုင်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Yun Sandi Nan Mon · Tanggal diperbarui 08/10/2020