brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

အရည်အသွေးမကောင်းတဲ့ နေလောင်ကာခရင်မ်တွေရဲ့ ဘေးထွက်ဆိုးကျိုး(၄) ခု

အရည်အသွေးမကောင်းတဲ့ နေလောင်ကာခရင်မ်တွေရဲ့ ဘေးထွက်ဆိုးကျိုး(၄) ခု

အရည်အသွေးမကောင်းတဲ့ နေလောင်ကာခရင်မ်တွေရဲ့ ဘေးထွက်ဆိုးကျိုး(၄) ခု

ယနေ့ခေတ် ခရမ်းလွန်အစွမ်းကြောင့် အသားအရေကို မထိခိုက်စေဖို့ နေလောင်ကာခရင်မ်ကို အားကိုးတကြီးနေ့တိုင်းမပါမဖြစ်သုံးလာကြပါတယ်။ မျက်နှာအတွက်လည်း လိမ်းဦးမှ၊ခြေလက်တွေအတွက်လည်း လိမ်းဦးမှ။ မိတ်ကပ်မလိမ်းရင်တော့ နေလောင်ကာခရင်မ်လေးတော့လိမ်းတတ်ကြပါတယ်။ ဒါပေမယ့်နေလောင်ကာခရင်မ်ဖြစ်တိုင်းပြီးရောလား။

ကိုယ်သုံးမယ့် နေလောင်ကာခရင်မ်ဟာ အသားအရေကိုမထိခိုက်စေတာသေချာပြီလား။ နေလောင်ကာခရင်မ်ရဲ့အရည်အသွေးနဲ့ ပါဝင်ပစ္စည်းတွေ၊ဘေးကင်းစိတ်ချရမှုတို့ကို ထည့်စဉ်းစားပြီးမှရွေးချယ်သင့်ပါတယ်နော်။

တံဆိပ်မျိုးစုံနဲ့ရောင်းချကြတဲ့အထဲ တချို့ထုတ်ကုန်တွေမှာoxybenzone ၊ triclosan၊ parabens နဲ့ phthalates တို့လိုဘေးဥပါဒ်ဖြစ်စေနိုင်တဲ့ဓါတ်ပစ္စည်းတွေ ပါဝင်တတ်ပါတယ်။ ဒါကိုရှောင်နိုင်ဖို့အရေးကြီးပါတယ်နော်။ ဒီဒြပ်ပေါင်းတွေကြောင့်ဟော်မုန်းလုပ်ဆောင်ချက်တွေကို ပျက်ယွင်းစေပြီး ဆဲလ်တွေကိုပျက်စီးစေတယ်၊ ကင်ဆာဖြစ်စေနိုင်တယ်။

ဒီလိုမကောင်းတဲ့ပါဝင်ပစ္စည်းတွေနဲ့ အရည်အသွေးညံ့တာတွေသုံးမိရင် ကိုယ့်မှာဘာတွေထိခိုက်စေနိုင်မလဲဆိုတာသိရင်ဈေးပေါတာ၊ အလွယ်ရတာတွေ သုံးဖြစ်တော့မှာမဟုတ်ပါဘူး။ ဆက်ပြီးဖတ်ကြည့်နော်။

(၁) ဟော်မုန်းလုပ်ဆောင်ချက်ကို ပျက်ယွင်းစေတယ်

လေ့လာမှုတွေအရoxybenzone ၊ triclosan၊ parabens နဲ့ phthalates တို့ကဟော်မုန်းတွေကို ကမောက်ကမဖြစ်စေတယ်လို့ဖော်ပြကြပါတယ်။ ဒါတွေမပါတဲ့ ထုတ်ကုန်တွေကိုရွေးချယ်သင့်တယ်နော်။

(၂) ဆဲလ်တွေကို ပျက်စီးစေတယ်

Oxybenzone ဟာခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပေးလို့နေလောင်ကာခရင်မ်တွေမှာ အသုံးများတဲ့ ဓါတုပစ္စည်းပါ။ ဒါပေမယ့်ဟော်မုန်းလုပ်ဆောင်ချက်ပျက်ယွင်းမှုတွေနဲ့ ဆဲလ်ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ ဒီဓါတ်က ဆဲလ်တွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားပြီး ဒီအန်င်အေဖြစ်ပေါ်မှုလုပ်ဆောင်ချက်တွေမှာ ဝင်ရောက်နှောင့်ယှက်နိုင်ပါတယ်။ မျိုးဗီဇသန္ဓေပြောင်းခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။လေ့လာမှုတွေအရOxybenzone ဟာ အမျိုးသမီးကြီးတွေမှာ သားအိမ်ရောဂါဖြစ်စေနိုင်တယ်လို့တွေ့ရှိထားပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း oxybenzone ပမာဏများနေတဲ့အမျိုးသမီးတွေမှာဆိုရင်ပေါင်မပြည့်တဲ့သမီးမိန်းကလေးမွေးဖွားလာတတ်တယ်လို့ သိရပါတယ်။

(၃) ကင်ဆာဖြစ်စေနိုင်တယ်

ဒီဓါတုပစ္စည်းတွေကြောင့် ကင်ဆာဆဲလ်တွေကြီးထွားလာစေပြီး မျိုးဗီဇပြောင်းလဲမှုတွေကြောင့် ကင်ဆာဖြစ်လာစေနိုင်ပါတယ်။

(၄) ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများတယ်

လေ့လာမှုတွေအရနေလောင်ကာခရင်မ်ရဲ့ဓါတုပစ္စည်းတွေမှာပါတဲ့benzophenones က ခန္ဓါကိုယ်ထဲမှာ အက်စထရိုဂျင်လွန်ကဲတဲ့အာနိသင်အတိုင်း တူညီတဲ့လုပ်ဆောင်ချက်ရှိတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ရင်သားကင်ဆာလိုရောဂါတွေဖြစ်လာနိုင်ခြေပိုများစေပါတယ်။

နေလောင်ကာခရင်မ် ဘယ်လိုရွေးချယ်မလဲ

အပေါ်မှာပြောခဲ့တဲ့ ပါဝင်ပစ္စည်းတွေမပါတဲ့နေလောင်ကာခရင်မ်ကိုရွေးချယ်ပါ။titanium နဲ့zinc သတ္တုဓါတ်တွေပါဝင်တဲ့ အမျိုးအစားကိုရွေးချယ်ပါ။ ဒီလိုခရင်မ်တွေက ဓါတုပစ္စည်းဆိုးတွေလို အသားအရေထဲ ထိုးဖောက်မဝင်ရောက်နိုင်တာကကောင်းကျိုးတစ်ခုပါ။

သဘာဝပစ္စည်းကိုအခြေခံပြီးထုတ်လုပ်တဲ့ ထုတ်ကုန်တွေလည်းရှိပါတယ်။ အကောင်းဆုံးက အရည်အသွေးနဲ့ဘေးကင်းမှုကို အာမခံတဲ့ အမှတ်တံဆိပ်ကိုရွေးချယ်ပါ။ အနည်းဆုံးSPF30လောက်ရှိတဲ့နေလောင်ကာခရင်မ်ကိုရွေးချယ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Yun Sandi Nan Mon · Tanggal diperbarui 14/02/2022